SkillEdge Academy
12/11/2025
Trainer လုပ်ရခြင်းရဲ့ အကျိုးအမြတ်တွေထဲက တစ်ခုကတော့ တက်ရောက်သူတွေရဲ့ အမြင်သစ်များတွေကို ပြန်လည် သင်ယူရခြင်းလည်းတစ်ခု ပါဝင်ပါတယ်။
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ leadership development training မှာ သင်တန်းသားတွေကို နေ့စဉ်လုပ်ငန်းခွင်မှာ “တန်ဖိုးထားစူးစမ်းမေးမြန်းခြင်း (Appreciative Inquiry)” ကို ဘယ်လိုအသုံးပြုမလဲ လို့မေးတော့၊ သင်တန်းသားတစ်ဦးက "အခြားသူများကို တန်ဖိုးထားခြင်းဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းကနေ စတင်ပါတယ်။ ကိုယ့်ရဲ့ လက်ရှိအခြေအနေကို လက်ခံတယ်ဆိုတာ တိုးတက်ဖို့ ရပ်တန့်လိုက်တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့အတွက် ဆက်လက်ကြိုးစားနေမှာပါ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့အတွက် ဆက်လက်တိုးတက်အောင် လုပ်ဆောင်နေတာပါ" လို့ မျှဝေခဲ့ပါတယ်။
သူရဲ့ ပြောဆိုချက်က ကျတော်အခု အလုပ်လုပ်နေတဲ့ Harrison မှာ Growth Mindset သို့မဟုတ် Healthy Self-esteem လို့ခေါ်တဲ့ သဘောတရားကို ထိထိမိမိ ပြောလိုက်ခြင်းပါပဲ။ 'မိမိကိုယ်ကို လက်ခံခြင်း (Self-Acceptance)' နှင့် 'မိမိကိုယ်ကို တိုးတက်အောင်လုပ်ဆောင်ခြင်း (Self-Improvement)' ရဲ့ ဟန်ချက််ကို လိုတိုရှင်းပြောသွားတာပါ။ လူအများစုက ဤနှစ်ခုကို ဆန့်ကျင်ဘက်လို့ မြင်လေ့ရှိကြပါတယ်၊ "ငါ မလုံလောက်သေးဘူး၊ ဒါကြောင့် တိုးတက်အောင်လုပ်ရမယ်" သို့မဟုတ် "ငါ လုံလောက်ပြီ၊ ဒါကြောင့် ပြောင်းလဲစရာမလိုဘူး" စသဖြင့်ပေါ့။ အမှန်ကတော့ စစ်မှန်တဲ့ အားသာချက်ဆိုတာ ဝိရောဓိနှစ်ခုကို ပေါင်းစပ်ထားရာမှ ထွက်ပေါ်လာတဲ့အရာဖြစ်ပါတယ်။ ကိုယ့်ရဲ့လက်ရှိအခြေအနေကို ကျေနပ် လက်ခံရင်း၊ ဒီထက်ပိုမိုကောင်းမွန်လာစေရန် ကြိုးစားခြင်းပဲဖြစ်ပါတယ်။
13/10/2024
Job-To-Be-Done Theory
ကိုယ့်ရဲ့ business model တွေ offering တွေ ကို ထိထိရောက်ရောက် တီထွင်ဆန်းသစ်နိုင်ဖို့၊ Job-To-Be-Done (JTBD) Theory နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
JTBD theory ကို Harvard ကအထင်ကရ Marketing Professor Ted Levitt က လူသိများအောင်ပြုလုပ်ခဲ့ပြီး၊ နောက်ပိုင်းမှာ Professor Clayton Christensen အကျယ်တဝင့်တင်ပြခဲ့တဲ့ theory တစ်ခုဖြစ်ပါတယ်။ (Professor Clayton Christensen ဆိုတာကတော့ Steve Job အပေါ်လွှမ်းမိုးမှု အရှိဆုံး ပုဂ္ဂိုလ်ထဲမှာပါဝင်သူတစ်ယောက်ဖြစ်ပါတယ်)
JTBD ဆိုတာဘာလဲ?
JTBD ရှုထောင့်အရ စားသုံးသူ တွေဟာ ပစ္စည်း တစ်ခုကိုဝယ်ယူတိုင်း ပြဿနာတစ်ခုဖြေရှင်းဖို့၊ သို့မဟုတ် ကိစ္စတစ်ခုပြီးမြောက်စေဖို့ရည်ရွယ်ချက်ရှိတယ်လို့ ဆိုထားပါတယ်။ အဲ့ဒီရည်ရွယ်ချက်ကိုတိတိပပသိခြင်းက ကိုယ့်ရဲ့ offering တွေကိုပိုထိရောက်အောင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
တစ်နည်းအားဖြင့်် - ဘယ်လိုလူတွေက ဘာပစ္စည်းတွေဝယ်နေကြသလဲဆိုတာထက်၊ သူတို့ရဲ့ ဘယ်ကိစ္စရပ်တွေအတွက် ဘယ်လို ထုတ်ကုန်တွေနဲ့ လက်ရှိမှာဖြေရှင်းနေကြသလဲ၊ နောက်နောင်မှာ အဲ့ဒီထက်ထိရောက်အောင် ဘယ်လိုဖြေရှင်းပေးနိုင်မလဲ ဆိုတာကို စဉ်းစားရမှာဖြစ်ပါတယ်။
ဥပမာ-
Apple Music တို့ Spotify တို့ streaming services
လူတွေမှာ လူတွေအတွက် သီချင်း တွေ လွင့်ပေးရုံသက်သက်မဟုတ်တာကိုတွေ့ရမှာဖြစ်ပါမယ်။
> အလုပ်လုပ်တဲ့အခါ အာရုံပိုစိုက်နိုင်အောင်၊
> workout လုပ်တဲ့အခါ စိတ်တက်ကြွလာဖို့၊
> တစ်ယောက်တည်း chill ဖို့၊
>သူငယ်ချင်းတွေနဲ့ road trip ထွက်တဲ့အခါ နားထောင်ဖို့၊
> deadline အပြီးတွန်းလုပ်နိုင်အောင်ဆိုပြီး သီချင်းနားထောင်သူရဲ့ ရည်ရွယ်ချက် ပြီးမြောက်စေဖို့ 🎶playlist တွေ အမျိုးမျိုးရှိခြင်းနဲ့ သူတို့ရဲ့ service ကိုသုံးအောင်ဆွဲဆောင်ကြတယ်။ ဒါဟာ JTBD ရှုထောင့်ကနေစဉ်းစားပြီးပေါ်လာတာဖြစ်ပါတယ်။ Software as a Service (SaaS) ဆိုတာလည်း JTBD ရှုထောင့်ကနေ- လူတွေက software လိုချင်တာမဟုတ် အလုပ်ပြီးမြောက်မှုကိုလိုချင်တာဖြစ်ကြောင်း- စဉ်းစားပြီးပေါ်လာတာဖြစ်ပါတယ်။
JTBD နဲ့စဉ်းစားရင် အရင်က သတိမထားမိတဲ့ ပြိုင်ဘက်တွေကိုလည်းသတိထားမိလာမယ်။ Netflix ရဲ့ founder ကို Amazon Prime Video က သူ့အတွက် အဓိကပြိုင်ဘက်လာလို့မေးတဲ့အခါမှာသူက၊ ‘လူတွေ relax ဖြစ်အောင်လုပ်တဲ့အရာအားလုံးနဲ့ ပြိုင်နေရတာပါ၊ video game တွေ၊ board game တွေ၊ အပြင်၊ wine ပုလင်းတွေနဲ့ပါပြိုင်နေရပါတယ်’ လို့ပြန်ဖြေပါတယ်။ သူ့ရဲ့ဖြေကြားချက်က JTBD ရှုထောင့် ကနေဖြေကြားထားတာဖြစ်ပါတယ်။ ဒီဥပမာကို ကြည့်ခြင်းအားဖြင့် product category တူမှ ပြိုင်ဘက်မဟုတ်၊ သုံးစွဲသူရဲ့ ရည်ရွယ်ချက်ကိုဖြည့်ဆည်းနိုင်တဲ့ အရာတွေအားလုံးဟာကိုယ့်ပြိုင်ဘက်ဖြစ်တယ်ဆိုတာတွေ့ရမှာဖြစ်ပါတယ်။
Market segmentation လုပ်တဲ့အခါမှာ လည်း JTBD Theory က demographics data တွေထက်ပိုပြီးထိရောက်အောင် target လုပ်နိုင်တာကိုတွေ့ရပါတယ်။
ဥပမာ- ကျတော်အရင်အလုပ်လုပ်ခဲ့တဲ့ IKEA ဆိုပါစို့၊ သူ့ရဲ့ customer တွေကို သတ်မှတ်တဲ့အခါမှာ အသက်၊ ဝင်ငွေ၊ လိပ်စာ၊ ပညာအရည်အချင်း စတဲ့ demographic data တွေနဲ့ ခွဲခြားတာမဟုတ်ဘဲ၊ ‘သက်သက်သာနဲ့ အချိန်တိုအတွင်း အခန်းအလှဆင်လိုသူများ’ ဆိုတဲ့ JTBD နဲ့ သတ်မှတ်တဲ့ အတွက် ပိုထိရောက်ပါတယ်။ ပြီးမြောက်ဖို့လိုတဲ့ အလုပ်တွေဆိုတာက demographic data ပေါ်မှာ မူတည်ပြီးပေါ်လာတာမဟုတ်ပါဘူး။ အခြေအနေတွေကြောင့် ပေါ်ပေါက်လာတာကြောင့် “သက်သက်သာနဲ့ အချိန်တိုအတွင်း အခန်းအလှဆင်ဖို့” ဆိုတာတဲ့လိုအပ်ချက်က “လိပ်စာ၊ ပညာအရည်အချင်း” ပေါ်မူတည်နေတာမဟုတ်ပါဘူး။
ဒီ JTBD theory ဟာ တိမ်မယောင်နဲ့ နက်ပါတယ်။
မော်တော်ဆိုင်ကယ်ကို ဘာလို့ဝယ်ကြသလဲ။ အများစုကတော့ သွားရေးလာရေး အဆင်ပြေအောင်လို့ပြောပါမယ်။ ဒါပေမယ့် Harley-Davidson ဆိုင်ကယ်ကိုဘာလို့ဝယ်ရတာလဲ ဆိုရင်၊ လွတ်လပ်မှု၊ စွ့န်စားမှု နဲ့ အောင်မြင်မှု ဝိသေသတွေကိုဖော်ပြဖို့အတွက်ဖြစ်ပါတယ်။ Harley-Davidson ဆိုင်ကယ်ထက် လွပ်လပ်မှုနဲ့ စွန့်စားမှု သင်္ကေတတွေကိုရောင်းချနေခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကိစ္စလို့ ဆိုရာမှာ တကယ်လက်တွေ့ အလုပ်ဖြစ်ဖို့ (functional job) တင်မဟုတ်ဘဲ၊ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက် (emotional job) တွေပါ ပါဝင်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းက လူတွေရဲ့ ဘယ်ကိစ္စတွေကိုပြီးမြောက်အောင်ကူညီပေးနေသလဲဆိုတာကို သေသေချာချာသိထားဖို့လိုအပ်ပါတယ်။
လူအမျိုးမျိုးစိတ်အထွေထွေရှိတဲ့အပြင်၊ ပြဿနာပေါင်းစုံပြီး ကိစ္စများမြောင်လှတဲ့ လူဘောင် ဆိုတဲ့အတိုင်း လူတွေရဲ့ လိုအပ်ချက်တွေကလည်း များပြားလှပါတယ်။ ဒါကြောင့် JTBD theory နဲ့ စဉ်းစားပြီး ကိုယ့်ရဲ့ customer တွေရဲ့ လိုအပ်ချက်တွေကို ပိုထိထိရောက်ရောက် ပြီးမြောက်အောင် ကူညီဖို့လည်း နည်းလမ်းတွေအများကြီးထွက်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် သမားရိုးကျ demographic based marketing ထက်လည်းထိရောက်အောင်ပြု လုပ်နိုင်မှာဖြစ်ပါတယ်။ အဖွဲ့အစည်းတွင်းမှာလည်း ထုတ်ကုန်အပေါ် ဗဟိုခြင်း (product centric) ထက်၊ ဖြေရှင်းမှု ကိုဗဟိုပြုတဲ့ solution centric mindset ကိုဖြစ်ပေါ်စေနိုင်ပါတယ်။
စိုင်းဝန်းဆိုင်
Oct 13, 2024
SkillEdge Academy
06/10/2024
ထိရောက်တဲ့ မဟာဗျူဟာဖန်တီးရာမှာ လိုအပ်တဲ့ စဉ်းစားဉာဏ် (၂) မျိုး
လုပ်ငန်း တော်တော်များဟာ ကြီးထွားလာတာနဲ့အမျှ စွန့်စားမှုတွေ နည်းလာပြီး ဝေဖန်ပိုင်းခြားမှု ကိုပဲ အလေးထားတတ်ကြပါတယ်။ မဟာဗျူဟာအသစ်တွေ၊ ဆန်းသစ်တဲ့ ထုတ်ကုန်တွေ ပေါ်မလာတော့ပါဘူး။ တီထွင်ဥာဏ်ကွန့်မြူးတဲ့သူတွေကိုလည်း ‘စိတ်ကူးယဉ်ဆန်သူ’ တွေ၊ ‘လှတပတ’ သာစိတ်ဝင်စား သူတွေအဖြစ် သမုတ်တာကြောင့် ဆန်းသစ်တဲ့ ထုတ်ကုန်တွေ၊ လုပ်နည်းလုပ်ဟန်တွေ ဆိတ်သုဉ်းကုန်ပါတယ်။
စိတ်ကူးဥာဏ်သစ်တွေ၊ out-of-the-box 📦 thinking တွေလုပ်ရတာနှစ်သက်သူတွေကလည်း၊ critical thinking ကိုသာအလေးပေးတဲ့သူတွေကို ‘စာအုပ်ကြီးသမားတွေ‘၊ ‘date အောက်နေသူတွေ’၊ ‘ပျင်းစရာကောင်းသူတွေ’ အဖြစ်သမုတ် တတ်ကြပါတယ်။ အခွင့်အလမ်းရတာနဲ့ စိတ်ကူးဥာဏ်သစ်တွေကိုအလေးထားနဲ့ အဖွဲ့အစည်းတွေကိုပြောင်းသွားကြပါတယ်။
စင်စစ်မှာတော့ ထိရောက်တဲ့ မဟာဗျူဟာတစ်ခု ဖန်တီးဖို့ဆိုရင် ဝေဖန်ပိုင်းခြားဥာဏ် (Critical Thinking) နဲ့ တီထွင်ဖန်တီးဥာဏ် (Creative Thinking) နှစ်မျိုးလုံးလိုအပ်ပါတယ်။ စိတ်ကူးတွေဘယ်လောက်သစ်ဆန်း creative ဖြစ်နေပါစေ၊ အလုပ်ဖြစ်မဖြစ်ကို ဝေဖန်ပိုင်းခြားရန် critical thinking လိုအပ်သည်။ အကောင်အထည်ဖော်ရန် စည်းစနစ်လိုသည်။ စည်းစနစ်ကိုလည်း၊ လမ်းဟောင်းကြီးအတိုင်းမလုပ်ဘဲ၊ ပိုမိုဆန်းသစ်တဲ့ နည်းလမ်းရှာဖို့ creative thinking လိုအပ်ပါတယ်။ တီထွင်ဖန်တီးမှုနဲ့ ဝေဖန်ပိုင်းခြားမှုတွေကို ပေါင်းစပ်စဉ်းစားပါမှ ထိရောက်တဲ့ ဗျူဟာတွေထွက်ပေါ်လာပါမယ်။
ဥပမာ- Frito-Lay ရဲ့ အာလူးကြော်တွေက ဆန်းသစ်တဲ့ အရသာတွေနဲ့ ပြိုင်ဘက်တွေထက် ဦးအောင်ထုတ်လုပ်နိုင်တဲ့အကြောင်းအရင်းကိုရှာကြည့်မယ်ဆိုရင် တီထွင်ဖန်တီးဥာဏ် နဲ့ ဒေတာတွေကိုအခြေခံတဲ့ ဝေဖန်ပိုင်းခြားမှု နဲ့ ဆုံးဖြတ်ချက်တွေကြောင့်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။
မိမိရဲ့ အဖွဲ့အစည်းမှာ critical thinking သမားတေတွေနဲ့ creative thinking သမားတွေ ဘယ်လောက်အထိမျှခြေရှိသည်၊ အချင်းချင်းဘယ်လောက်အထိ ပူးပေါင်းလုပ်ဆောင်နေသည်ကို သုံးသပ်ကြည့်ပါ။ အာနည်းနေတဲ့ အပိုင်းကို ပြန်အားဖြည့်ပါ။ အထူးသဖြင့် strategy process မှာ တီထွင်ဖန်တီးဥာဏ် (creative thinking) ရော၊ ဝေဖန်ပိုင်းခြားဥာဏ် (critical thinking) ပါ အသုံးပြုပါမှ customer တွေကိုပြိုင်ဘက်တွေထက် သာလွန်ထူးခြားတဲ့ offering တွေပေးနိုင်မှာဖြစ်ပါတယ်။
စိုင်းဝန်းဆိုင်
Oct 6, 2024
SkillEdge Academy
ပုံ- idea အသစ်တွေ ကို ၃ မိနှစ် အတွင်း pitch လုပ်တဲ့ 2024 Falling Walls Lab Yangon မှာ အကဲဖြတ်ဒိုင်လုပ်စဉ်က
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon
Opening Hours
| Wednesday | 09:00 - 05:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 17:00 |