Halal Food Directory
Halal Food Directory
Share
09/01/2020
ဟလ္လာလ်လို့ထင်တဲ့ပစ္စည်းတွေကရော ဟလ္လာလ်ဖြစ်ရဲ့လား
===========================================
Trans Fat ဆိုတာကတော့ မြန်မာလို
နားလည်လွယ်အောင်ပြောရရင်
အသွင်ပြောင်းဆီတစ်မျိုးပေါ့။
သူ့ကို စက်ရုံတွေမှာ ဟိုက်ဒရိုဂျင်ကို
ဟင်းသီးဟင်းရွက်ဆီတွေနဲ့ ပေါင်းစပ်ပြီး
အခန်းအပူချိန်မှာတောင် အခဲအဖြစ်
ရှိနေနိုင်အောင်ထုတ်လုပ်ပါတယ်။
အချို့အစားအစာတွေမှာ အဲ့ဒီအဆီတွေကို
သက်တမ်းကြာကြာခံအောင် ထည့်သွင်းအသုံးပြုတတ်ပါတယ်။
စားသောက်ဆိုင်တွေမှာဆို ဆီ ခဏခဏ
ပြန်လဲစရာ မလိုအောင် Trans Fatတွေကို
ပြန်ကြော်ဆီအဖြစ် သုံးတယ်။ ကျွန်တော်တို့
မနက်တိုင်း ခံတွင်းတွေ့တွေ့စားနေတဲ့
အီကြာကွေးတို့ ပလာတာတို့၊ခါဂျာမုန့်တို့၊
ဘီးမုန့်တို့ကို ဆိုင်ကဝန်းထမ်းတွေကြော်ကြော်နေတဲ့
အင်ဂျင်ဝိုင်ပုံစံဆီမဲမဲတွေဆို ဘယ်နှခေါက်များ
အထပ်ထပ်ပြန်ကြော်ထားလဲမသိဘူး။
အဲ့ဒီ Trans Fact တွေကို Trans Fatty Acid လို့လည်း
ခေါ်သေးတယ်။ အဲဒီဆီတွေကခန္ဓာကိုယ်ထဲမှာ
ကောင်းတဲ့ ကိုလက်စထရောလ်တွေကို
နည်းသွားစေပြီး LDL ဆိုတဲ့ မကောင်းတဲ့
ကိုလက်စထရောလ်တွေကိုများလာစေတယ်။
LDL များတဲ့သူက နှလုံးနဲ့ပတ်သက်တဲ့
ရောဂါဆိုးတွေခံစားရနိုင်ချေပိုများလာတယ်လို့
မကြာသေးမီက ဖြိုးဝေယံရေးသားပြီး
ဒေါက်တာ ကေဇင်သွယ်တည်းဖြတ်တဲ့
"အသွင်ပြောင်းဆီကို ရှောင်ရှားခြင်း" ဆိုတဲ့
ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။
အဲ့လိုပဲ မလေးရှားကတင်သွင်းတဲ့ဆီတွေမှာ
ဝက်ဆီတွေရောဆိုပြီး ကျမ်းမာရေးကို
ထိခိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာက
ရှင်းလင်းချက်ကိုလည်း စာအုပ်တစ်အုပ်မှာ
ကိုးကားထားတာဖတ်လိုက်ရတယ်။
အဲ့ဒီဆီတွေဟာ မလေးကလာတုန်းက
ဟလာလ်၊အသန့်ဖြစ်ပေမဲ့ ထုတ်ပိုးမှု
စီစစ်ရေးတွေရဲ့အားနည်းမှုကြောင့်
မြန်မာမှာ ပြန်ထုတ်ပိုးတဲ့အခါ
ဝက်ဆီတွေရောလိုက်ကြတာဖြစ်တယ်။
ဒါ့အပြင် နေ့စဉ် ဝက်သားလက္ကားဖြန့်ဖြူးနေသူတွေက
ဖောက်သည်တွေကို အဆီဖြတ်ပေးတာ၊
ဗိုက်ပျော့ဆီတွေခွာပေးတာ၊အူထဲက
အဆီတွေ စုပ်ထုတ်ပေးပြီး ဝက်ဆီချက်သူတွေက
ဝယ်ပြီး အဆီချက်ကြပါတယ်။ အဲဒီဆီရည်တွေကို
တိုက်ရိုက်ဖြန့်တာမဟုတ်ပဲ အဝယ်ဒိုင်တွေကို
ရောင်းကြတယ်။ ဝက်ဆီဈေးက စားအုံးဆီထက်
အများကြီးဈေးသက်သာတော့ ဆီစက်တစ်ချို့ကလည်း
ဝက်ဆီတွေဝယ်ပြီး ပဲဆီနဲ့ရောရောင်းတာတွေရှိတယ်လို့
သိရှိရတယ်။ မွတ်စ်လင်မဟုတ်သူတွေဟာ အဲ့ဒီဆီတွေကို
စားမိရင် ကျန်းမာရေးအတွက် ဘေးအန္တရယ်ရှိပြီး၊
မွတ်စ်လင်မ်တွေအတွက်ကတော့ ရုပ်ပိုင်းဆိုင်ရာဘေးဥပဒ်ရှိရုံမက
နာမ်ပိုင်းဆိုင်ရာ၊ ယုံကြည်မှုပိုင်းဆိုင်ရာနဲ့ နာခံမှုပိုင်းဆိုင်ရာတွေမှာပါ
ထိခိုက်ပါတယ်။ ပြီးရင် တချို့ဆိုင်တွေမှာ ဆိုင်ဝန်ထမ်းအလုပ်သမားတွေ
ရဲ့တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ပတ်သက်ပြီး ကြပ်မတ်မှု
အရမ်းအားနည်းတာကိုလည်းတွေ့ရပါတယ်။ မွတ်စ်လင်မ်ဆိုင်တွေဟာ
ဟလာလ်ဆိုင်တွေပါပဲ။ဒါပေမဲ့သူတို့ဆိုင်က ကြက်ကိုဘယ်ဟလာလ်ဆိုင်က
ယူပါတယ်။ ဘယ်သူ့ထောက်ခံချက် ဘာညာ ကပ်ထားတယ်။ ဒါပေမဲ့
ဆိုင်ဝန်ထမ်းတွေကတော့ ညစ်ပတ်ပေရေနေတာပဲ။ စာရေးသူကျွန်တော်ကိုယ်တိုင်မြင်ခဲ့ရတယ်။
တစ်ရက်မှာ ညအိပ်မပျော်လို့ မနက်အစောကြီး
၃ နာရီခွဲ ၄ နာရီလောက် ပျင်းလာတယ်နဲ့ လက်ဖက်ရည်
သွားသောက်မယ်ဆိုပြီး အိမ်ကနေထွက်သွားတယ်။
ဆိုင်ကဖွင့်တုန်း၊ခုံတွေချတုန်း၊လက်ဖက်ရည်နှပ်တုန်း၊
ဂျုံထိုးတုန်းပဲရှိသေးတယ်။ ဗလီမှာဝတ်ပြုပြီးလာတဲ့သူတွေကိုအဆင်သင့်ရောင်းနိုင်အောင်ပေါ့။
ဆိုင်အဝရောက်ရောက်ချင်း
အင်္ကျီကျွတ် ဘောင်းဘီတိုနဲ့လူတစ်ယောက် စတီးခုံပေါ်မှာ
ဂျုံထိုးနေတယ်။ သူ့ပုံစံက အိပ်ရာကထပြီး ဘယ်လိုမှ
ရေချိုးထားပုံမပေါ်ဘူး။ မျက်နာတောင်သစ်ထားပုံမပေါ်ဘူး။
မျက်လုံးမှာ မျက်ချေးတွေနဲ့ တစ်ကိုယ်လုံးလည်း
အဆီဝင်းဝင်းနဲ့ ဂျုံထိုးနေတာ။ ထိုးနေရင်းနဲ့
ဆီလိုလို့ ဘေးနားက မဲပြီးချေးတွေတက် နေတဲ့
ဆီဂါလံပုံးကြီးကို သွားသယ်ပြီး မယူလာတယ်။
အဲဒီလက်ကိုင်မဲမဲကို ကိုင်ပြီးဆီထည့်တယ်။ ပြီးတော့
ဘာမှဆေးကြောသန့်စင်တာတွေမလုပ်ပဲ ဂျုံဆက်ထိုးတယ်။
ကိုင်တွယ်ပြင်ဆင်ပုံ ကြီးကြပ်မဲ့သူမရှိဘူး။ ဒီတော့ ဝန်းထမ်းတွေ
ကလည်း အဆင်ပြေသလိုလုပ်တယ်။ အဲ့လောက်မနက်
အစောကြီးဆိုတော့ မန်နေဂျာတောင် သူ့ကိုယ်သူမနိုင်၊
အိပ်ချင်မူးတူးတူးနဲ့။ တခြားသူတွေလည်း
ကိုယ့်လက်သန့်ရှင်းရေးလုပ်ဖို့ ရေးချိုးဖို့နေသာသာ
လက်တောင်ဆေးဖို့ပျင်းကြတဲ့အချိန်။ ဒါတွေ
မလုပ်ချင်ကြဘူးပေါ့ဗျာ။ အချိန်လည်းမရကြဘူး။
စည်းစနစ်နဲ့တကွတစ်ကိုယ်ရေသန့်ရှင်းရေးကို
ကြပ်ကြပ်မတ်မတ်လုပ်တာလည်းမရှိဘူး။ အဆင်ပြေသလိုပဲ။
မိတ်ဆွေတစ်ယောက်ပြောပြတာဆို ဝန်ထမ်းတစ်ယောက်
အိမ်သာအသုံးပြုပြီး ပြန်ထွက်လာတာ လက်မှာရေတောင်
ဆိုမလာဘူးတဲ့။ ဒီလိုပဲကြက်ဒိုင်တွေမှာဆိုလည်း မနက်စောစော
ဖောက်သည်တွေကို ပို့ရတော့ လည်လှီးတာတွေကိုလည်း
ဖြစ်သလိုပဲ။ အစ္စလာမ်သာသနာမှာ အလ္လာဟ်အရှင်မြတ်ရဲ့
နာမတော်ကိုတသပြီး၊မွတ်စ်လင်မ်တစ်ယောက်က လှီးဖြတ်
ထားတဲ့အသားတွေကိုပဲ စားရတာ။ အဲ့မှာ မွတ်စ်လင်မဟုတ်သူတွေ
လှီးလို့လှီး။ လှီးပြီးသွားရင်လည်း ကိုယ်ထဲက
ဘက်တီးရီးယားတွေကို သယ်ဆောင်တဲ့သွေးတွေ
စနစ်တကျအကုန်ထွက်သွားပြီးမှ အမွေးနှုတ်
သားရေစုပ်တာတွေလုပ်တာမဟုတ်ဘူး။ လှီးပြီးတာနဲ့
သွေးထွက်ဖို့အချိန်မပေးဘူး တန်းပြီး ရေနွေးထဲ
ပစ်ထည့်လိုက်တယ်။ ပြီးရင် ဆိုင်က လည်လှီးကြက်တွေကို
ဖြောထားတဲ့ရေနွေးထဲမှာပဲ အပြင်ကဒီအတိုင်း
လည်မလှီးပဲသေသွားတဲ့ ကြက်တွေကိုလည်း
အဲ့ဒီရေထဲမှာပဲ ရေနွေးဖြောပေးလိုက်တယ်။
အဲ့လိုပဲ အမဲသားတွေဆိုလည်း နွားသတ်ရုံမှာ
ဘီယာတွေ အရက်တွေချပြီး လှီးလို့လှီး။
နယ်ကလာတဲ့ အသားတွေဆိုပိုးဆိုးတယ်။
ကားပေါ်မှာ နွားတွေကို ကျပ်သိပ်နေအောင်
တင်ပြီး သယ်လာတယ်။ လမ်းခုလတ်မှာ
အသက်ရှုကျပ်ပြီး၊ ဒါမှမဟုတ် နဂိုထဲက
အနာရှိနေတဲ့ တစ်ကောင်ကောင် သေသွားရင်
အဲ့ဒီအကောင််ကို အသေသားမှန်းမသိရ အောင်
မြန်မြန်လေး လည်လှီးပြီး အသားပေါ်လိုက်တယ်။
နွားတစ်ကောင်တစ်ကောင် တန်ဖိုးက မနည်းမှမနည်းပဲ။
ဒီတော့ အရှုံးတော့မခံနိုင်ဘူး လူတွေရဲ့ ဗိုက်ထဲ ဟရာမ်
မသန့်စာတွေ ဘေးဘယတွေ ဝင်ချင်ဝင်ပါစေ။
ဘယ်သူသေသေ ငတေမာရင်ပြီးရော လုပ်ပစ်တာ။
ဒါကတော့ ကျွန်တော်တို့ရဲ့ အစားစာတွေဆီကို
မသန့်ပြန့်မှုတွေနဲ့ ဘေးအန္တရယ်တွေအဖက်ဖက်ကနေ
နည်းပေါင်းစုံနဲ့ရောက်လာနိုင်တာတွေကို သတိထား
ဆင်ခြင်လို့ရအောင် အနည်းငယ်မျှတင်ပြလိုက်ခြင်းဖြစ်ပါတယ်။
စသည်ဖြင့်အဲ့လိုမျိုး အကြောင်းအရာတွေ ကိုယ်ကျိုးရှာမှုတွေ
ဝိသမလောဘသားတွေရဲ့ ယုတ်မှာမှုတွေ၊စီစစ်ရေးဖွဲ့တွေရဲ့
အားနည်းမှုတွေကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ
တစ်ပုံတစ်ပင်ပါပဲ။ ဒီတော့ မည်သူမပြုမိမိမှုဆိုသလို
ကျွန်တော်တို့ရဲ့ အစားအစာဘေးဥပဒ်ကင်းရေးနဲ့
ဟလာလ်အစားအစာသန့်သန့်စားရရေးအတွက်
တာဝန်အရှိဆုံးကတော့ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။
Trans Fat ဆိုတာကတော့ မြန်လို
နားလည်လွယ်အောင်ပြောရရင်
အသွင်ပြောင်းဆီတစ်မျိုးပေါ့။
သူ့ကို စက်ရုံတွေမှာ ဟိုက်ဒရိုဂျင်ကို
ဟင်းသီးဟင်းရွက်ဆီတွေနဲ့ ပေါင်းစပ်ပြီး
အခန်းအပူချိန်မှာတောင် အခဲအဖြစ်
ရှိနေနိုင်အောင်ထုတ်လုပ်ပါတယ်။
အချို့အစားအစာတွေမှာ အဲ့ဒီအဆီတွေကို
သက်တမ်းကြာကြာခံအောင် ထည့်သွင်းအသုံးပြုတယ်။
စားသောက်ဆိုင်တွေမှာဆို ဆီ ခဏခဏ
ပြန်လဲစရာ မလိုအောင် Trans Fatတွေကို
ပြန်ကြော်ဆီအဖြစ် သုံးတယ်။ ကျွန်တော်တို့
မနက်တိုင်း ခံတွင်းတွေ့တွေ့စားနေတဲ့
အီကြာကွေးတို့ ပလာတာတို့၊ခါဂျာမုန့်တို့၊
ဘီးမုန့်တို့ကို ဆိုင်ကဝန်းထမ်းတွေကြော်ကြော်နေတဲ့
အင်ဂျင်ဝိုင်ပုံစံဆီမဲမဲတွေဆို ဘယ်နှခေါက်များ
အထပ်ထပ်ပြန်ကြော်ထားလဲမသိဘူး။
အဲ့ဒီ Trans Fact တွေကို Trans Fatty Acid လို့လည်း
ခေါ်သေးတယ်။ အဲဒီဆီတွေကခန္ဓာကိုယ်ထဲမှာ
ကောင်းတဲ့ ကိုလက်စထရောလ်တွေကို
နည်းသွားစေပြီး LDL ဆိုတဲ့ မကောင်းတဲ့
ကိုလက်စထရောလ်တွေကိုများလာစေတယ်။
LDL များတဲ့သူက နှလုံးနဲ့ပတ်သက်တဲ့
ရောဂါဆိုးတွေခံစားရနိုင်ချေပိုများလာတယ်လို့
မကြာသေးမီက ဖြိုးဝေယံရေးသားပြီး
ဒေါက်တာ ကေဇင်သွယ်တည်းဖြတ်တဲ့
"အသွင်ပြောင်းဆီကို ရှောင်ရှားခြင်း" ဆိုတဲ့
ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။
အဲ့လိုပဲ မလေးရှားကတင်သွင်းတဲ့ဆီတွေမှာ
ဝက်ဆီတွေရောဆိုပြီး ကျမ်းမာရေးကို
ထိခိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာက
ရှင်းလင်းချက်ကိုလည်း စာအုပ်တစ်အုပ်မှာ
ကိုးကားထားတာဖတ်လိုက်ရတယ်။
အဲ့ဒီဆီတွေဟာ မလေးကလာတုန်းက
ဟလာလ်၊အသန့်ဖြစ်ပေမဲ့ ထုတ်ပိုးမှု
စီစစ်ရေးတွေရဲ့အားနည်းမှုကြောင့်
မြန်မာမှာ ပြန်ထုတ်ပိုးတဲ့အခါ
ဝက်ဆီတွေရောလိုက်ကြတာဖြစ်တယ်။
ဒါ့အပြင် နေ့စဉ် ဝက်သားလက္ကားဖြန့်ဖြူးနေသူတွေက
ဖောက်သည်တွေကို အဆီဖြတ်ပေးတာ၊
ဗိုက်ပျော့ဆီတွေခွာပေးတာ၊အူထဲက
အဆီတွေ စုပ်ထုတ်ပေးပြီး ဝက်ဆီချက်သူတွေက
ဝယ်ပြီး အဆီချက်ကြပါတယ်။ အဲဒီဆီရည်တွေကို
တိုက်ရိုက်ဖြန့်တာမဟုတ်ပဲ အဝယ်ဒိုင်တွေကို
ရောင်းကြတယ်။ ဝက်ဆီဈေးက စားအုံးဆီထက်
အများကြီးဈေးသက်သာတော့ ဆီစက်တစ်ချို့ကလည်း
ဝက်ဆီတွေဝယ်ပြီး ပဲဆီနဲ့ရောရောင်းတာတွေရှိတယ်လို့
သိရှိရတယ်။ မွတ်စ်လင်မဟုတ်သူတွေဟာ အဲ့ဒီဆီတွေကို
စားမိရင် ကျန်းမာရေးအတွက် ဘေးအန္တရယ်ရှိပြီး၊
မွတ်စ်လင်မ်တွေအတွက်ကတော့ ရုပ်ပိုင်းဆိုင်ရာဘေးဥပဒ်ရှိရုံမက
နာမ်ပိုင်းဆိုင်ရာ၊ ယုံကြည်မှုပိုင်းဆိုင်ရာနဲ့ နာခံမှုပိုင်းဆိုင်ရာတွေမှာပါ
ထိခိုက်ပါတယ်။ ပြီးရင် တချို့ဆိုင်တွေမှာ ဆိုင်ဝန်ထမ်းအလုပ်သမားတွေ
ရဲ့တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ပတ်သက်ပြီး ကြပ်မတ်မှု
အရမ်းအားနည်းတာကိုလည်းတွေ့ရပါတယ်။ မွတ်စ်လင်မ်ဆိုင်တွေဟာ
ဟလာလ်ဆိုင်တွေပါပဲ။ဒါပေမဲ့သူတို့ဆိုင်က ကြက်ကိုဘယ်ဟလာလ်ဆိုင်က
ယူပါတယ်။ ဘယ်သူ့ထောက်ခံချက် ဘာညာ ကပ်ထားတယ်။ ဒါပေမဲ့
ဆိုင်ဝန်ထမ်းတွေကတော့ ညစ်ပတ်ပေရေနေတာပဲ။ စာရေးသူကျွန်တော်
ကိုယ်တိုင်မြင်ခဲ့ရတယ်။ တစ်ရက်မှာ ညအိပ်မပျော်လို့ မနက်အစောကြီး
၃ နာရီခွဲ ၄ နာရီလောက် ပျင်းလာတယ်နဲ့ လက်ဖက်ရည်
သွားသောက်မယ်ဆိုပြီး အိမ်ကနေထွက်သွားတယ်။
ဆိုင်ကဖွင့်တုန်း၊ခုံတွေချတုန်း၊လက်ဖက်ရည်နှပ်တုန်း၊
ဂျုံထိုးတုန်းပဲရှိသေးတယ်။ ဗလီမှာဝတ်ပြုပြီးလာတဲ့သူတွေကို
အဆင်သင့်ရောင်းနိုင်အောင်ပေါ့။ ဆိုင်အဝရောက်ရောက်ချင်း
အင်္ကျီကျွတ် ဘောင်းဘီတိုနဲ့လူတစ်ယောက် စတီးခုံပေါ်မှာ
ဂျုံထိုးနေတယ်။ သူ့ပုံစံက အိပ်ရာကထပြီး ဘယ်လိုမှ
ရေချိုးထားပုံမပေါ်ဘူး။ မျက်နာတောင်သစ်ထားပုံမပေါ်ဘူး။
မျက်လုံးမှာ မျက်ချေးတွေနဲ့ တစ်ကိုယ်လုံးလည်း
အဆီဝင်းဝင်းနဲ့ ဂျုံထိုးနေတာ။ ထိုးနေရင်းနဲ့
ဆီလိုလို့ ဘေးနားက မဲပြီးချေးတွေတက် နေတဲ့
ဆီဂါလံပုံးကြီးကို သွားသယ်ပြီး မယူလာတယ်။
အဲဒီလက်ကိုင်မဲမဲကို ကိုင်ပြီးဆီထည့်တယ်။ ပြီးတော့
ဘာမှဆေးကြောသန့်စင်တာတွေမလုပ်ပဲ ဂျုံဆက်ထိုးတယ်။
ကိုင်တွယ်ပြင်ဆင်ပုံ ကြီးကြပ်မဲ့သူမရှိဘူး။ ဒီတော့ ဝန်းထမ်းတွေ
ကလည်း အဆင်ပြေသလိုလုပ်တယ်။ အဲ့လောက်မနက်
အစောကြီးဆိုတော့ မန်နေဂျာတောင် သူ့ကိုယ်သူမနိုင်၊
အိပ်ချင်မူးတူးတူးနဲ့။ တခြားသူတွေလည်း
ကိုယ့်လက်သန့်ရှင်းရေးလုပ်ဖို့ ရေးချိုးဖို့နေသာသာ
လက်တောင်ဆေးဖို့ပျင်းကြတဲ့အချိန်။ ဒါတွေ
မလုပ်ချင်ကြဘူးပေါ့ဗျာ။ အချိန်လည်းမရကြဘူး။
စည်းစနစ်နဲ့တကွတစ်ကိုယ်ရေသန့်ရှင်းရေးကို
ကြပ်ကြပ်မတ်မတ်လုပ်တာလည်းမရှိဘူး။ အဆင်ပြေသလိုပဲ။
မိတ်ဆွေတစ်ယောက်ပြောပြတာဆို ဝန်ထမ်းတစ်ယောက်
အိမ်သာအသုံးပြုပြီး ပြန်ထွက်လာတာ လက်မှာရေတောင်
ဆိုမလာဘူးတဲ့။ ဒီလိုပဲကြက်ဒိုင်တွေမှာဆိုလည်း မနက်စောစော
ဖောက်သည်တွေကို ပို့ရတော့ လည်လှီးတာတွေကိုလည်း
ဖြစ်သလိုပဲ။ အစ္စလာမ်သာသနာမှာ အလ္လာဟ်အရှင်မြတ်ရဲ့
နာမတော်ကိုတသပြီး၊မွတ်စ်လင်မ်တစ်ယောက်က လှီးဖြတ်
ထားတဲ့အသားတွေကိုပဲ စားရတာ။ အဲ့မှာ မွတ်စ်လင်မဟုတ်သူတွေ
လှီးလို့လှီး။ လှီးပြီးသွားရင်လည်း ကိုယ်ထဲက
ဘက်တီးရီးယားတွေကို သယ်ဆောင်တဲ့သွေးတွေ
စနစ်တကျအကုန်ထွက်သွားပြီးမှ အမွေးနှုတ်
သားရေစုပ်တာတွေလုပ်တာမဟုတ်ဘူး။ လှီးပြီးတာနဲ့
သွေးထွက်ဖို့အချိန်မပေးဘူး တန်းပြီး ရေနွေးထဲ
ပစ်ထည့်လိုက်တယ်။ ပြီးရင် ဆိုင်က လည်လှီးကြက်တွေကို
ဖြောထားတဲ့ရေနွေးထဲမှာပဲ အပြင်ကဒီအတိုင်း
လည်မလှီးပဲသေသွားတဲ့ ကြက်တွေကိုလည်း
အဲ့ဒီရေထဲမှာပဲ ရေနွေးဖြောပေးလိုက်တယ်။
အဲ့လိုပဲ အမဲသားတွေဆိုလည်း နွားသတ်ရုံမှာ
ဘီယာတွေ အရက်တွေချပြီး လှီးလို့လှီး။
နယ်ကလာတဲ့ အသားတွေဆိုပိုးဆိုးတယ်။
ကားပေါ်မှာ နွားတွေကို ကျပ်သိပ်နေအောင်
တင်ပြီး သယ်လာတယ်။ လမ်းခုလတ်မှာ
အသက်ရှုကျပ်ပြီး၊ ဒါမှမဟုတ် နဂိုထဲက
အနာရှိနေတဲ့ တစ်ကောင်ကောင် သေသွားရင်
အဲ့ဒီအကောင်ကို အသေသားမှန်းမသိရ အောင်
မြန်မြန်လေး လည်လှီးပြီး အသားပေါ်လိုက်တယ်။
နွားတစ်ကောင်တစ်ကောင် တန်ဖိုးက မနည်းမှမနည်းပဲ။
ဒီတော့ အရှုံးတော့မခံနိုင်ဘူး လူတွေရဲ့ ဗိုက်ထဲ ဟရာမ်
မသန့်စာတွေ ဘေးဘယတွေ ဝင်ချင်ဝင်ပါစေ။
ဘယ်သူသေသေ ငတေမာရင်ပြီးရော လုပ်ပစ်တာ။
ဒါကတော့ ကျွန်တော်တို့ရဲ့ အစားစာတွေဆီကို
မသန့်ပြန့်မှုတွေနဲ့ ဘေးအန္တရယ်တွေအဖက်ဖက်ကနေ
နည်းပေါင်းစုံနဲ့ရောက်လာနိုင်တာတွေကို သတိထား
ဆင်ခြင်လို့ရအောင် အနည်းငယ်မျှတင်ပြလိုက်ခြင်းဖြစ်ပါတယ်။
စသည်ဖြင့်အဲ့လိုမျိုး အကြောင်းအရာတွေ ကိုယ်ကျိုးရှာမှုတွေ
ဝိသမလောဘသားတွေရဲ့ ယုတ်မှာမှုတွေ၊စီစစ်ရေးဖွဲ့တွေရဲ့
အားနည်းမှုတွေကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ
တစ်ပုံတစ်ပင်ပါပဲ။ ဒီတော့ မည်သူမပြုမိမိမှုဆိုသလို
ကျွန်တော်တို့ရဲ့ အစားအစာဘေးဥပဒ်ကင်းရေးနဲ့
ဟလာလ်အစားအစာသန့်သန့်စားရရေးအတွက်
တာဝန်အရှိဆုံးကတော့ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။
21/10/2018
𝐖𝐡𝐚𝐭 𝐢𝐬 “𝐇𝐚𝐥𝐚𝐥 & 𝐇𝐚𝐥𝐚𝐥 𝐅𝐨𝐨𝐝”
ဟလာလ် နဲ့ ဟလာလ် အစားအစာဆိုတာဘာလဲ။ ???
အစားအစာအပါအဝင် လူ့ဘဝရေးရာတွေနဲ့ ပတ်သတ်လို့
အစ္စလာမ်တရားတော်မှာ ဟလာလ်(Halal) နှင့် ဟရာမ်(Haram) ဆိုတဲ့ ဝေါဟာရ နှစ်ခုဟာ အလွန်အရေးပါ ပါတယ်။
حَلاَل : (اسم ): مُبَاح admissible ; allowed ; authorized ; lawful ; legal ; legitimate ; licit ; permissible allowable ; permitted ; unforbidden ; unprohibited ; unproscribed. (Almaany Arabic-English dictionary)
ဟလာလ်ဆိုတာ အရဘီဘာသာစာပေအရ တရားဥပဒေနှင့် ညီခြင်း၊ ပြုပိုင်ခြင်း စတဲ့အဓိပ္ပါယ်တွေရပါတယ်။ အစ္စလာ့မ်တရားဥပဒေ အရ မွတ်စ်လင်မ်တွေလုပ်ကိုင်ခွင့်ရှိတဲ့အရာနဲ့ လုပ်ရပ်တွေကိုခေါ်ပါတယ်။
حَرَام ): : (اسم banned ; forbidden ; interdicted ; prohibited . (Almaany Arabic-English dictionary)
ဟရာမ် ဆိုတာကတော့ အရဗီဘာသာ အရ ဟလာလ်ရဲ့ဆန့်ကျင်ဘက်ကို ခေါ်ပါတယ်။ ဆိုလိုတာက တရားဥပဒေနှင့် ကိုက်ညီမှုရှိခြင်းနဲ့ မပြုပိုင် လို့ အဓိပ္ပါယ်ရပါတယ်။ အစ္စလာ့မ်တရားဥပဒေအရ မွတ်စ်လင်မ်တွေလုပ်ပိုင်ခွင့် မရှိတဲ့အရာနဲ့လုပ်ရပ်တွေကို ခေါ်ပါတယ်။
ဟလာလ်အစားအစာ (Halal Food)
ဟလာလ်အစားအစာဆိုတာ အစ္စလာ့မ်တရားဥပဒေအရ မွတ်စ်လင်မ်တွေစားသုံးခွင့်ရှိတဲ့ အစာဖြစ်ပြီး အောက်ပါယေဘုယျအချက်တွေနဲ့ ကိုက်ညီဖို့လိုအပ်ပါတယ်။
၁။ အစာရဲ့သဘာဝဟာ အစ္စလာမ်တရားဥပဒေက တားမြစ်ထားတဲ့အရာမဖြစ်ရပါဘူး။ ( ကုရ်အာန် ၂း၁၇၂-၁၇၃၊ ၅း၃၊ ၆း၁၄၆၊ ၆း၁၁၅၊ ၅း၉၃၊ ၅း၉၄)
၂။ ဒီအစားအစာကို တရားဝင်နည်းလမ်းနဲ့ရှာဖွေ/စီးပွား ပြုထားတာဖြစ်ရပါမယ်။ (ကုရ်အာန် ၂း၁၆၈၊ ၂း၂၇၅၊ ၅း၉၀-၉၁၊ ၂း၁၈၈၊ ၄း၂၊ ၆း၁၅၂၊ ရး၈၅)
၃။ ကိုင်တွယ်၊ ပြင်ဆင်၊ ထုတ်လုပ်၊ ဖြန့်ချိ၊ သိုလှောင်၊ ချက်ပြုတ်၊ ကျွေးမွေးတဲ့ ကဏ္ဍအသီးသီးမှာ သန့်ရှင်းစင်ကြယ်ပြီး ကျမ်းမာရေးကို ဖြစ်စေမှု ရှိရပါမယ်။ တားမြစ်ထားတဲ့အရာ နှင့် အညစ်အကြေး တို့နဲ့အတူရောနှောထားခြင်းမရှိပါဘူး။ (ကုရ်အာန် ၅း၄၊ ၂း၁၆၈၊ ၂း၁၇၂-၁၇၃)
၄။ လူ့ရုပ်ခန္ဓာနဲ့စိတ်ရဲ့ပုံမှန်လုပ်ငန်းတွေကို ဘေးဥပါဒ်ပေးခြင်းနဲ့ ဟန့်တားနှောင့်ယှက်မှု မရှိစေရပါဘူး။ (ကုရ်အာန် ၅း၉၀-၉၁၊ ၂း၂၁၉၊ ၄း၄၃)
၅။ စားသုံးခွင့်ရှိတဲ့တိရစ္ဆာန်တွေကိုလည်း အစ္စလာမ့်တရားတော်နဲ့အညီ လှီးဖြတ်ထားခြင်း (ဇဗဟ်) ပြုရမှာဖြစ်ပါတယ်။ (ကုရ်အာန် ၅း၃)
အစ္စလာမ်ဘဝတည်ဆောက်မှုလမ်းစဉ်မှာ ရုပ်နဲ့နာမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွါးကို ကိုယ်ရှာဖွေခြင်သလို ရှာဖွေ၊ သုံးစွဲခွင့်မရှိဘဲ၊ ဟလာလ်နည်းကျ ရှာဖွေခြင်းနဲ့ သုံးစွဲခြင်းပြုရပါတယ်။
ဒါဟာ ဟလာလ်အစားအစာဖြစ်ဖို့မှတ်ကျောက်တွေထဲကတစ်ခုဖြစ်ပါတယ်။ ဆိုလိုတာက ဟလာလ်ဆိုတာ "အစာ"ကိုသာဆိုလိုခြင်းမဟုတ်ဘဲ "နည်းလမ်း"ကိုပါဆိုလိုပါတယ်။
ဥပမာ...
၁။ အရက်သေစာ၊ မူးယစ်ဆေးဝါး၊ အတိုးအညွန့်၊ လောင်းကစားခြင်းနဲ့ထီလုပ်ငန်း (ထုတ်လုပ်၊ ရောင်းချ၊ ဖြန့်ချိ) စတာတွေနဲ့ ပတ်သတ်လို့ရလာတဲ့ စီးပွားဥစ္စာကို ဟရာမ်တားမြစ်ထားပါတယ်။ ( ကုရ်အာန် ၅း၉၀-၉၁၊ ၂း၂၇၅)
၂။ အတုအပပြုလုပ်ခြင်း၊ ခိုးခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ လုရက်တိုက်ခိုက်ခြင်း စတဲ့တနည်းတွေနဲ့ရှာထားတဲ့စီးပွားဥစ္စာကလည်း ဟရာမ်ဖြစ်ပါတယ်။ (ကုရ်အာန် ၂း၁၈၈၊ ၄း၂၊ ၆း၁၅၂၊ ရး၈၅၊ ၃း၁-၅)
၃။ စားနပ်ရိက္ခာနဲ့ လူသားတွေရဲ့အခြေခံလိုအပ်ချက်တွေကို တမင်သိုလှောင်ထားပြီး ဈေးကွက်ထဲမှာပြတ်လတ်အောင် ဖန်တီးခြင်းကိုလည်း ဟရာမ်အဖြစ်တားမြစ်ထားပါတယ်။ ( ကုရ်အာန် ၃း၁၈၀၊ ၉း၃၄-၃၅)
၄။ လူကုန်ကူးခြင်း၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ အလားတူ အမျိုးသမီးတွေရဲ့ဘဝကို သေးသိမ်အောင်ပြုပြီး လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေသော လုပ်ငန်းအားလုံးကိုလည်း ဟရာမ်အဖြစ်တားမြစ်ထားပါတယ်။ (ကုရ်အာန် ၂၄း၂၃)
၅။ အလားတူ ဖြုန်းတီးရန်၊ ကြွားဝါရန်၊ ဂုဏ်တုဂုဏ်ပြိုင်လုပ်ရန်၊ လာဘ်ထိုး၍ သူတစ်ပါးအား ဒုက္ခပေးရန်၊ စသောရည်ရွယ်ချက်များဖြင့် သုံးစွဲခြင်းကိုလည်း ဟရာမ်အဖြစ်တားမြစ်ထားပါတယ်။ (ကုရ်အာန် ရး၃၁၊ ၁ရး၂၆၊ ၂၉း၂၇-၃၁၊ ၂၅း၆၈)
၆။ မိမိတို့ရှာဖွေစုဆောင်း၍ရသမျှ ပစ္စည်းများထဲမှလူမှုသန့်စင်ဖွံ့ဖြိုးတိုးတက်ရေး "ဇကားသ်"နှင့် အထွေထွေအလှူ "ဆွဒကဟ်" တို့ကိုလည်း ထိုက်သင့်သူများအားခွဲဝေပေး လိုအပ်ပါသည်။ (ကုရ်အာန် ၉း၆၀၊ ၆၉၊ ၁၀၃၊ ၂၅း၆၈)
ဒီအချက်တွေကိုကြည့်ရင် ဟလာလ်အစားအစာကို အခြေပြုထားတဲ့ အစ္စလာမ့်စီးပွားရေးစနစ်ဟာ ကမ္ဘာ့ရဲ့အစားအစာ ဘေးဥပါဒ်ကင်းရေးသာမကဘဲ ကမ္ဘာ့လူမှုစီးပွားရေးလုံခြုံဘေးကင်းရေး အတွက် အဘယ်မျှ အကျိုးုပြုသည်ကို ခန့်မှန်းနိုင်ပါသည်။
(ဆရာဦးမြင့်သိန်းရေးသားထားသော - " ဟလာလ်အစားအစာသည် ကိုယ်ကျင့်တရားဖွံ့ဖြိုးရေးနှင့် အစားအစာဘေးဥပါဒ်ကင်းရေးအကျိုးုပြုပုံ" စာအုပ်မှကောက်နှတ်တင်ပြသည်။)
ဥပမာ...
ဒီအချက်တွေကိုကြည့်ရင် ဟလာလ်အစားအစာကို အခြေပြုထားတဲ့ အစ္စလာမ့်စီးပွားရေးစနစ်ဟာ ကမ္ဘာ့ရဲ့အစားအစာ ဘေးဥပါဒ်ကင်းရေးသာမကဘဲ ကမ္ဘာ့လူမှုစီးပွားရေးလုံခြုံဘေးကင်းရေး အတွက် အဘယ်မျှ အကျိုးပြုသည်ကို ခန့်မှန်းနိုင်ပါသည်။
(ဆရာဦးမြင့်သိန်းရေးသားထားသော - " ဟလာလ်အစားအစာသည် ကိုယ်ကျင့်တရားဖွံ့ဖြိုးရေးနှင့် အစားအစာဘေးဥပါဒ်ကင်းရေးအကျိုးပြုပုံ" စာအုပ်မှကောက်နှတ်တင်ပြသည်။)
Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.
Telephone
Website
Address
Mingalar Town Nyunt
Yangon
11191