AIA Myanmar
သန်မာဖို့၊ ရှေ့ဆက်ဖို့၊ တောင့်ခံထားဖို့ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကို ကျွန်တော်တို့အားလုံး ကြုံတွေ့ဖူးကြပါတယ်။ ဒါပေမဲ့ အကူအညီလိုအပ်တယ်ဆိုတာ ရှုံးနိမ့်ခြင်းမဟုတ်ဘဲ တိုးတက်နေခြင်းဖြစ်တယ်ဆိုတာ သတိရစေချင်ပါတယ်။
ပြဿနာတိုင်းကို တစ်ဦးတစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းဖို့မလိုပါဘူး... ဒီနေ့အတွက် သင့်ဘေးမှာ ရင်ဖွင့်လို့ရမဲ့သူတစ်ဦး ရှိပြီလား။
We are often told to stay strong. Keep it together. Hold it all in. But asking for help isn’t failing. It’s growing. Because your struggles aren’t meant to be faced alone.
Is there someone you can check in with today?
05/05/2026
AIA Myanmar က ကြီးမှူးကျင်းပတဲ့ Score With Spurs (AIA Coaching Clinic 2026) အစီအစဉ်ကို RUBY Club Member များ၊ AIA Myanmar မိသားစုဝင်များရဲ့ ကလေးများအတွက် ရန်ကုန်မြို့၊ StarCity Sports Club၊ ၂၀၂၆ ခုနှစ်၊ မေလ ၂ ရက်နဲ့ ၃ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Tottenham Hotspur နိုင်ငံတကာဘောလုံးနည်းပြများရဲ့ အနီးကပ် သင်ကြား၊ ပြသပေးမှုနဲ့အတူ အသက် ၈ နှစ်မှ ၁၅ နှစ်အရွယ် ကလေး ၃၀၀ ဝန်းကျင် ပါဝင်၊ လေ့ကျင့်ခဲ့ကြတဲ့ ပုံရိပ်တစ်ချို့ကို ပြန်လည်မျှဝေလိုက်ပါတယ်။
ပါဝင်ခဲ့တဲ့ကလေးများအပါအဝင် Score With Spurs အစီအစဉ်ကို လူဦးရေစုစုပေါင်း ၁၀၀၀ ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြပြီး လေ့ကျင့်ရေးအပြီးမှာ AIA Myanmar က အသိအမှတ်ပြု ဂုဏ်ပြုလွှာများ အသီးသီးချီးမြှင့်ခဲ့ပါတယ်။
ဒါ့အပြင် လေ့ကျင့်ရေးမှာ ဘောလုံးစွမ်းရည်ထူးချွန်တဲ့ ကလေး ၂၅ ဦးကို ထပ်မံရွေးချယ်ခဲ့ရာ ထိုင်းနိုင်ငံ၊ Koh Samui ရှိ AIA-Spurs Football Camp မှာ Tottenham Hotspur မှ International Development နည်းပြများနဲ့ ထပ်မံလေ့ကျင့်နိုင်ပြီး နိုင်ငံတကာ ဘောလုံးလေ့ကျင့်ရေးအတွေ့အကြုံရရှိစေဖို့ AIA Myanmar က စီစဉ်ပေးသွားမှာပဲ ဖြစ်ပါတယ်။
AIA Myanmar အနေနဲ့ မျိုးဆက်သစ်ကလေးငယ်များအတွက် အားကစားမှတစ်ဆင့် ကျန်းမာသန်စွမ်းတဲ့ လူနေမှုဘဝများရရှိစေရေး ဆက်လက်လုပ်ဆောင်သွားမှာဖြစ်လို့ AIA Myanmar နဲ့အတူ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝများကို လျှောက်လှမ်းကြပါစို့။
AIA Myanmar successfully hosted the Score With Spurs (AIA Coaching Clinic 2026) programme for the children of RUBY Club Members and related stakeholders at StarCity Sports Club, Yangon on 2 and 3 May 2026.
We are pleased to share highlights from the event, where approximately 300 young players aged 8 to 15 participated in hands‑on, world‑class football training led by International Development Coaches from Tottenham Hotspur.
About 1,000 attendees, including the participating children, joined the event, during which appreciation certificates were presented to all participants. In addition, 25 outstanding players were selected for the AIA–Spurs Football Camp in Koh Samui, Thailand, offering them an exclusive international training experience led by Tottenham Hotspur’s International Development Coaches, under the arrangement of AIA Myanmar.
At AIA Myanmar, we remain committed to empowering the next generation to embrace healthy lifestyles through sport. Let’s move forward together toward Healthier, Longer, Better Lives with AIA Myanmar.
29/04/2026
AIA Myanmar ရဲ့ Score With Spurs အစီအစဥ်မှာ ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုက Official Medical Partner အဖြစ် ဂုဏ်ယူစွာ ပံ့ပိုး၊ ကူညီထားပါတယ်။
အင်္ဂလိပ်ပရီမီးယားလိဂ် ထိပ်တန်းအသင်း Tottenham Hotspur က AIA နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံနှင့်တကွ အာရှပစိဖိတ်တစ်ခွင်က ကလေးများအတွက် ဘောလုံးလေ့ကျင့်ရေးသင်ကြားပေးနေတဲ့ Score With Spurs အစီအစဥ်မှာ အရေးပေါ်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ပံ့ပိုးပေးဖို့ ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုက အသင့်ရှိနေမှာ ဖြစ်ပါတယ်။
လေ့ကျင့်ရေးမှာ ထူးချွန်တဲ့ကလေးတွေကို ရွေးချယ်ပြီး ထိုင်းနိုင်ငံ၊ Koh Samui ရှိ AIA–Spurs Elite Football Camp မှာ ၆ ရက်တာ ထပ်မံ လေ့ကျင့်နိုင်မဲ့ ရွှေရောင်အခွင့်အရေးလည်းရှိတာကြောင့် အားလုံးလည်းရင်ခုန်၊ စိတ်လှုပ်ရှားနေမယ်လို့ ယုံကြည်ပါတယ်။ AIA Myanmar နဲ့အတူ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေဆီ လျှောက်လှမ်းကြပါစို့။
AIA Myanmar is proud to announce that Pun Hlaing Hospitals as the Official Medical Partner of the Score With Spurs programme.
As part of this collaboration, Pun Hlaing Hospitals will provide emergency medical care for children who will be participating in the Score With Spurs training sessions, by AIA in partnership with Tottenham Hotspur, a leading English Premier League club.
Children who excel during the training will be selected to take part in a six‑day training programme at the AIA–Spurs Elite Football Camp in Koh Samui, Thailand. We believe this exciting opportunity will inspire motivation, enthusiasm, and anticipation among all participants. Let’s continue our journey towards Healthier, Longer, Better Lives together with AIA Myanmar.
28/04/2026
AIA Myanmar ရဲ့ Score With Spurs အစီအစဥ်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ဂုဏ်ယူစွာ ပံ့ပိုး၊ ကူညီထားပါတယ်။
အင်္ဂလိပ်ပရီမီးယားလိဂ် ထိပ်တန်းအသင်း Tottenham Hotspur က AIA နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံနှင့်တကွ အာရှပစိဖိတ်တစ်ခွင်က ကလေးများအတွက် ဘောလုံးလေ့ကျင့်ရေးသင်ကြားပေးနေတဲ့ Score With Spurs အစီအစဥ်မှာ Tottenham Hotspur ဘောလုံးနည်းပြများနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ကျွမ်းကျင်နည်းပြများက ဘောလုံးလေ့ကျင့်ရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများနဲ့အတူ အသင့်ရှိနေမှာဖြစ်ပါတယ်။
လေ့ကျင့်ရေးမှာ ထူးချွန်တဲ့ကလေးတွေကို ရွေးချယ်ပြီး ထိုင်းနိုင်ငံ၊ Koh Samui ရှိ AIA–Spurs Elite Football Camp မှာ ၆ ရက်တာ ထပ်မံ လေ့ကျင့်နိုင်မဲ့ ရွှေရောင်အခွင့်အရေးလည်းရှိတာကြောင့် အားလုံးလည်းရင်ခုန်၊ စိတ်လှုပ်ရှားနေမယ်လို့ ယုံကြည်ပါတယ်။ AIA Myanmar နဲ့အတူ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေဆီ လျှောက်လှမ်းကြပါစို့။
AIA Myanmar is proud to announce that the Myanmar Football Federation (MFF) is supporting the Score With Spurs programme.
As part of this collaboration, the Myanmar Football Federation (MFF) will provide experienced and qualified football coaches to support children participating in the Score With Spurs training sessions by AIA in partnership with Tottenham Hotspur, a leading English Premier League club.
Children who excel during the training will be selected to take part in a six‑day training programme at the AIA–Spurs Elite Football Camp in Koh Samui, Thailand. We believe this exciting opportunity will inspire motivation, enthusiasm, and anticipation among all participants. Let’s continue our journey towards Healthier, Longer, Better Lives together with AIA Myanmar.
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
22nd Floor, Junction City Office Tower, Bogyoke Aung San Road, Pabedan Township
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |