DigiLink
15/01/2021
Backdrops creation for our regular customer
23/10/2017
Digi Link မှ Design, Printing & Installation အားလုံးကို
လုပ်ငန်းရှင် စိတ်တိုင်းကျသည်အထိ
ဆောင်ရွက်ပေးနေပါသည်။
ဆေးသားနှင့် ပိတ်သားကိုလည်း ၆လ ကွာလတီ ထုတ်ကုန်များကိုသာ
အသုံးပြုထားသဖြင့် အလွယ်တကူ အရောင်ကျခြင်း၊ စုတ်ပြဲခြင်းများမဖြစ်စေရန် အာမခံပါသည်။
04/09/2017
ဘေဘုတ်ကြော်ငြာတွေ တကယ် ထိရောက်မှုရှိလား
ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေမှာ မိမိတို့ရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ်ကို လူတွေသိလာအောင် ကြော်ငြာရာမှာ နည်းလမ်းတွေ အမျိုးမျိုးရှိနေပြီဆိုပေမယ့် ဘေဘုတ်ကြော်ငြာတွေကလည်းအရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေဆဲဖြစ်ပါတယ်။ မြို့ကြီးပြကြီးတွေဟာ လူဦးရေလည်း သိပ်သည်းလှပြီး လူတွေဟာလည်း နေ့ရောညပါ လမ်းပေါ်မှာသွားလာလှုပ်ရှားနေတာကြောင့် မိမိတို့ရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ်ကို လူတွေနဲ့အမြဲထိတွေ့နေစေဖို့ အကောင်းဆုံးနည်းလမ်းက ဘေဘုတ်ကြော်ငြာတွေပဲဖြစ်ပါတယ်။
ဒါကြောင့် လမ်းဆုံလမ်းခွတွေ၊ လူစည်ကားရာနေရာတွေမှာဆိုရင် ကြော်ငြာဘေဘုတ်တွေဟာ မမြင်ချင်မှအဆုံး အများအပြားကိုရှိနေကြပြီး ပြည်တွင်း၊ ပြည်ပ နာမည်ကြီးကုန်ပစ္စည်းအမှတ်တံဆိပ်တွေကို နိုင်ငံကျော်မော်ဒယ်တွေ၊ မင်းသားတွေနဲ့ အပြိုင်အဆိုင်ကို ကြော်ငြာနေကြပါတယ်။
လေ့လာချက်တွေအရ အမေရိကန်လူမျိုးတစ်ဦးဟာ တစ်နေ့ကို ကြော်ငြာ ၄၀ဝ၀ ကနေ ၁၀ဝ၀ဝ အတွင်းမြင်တွေ့နေရတယ်လို့ သိရပြီး အဲ့ဒီထဲမှာ ဘေဘုတ်ကြော်ငြာတွေ၊ လူမှုကွန်ရက်ကကြော်ငြာတွေ၊ ဖုန်းမက်ဆေ့ကြော်ငြာတွေနဲ့ တီဗွီကြော်ငြာတွေ စသည်ဖြင့် အားလုံးပါဝင်ပါတယ်။ အခုခေတ်မှာ မိမိတို့ရဲ့ကုန်ပစ္စည်းကို လူတွေစိတ်ဝင်စားအောင်၊ သုံးစွဲလာအောင်ကြော်ငြာတဲ့နည်းလမ်းတွေ များစွာရှိပြီး အဲ့ဒီအထဲကမှ ဘေဘုတ်တွေမှာကြော်ငြာခြင်းဟာ ငွေကုန်ကြေးကျများပြားတဲ့နည်းလမ်းထဲမှာ ပါဝင်ပါတယ်။
ဒီကြော်ငြာတွေဟာ ထိရောက်မှုရှိရဲ့လား၊ လူတွေရဲ့အာရုံထဲကိုရော ရောက်ရှိရဲ့လား၊ ဘယ်လောက်အကျိုးသက်ရောက်မှုရှိလဲဆိုတာတိုင်းတာရ ခက်ခဲလှပါတယ်။ ဘေဘုတ်တစ်ခုပေါ်မှာ ကြော်ငြာဖို့ကုန်ကျစရိတ်ဟာ အလွန်ကိုများပြားလှပြီး ပြန်လည်ရရှိတဲ့ အကျိုးကျေးဇူးကရော ဘယ်လောက်ရှိနိုင်မလဲဆိုတာ သိရှိနိုင်ဖို့ အရေးကြီးပါတယ်။
ဘာအတွက် ကြော်ငြာဘေဘုတ်တွေသုံးတာလဲ
များပြားလှတဲ့ ကုန်ကျစရိတ်ကြောင့် ကြော်ငြာဘေဘုတ်တွေကို စီးပွားရေးလုပ်ငန်းကြီးတွေသာ အများအပြားအသုံးပြုနိုင်ပါတယ်။သုတေသနပြုလုပ်ချက်တွေအရ ဘေဘုတ်တစ်ခုကို လူတစ်ယောက်ကြည့်လိုက်တဲ့အချိန်ဟာ ၄စက္ကန့်ခန့်သာရှိတာကြောင့် ဘေဘုတ်တွေနဲ့ကြော်ငြာခြင်းဟာ မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုလူတွေသုံးစွဲဖို့ တိုက်ရိုက်ဆွဲဆောင်တာမဟုတ်သလို ကုန်ပစ္စည်းနဲ့ပတ်သတ်တဲ့သတင်းအချက်အလက်တွေပေးဖို့လည်း မဟုတ်ပါဘူး။ မိမိတို့ရဲ့ Brand ရဲ့ပုံရိပ်ကို လူတွေ မျက်စိထဲစွဲနေစေဖို့၊ လူတွေအသိအမှတ်ပြုဖို့၊ Brand ရဲ့ power ကြီးမားလာစေဖို့ သိစိတ်က သတိမထားမိရင်အောင် နေရာပေါင်းစုံမှာ ဒီအရောင်၊ ဒီဇိုင်း၊ ဒီအမှတ်တံဆိပ်ကို မြင်ပါများလာရင် မသိစိတ်ကနေ သတိထားမိနေစေဖို့၊ လူတွေနဲ့ ကိုယ့်ရဲ့အမှတ်တံဆိပ် အမြဲတမ်းရင်းနှီးနေဖို့ ဘေဘုတ်တွေက မရှိမဖြစ်လိုအပ်လှပါတယ်။
ဘေဘုတ်ကြော်ငြာတွေရဲ့ထိရောက်မှုကို ဘယ်လိုတိုင်းတာမလဲ
ဘေဘုတ်ကြော်ငြာတွေရဲ့ထိရောက်မှုကိုတော့ ဖေ့စ်ဘွတ်ခ်ကဲ့သို့ လူမှုကွန်ရက်တွေမှာ ကြော်ငြာသလို လူဘယ်လောက်မြင်သွားလဲ၊ လူဘယ်နှစ်ယောက်စိတ်ဝင်စားလဲဆိုတာကို အတိအကျတိုင်းတာလို့တော့ မရနိုင်ပါဘူး။ အကြမ်းဖျင်းအားဖြင့် မိမိတို့အမှတ်တံဆိပ်ကို လူတွေဘယ်လောက်ရင်းနှီးသွားလဲ၊ မိမိတို့ရဲ့ရောင်းအားဘယ်လောက်တက်လာသလဲဖြင့် တိုင်းတာနိုင်ပြီး ဒါတွေဟာလည်း ချက်ချင်းသိရနိုင်တဲ့ အချက်အလက်တွေတော့ မဟုတ်ပါဘူး။ထို့အပြင် ဘေဘုတ်ကြော်ငြာဝန်ဆောင်မှုလုပ်ငန်းတွေကပေးထားတဲ့ အချက်အလက်တွေကိုကြည့်ပြီးတော့လည်း မိမိတို့ကြော်ငြာကိုလူဘယ်နှစ်ယောက်မြင်နိုင်မလဲ၊ ဘယ်အသက်အရွယ်အပိုင်းအခြားတွေမြင်နိုင်မလဲဆိုတာ အကြမ်းဖျင်းသိနိုင်ပါသေးတယ်။ မိမိတို့ကြော်ငြာဘေဘုတ်ရှိတဲ့နေရာဟာ တစ်ရက်မှာ (သို့မဟတ်) တစ်လမှာ ပျမ်းမျှ လူဘယ်နှစ်ယောက်ဖြတ်သန်းသွားသလဲ၊ ကားဘယ်နှစ်စီးဖြတ်သန်းသွားလဲ စသည်ဖြင့်အကြမ်းဖျင်းတိုင်းတာနိုင်ပြီး ဘေဘုတ်တိုင်းတာတဲ့ယူနစ်ကိုတော့ DEC (Daily Effective Circulation) လို့ခေါ်ဆိုပါတယ်။ အဆိုပါယူနစ်ဟာ နေ့စဉ်ဘေဘုတ်အနီးမှာဖြတ်သန်းသွားတဲ့ ကားနဲ့ လူဦးရေကို ကိုယ်စားပြုပါတယ်။ ကြော်ငြာဘေဘုတ်ကုမ္မဏီလုပ်ငန်းကြီးတွေမှာတော့ မိမိတို့ဘေဘုတ်အနီး ဖြတ်သန်းသွားတဲ့လူဦးရေ၊ ကားအစီးရေတွေကို အတိအကျ စစ်တမ်းကောက်ယူထားတာတွေရှိကြပါတယ်။
ကြော်ငြာဘေဘုတ်တွေဟာ ဖြတ်သန်းသွားတဲ့လူတွေရဲ့တခြားအရာတွေအပေါ်မှာ အာရုံမရောက်တဲ့အချိန်အတွင်း အာရုံထားစရာအရာတွေဖြစ်ပြီး လူတွေကို မိမိတို့အမှတ်တံဆိပ်နဲ့ ရင်းနှီးနေစေမယ့် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုအဖြစ် ယနေ့တိုင် အရေးပါနေဆဲပဲဖြစ်ပါတယ်။
လင်းထက်မော် (Digital Parmaukkha)
Crd:
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon