Smile

Smile

Share

02/01/2024

မိမိကိုယ်ကို ဆုံးမသွန်သင်နိုင်ရမယ်

လူတွေက သူများကိုတော့
အနိုင်ယူချင်ကြတယ်။
သူများကိုနိုင်တာ လွယ်တယ်။
ကိုယ့်ကိုယ်ကို နိုင်ဖို့့ရာ ခက်တယ်။

အောင်နိုင်မှုများစွာ ရှိတဲ့ အထဲမယ်
ကိုယ့်ကိုယ်ကို အောင်နိုင်ခြင်းဟာ
အကောင်းဆုံးပဲလို့ ဆိုတယ်။

ဒါဖြင့် ကိုယ့်ကိုယ်ကို အောင်နိုင်အောင်
ဘာလုပ်ရမလဲ?

လူတွေက သူများကိုတော့ အနိုင်ယူချင်ကြတယ်။သူများကို နိုင်တာ လွယ်ကူတယ်၊ ကိုယ့်ကိုယ်ကို နိုင်ဖို့ရာ ခက်တယ်ပေါ့။

ဘာကြောင့် ကိုယ့်ကိုယ်ကို နိုင်ဖို့ရာ
ခက်သလဲဆိုရင် ❝အတ္တာဟိ ကိရဒုတ္တမော❞ တဲ့ ။
ကိုယ့်ကိုယ်ကို ဆုံးမဖို့ ခက်တယ်၊
လူတွေက ကိုယ့်ကိုယ်ကိုကျတော့
ခွင့်လွှတ်ပြီးသား ဖြစ်နေတတ်တယ် အမြဲတမ်းနော်။

လူဆိုးတစ်ယောက်ကတောင် သူ့ကိုယ်သူ ဘယ်လိုပြောလဲဆို သူဆိုးလို့ မဟုတ်ပါဘူး၊ အများက သူ့အပေါ် ဆိုးလို့ သူဆိုးနေတာပါတဲ့ ၊ အများက သူ့အပေါ် ကောင်းရင် သူကောင်းမှာပါလို့ဆိုတဲ့ အတွေးအခေါ်မျိုးဟာ
လူဆိုးတစ်ယောက်မှာတောင် ရှိတတ်တယ်။

ဒါကြောင့်မို့ ကိုယ့်ကိုယ်ကိုကျတော့ ခွင့်လွှတ်ခြင်းနဲ့
အမြဲတမ်း စဉ်းစားတယ်၊ စဉ်းစားကြည့်လေ တစ်စုံ တစ်ခု မတော်တဆ လက်က လွတ်ကျလို့ထိခိုက်သွားတယ်ဆိုလို့ရှိရင် သူများကျရင် ဘယ်လိုပြောတုန်း ဒီကောင် နမော်နမဲ့ နိုင်လိုက်တာ ပြောတယ်။

ကိုယ့်ကိုယ်ကိုကျတော့ ဘာတဲ့ မတော်လို့၊
ကိုယ့်ကိုယ်ကိုကျတော့ မတော်လို့ပဲ ပြောတယ်။

သူများကျတော့ မတော်လို့ မပြောနိုင်ဘူး၊ နမော်နမဲ့နိုင်တယ်၊ ဂရုမစိုက်ဘူးလို့ အပြစ်တင်ခံရတယ်။

အဲ့ဒါဟာ ❝အတ္တာဟိ ကိရဒုတ္တမော❞
ကိုယ့်ကိုယ်ကို ဆုံးမဖို့ရာ အလွန်ခက်တယ်တဲ့။

ဒါကြောင့်မို့ ကိုယ်ကိုယ်ကို ဆုံးမနိုင်ရမယ်။

ကျောင်းသူ ကျောင်းသား တပည့်လေးတွေဟာ ကိုယ့်ကိုယ်ကို ဆုံးမနိုင်ဖို့ လိုအပ်တယ်ပေါ့။ မိဘ ဆရာသမား ဆုံးမလို့ ဆိုတာ အပြည့်အဝ နားထောင်ချင်မှ နားထောင်နိုင်မှာ ဖြစ်တယ်။

ရှေ့မှာ နားထောင်သော်လည်း ကွယ်ရာ
နားထောင်ချင်မှ နားထောင်မှာ အဲ့တော့
ကိုယ့်ကိုယ်ကို ဆုံးမတဲ့ သူက ရှေ့တမျိုး ၊ ကွယ်ရာတမျိုး မဖြစ်တော့ဘူး။

အမြဲတမ်း မိမိဟာ မိမိနဲ့ အတူရှိနေတာ
ဖြစ်သောကြောင့် ရှေ့တမျိူးး ၊ ကွယ်ရာတမျိုး
မဖြစ်တော့ဘဲနဲ့ ကိုယ့်ကိုယ်ကို ဆုံးမခြင်း၊
ကိုယ့်ကိုယ်ကို အနိုင်ယူခြင်းဟာ
အကောင်းဆုံးသော အနိုင်ယူခြင်းလို့
မြတ်စွာဘုရား ဟောခဲ့တာဖြစ်တယ်။

ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

02/01/2024

😋😋 #ပဲမုန့်လုပ်နည်း 😋😋

ပဲမုန့်လုပ်နည်းလေးတင်ပေးပါမယ်နော်။
ကျမ ဖေဖေက မအူပင် သား စစ်စစ် စစ်ပြေးတုန်း မအူပင်နားက မှင်ဓု ဆိုတဲ့ ရွာမှာမွေးတာလေ။ အခုတော့ အဲဒီရွာကြီးလဲ မရှိတော့ဘူး။ ရွာပျက်ကြီးဖြစ်သွားပြီ။ မအူပင် အဆက် ဆိုတော့ ငယ်ငယ်လေးထဲက မအူပင် က ကျား ပဲမုန့်နဲ့ရင်းနှီးခဲ့တာပေါ့။ မအူပင်က ဆွေမျိုးသညာ တွေ ရန်ကုန်ကို လာတဲ့အခါ ပါလာတဲ့လက်ဆောင်တွေက ပုဇွန်ချဉ်ရယ် ပုဇွန်ထုပ်လှော်ထားတာရယ် ကျားပဲမုန့်ရယ်က မပါမဖြစ် အမြဲပါတယ်။ ကံကောင်းတဲ့အခါတွေမှာတော့ ပုဇွန်ဥ နဲ့ပုဇွန်ဆီလဲရသပေါ့။ မအူပင် နဲ့ကျားပဲ မုန့်က ခွဲမရဘူး။ အခုနောက်ပိုင်း ဓနဟိန်းကတော့ ဘဲဥ အငံမုန့်က ပိုနာမယ်ရလာတယ်။ ( ဤ ကား စကားချပ်)

အခုနောက်ပိုင်း မအူပင်နဲ့ရန်ကုန် ကားလမ်းပေါက်တော့ အရင်က သင်္ဘောနဲ့၆ နာရီကျော်စီးရတဲ့ ခရီးက ၁ နာရီခွဲလောက်ပဲလေ။
ရန်ကုန်ကို ပြန်ဖြစ်တဲ့အခါ မပြန်ခင်ကထဲက မအူပင်က အကို အမ တွေကို လှမ်းပူဆာရတယ်။
ကျားပဲမုန့်စားချင်တယ်ပေါ့။
အကို အမ တွေကလဲ လူကြုံရှိတဲ့အခါ ပို့ပေးလို့ရအောင်လေ။
ဒီလိုပဲ ဥာဏ်ကောင်းရတာပေါ့။
တကယ်တမ်းမနေ့က ပဲမုန့်ကို လုပ်စားဖို့မရည်ရွယ်ဖူး။
လမုန့်လုပ်စားဖို့ဟာ။
ပစ္စည်း စစ်လိုက်တော့ ပစ္စည်းတမျိုးလိုနေတာနဲ့ပဲမုန့်ကို အရင်လုပ်မယ်ဆိုပြီးလုပ်ဖြစ်သွားတာ။

ကိုယ်တွေ ရဲ့ ကျားပဲမုန့်လိုဟာမျိုးက အင်ဒိုနီးရှားက Yogyarkarta မှာ Bakpia ဆိုတဲ့ နာမယ် နဲ့သိပ်နာမယ်ကြီးတယ်။
Bakpia ဆိုတာ သူတို့မြို့က ပြန်ရင် အိမ်အပြန်လက်ဆောင်ပဲ။ Jogyarkarta လေဆိပ်မှာဆိုရင် Bakpia ပုံးတွေနဲ့လက်ဆောင်ပေးဖို့ဝယ်လာကြတာ ဆိုတာ။
အဲဒါကိုပဲ ဖိလစ်ပိုင်မှာတော့ Hopia လို့ခေါ်ပြန်တယ်။
မလေးကတော့ အသွင်ကွဲတယ်။
ပီနန်း biscuit လို့ခေါ်တဲ့ Tau Sar Piah ကတော့ အတူတူပေမဲ့ ဗမာပြည်ကလို အဖြူရောင် ခပ်ပြားပြား မဟုတ်ဘူး။
သူ့ပဲမုန့်က လုံးလုံးလေးနဲ့အပေါ်က egg wash လုပ်ထားတော့ အညိုရောင်သန်းနေတာ။
ပီနန်းမှာ အဲဒါက နာမယ်ကြီးပဲ။ တကယ်တော့ အဲဒီမုန့်တွေက Hokkien လူမျိုးတွေ ပြောင်းရွှေ့နေထိုင်ရာကနေ တဆင့် ရောက်ရာဒေသကို လိုက်လို့အခေါ်အဝေါ်တွေ လုပ်တဲ့နည်းတွေ မသိမသာ ကွဲသွားတာ။
တကယ်က အတူတူရယ်ပါ။
ပဲမုန့်လုပ်တဲ့အခါ ကြိုပြင်ရတာကတော့ ပစ္စည်း ၃ မျိုး (ပဲယို ရယ် .. ရေနဲ့လုပ်ထားတဲ့ ဂျုံလုံးရယ် ..ဆီနဲ့လုပ်ထားတဲ့ ဂျုံလုံးရယ်ပေါ့) ပါရပါတယ်။

ပထမ ဆုံးပဲယိုထိုးဖို့ပြင်ပါတယ်။
ပဲဝါ (ပဲတီပင်ပေါက်ဖောက်တဲ့ပဲ) ကို သန့်အောင်ဆေးပြီး ၃-၄ နာရီလောက် ရေစိမ်ထားပါတယ်။
ပြီးရင်တော့ ရေခံထားတဲ့ပေါင်းအိုးထဲမှာ ၃၀-၄၅ မိနစ်ခန့်ပေါင်းပါတယ်။
တကယ်က နာရီဝက်ဆို နူးနေပါပြီ။ (ဗမာ မှာ ကတော့ တချို့က ပြုတ်တယ်လို့ဆိုပါတယ်။
ကျမ က ရေခန်းအောင် ယို ပြန်မထိုးချင်တာရယ် ပဲအချိုရည် တွေကို နှမြောတာရယ်ကြောင့် ပေါင်းပါတယ်)။
ပြီးရင်တော့ အဲဒီပဲတွေကို ကြိတ်ပါတယ် လိုအပ်ရင်ရေနဲနဲထည့်ကြိတ်ပါတယ်။
ကြိတ်ထားတဲ့ပဲထဲကို သကြားထည့် ဆီထည့် ထောပတ်ထည့်ပြီး ရေခန်းအောင်မွှေပါတယ်။
အစကထဲက ရေသိပ်မပါတဲ့ သိပ်အကြာကြီးမတည်ရပါ။

ပဲယိုအတွက်ပါဝင်ပစ္စည်းများ (ကျမ က ပဲယိုကို အခြား သုံးလိုရာ သုံးလို့ရအောင်ပိုထိုးထားပါတယ်)
ပဲ ၂၅၀ ဂရမ်
ဆီ ၄၀ ဂရမ် (လေးဇွန်းခန့်)
ထောပတ် ၄၀ ဂရမ်
သကြား (caster sugar) ၁၅၀ ဂရမ် (caster sugar ဆိုတာက နဲနဲပိုညက်တဲ့သကြားပါ။
icing sugar လောက်တော့ မညက်ဘူး။
ဘာလို့caster sugar သုံးရလဲဆိုတော့ ရေသိပ်မသုံးထားတော့ သကြားညက်တော့ ရောလွယ် ပျော်လွယ်လို့ပါ)
အဲဒါကို ယိုထိုးလိုက်တဲ့အခါ ပဲယို ၆၀၀ ဂရမ်လောက်ရပါတယ်။
(ကျမက အချိုသိပ်မကြိုက်ဘူး။ ကျမ စပ်လိုက်တဲ့အချိုးက ကျမ အတွက် နဲနဲလေးပိုချိုနေတာနဲ့ဘဲဥ အငန် အနှစ်ကို ပဲယိုထဲ ရောချေထည့်လိုက်တာ အရသာက ရှယ်ဖြစ်သွားတယ်။
ပဲယို ၂၀၀ ဂရမ်လောက်ကို ဘဲဥ အငန် အနှစ် ၂ ခုလောက်ရောပါတယ်။
အဲဒီလောက်ဆိုရင် မုန့်အသေးလုံးလေးက အခု ၃၀ စာလောက်ရပါတယ်။
အကြီးလုပ်ရင်တော့ ၂ ဒါဇင် လောက်ရမှာပါ။)

ပဲမုန့်တခု ကောင်းမကောင်းဆိုတာ အထဲက ပဲ က ချိုမွှေးဆိမ့်ဆိမ့်လေး ဖြစ်ဖို့လိုသလို။
အပေါ်က အုပ်ထားတဲ့ ဂျုံ အလွှာလေးတွေ က ထူအမ်းအမ်းမဟုတ်ပဲ အလွှာပါးပါးလေးတွေ တွေက မွှမွှ လွလွ အိအိ လေး ဖြစ်နေရပါတယ်။ တကယ်တမ်းတော့ အဲဒိလို ဖြစ်ဖို့ဆိုတာက သုံးတဲ့ သဘောတရား က croissant မှာ Puff pastry မှာ ပလာတာမှာ လုပ်တဲ့သဘောတရားနဲ့အတူတူပါပဲ။
ဂျုံမှုန့်ဟာ ရေနဲ့တွေ့ရင် ရောသွားပြီး glutan bond တွေဖြစ်လာပေမဲ့ ဆီကတော့ ဂျုံတခုနဲ့တခု မကပ်စေပါဘူး။
ဥပမာ ဆို ဆီနဲ့ရေနဲ့ဟာ နိုင်ငံရေးပါတီတွေလိုပဲ အစည်းမကပ်ဘူး အမြဲကွဲနေတယ်။
ဒီတော့ ဂျုံမှုန့်နဲ့ရေ ရောသွားတဲ့ မုန့်သားက အလွှာ တခု ဖြစ်ပြီး အဲဒီ မုန့်သားကြား ဆီနဲ့ခြားလိုက်တော့ မုန့်အလွှာလေးတွေ က မကပ်တော့ဘူး။ နောက် ဆီက ပူလာတဲ့ အပူချိန်နဲ့ဂျုံမှုန့်လေးကို မသိမသာ ကြော်လိုက်သလို လှော်လိုက်သလို ဖြစ်ပြီး ပွတက်လာတယ် ကျက်သွားစေတယ်ပေါ့။
ဂျုံနဲ့ရေရောနယ်တဲ့အခါ glutan bond ဖြစ်တဲ့အခါ မုန့်သားတွေက ပိုခိုင်မြဲ စေပေမဲ့ ပိုမာစေတတ်တယ်။ ဒါကြောင့် မုန့်သားပွပွဖြစ်စေချင်တဲ့အခါ အရမ်းနယ်လို့မဖြစ်သလို သုံးတဲ့ဂျုံကလဲ အရေးကြီးတယ်။

အခု လို ပဲမုန့်မွှမွှလေးအတွက်ကို ဂျုံ လုံး ၂ မျိုးနယ်ပါတယ်။
ပထမ ဂျုံလုံး (water dough) ကို ရေနဲ့လုပ်ပြီး နောက် ဂျုံလုံး (oil dough) ကို ဆီနဲ့အဓိက လုပ်ပါတယ်။
ရေနဲ့လုပ်တဲ့ ဂျုံလုံးကို ရေချည်းသက်သက်လုပ်ပါတယ်။
တချို့က ဂျုံကို all purpose flour နဲ့cake flour ရောလုပ်ပါတယ်။ cake flour က protein 5% လောက်ပဲပါတော့ glutan အထွက်နည်းစေလို့ပါ။
တချို့သော ဒေသတွေမှာ ရေနဲ့လုပ်တဲ့ ဂျုံလုံး (water dough) ကို ပို မွှစေချင်လို့lard (ဝက်ဆီ အမဲဆီ ထည့်တာလဲရှိပါတယ်) ကျမကတော့ အိမ်စားဖြစ်တဲ့အတွက် ရိုးရိုး စားဆီကိုပဲထည့်ပါတယ်။
ဆီဂျုံလုံး (oil dough) ကတော့ ဆီနဲ့ဂျုံနဲ့ရောထားတာပါ။
သူကို လဲ lard ထည့်သုံးကြတာရှိပေမဲ့ ကျမ ကတော့ ဆီနဲ့ထောပတ် ရောသုံးလိုက်ပါတယ်။

ရေဂျုံလုံး အတွက် ..(ကျမ သုံးတာက) - ပဲမုန့်အခု ၂၀-၂၅ ခု စာ ခန့်
ဂျုံ 120 grams (တခွက် 1 cup)
icing sugar 12 grams (ထမင်းစားဇွန်း တစ်ဇွန်း 1 tbsp)
ရေ 60 ml (ထမင်းစားဇွန်း လေးဇွန်း 4 tbsp )
ဆီ 40 grams (ထမင်းစားဇွန်း သုံး- လေးဇွန်းခန့် 3 to 4 tbsp)

ဆီဂျုံလုံးအတွက်
ဂျုံ 80 grams
ဆီ 20 grams (ထမင်းစားဇွန်း နှစ် ဇွန်း 2 tbsp )
ထောပတ် 20 grams

ရေဂျုံလုံး ရော ဆီဂျုံလုံးရောကို အားလုံးသမ အောင်နယ်ပြီး ပလပ်စတစ် အုပ်ပြီး ၂ နာရီလောက် ထားပါတယ်။
ပြီးရင်တော့ ဂျုံလုံးလေးတွေကို ကိုယ်လုပ်မဲ့ ပမာဏ (ကျမ အတွက်က ပဲမုန့်အခုပုံပါ အကြီးလောက်အတွက် ရေဂျုံလုံး ၉-၁၀ ဂရမ် ခန့် အသေးအတွက် ၇-၈ ဂရမ် ခန့်အလုံးသေးသေးလေးတွေ ခွဲထားပါတယ်။
ဆီဂျုံလုံးကိုလဲ ကိုယ်လုပ်မဲ့ ရေဂျုံလုံးအရေအတွက်နဲ့မှန်းပြိး ခွဲထားပါတယ်။

ပုံထဲမှာ ပြထားသလို ရေဂျုံလုံးလေးကို ပြားချလိုက်ပြီး အလယ်မှာ ဆီဂျုံလုံးလေး ဌာပနာထည့်ပြီးလုံး လိုက်တယ်။
အဲဒီ လို ဂျုံလုံးလေးတွေကို ခဏ နှပ်ထားပြီးတာနဲ့ ပုံထဲမှာ ပြထားသလို ပါးပါးလေး ဒလိန့်တုံး (roller) နဲ့လှိမ့်ပါတယ်။
ပါးလေ အလွှာ ပိုပါးလေပေါ့။
အဲဒီ ရေ ဆီ အရော ဂျုံလုံးလေးကို လက်ကလေးနဲ့လှိမ့်လိုက်တော့ အလိပ်ကလေးရတယ်။
အဲဒီအလိပ်အချောင်းလေးကို တခါ ပြန်ပြားတယ်။
ပထမ ၉၀ ဒီဂရီ လှိမ့်ထားရင် အခု ၁၈၀ ဒီဂရီ direction နဲ့ပြန်လိပ်ပါတယ်။
အခု အခါ ကျမတို့ဂျုံစိုက်ခင်းတဲ့ က ကောက်ရိုးလုံးတွေကို ပုံမျိုး ဂျုံလုံးလေးတွေ ကိုရပါတယ်။
(၂ ခါပဲ ပြားချ ပြီး လိပ်တာပါ။
ဒီထက်ပိုရင် ဆီတွေ က ထွက်လာပြီး အလွှာမကွဲပဲ လုံးထွေးကုန်ပါလိ့မ်မယ်) အဲဒီ ဂျုံတွေလုံးလေးတွေကို မိနစ် ၂၀ လောက် နှပ်ထားပြီးရင် မုန့်စလုပ်လို့ရပါပြီ

အခု နယ်ထားလုံးထား တဲ့ ဂျုံလုံးလေးကို လိုချင်တဲ့အရွယ်လောက် ပြားလိုက်ပါတယ်။
သိပ်ပါး သိပ်ပြားစရာမလိုပါဘူး။ ကိုယ် ဌာပနာချင်တဲ့ပဲ ဝင်ဆန့်သလောက် အရွယ် သာသာပါ။ တကယ်လို့အပေါ်က အလွှာကို အရမ်းပါးချင်ရင် အစကထဲက ဂျုံလုံးကို သေးသေးလေးပဲ လုပ်ထားပါ။
ပိုလို့ဖြတ်တောက်လိုက်တဲ့ အခါ အဲဒီ ဂျုံတွေက ဆီနဲ့ အတော် ရော သွားပြီး ဖြစ်တဲ့အတွက် နောက်ပြန်သုံး ဖို့သိပ်မကောင်းလှဘူး။
ဒီနောက်မှာတော့ ပြားထားတဲ့ ဂျုံပေါ့ ကိုယ်လိုချင်သလောက် ပဲယိုကို ထည့် (ကျမကတော့ မုန့်အကြီးအတွက် ပဲယိုကို ၁၂-၁၅ ဂရမ် အသေးအတွက် ပဲယိုကို ၈ ဂရမ်လောက် ထည့် ရင် အနေတော်လောက် ပဲလို့မှတ်ပါတယ်။ )
ပြီးမှ မုန့်ကို လုံး အောက်ခြေကို သေသေချာချာ ပိတ်လိုက်ပါတယ်။ (ရေဂျုံက ဆီ ပါလို့ပို မွှပေမဲ့ ဆီ ကြောင့် အောက် ခြေကို ပိတ်တဲ့အခါ အရာကျန်တတ်ပါတယ် မလုံ ဖြစ်တတ်တယ်) ။
ဒါကြောင့် ဆီ ရေ အချိုးကို ကိုယ့် ဂျုံသားအပေါ်ကြည့်ပြီးလိုက်ပြောင်းဖို့ တိုက်တွန်းပါတယ်။

အခု ပြီးပြီဆိုရင်တော့ အလုံးသေးလေးတွေ လုပ်စားမယ် ဆိုရင် အပေါ်ကနေ ကြက်ဥ အနှစ်နဲ့egg wash လုပ် နှမ်းလေးနဲနဲ အုပ်လိုက်ပြီး preheated Oven (ကြို မီးအပူပေးထားတဲ့ oven) မှာ ၁၈၀ ဒီဂရီနဲ့၁၅ မိနစ် ဖုတ်ပါတယ်။
၁၅ မိနစ်ပြည့်လို့မှ အပေါ် က egg wash က အရောင် မတက်လာသေးခဲ့ရင် အပေါ်မီးနဲ့ပဲ နောက်ထပ် ငါးမိနစ်လောက် အရောင် လှလှ ရတဲ့အထိ ထားပါတယ်။

ကျမ ပဲမုန့်လုပ်နည်းကို ပြောတဲ့အခါမှာ အချိုးအစားထက် သဘောတရားကို အဓိက ထားပြောထားပါတယ်။
ဒါမှလဲ ကိုယ်တကယ် လုပ်တဲ့အခါ ကိုယ့် စိတ်ကြိုက် အရသာ texture ကို စိတ်ကြိုက် ပြင် သုံးလို့ရမှာပါနော်။

ကဲ လုပ်စားကြည့်ကြပါဦး။ အရသာ ရှိလှတဲ့ ပဲမုန့်မွှမွှလေးပါနော်။

01/01/2024

ဘဝဆိုတာ ကိုယ်ထင်ထားတာထက် ပိုပြီးတော့
ကြမ်းတမ်းလေ့ ရှိပါတယ် ။

ထင်မှတ်မထားတွေ ဖြစ်လာတတ်တာမို့
ကိုယ့်ကိုယ်ကိုယ် ကြိုတင် ပြင်ဆင်ထားပါ ။

အရာရာကို ကြိုတင်ပြင်ဆင်ထားနိုင်သူတွေက
အရာရာမှာ သူများတွေထက် အမြဲတမ်း
ခြေတစ်လှမ်းသာနေမှာ ဖြစ်ပါတယ် ။

ဖြစ်လာကာမှ ဖြစ်သလို ၊ ကြုံလာကာမှ ကြုံသလို
ရင်ဆိုင် ဖြေရှင်းမယ်ဆိုရင် နောင်တတရားတွေနဲ့ပဲ
နေထိုင်ရှင်သန်ရပါလိမ့်မယ် ။

ဘဝကို ကြိုတင်တွေးတော ကြံဆထားသူတွေက
အရာရာသာနေကြပြီး အရာရာကို ကြိုတင်တွေးတော
ကြံဆမှု မရှိကြတဲ့ သူတွေကတော့ အရာရာမှာ
ရှုံးနိမ့် ကျန်ခဲ့သူတွေ ဖြစ်လာကြပါတယ် ။

ဒါကြောင့် ဘဝကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့ ။
အရာရာကို ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ တကယ်ကို
လိုအပ်ပါတယ် ။

ဒါမှသာ လောကဓံကို အပြုံးမပျက် ရင်ဆိုင်
ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ် ။

#အလင်းမြတ်

#အိမ်အပြန်_မျက်နှာပန်းလှပါစေ_စာအုပ်

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
18:00 - 19:00