Hnin Healthcare
12/09/2025
အာရုံကြော ညပ်ရင် ဘယ်လိုကုသမလဲ⁉️📌
အာရုံကြော ညပ်တယ်ဆိုတာ အာရုံကြောတစ်နေရာကို ဖိအားဖြစ်စေပြီး ဦးနှောက်ဆီကို အချက်ပြသတိပေးမှုတွေပေးပို့စေတာဖြစ်ပါတယ်။ ထိခိုက်ထားတဲ့ အာရုံကြောကိုမူတည်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း အမျိုးမျိုးမှာ နာကျင်မှု၊ ထုံကျဉ်တာ၊ အားနည်းတာ စတဲ့ လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။
အာရုံကြော ညပ်ရင် ဘာလက္ခဏာတွေ ဖြစ်လာမလဲ ‼️‼️
အာရုံကြောညပ်တယ်ဆိုရင် ထိခိုက်ထားတဲ့အာရုံကြောတဝိုက်မှာ –📌
ထုံကျဉ်တာ၊✅
ပူသလို ခံစားရတာ၊✅
စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊✅
နာကျင်တာ၊✅
ကြွက်သားအားနည်းတာ၊✅
စူးခနဲ၊ ကျဉ်ခနဲ ဖြစ်တာ တို့ခံစားရနိုင်ပါတယ်။
အာရုံကြောညပ်တဲ့အခါ သက်သာစေမယ့်နည်းလမ်း‼️‼️
(၁) ပိုအိပ်၊ ပိုနားပါ။✅
အာရုံကြောကို ပြန်ကျန်းမာစေဖို့အတွက် အိပ်စက်ခြင်းကို မရှိမဖြစ်လိုအပ်ပါတယ်။ အိပ်စက်တဲ့အချိန်မှာ ခန္ဓာကိုယ်က အလိုအလျောက်ပြန်လည်ပြုပြင်ပေးတတ်တာမို့ လက္ခဏာတွေကို မြန်မြန်သက်သာစေနိုင်ပါတယ်။
ဒီလိုအချိန်မှာ နာကျင်နေတဲ့အာရုံကြောကို သိပ်ပြီးများများ အလုပ်မလုပ်မိဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် အာရုံကြောအပေါ်ထိခိုက်မှု ပိုဆိုးလာနိုင်ပါတယ်။ အိပ်တဲ့အခါလည်း သူ့ကို သက်သောင့်သက်သာရှိစေမယ့် အနေအထားနဲ့အိပ်သင့်ပါတယ်။
(၂) ကိုယ်နေဟန်ထား ပြောင်းလဲပါ။✅
အနေအထားမမှန်ရင် အာရုံကြောပြဿနာတွေ ပိုဆိုးတတ်ပါတယ်။ ရပ်တဲ့အခါ၊ ထိုင်တဲ့အခါ မမှန်ကန်တဲ့ကိုယ်နေဟန်ထားကြောင့် ခန္ဓာကိုယ်မှာ မလိုအပ်ဘဲဝန်ပိစေပြီး ကျောရိုးနဲ့ကြွက်သားတွေကို ထိခိုက်စေတယ်၊ အာရုံကြောညပ်တာဖြစ်လာစေတယ်။
(၃) လေ့ကျင့်ခန်းလုပ်ပါ။✅
အရိုးအကြောအဆစ်ဆရာဝန်တွေ အကြံပြုထားတဲ့ လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ပေးပါ။ အကြောတွေပြေလျော့ပြီး ပျော့ပျောင်းလာရင် ပြန်သက်သာဖို့ လွယ်ကူပါတယ်။
တကယ်လို့ လေ့ကျင့်ခန်းလုပ်ရင်း နာကျင်မှုပိုဆိုးလာတာ၊ အဆင်မပြေတာတစ်ခုခုဖြစ်လာရင် ရပ်လိုက်သင့်ပါတယ်။
(၄) ခြေထောက်ကို မြှင့်ထားပါ။✅
ခါးမှာ အာရုံကြောညပ်တဲ့သူတွေဟာ ကျောရိုးဆီက ဖိအားဖြစ်စေတာကို လျော့စေဖို့ ခြေထောက်ကိုမြှင့်ထားရင် သက်သာနိုင်ပါတယ်။ အိပ်တဲ့အခါ ဒူးအောက်မှာ ခေါင်းအုံးခုထားရင်လည်း နေရသက်သာစေနိုင်တယ်။
(၅) ရေခဲကပ်၊ ရေနွေးအိတ်ကပ်ပါ။✅
အပူနဲ့အအေး တလှည့်စီကပ်တာက ရောင်ရမ်းမှုကို လျော့ကျသက်သာစေနိုင်ပါတယ်။ ဒီလိုနှစ်မျိုးပေါင်းတာက သွေးလည်ပတ်မှုကို ကောင်းစေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။
ရေနွေးအိတ်ဖြစ်ဖြစ် ရေခဲဝတ်ဖြစ်ဖြစ် ကပ်တဲ့အခါ ခံနိုင်လောက်တဲ့အပူချိန်နဲ့ တစ်ကြိမ်ကို ၁၅ မိနစ်ခန့်၊ တစ်နေ့ သုံးကြိမ် ကပ်နိုင်တယ်။
(၆) နေထိုင်မှုပုံစံပြောင်းလဲပါ✅
ရေရှည်မှာ လမ်းလျှောက်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာတို့လို လှုပ်ရှားမှုတွေ နည်းနည်းချင်းပုံမှန်လုပ်သွားရင် ဒီလက္ခဏာတွေနဲ့ အဝေးမှာ သက်သောင့်သက်သာ နေထိုင်နိုင်မှာပါ။ ကိုယ်အလေးချိန်ထိန်းသိမ်းတာကလည်း အာရုံကြောတွေအပေါ် ဖိအားလျော့စေပြီး ပုံမှန်လှုပ်ရှားမှုကြောင့် ရောင်ရမ်းမှုကို လျော့စေမှာပါ။ လေ့ကျင့်ခန်းမလုပ်ခင် နဲ့ လုပ်ပြီးချိန်မှာ အကြောလျှော့တာက ခန္ဓာကိုယ်ကို ပျော့ပျောင်းစေပြီး အာရုံကြောတွေတဝိုက်မှာ ဖိအားလျော့စေပါတယ်။
07/09/2025
#အရွတ်ပြားကျွံတယ်ဆိုတာဘာလဲ?
#အရွတ်ပြားကျွံပြီးအာရုံကြောပိမိတာကဘယ်လိုမျိုးလဲ?
အခုတစ်လော ဒီမေးခွန်းတွေမေးလာကြလို့ ထင်သာမြင်သာရှိစေမည့်ပုံနဲ့ပြပေးထားပါတယ်နော်
လူ့ရဲ့ ခန္ဓာကိုယ်မှာ ခါးရိုးဆစ်ဟာ အရိုးဆစ်ပေါင်း အများဆုံးရှိတဲ့နေရာတစ်ခုဖြစ်ပါတယ် အရိုးဆစ်တခုနဲ့တစ်ခုကြားမှာ လှုပ်ရှားနိုင်ဖို့ရာ အရွတ်ပြား(disc)လေးတွေနဲ့ ဆက်သွယ်ပေးထားပါတယ်
ခါးရိုးဆစ်ရဲ့အလယ်မှာကတော့ လူ့ခန္ဓာကိုယ်ရဲ့အရေးအကြီးဆုံး ပင်မအာရုံကြောမကြီးတည်ရှိနေပြီး ခါးဆစ်တစ်ခုနဲ့တစ်ခုကြားမှာ အာရုံကြောအခွဲများစွာက ဖြာထွက်ပြီး ခန္ဓာကိုယ်အနှံ့ကို ရောက်ရှိပါတယ်
ဒီနေရာမှာ ခါးရိုးဆစ်ကြား အရွတ်ပြားတွေဟာအကြောင်းအမျိုးမျိုးကြောင့် အာရုံကြောကိုပိမိတဲ့ခါ နာကျင်တဲ့ဝေဒနာတွေစတင်ခံစားလာရခြင်းဖြစ်ပါတယ်နော်
#ဟာနုမာန်တိုင်းရင်းဆေးကပ်ခွာရန်ကုန်
📱09799970804(Viber)
02/09/2025
သုံးစွဲသူကပေးသော အမည် “ ဟာနုမာန် ၅ မိနစ် လိမ်းဆေးဆီ ” 🍀
ဟုတ်ပါတယ် သုံးစွဲသူတွေက ဒီလိမ်းဆေးက လိမ်းလိုက်ရင် (၅) မိနစ်အတွင်းနဲ့သက်သာလာလို့ ဆိုပြီး လာမှာတိုင်း (၅) မိနစ်လိမ်းဆေးဆီလေး ပို့ပေးပါဆိုပြီးပဲ မှာလာကြတာ 🥰
၁ ခါသုံးဖူးသူတိုင်းကလည်း နောက်တစ်ခါတွေဆို ၁၀ ဗူးတွေပဲပြန်လာမာကြတာမျိုး 🥰
ှာတစ်စက်ဆီဆိုပြီးနာမည်ကြီးနေတဲ့သူလေး 🤩🍀
ကိုယ်တောင်ရုတ်တရက်ဆို ဆွိ့အသွားတာ ဆရာမလေးဆီမှာ တစ်စက်ဆီဆေးရည်ရှိလားတဲ့ 😁
🔸Black Seasame Seeds - နှမ်းနက်စေ့ 🔸
- ကြွက်သားနာကျင်မှုတွက်ကောင်းမွန်စေတယ်
- အရိုးအဆစ် အရွတ်ကြောနယကျင်ယောင်ရမ်းမှုကို ကောင်းမွန်စေတယ်
🔸 Lemongrass - စပါးလင်မွေး 🔸
- အရေပြားတွင်မှိုစွဲခြင်း ယားယံခြင်းများတွက်ကေားင်းမွန်စေတယ်
🔸 Agar wood - သစ်မွှေးဆီ 🔸
- ရွှေနဲ့တန်ဖိုးတူပြီး နှလုံးကျန်းမာရေး ,အစာချေစနစ် နှင့်အသက်ရှူလမ်းကြောင်းစနစ်တွင်အထူးကောင်းမွန်စေတယ်
🔸 Jewel vine 🔸
- အဆစ်အမြစ်ယောင်းရမ်းမှုတွက် ကောင်းပြီး ခါးအောက်ပိုင်းနာကျင်မှုတွင်ကောင်းမွန်စေတယ်
🔸Cryptolepis dibia 🔸
- အနာကျက်လွယ်စေတယ်
- သွေးကြောတွင်းကြွက်သားများ ပြေလျော့စေတယ်
🔸Tumerio 🔸
- အရေပြားယားယံမှုကို သက်သာစေတယ်
- ကြွက်သားတောင့်တင်းမှုသက်သာစေတယ်
🔸 Black cumin 🔸
- အစာချေစနစ်တွက်အထူးကောင်းမွန်တယ်
- လေထိုး လေအောင့် အစာမကြေခြင်းများတွက်ကောင်းမွန်စေတယ်
🔸 Cinnamon 🔸
- ကြွက်သားတောင့်တင်းမှုများပြေလျော့ပြီး ပေါ့ပါးလန်းဆန်းစေတယ်
🔸 Phlai 🔸
- ယောင်ရမ်းနာကျင်မှုတွက် သက်သာစေပြီး ဘယ်ရီဘယ်ရီရောဂါကို ကာကွယ်ဟန့်တားကူတယ်
🔸 Borneo camphor,Menthol, Camphor 🔸
- ကြွက်သားနာကျင်မှုများတွက် ပြေလျော့စေပြီး ပိုးမွှားအပျော့စားများကို သေစေနိုင်တဲ့ အာနိသင်ရှိတယ်
🔸 Moringa oil 🔸
- မက္ကနီဆီယမ်, ကယ်လစီယမ် နှင့် ဗီတာမင် - ဒီ ပါဝင်ထားပြီး အရိုးအဆစ်သန်မာစေတယ်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon