Venus Lab
07/06/2022
E- Commerce စျေးကွက်ဟာ ပြိုင်ဆိုင်မှု မြင့်ပါတယ်။ သင့် Website ရဲ့ performance နဲ့ speed ဟာ အရေးကြီးတဲ့နေရာက အလုပ်လုပ်ပါတယ်။ User Experience က နောက်ထပ် အရေးကြီးတဲ့အရာတစ်ခု ပါ။ User Experience မှာ Website တစ်ခုရဲ့ အသုံးဝင်မှု၊ Information organized ဖြစ်မှု၊ Usability ဖြစ်မှု၊ Virtual design ကောင်းမွန်မှု၊ User friendly ဖြစ်မှု တို့ ပါဝင်ပါတယ်။
User ဟာ သင့် Website ကနေ တခြား Website တစ်ခုကို ပြောင်း အသုံးပြုဖို့ အချိန်အများကြီး မလိုပါဘူး။ အသုံးပြုချိန်မှာ သင့် Website ဟာ မျှော်လင့်ထားတဲ့ Performance နဲ့ Experience မျိုး မပေးနိုင်ဘူးဆိုရင် User အနေနဲ့ ရွေးချယ်စရာ အများကြီးရှိတဲ့အတွက် နောက် E-Commerce တစ်ခုကို ချက်ချင်း ပြောင်းလဲဖို့ အသုံးပြုသွားနိုင်ပါတယ်။
ဒါကြောင့် သင့် E-Commerce လုပ်ငန်း ရဲ့ Website ကို ပိုကောင်းအောင်လုပ်နိုင်မယ့် အချက် 7 ချက်ကို ဖတ်ကြည့်လိုက်ပါ။
1. Offer social proofs
Online ပေါ်မှာ ဝယ်ယူတာဟာ အပြင်မှာ ဝယ်တာနဲ့ မတူတဲ့အတွက် User အနေနဲ့ Product က တကယ်ကောင်းလား၊ မကောင်းလား ဆိုတာ သိဖို့လိုအပ်ပါတယ်။
Feedback နဲ့ Reviews တွေပြပေးထားတာဟာ အတော်ကောင်းမွန်တဲ့ solution တစ်ခုဖြစ်ပြီး Customer တွေကို ယုံကြည်မှု ပိုတိုးစေပါတယ်။ တချို့သော Local consumer survey တွေအရ ဝယ်သူ 49 % ဟာ product review နဲ့ feedback များကို personal recommendation အဖြစ် မှတ်ယူကြပါတယ်။
2. Easy navigation
User ဟာ လိုအပ်တဲ့ information ကို သင့် Website မှာ Click အများကြီးမလုပ်ရဘဲ အလွယ်တကူ ရှာတွေ့သင့်ပါတယ်။ သင့် Site မှာ Customer ဟာ purchase မလုပ်ခင် click ဘယ်နှစ်ကြိမ်ပြုလုပ်ရလဲဆိုတာ အရေးကြီးပါတယ်။ ပြုလုပ်ရတဲ့ step တွေအရမ်းများရင် Customer ဟာစိတ်မရှည်ဘဲ ထွက်သွားနိုင်ပါတယ်။ အခုချိန်မှာ ဖုန်းကနေ browsing လုပ်တဲ့ User တွေများလာတဲ့အတွက် သင့် Website ဟာ Mobile responsive ဖြစ်ဖို့လည်း လိုအပ်ပါတယ်။
3. Clear call to actions
သင် Website မှာ ရှိတဲ့ Page တိုင်းဟာ ရှင်းလင်းတဲ့ objective တွေရှိနေသင့်ပါတယ်။ ဉပမာအနေနဲ့ Website တစ်ခုမှာရှိတဲ့ product page ရဲ့ objective ဟာ User တွေ purchase လုပ်နိုင်ဖို့ဖြစ်ပါတယ်။ ဒါဆို Page မှာ ‘Add to Cart” ကဲ့သို့ ထင်ရှားတဲ့ Call to action မျိုးရှိသင့်ပြီး checkout process ဟာလည်း ရိုးရှင်းပြီး User တွေ အလွယ်တကူ ပြုလုပ်နိုင်တဲ့အရာမျိုး ဖြစ်သင့်ပါတယ်။
4. Products showcase
ကောင်းမွန်ပြီး သပ်ရပ်တဲ့ Hight-quality Product images နဲ့ description တွေဟာ အရေးကြီးပါတယ်။ သင့် Product ရဲ့ information တွေကို ရှင်းလင်းပြီး ရှာရတာလွယ်ကူအောင် ပြုလုပ်ထားတာက Website ရဲ့ bounce rate ကို လျှော့ကျစေနိုင်ပါတယ်။
5. Multiple marketing strategies
ပြိုင်ဆိုင်မှုများတဲ့ စျေးကွက်ထဲမှာ Marketing Strategy တစ်ခုထဲက မလုံလောက်တော့ပါဘူး။
သင့်အနေနဲ့ SEO အပါဝင် pay per click(ppc) ads များ၊ E-mail campaign များ၊ Social Media Marketing များနဲ့ retargeting Strategy များကို အလေးထား ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် loyal customer တွေကို reward ဒါမှမဟုတ် discount ပေးတဲ့ program တွေလည်း ရှိသင့်ပါတယ်။
6. Real-time personalization
Spray and pray Marketing ခေတ်တွေဟာ ကုန်နေပါပြီ။ Customer တွေဟာ သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ offer မဟုတ်ရင် စိတ်မဝင်စားတော့ပါဘူး။
သင့်အနေနဲ့ customer behavior တွေကို track လုပ်ပြီး ပို relevant ဖြစ်တဲ့ personalized offer တွေ create လုပ်သင့်ပါတယ်။
7. Make payment easy
သင့် Website ရဲ့ checkout Page ဟာ Customer အတွက် နောက်ဆုံး အဆင့်ပဲဖြစ််ပါတယ်။ လူတွေဟာ ငွေနဲ့ ပတ်သတ်ရင် Protective ဖြစ်ပါတယ်။ ဒါကြောင့် အားလုံးက လွယ်ကူပြီး secure ဖြစ်ကြောင်း သင့်အနေနဲ့ ပြဖို့လိုအပ်ပါတယ်။
အောင်မြင်တဲ့ E-Commerce Online Store တစ်ခု တည်ဆောက်ဖို့ Venus Lab မှာ အခမဲ့ ဆွေးနွေးနိုင်ပါတယ်။
www.venuslab.co
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No 204. 8 Floor, Tower A The Leaf Residence, Dhamma Thukha Street Hlaing Township
Yangon
11051
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |