Yangon Media Group

Yangon Media Group

Share

05/06/2026

ဓမ္မစကား
၅ ဇွန် ၂၀၂၆

ဘုမ္မစိုး ရုက္ခစိုးနတ်
🙏🙏🙏🙏🙏
မြေကိုမှီ၍နေသော ဘုမ္မစိုး ရုက္ခစိုးနတ်တို့မှာ သန္ဓေအားဖြင့်အချို့လည်း ဂဗ္ဘသေယျက, အချို့လည်းသံသေဒဇ, အချို့လည်း ဥပပတ်ဖြစ်၍ လူတို့၏အသွင်သဏ္ဌာန်နှင့်မခြား ဆံ၊ အမွေး၊ ခြေသည်း၊ လက်သည်း၊ သွားရှိကြကုန်သည်။မုန်ဆိတ်ကျင်စွယ် လည်း ရှိကြကုန်သည်။ အဆင်းလည်း အချို့နတ် လှ၏။ အချို့နတ်မလှ။ အချို့နတ် ကြောက်မက်ဖွယ်ရှိ၏။ လုံးရပ်သဏ္ဌာန် လည်း အချို့ကြီးသည်။အချို့လည်း လူပမာဏလောက် ရှိသည်။ ကမ္မဇိဒ္ဓိတန်ခိုးရှိသောကြောင့် မိမိတို့၏ကိုယ်ကို မြင်စေလိုမှ သူတစ်ပါးတို့မြင်ရသည်။ မမြင်စေလိုသော် ကွယ်ဝှက်နိုင်သည်။

ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး

03/06/2026

#ပြည်တွင်းသတင်း

မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ တိုးမြှင့်ရန်ရည်မှန်း ဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြောကြား

၃ ဇွန်၊၂၀၂၆-
မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ မျှော်မှန်းဆောင် ရွက်သွားမည်ဟု အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ The Taj Mahal Palace ဟိုတယ်၌ ယနေ့ ဇွန် ၃ရက် နံနက်ပိုင်းက ကျင်းပသော မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ (Myanmar-India Business Dialogue) တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဆွေးနွေးပြောကြားသည်။

“နယူးဒေလီမြို့တွင်လည်း မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲကိုကျင်းပပြီး နှစ်နိုင်ငံစီးပွားရေးဆိုင်ရာမြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့ပြီး သဘောတူညီချက်များလည်း ရရှိခဲ့ ကြောင်း၊ ယခုကဲ့သို့အခြေအနေများအရ အိန္ဒိယနိုင်ငံမှတာဝန်ရှိသူများ အနေဖြင့် မြန်မာနိုင်ငံနှင့် ယုံကြည်စိတ်ချစွာ ပူးပေါင်းဆောင်ရွက်နိုင်သည်ကို ပြောကြားလိုကြောင်း” ဟုလည်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။
--------------
သတင်းအပြည့်အစုံကိုပထမကော်မင့်တွင်ဖတ်ရှုနိုင်ပါသည်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


D101, Mahabandoola Tower
Yangon
1118