SolaRiseSys

SolaRiseSys

Share

SRS is the best total solution provider for solar projects and renewable energy.

25/11/2022

"သင့်စီးပွားရေးလုပ်ငန်းတွက် RBF-MYANMAR ရဲ့ထောက်ပံ့ကြေးငွေ အကူအညီဖြင့် SOLAR System တပ်ဆင်ချင်ပါသလား?"

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSMEs)များ ဖွံ့ဖြိုးတိုးတက်စေရန်တွက် RBF-MYANMAR မှဆဌမအကြိမ်မြောက် အဆိုပြုလွှာ ခေါ်ယူကာ (SOLAR SYSTEM) ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းများအတွက် ထောက်ပံ့ငွေအဖြစ် ကုန်ကျစရိတ်ရဲ့ 25 ရာခိုင်နှုန်း အများဆုံးငွေကျပ်သိန်း 400 အထိ ထောက်ပံ့ကြေးငွေ ပေးအပ်သွားမည်ဟု သိရှိရပါသည်။

မိတ်ဆွေအနေနှင့် လစဥ်မီတာဘေနှင့် ဒီဇယ်အသုံးစရိတ်လျော့ချပေးနိုင်တဲ့ (SOLAR SYSTEM) ဆိုလာစနစ်ကို RBF-Myanmar ထောက်ပံ့မှုဖြင့် မိမိတို့ရဲ့ စက်ရုံအလုပ်မှာ တပ်ဆင်ချင်ရင် ဒီဇင်ဘာ ၅ ရက်နေ့ နေ့လည် ၁၂ ရက်နောက်ဆုံးထား လျှောက်လွှာတင်နိုင်မှသာ ဒီအခွင့်အရေးကို ရနိုင်မှာနော့်...

စိတ်၀င်စားလို့ RBF-MYANMAR အဆိုပြုလွှာ လျှောက်လွှာတင်ချင်ရင်တယ်ဆိုရင် RBF-MYANMAR ရဲ့ https://www.facebook.com/rbfmyanmar ကို မေးမြန်းလို့ရသလို Solarisesys ကိုလည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

📲 +959 404 060 422
📲 +959 404 060 466
📲 +959 426 999 009

#ဆိုလာဗဟုသုတ #ဆိုလာတပ်ဆင်ရန်

Photos from SolaRiseSys's post 06/09/2022

ဒီရက်ပိုင်း " Zawgyi Premier Co., Ltd" မှာ တပ်ဆင်ပေးဖြစ်ခဲ့တဲ့ 8 KWp Hybrid Solar System ကို တစ်ချက်ရှိုးလို့ ရအောင် ရှယ်ပေးလိုက်တယ်နော့်..

System Size : 8 KWp Hybrid Solar System
===========================
Inverter : 3.5 KW - 3 Pcs
Battery : 12V- 200 ah - 12 Pcs
Panel : Canadian 445 W - 18 Pcs

စိတ်၀င်စားတယ်ဆို SolaRiseSys ၏ Page CB အပြင် ဖုန်း

📲 +959 404 060 433
📲 +959 404 060 422
📲 +959 426 999 003 တို့တွင် တိုင်ပင်ဆွေးနွေးလို့ ရပါပြီနော် ။
▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂
#ဆိုလာမြန်မာ #အကောင်းဆုံး #ဆိုလာပစ္စည်းရောင်းကုမ္ပဏီ #ဆိုလာ

29/08/2022

🔰အင်ဗာတာအကြောင်း တစ်စေ့တစ်စောင်း🔰

အင်ဗာတာဆိုတာ ဘက်ထရီကလာတဲ့ DC ကိုဖြစ်စေ Solar က ထွက်တဲ့ DC ကိုဖြစ်စေ အိမ်သုံးလျှပ်စစ် ပစ္စည်းများအတွက် အသုံးပြုနိုင်တဲ့ AC အဖြစ် ပြောင်းပေးနိုင်တဲ့ ပစ္စည်းတခု ဖြစ်ပါတယ်။ ဆိုလာနဲ့ တွဲသုံးဖို့ အင်ဗာတာဆိုရင် များသောအားဖြင့် Modified Sine Wave Inverter နဲ့ Pure Sine Wave Inverter ဆိုပြီး နှစ်မျိုးရှိပါတယ်။

✅Modified sine wave inverter

Modified sine wave inverter ရဲ့ Output က တကယ့် Sine Wave စစ်စစ် မဟုတ်ပေမယ့် Wave Form လှေခါးထစ်ပုံစံလေးတွေဖြစ်ပြီး Upfront Cost အရ စျေးသက်တာကြောင့် တချို့ Budgeted သမားတွေကတော့ အသုံးပြုကြပါတယ်။ ရေရှည်တွက်ဆိုရင်တော့ အိမ်သုံးလျှပ်စစ်ပစ္စည်းများရဲ့ Life Time တိုစေပါတယ်။ အထူးသဖြင့် AC Motorized မဟုတ်တဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းများတွက်ဆိုရင်တော့ သုံးနိုင် ပါတယ်။

✔️ Lighting/Phone/Kettle တွက်ဆိုရင် Modified sine wave inverter ကို အသုံးပြုသင့် ပါတယ်။

✅Pure sine wave inverter

Utility များသည် Sine Wave output ပဲ ထုတ်ပေးတာကြောင့် ကိုယ်က Grid နှင့်လည်း ချိပ်ဆက်ထား တယ်ဆိုရင်တော့ Pure sine wave inverter လိုအပ်မှာ ဖြစ်ပါတယ်။ အားသာချက်ကတော့ တကယ့် Sine wave/AC wave form ကို ထုတ်လုပ်ပေးနိုင်ပြီး လိုအပ်သော အနီးစပ်ဆုံးကိုက်ညီတဲ့ AC Power ကို ထုတ်ပေးနိုင်တာဖြစ်သလို Upfront Cost အရ Modified sine wave inverter ထက်တော့ စျေးများပါတယ်။ ရေရှည်တွက် လျှပ်စစ်ပစ္စည်း Life Time လည်း ထိခိုက်မှု မဖြစ်စေချင်ဘူး၊ အသုံးပြုတဲ့ လျှပ်စစ် ပစ္စည်းတွေကလည်း AC motorized ဖြစ်တဲ့ လျှပ်စစ်ပစ္စည်းများ ဖြစ်နေမယ်ဆိုရင်တော့ စျေးများပေမယ့် Pure Sine Wave Inverter ကို သုံးသင့်ပါတယ်။

စျေးကွက်မှာ နာမည်ရတဲ့ အင်ဗာတာတံဆိပ်တွေကတော့ GrowWatt, Revo VM, Suoer, Must, Deye, Solic, SMA, Huiwei စတဲ့ တံဆိပ်တွေ ဖြစ်ပြီး ကိုယ့် system နဲ့ ကိုက်ညီမယ့် budget အရလည်း သင့်တော်မယ့် အင်ဗာတာကို ရွေးချယ်အသုံးပြုလို့ရပါတယ်။

✔️Newer TV/Fan/refrigerator/microwave/Water Pumps/Laster Printer စသည်တို့တွက် ဆို Pure Sine Wave Inverter ကို အသုံးပြုသင့်ပါတယ်။

#ဆိုလာမြန်မာ #အကောင်းဆုံး #ဆိုလာပစ္စည်းရောင်းကုမ္ပဏီ #ဆိုလာ

Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Bldg 16-501, MICT Park, Hlaing Campus
Yangon
1551

Opening Hours

Monday 08:30 - 15:30
Tuesday 09:30 - 15:30
Wednesday 09:30 - 15:30
Thursday 09:30 - 15:30
Friday 09:30 - 15:30