Corporate Learning Institute

Corporate Learning Institute

Share

Welcome to the Corporate Learning Institute!
🎓💼 Enhance your professional skills and elevate your career with our comprehensive training programs in business, management, and soft-skills development. 💡🚀

#CorporateLearning
#ProfessionalDevelopment These courses can be tailored to time you have available-one day, one week- or they can be run as modular courses over a longer period of time.

“Contents, Time, Date, Duration, Venue- The Choice is Yours...”

18/01/2026

Communication Skills ဆိုတာဘာလဲ။

Communication Skills ဆိုတာ ကိုယ့်အတွေး၊ အမြင်၊ အချက်အလက်၊ ခံစားချက်တွေကို မှန်ကန်၊ ရှင်းလင်း၊ သင့်တော်တဲ့နည်းလမ်းနဲ့ သူတစ်ပါးကို နားလည်အောင် ဆက်သွယ်နိုင်တဲ့ စွမ်းရည်ပဲ ဖြစ်ပါတယ်။
Communication က ပြောတတ်ခြင်း တစ်ခုတည်းမဟုတ်ပါဘူး။ သူ့မှာအောက်ပါ ၄ မျိုးလုံးပါဝင်ပါတယ်—
Listening (နားထောင်နိုင်ခြင်း)
Speaking (ပြောဆိုနိုင်ခြင်း)
Writing (ရေးသားနိုင်ခြင်း)
Non-verbal Communication (အပြုအမူ၊ မျက်နှာအမူအရာ၊ ကိုယ်နေဟန်ထား) တို့ပါဝင်တယ်။
လုပ်ငန်းခွင်ပြဿနာတွေကို လေ့လာကြည့်မယ်ဆိုရင် ၇၀% ကျော်က Communication မကောင်းခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ပြဿနာ အများစုကို လေ့လာကြည့်မယ်ဆိုရင် ညွှန်းကြားချက်မရှင်းလင်းတာ၊ တဖက်သူစကားကို သေချာ မနားထောင်တာ၊ ထင်မြင်ယူဆချက်တွေ မတူညီတာကို သေချာမညှိနိုင်းနိုင်တာတွေကြောင့် ဖြစ်ကြတာကို တွေ့ရှိရမှာဖြစ်တယ်။
Communication သာကောင်းမွန်ခဲ့မယ်ဆိုရင် ထုတ်လုပ်မှုစွမ်းအားနဲ့ ထိရောက်မှုတွေ တိုးတက်လာစေပါတယ်။ ညွှန်ကြားချက်တွေ ရှင်းလင်းလာခြင်းကြောင့် အမှားတွေနည်းလာမယ်။ Feedback မှန်မှန်ကန်ကန်ပေးတတ်တာကြောင့် အလုပ်တွေ လျှင်လျှင်မြန်မြန် တိုးတက်လာမယ်။ အစည်းအဝေးပွဲတွေမှာ ရှင်းလင်းတိကျစွာ ပြောဆိုနိုင်တာကြောင့် အချိန်ကုန်တာ သက်သာလာပါလိမ့်မယ်။
Communication ကောင်းမွန်ကောင်းမွန်တဲ့အခါ ဆက်ဆံရေး (Relationship) တွေကောင်းမွန်လာပြီး ယုံကြည်မှုတွေ တိုးတက်လာပါတယ်။ Communication ကောင်းတဲ့လူတွေကို လူတွေက ပုံယုံကြည်တယ်။ အလုပ်တွဲလုပ်ချင်တယ်။ အလုပ်အပ်ချင်တယ်။ ခေါင်းဆောင်အဖြစ် မြင်ကြတယ်။
Communication ဟာ ခေါင်းဆောင်မှုနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံရေသောက်မြစ်ပါပဲ။ Idea ကောင်းတွေရှိလည်း သေချာရှင်းလင်းစွာ မပြောနိုင်ရင် အခြားသူတွေ မမြင်ရတဲ့အတွက် လက်ခံမှုရရှိနိုင်မှာ မဟုတ်ပါဘူး။ Skill ကောင်းတွေ ရှိပေမဲ့လည်း ထိရောက်စွာ ဆက်သွယ်မှုမရှိရင် တန်ဖိုးထားခံရမှာ မဟုတ်ပါဘူး။ ဆက်သွယ်ဖလှယ်မှု ကောင်းမွန်းခြင်းဟာ ရာထူးတက်ခြင်းရဲ့ အဓိကအချက်တစ်ခုလည်း ဖြစ်ပါတယ်။
Communication Skills သာမကောင်းခဲ့ရင် အခြားသူတွေရဲ့ အထင်အမြင်လွဲမှားခြင်းကို အမြဲ ခံနေရမှာဖြစ်ပါတယ်။ မလိုအပ်ဘဲ ပဋိပက္ခတွေများနေမယ်။ အစည်းအဝေးပွဲတွေက ထိရောက်မှုမရှိ၊ ရလဒ်မထွက်ပဲဖြစ်နေမယ်။ “Skill ကောင်းတွေရှိပေမယ့် အလုပ်ပဲမပြီးတာ” လို့ သတ်မှတ်ခံရပါလိမ့်မယ်။
Communication Skills ကောင်းဖို့အတွက် အောက်ပါအချက်တွေကို ပြုလုပ်နိုင်ပါတယ်။

(1) တက်ကြွစွာ နားထောင်တတ်ဖို့ လေ့ကျင့်ပါ။
လူအများစုက နားထောင်နေသလိုနဲ့ ပြန်ပြောဖို့ပဲ စဉ်းစားနေကြတတ်ပါတယ်။ တက်ကြွစွာ နားထောင်တတ်ဖို့အတွက်ဆိုရင်
✔ အာရုံသေချာစိုက်ရပါမယ်။
✔ မျက်လုံး အကြည့်ချင်းစုံဖို့လိုပါတယ်။
✔ စိတ်ဝင်စားကြောင်းပြသရပါမယ်။
✔ အခြားသူတွေ ပြောနေစဉ်မှာ ကြားဖြတ်ပြောခြင်းကို ရှောင်ရပါမယ်။
✔ တဖက်သူတွေ ပြောတဲ့စကားတွေကို ကိုယ့်စကားလုံးတွေနဲ့ အနှစ်ပြန်ချုပ်ပြရပါမယ်။

(2) ရှင်းလင်းတိကျစွာ ပြောတတ်အောင်လုပ်ပါ။
ပြောတဲ့အခါ
အချက်အလက် အပြည့်အစုံ→ လုပ်ရတဲ့ အကြောင်းရင်း → လုပ်ရမယ့်အရာတွေ ပြည့်ပြည့်စုံစုံပြောပါ။
လိုအပ်တာထက် ပိုပြီး ရှည်ရှည့်ဝေးဝေး မပြောပါနဲ့
ဥပမာ
“ဒီကိစ္စကို ကြည့်ပေးပါ” ဆိုတာထက် “ဒီ report ကို Friday မတိုင်ခင် review လုပ်ပေးပါ။
Section 2 နဲ့ 3 ကို အလေးထားပြီး ပိုကြည့်ပေးပါ”
စသဖြင့် ပြည့်ပြည့်စုံစုံ ရှင်းပြပါ။

(3) Tone & Body Language ကို သတိထားပါ။
စကားအဓိပ္ပါယ်ထက် လေသံ၊ ကိုယ်နေဟန်ထား (Tone & Body Language) က ပိုသက်ရောက်မှု ရှိတတ်ပါတယ်။
မျက်နှာအမူအရာ
အသံအမြင့်အနိမ့်
ကိုယ်နေဟန်ထား၊ လက်အမူအရာ စတာတွေကို ဂရုစိုက်ပါ။

(4) Feedback ကို မှန်ကန်စွာ ပေးနိုင်အောင် လေ့ကျင့်ပါ
Feedback ကို မှန်ကန်စွာ ပေးနိုင်ဖို့ SBI Model ကို လေ့ကျင့်ပါ။ SBI Model ဆိုတာက
Situation – ဘယ်အချိန်၊ ဘယ်နေရာ
Behavior – ဘာလုပ်ခဲ့လဲ
Impact – ဘာအကျိုးဆက်ဖြစ်လဲ
ဥပမာ – “မနေ့က Meeting မှာ (S)
သင်က အခြားသူတွေ စကားပြောနေစဉ် အလယ်မှာ ဖြတ်ဖြတ်ပြောခဲ့တဲ့အတွက် (B)
အဖွဲ့ဝင်တချို့ မပြောရဲတော့ဘူး (I)”
စသည့်ဖြင့် အခြေအနေ၊ လုပ်ခဲ့တဲ့အရာနဲ့ အကျိုးသက်ရောက်မှုတွေကို ရှင်းရှင်းလင်းလင်းပြောပြပါ။

(5) စာဖြင့်ဆက်သွယ်မှု (Written Communication) ကို လျော့မတွက်ပါနဲ့။
Email / Chat မှာ— ရည်ရွယ်ချက်ရှင်းရှင်းလင်းလင်း ရေးပါ။
အချက်အလက်တွေကို Bullet Points သုံးပြီး ရှင်းပြပါ။
ခံစားချက် (Emotion) တွေ မထည့်ပါနဲ့။

(6) ဆက်သွယ်ဖလှယ်တဲ့ပုံစံ Communication Style ကို လက်ခံမယ့်သူနဲ့ လိုက်လျောညီထွေစွာ ပြောင်းလဲပါ။
အထက်လူကြီးနဲ့ပြောတဲ့ပုံ၊ လုပ်ဖော်ကိုင်ဖက်နဲ့ပြောတဲ့ပုံ၊ ဖောက်သည်နဲ့ပြောဆိုတဲ့ပုံ စသဖြင့် ကိုက်ညီစွာ ပြောဆိုဆက်ဆံပါ။
👉 လူတိုင်းကို နည်းလမ်းတစ်မျိုးတည်းနဲ့ မပြောဆိုသင့်ပါဘူး။

အကျဉ်းချုပ်အားဖြင့် Communication Skills က သင် ဘယ်လောက်တော်တယ်၊ တတ်တယ်ဆိုတာထက် သင့်ကို လူတွေ ဘယ်လောက်နားလည်လဲဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ ဒါကြောင့် Communication Skills က အလုပ်ခွင်အောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်တစ်ခုပဲ ဖြစ်ပါတယ်။

မေတ္တာဖြင့်
Corporate Learning Institute(Training and Corporate Development)

Subscribe us: https://t.me/CorporateLearningInstitute
Subscribe us: https://youtube.com/
Follow us: https://www.linkedin.com/corporatelearninginstitute
Follow us: https://www.tiktok.com/
Follow us: https://vk.com/corporatelearninginstitute
Follow us: https://instagram.com/corporatelearninginstitute
Like us: CorporateLearningInstitute

31/08/2025

Celebrating my 8th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

Want your university to be the top-listed University in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


#521 A, 5th Floor, Theingi Street, North Okkalapa Tsp
Yangon