555 Mix

555 Mix

Share

06/10/2025

မန်ချက်စတာယူနိုက်တက် ပရိသတ်တို့ရဲ့ ဒီရာသီမှာ အမျှော်လင့်ရဆုံး ကစားသမားသစ် ၃ ဦး

မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဒီရာသီမှာ ခေါ်ယူထားတဲ့ ကစားသမားတွေထဲက ၃ ဦးကို အဓိက မျှော်လင့်ရမှာဖြစ်ပြီး သူတို့ကတော့ ဂိုးတွေ လိုနေတဲ့ တိုက်စစ်အတွက် ဘင်ဂျမင် ရှက်ရှ်ကိုနဲ့ ဘရိုင်ယန် အမ်ဘူးမို၊ ဒေးဗစ် ဒဟေးယား မရှိကတည်းက တိုင်ပတ်နေခဲ့တဲ့ ဂိုးသမားနေရာအတွက် ဆင်နီ လမ်းမင်းစ်တို့ကို အစွမ်းပြနိုင်ဖို့အတွက် အားလုံးက စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ၃၅ ပွဲမှာ ဂိုး ၂၀ သွင်းယူခဲ့တဲ့ အမ်ဘူးမိုကတော့ ဒီပြိုင်ပွဲနဲ့ အသားကျပြီးသား ကစားသမားလည်းဖြစ်လို့ အမျှော်လင့်ခံရဆုံးသူလည်းဖြစ်ပြီး သူ့ရဲ့ မြန်နှုန်းနဲ့ အဆုံးသတ်ပိုင်းတွေက ယူနိုက်တက်တို့အတွက် ကြီးမားတဲ့ အားဖြည့်မှုနဲ့ တိုးတက်လာနိုင်မှုအဖြစ် ရှုမြင်ခံထားရချိန်မှာ သူ့ရဲ့ Potential ကို အမြင့်ဆုံးအထိ ရောက်အောင်တော့ ဖွင့်ထုတ်ပေးနိုင်ဖို့ လိုနေတာပါ။

ဒီလို လုပ်ဆောင်ဖို့ဆိုရင် တိုက်စစ်မှူးကောင်း မရှိချိန်မှာ အားကိုးတကြီးနဲ့ ခေါ်ယူထားခဲ့တဲ့ ရှက်ရှ်ကိုက နေရာလွတ်တွေ ရှာဖွေပေးဖို့၊ တစ်ဖက်ခံစစ်ကို ဝင်တိုးပြီး ဖရိုဖရဲဖြစ်အောင်လုပ်ပေးဖို့နဲ့ လေထဲက ခေါင်းဦးမှုတွေနဲ့ အမ်ဘူးမိုရဲ့ ပြေးလမ်းကြောင်းထဲကို ထည့်ပေးနိုင်ဖို့က အရေးပါနေတာဖြစ်လို့ ကင်းမရွန်းသားနဲ့အတူ ဆလိုဗေးနီးယားသားကိုလည်း မျှော်လင့်ချက်ကြီးကြတာဖြစ်ပါတယ်။

ဂိုးသမားနေရာမှာတော့ ဆန်ဒါးလန်းနဲ့ပွဲမှာ ဂိုးပေါက်ကာကွယ်မှု ၃ ကြိမ်နဲ့ Clean Sheet ပါ ရယူနိုင်ခဲ့ပြီး ပေးပို့မှု ၁၈ ကြိမ်အောင်မြင်၊ အဝေးကန်တင်မှု ၁၂ ကြိမ်အောင်မြင်ခဲ့ပြီး တိကျမှု ၉၅ ရာခိုင်နှုန်း၊ ရှေ့တက်ရှင်းထုတ်မှု ၁ ကြိမ်၊ အမြင့်ဘောဖမ်းယူမှု ၂ ကြိမ်နဲ့ လေထဲမှာ ၁၀၀ ရာခိုင်နှုန်း ဘောလုံးရယူနိုင်ခဲ့တဲ့ လမ်းမင်းစ်ကို အားကိုးရဖို့ ရှိသလို လီဗာပူးလ်နဲ့ပွဲမှာ ဆက်လက်အစွမ်းပြနိုင်ဖို့ မျှော်လင့်ခံထားရကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

30/09/2025

အဘက မပြာတော့ဘူး၊ အနိုင်ကန်မှာလို့ ညီမလေးတို့နဲ့ မကန်ခင် ပြောလိုက်တဲ့ မော်ရင်ညို

အသင်းဟောင်း ချဲလ်ဆီးနဲ့ စတမ်းဖို့ဘရစ်ချ်မှာ ပြန်လည်တွေ့ဆုံမယ့် ပွဲစဉ်အတွက် ဘင်ဖီကာနည်းပြသစ်ကြီး ဂျိုဆေး မော်ရင်ညိုကတော့ ခပ်တည်တည်ပဲ ပြောထည့်လိုက်ပြီး သူ့အနေနဲ့ အပြာကောင်တစ်ယောက် မဟုတ်တော့တာကြောင့် ဘာပဲဖြစ်ဖြစ် အနိုင်ကန်သွားမယ်လို့ အင်္ဂါနေ့ည ပွဲစဉ်မတိုင်မီ ကြုံးဝါးသွားခဲ့ပါတယ်။

"(စတမ်းဖို့ဒ်ဘရစ်ချ်ကို လာရတာ) အိမ်ပြန်ရောက်သလို ခံစားရပါတယ်။ ဒီကွင်းမှာ ကျွန်တော် စပါးစ်၊ မန်ယူ၊ အင်တာတို့နဲ့ လာကစားခဲ့ပြီးပါပြီ။ လက်ရှိမှာတော့ ကျွန်တော်က အပြာရောင်တစ်ယောက် မဟုတ်တော့ဘဲ အနီရောင်ဖြစ်နေတာကြောင့် အနိုင်ရချင်ပါတယ်"လို့ မော်ရင်ညိုက ဆိုလိုက်ပြီး ဘိုင်ယန်နဲ့ အဖွင့်ပွဲ ရှုံးထားခဲ့တဲ့ အသင်းဟောင်းကိုလည်း နိုင်စေချင်ပေမယ့် ဒီလိုလုပ်လို့တော့ မဖြစ်ဘူးလို့ ပေါ်တူဂီသားကြီးက ဆိုသွားခဲ့တာပါ။

ဘင်ဖီကာအသင်းကို ဒီလထဲမှာ ပြန်လည်ကိုင်တွယ်ခဲ့ပြီး ၃ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ရှုံးပွဲမရှိသေးတဲ့ မော်ရင်ညိုအနေနဲ့ အသင်းဟောင်း ချဲလ်ဆီးနဲ့ပွဲမှာ ပထမဆုံး ရှုံးပွဲကို ရှောင်လွှဲသွားနိုင်ပြီး အိမ်ပြန်လှနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပြီး သူကတော့ အနိုင်သုံးမှတ်အတွက် ရည်ရွယ်ပြီး လာခဲ့တယ်လို့ ပွဲကြိုမှာ အပြောကြမ်းနေကြောင်းလည်း သိရှိရပါတယ်။

22/09/2025

'ပွဲကြီးပွဲကောင်းတွေအတွက် အာဆင်နယ်ရဲ့ အဖြေ'

မန်စီးတီးနဲ့ပွဲမှာ မီခေးလ်အာတီတာဟာ လီဗာပူးလ်နဲ့ပွဲစဉ်တုန်းကလိုမျိုး တူညီတဲ့အမှားအယွင်းကျူးလွန်ခဲ့ပါတယ်။

သူဟာ မီခေးလ်မယ်ရီနိုကို false 9, အီဘရီချီအီဇီကို LCM အဖြစ် ပွဲထုတ်ခဲ့သင့်ပေမယ့် ထုံးစံအတိုင်း မယ်ရီနိုကကွင်းလယ်မှာကစားရပြီး အီဇီကအရံခုံမှာသာ ကျင်လည်ခဲ့ရတာကြောင့် ပြိုင်ဘက်ကိုအိမ်ကွင်းမှာ အန္တရာယ်မပေးနိုင်ခဲ့ပါဘူး။ မယ်ရီနိုနဲ့ ယိုကာရက်စ်တို့ဟာ ပါလို့ပါမှန်းကို မသိရတာပါ။

အာဆင်နယ်ဟာ ချေပဂိုးပြန်ရသွားတာတောင် ကံကောင်းတယ်လို့ပြောရမယ်။ နောက်လာမယ့် big game တွေမှာလည်း အခုလိုပုံစံအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဆက်လက်ရုန်းကန်ရနိုင်တာကြောင့် မှန်ကန်ထိရောက်တဲ့ အပြောင်းအလဲတွေပြုလုပ်ရပါမယ်။

မာတီနယ်လီ-ဟာဗက်ဇ်-ဆာကာ

အီဇီ-ဇူဘီမန်ဒီ-ရိုက်စ်

ဒီ set-up က ပွဲကြီးပွဲကောင်းတွေမှာ အဖြစ်သင့်ဆုံးတွဲစပ်မှုပါ။ မာတီနယ်လီရဲ့အားသာချက်က high line ကစားတဲ့အသင်းကြီးတွေကို ထိုးဖောက်တိုက်စစ်ဆင်နိုင်တဲ့အပိုင်းပါ။ သူ့ရဲ့လျင်မြန်မှုကို အီဇီက အလိမ်အခေါက်၊ ပေးပို့မှုတွေနဲ့ ထောက်ပံ့ပေးလိမ့်မယ်။

ယိုကာရက်စ်က ဂိုးသွင်းနှုန်းမြင့်မားတဲ့ တိုက်စစ်မှူးဆိုပေမယ့် သူ့ရဲ့ကစားပုံအရ မန်စီးတီး၊ လီဗာပူးလ်တို့လို အသင်းတွေနဲ့ရင်ဆိုင်ကစားရာမှာ အံဝင်ခွင်ကျမဖြစ်ပါဘူး။ မယ်ရီနိုကတောင် false 9 role မှာ သူ့ထက်ပိုမိုအသုံးဝင်တယ်လို့ သုံးသပ်မိပါတယ်။

(၁၈)ကိုက်စည်းအတွင်း အဆုံးသတ်ဖို့အားသန်တဲ့ goal poacher တွေဟာ ပြိုင်ဘက်ခံစစ်မှူးတွေက မာမာထန်ထန်တုန့်ပြန်တဲ့အခါ ရုန်းကန်ရတာကို ယိုကာရက်စ်အပြင် အာလင်းဟာလန်းလည်း မနေ့ညကပွဲမှာ သက်သေပြသွားပါတယ်။ ဂါဘရီယယ်ဟာ သူ့ရဲ့ power run တွေကိုသုံးပြီး ဟာလန်းကိုထိန်းချုပ်သွားတာပါ။

အာတီတာအနေနဲ့ တံလျှပ်ရေထင်ပြီး ရွှေသမင်အလိုက်မမှားမိဖို့ အရေးကြီးပါတယ်။

19/09/2025

ဟာလန်းရဲ့မှတ်တမ်းကောင်းများ

⚽ဟာလန်းဟာ ဒရော့ဘာထက် ပရီးမီးယားလိဂ်ဂိုးပိုသွင်းထားပါတယ်။
📈 ရွန်းနီထက် မန်ချက်စတာဒါဘီဂိုးပိုသွင်းထားပါတယ်။
🎩 ဗန်ပါစီထက် ပရီးမီးယားလိဂ်မှာ ဟက်ထရစ် ရထားပါတယ်။
🔝 တစ်ရာသီအတွင်း အလန်းရှီးယားထက် ဂိုးပိုသွင်းထားပါတယ်။

16/03/2025

အာဆင်နယ် All in လိုက်တော့မယ် ok ပါ့လား
ခပ်လန့်လန့်ဖြစ်နေလို့ လင်းကြပါဦး

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Pyay Road
Yangon
11041