DBA Myanmar

DBA Myanmar

Share

14/02/2026

မေတ္တာညွန့် ရပ်ကွက် စက်မှု(၁) လမ်းတွင် မီးပူပလပ်ထိုးထားရာမှ မီးလောင်မှုဖြစ်ပွား

၁၃ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၆ (Crime Media)

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်၊ စက်မှု(၁) လမ်းတွင် အိပ်ခန်းအတွင်း မီးပူပလပ် ထိုးထားရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖေဖော်ဝါရီ ၁၃ ရက် ည (၈) နာရီ ခွဲကျော်အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ မီးလောင်ပြင်ကို Level 1အဆင့်သတ်မှတ်ပြီး မီးသတ်တပ်ဖွဲ့ ခရိုင်/မြိုနယ် မီးသတ်ယာဉ်(၁၂) စီး၊ ရေသယ် ယာဉ်(၃)စီး၊ အထောက်ကူပြုယာ ဉ်(၂)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ အပါအဝင် ဒေသခံ လူမှုကူညီ ရေးအဖွဲ့တို့သွား ရောက်ငြှိမ်းသတ်ခဲ့ရာ ည (၉ )နာရီ (၉) မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။

မီးလောင်ခံရတဲ့အတွက် အမှတ်(၁၁၁)မှ ၂ ထပ်အုတ်ပျဉ်(၁) လုံး၊ ၂ထပ်ပျဉ်(၁)လုံး၊ အမှတ်(၁၁၄) မှာ ထပ်ပျဉ်ထောင်(၂)လုံးစုစုပေါင်း အိမ်(၄)လုံးမီးလောင်ပျက်စီးဆုံးရှုးမှု တန်ဖိုး(၃၅၅၀၀၀၀)ကျပ်သတ်မှတ် မီးပေါ့ဆစွာအသုံးပြုသူဦးသီဟ(ခ) သက်ထွန်း ကို မြို့နယ်ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေတယ် လို့ သိရ ပါတယ်။

မီးလောင်မှုတွင် လူထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိခဲ့ဘူးလို့ မီးငြိမ်းသတ်ရာတွင် ပါဝင်ကူညီပေးသူတစ်ဦးက ပြောပါတယ်။

13/02/2026

အမှိုက်ပုံထဲက ခြေနင်းမိုင်းကို ခဲနဲ့ထုခွဲကစားရာမှ ကလေးငယ် ၃ဦး ထိခိုက်ဒဏ်ရာရ ၁ဦးသေဆုံး

၁၃ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၆ (Crime Media)

ကချင်ပြည်နယ် ဖားကန့်မြို့ တောင်ပြိုရွာတွင် ယနေ့ မနက်ပိုင်းက ကလေးများ အမှိုက်ပုံထဲက ခြေနင်း မိုင်းကို ခဲနဲ့ထုခွဲကစားရာမှ ကလေးငယ် ၄ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

"မနက်ကတောင်ပြိုက ကလေးတွေက၄ယောက်စုဆော့နေတာ။အမှိုက်ပုံထဲကခြေနင်းမိုင်းကိုတွေ့လို့ ယူလာတာ။ကလေးတယောက်ကိုနည်းနည်းလှမ်းတဲ့နေရာကသဲသွားကျုံးခိုင်းလို့သွားတဲ့အချိန်မှာကျန် တဲ့၃ယောက်ကအဲမိုင်းကိုခဲနဲ့ထုခွဲတာတဲ့။ခုတော့မိဘတွေကဆေးကုဖို့ခေါ်သွားကြပြီ " လို့ သူကပြော ပါတယ်။

မိုင်းပေါက်ကွဲမှုမှာ သေဆုံးခဲ့တဲ့ ကလေးငယ်က အသက် ၈ နှစ်အရွယ် ရခိုင်တိုင်းရင်းသား ကလေးငယ် ဖြစ်ပြီး တယောက်က မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ကျန်နှစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် စိုးရိမ်ရတယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲက စိုးရိမ်ရတဲ့ အသက် ၈ နှစ်အရွယ် မနန်းခိုင်စိုး နဲ့ အသက် ၁၁ နှစ်အရွယ် မောင်ဦးကိုလင်းတို့ကို ဆေးကုသဖို့အတွက် မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ထားပါတယ်။


ထောင်မိုင်းဆိုရင် ရပ်ကွက်နေပြည်သူ လူထုကြား မထောင်ကြဖို့ ကျေးရွာနေပြည်သူတွေက နှစ်ဖက် အဖွဲ့အစည်းကို တောင်းပန်ထားပါတယ်။

ယခုလ ၅ ရက်နေ့ကလဲ တောင်ပြို မှော်မောင်း သွားလမ်းမှာ မကွဲပဲ မြေစိုက်နေတဲ့ လက်နက်ကြီးကျဉ်ကို ဒေသခံ လူကြီးတစ်ဦး သတိပေးပြီး လူမှုကွန်ရက်ပေါ်မှာ သတိပေးထားခဲ့ပါတယ်။

“ကလေးငယ်များဟာစစ်၏စတေးခံမဖြစ်ထိုက်ပါဘူး။လူနေရပ်ကွက်နဲ့ရွာများမှာမိုင်းထောင် မိုင်းဆွဲခြင်း ကိုအလျင်စလိုမလုပ်ကြဖို့တောင်းပန်အပ်ပါတယ်။မြေမြုတ်မိုင်းအန္တရာယ်နဲ့ မပေါက်ကွဲသေးတဲ့မိုင်းအန္တ ရာယ်တွေကိုကာကွယ်ရှောင်ရှားနိုင်ဖို့ကလေးသူငယ်တွေကိုအသိပညာပေးဖို့လိုပါပြီ” လို့ ဒေသခံ တစ်ဦးက ပြောပါ်တယ်။

စစ်ရေးတင်းမာပြီး မတည်ငြိမ်သေးတဲ့ ဒေသတွေမှာ မြေမြုတ်မိုင်းအန္တရာယ်၊ မပေါက်ကွဲသေးတဲ့ လက်နက် ကြီးအန္တရာယ်နဲ့ လေယာဉ်အန္တရာယ်တွေကို အထူးဂရုစိုက်ဖို့ လိုအပ်ပြီး အထူးသဖြင့် မိဘပြည်သူများအနေ နဲ့ မိမိတို့ရဲ့ သားသမီးတွေကို ဒီအန္တရာယ်တွေနဲ့ပါတ်သတ်ပြီး အသိပညာ ပေးရှင်းပြထားဖို့ လိုအပ်တယ်လို့ သူကပြောပါတယ်။

ကလေးငယ်တွေကို လမ်းဘေးဝဲယာ ခြုံနွယ်များကြား မဆော့ကစားစေဖို့နဲ့ မပေါက်ကွဲသေးတဲ့ မိုင်း(ဒါမှမ ဟုတ်) လက်နက်များတွေ့ရှိခဲ့ရင်လည်း မထိ မကိုင်တွယ်မိစေဖို့ ကြိုတင်အသိပေး တားမြစ်ပြီးဖြစ်သွား ခဲ့ရင် ဘယ်သူ့ကိုမှအပြစ်တင်လို့မရနိုင်တဲ့အတွက် ထိခိုက်နစ်နာသူက ပြည်သူ သာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

13/02/2026

အွန်လိုင်းဂိမ်းရှုံးပြီး ကြွေးမဆပ်နိုင်သူကို တရုတ်ပြည်ရောင်းစားဖို့ စီစဉ်တဲ့ အမျိုးသမီးနှစ်ဦးကို ထောင်(၁၀)နှစ် ချမှတ်

၁၃ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၆ (Crime Media)

အွန်လိုင်းကျွဲဂိမ်းကစားပြီး ငွေကျပ်သိန်း (၃၀) အကြွေးတင်ကာ နေအိမ်အပေါင်ဆုံးတော့မယ့် မအူပင်မြို့က အမျိုးသမီးတစ်ဦးကို တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားဖို့ စီစဉ်သူ အမျိုးသမီး နှစ်ဦးကို မူဆယ်ခရိုင် တရားရုံးက ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်လိုက်ပါတယ်။

ဧရာဝတီတိုင်း မအူပင်မြို့ အမှတ်(၂)ရပ်ကွက်မှာ နေထိုင်သူ အမျိုးသမီးတစ်ဦးမှာ အွန်လိုင်းကျွဲဂိမ်း ကစားခဲ့ရာမှ ကျပ်သိန်း ၃၀ အကြွေးတင်ခဲ့ပြီး မိခင်ဖြစ်သူနေအိမ်ကို ပေါင်နှံကာ အကြွေးဆပ်ခဲ့ပါတယ်။

အဆိုပါ အကြွေးကို ခြောက်လကြာချိန်ထိ ပြန်မဆပ်နိုင်သေးတဲ့အတွက် နေအိမ်အပေါင်ဆုံးတော့မှာ ဖြစ်တဲ့အတွက်ကြောင့် အလုပ်ရှာဖွေခဲ့ရာတွင် မူဆယ်မြို့မှာ နေထိုင်သူ မချိုမာစိန်(ခ)မဗိုက် နဲ့ မဇင်နွယ်လတ် (ခ)မဇင်တို့နှင့် ချိတ်ဆက်မိခဲ့ပါတယ်။

အဆိုပါအမျိုးသမီး ၂ ဦးက တရုတ်နိုင်ငံမှာ တရုတ်ယောက်ျားယူပါက ကျပ်သိန်း ၈၀ ရရှိမှာဖြစ်ပြီး တစ်နှစ် ပေါင်းသင်းနေထိုင်ရမယ်လို့ ပြောဆိုစည်းရုံးကာ မူဆယ်မြို့သို့လာရောက်ရန်အတွက် လမ်းခရီးစရိတ်များ ထုတ်ပေးပြီးခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မူဆယ်မြို့သို့ ရောက်ရှိသွားချိန်မှာ အမျိုးသမီးကို ဓာတ်ပုံ/ဗီဒီယိုများ ရိုက်ကူးပြီး တရုတ်နိုင်ငံ ရွှေလီ မြို့မှာနေထိုင်သူ ပွဲစား ဂျာဆိုင်(ခ)ကချင်မထံ ပို့ပေးခဲ့ကာ မူဆယ်မြို့ ဗဟိုဆေးရုံတွင် ဆေးစစ်ပေး ခဲ့ပါတယ်။

အမျိုးသမီးက တရုတ်နိုင်ငံတွင် တရုတ်ယောက်ျားယူပါက တရုတ်ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမည်ကို ကြောက်လန့်တဲ့အတွက် မချိုမာစိန် (ခ)မဗိုက်ကိုပြောပြရာတွင် တရုတ်ယောက်ျား မယူနိုင်ပါက လမ်းခရီးကုန်ကျစရိတ်များ ပြန်လည် ပေးလျော်ရမှာဖြစ်တယ်လို့ ပြန်ပြောခဲ့ပါတယ်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ Hot Line ဖုန်းနံပါတ်သို့ အမျိုးသမီးက ဆက်သွယ်အကူအညီ တောင်းခံခဲ့တဲ့အတွက် အမှတ် (၁၇) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မူဆယ်)မှဖမ်းဆီးခဲ့ပြီး တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ မူဆယ်မြို့မရဲစခန်း (ပ)၁၉၂/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုဖွင့် တရားစွဲတင်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ဖမ်းမိတရားခံ မချိုမာစိန် (ခ)မဗိုက်နှင့် မဇင်နွယ်လတ် (ခ)မဇင်တို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့် ထောင် ဒဏ် (၁၀)နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ တရားခံ ဂျာဆိုင်(ခ) ကချင်မကို ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့တယ်လို့ သိရပါတယ်။

13/02/2026

မြောက်ဥက္ကလာပမြို့နယ် အဝိုင်းကြီးကားမှတ်တိုင်အနီးတွင် YBS ၄၂ မီးလောင်

၁၃ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၆ (Crime Media)

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ/တိုးချဲ့) ရပ်ကွက်၊ သုဓမ္မာလမ်း၊ အဝိုင်းကြီး ကားမှတ်တိုင် အနီးတွင် ယနေ့နေ့လည်ပိုင်းက YBS ၄၂ မီးလောင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ နေ့လည် ၁နာရီ ကျော်အချိန်က မီးလောင်ခဲ့တာဖြစ်ပြီး လူထိခိုက်ဒဏ်ရာ ရ သေဆုံးသူမရှိဘူးလို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။

မော်တော်ယာဉ် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ နာ/ကူ(ရန်ကုန်)သီးသန့် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး ထွက်ခွာငြိမ်း သတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Yangon
1111