Talent Nest
08/03/2021
" စိန်ခေါ်မှုတွေက ဘဝကိုစိတ်ဝင်စားစရာကောင်းစေတယ်။ စိန်ခေါ်မှုတွေကို ဖြတ်ကျော်ရတာကဘဝကိုအဓိပ္ပါယ်ရှိစေတယ်။ "
- Joshua J. Marine
02/02/2021
Brief History of JavaScript
အခုအပတ်မှာတော့ Developer အဖြစ်အသက်မွေးမယ်ဆိုရင် သိထားသင့်တဲ့ JavaScript Language အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
-JavaScript ဆိုတာ Scripting Programming Language တစ်မျိုးဖြစ်ပြီးတော့ Websites တွေရေးသားရာမှာ HTML, CSS တို့လို Language တွေနဲ့အတူ အသုံးပြုပါတယ်။ HTML, CSS ကိုတော့ Website တစ်ခုရဲ့ Structure တွေ Style တွေအတွက် အဓိကသုံးပြီး JavaScript ကိုတော့ Website ရဲ့လုပ်ဆောင်ချက်တွေ ရေးသားရာမှာ အသုံးပြုပါတယ်။
-JS ဟာအဓိကအားဖြင့် Client-Side Language တစ်ခုဖြစ်တာကြောင့် ကိုယ့် Computer ရဲ့ Browser ထဲမှာဘဲ Run လို့ရပါတယ်။ Server-Side အနေနဲ့ Run မယ်ဆိုရင် Nodes ကဲ့သို့ JS Runtime Environment မျိုးနဲ့ တွဲသုံးရပါတယ်။
-React Native လိုနည်းပညာမျိုးကိုသုံးပြီး Mobile Application တွေရေးသားရာမှာ လည်း JavaScript ကိုအသုံးပြုကြပါတယ်။
-JavaScript ကို 1995 စက်တင်ဘာလမှာ Netscape Navigator ရဲ့ Software Engineer တစ်ဦးဖြစ်တဲ့ Bredan Eich ဆိုသူကစတင်တီထွင်ခဲ့ပါတယ်။
-Develop လုပ်ဖို့အချိန် ၁၀ ရက်သာယူခဲ့ပြီး အစပိုင်းမှာ Mocha လို့အမည်ပေးခဲ့ပါတယ်။ ထို့နောက် LiveScript ဟုပြောင်းလဲခေါ်တွင်ပြီး Netscape 2.0(Web Browser) ရဲ့အပိုင်းတစ်ပိုင်း အနေနဲ့Release လုပ်ဖို့ရည်ရွယ်ခဲ့ပါတယ်။ နောက်ပိုင်းတွင် LiveScript မှ JavaScript ဟုပြောင်းလဲခေါ်တွင်ခဲ့ကြပါတယ်။
-စထုတ်ပြီး နှစ်နှစ်အတွင်းမှာဘဲ JS ကအလျှင်အမြန် တိုးတက်လာတဲ့အတွက်ကြောင့် Language Standard ကိုလည်း ပိုပြီးကောင်းမွန်အောင် ပြန်လည်စီမံဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် Netscape က JS ရဲ့ Core Features တွေကိုECMA(European Computer Manufacture Association) အဖွဲ့အစည်းရဲ့ ECMA-262 စံသတ်မှတ်ချက်တွေနဲ့အညီရေးထားတဲ့ ECMAScript အတိုင်းပြန်လည်မွမ်းမံခဲ့ပါတယ်။
-ECMAScript(ES) က JavaScript ရဲ့စံသတ်မှတ်ချက်ဖြစ်တဲ့အတွက်ကြောင့် ES Version ပြောင်းလဲလာတာနဲ့အမျှ JavaScript ရေးနည်းကလည်းလိုက်ပြောင်းပါတယ်။
-အခုလက်ရှိ Browser တွေမှာ ES5 နဲ့ အထက်ရေးနည်းတွေကိုဘဲ Support ပေးပါတယ်။ 2015 ခုနှစ်မှာတော့ ES6 ကိုထုတ်လုပ်ခဲ့ပြီး JavaScript ရဲ့နောက်မျိုးဆက်တစ်ခုလို့တောင် သတ်မှတ်ခဲ့ကြပါတယ်။ သူ့မှာအရင် JS နဲ့မတူတဲ့ Arrow Functions, Classes တို့လို Features တွေအများကြီးပါလာပါတယ်။ အခေါက်တိုင်းမှာ မတူညီတဲ့ Features အသစ်တွေပေါင်းထည့်လာခဲ့ကာ အခုလက်ရှိမှာနောက်ဆုံး Version ကတော့ 2020 June လမှာထွက်ရှိထားတဲ့ ECMAScript2020 ဖြစ်ပါတယ်။
-JavaScript ရဲ့ထူးခြားတဲ့အချက်ကတော့ Code Repositories တွေကအခြား Languages တွေထက်ပိုများပါတယ်။ ဒါ့အပြင်သူ့မှာ Strong and Powerful ဖြစ်တဲ့ React, Vue, Angular တို့လိုမျိုး Frameworks နှင့် Libraries တွေများစွာရှိပါတယ်။ဒီလိုအချက် တွေကြာင့် JavaScript ဟာ ယနေ့အချိန်ထိ Most Popular Programming Languages တွေထဲကတစ်ခုအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ JavaScript ရဲ့ သမိုင်း အကြောင်း ပြောပြပေးသွားသလိုမျိုးပဲ နောက်ထပ်ပြောပြပေးသွားမယ့် စိတ်ဝင်စားစရာ Contents တွေဖတ်ဖို့အတွက် Page လေးကို Like And Share လုပ်ပေးသွားပါဦးနော်။
31/01/2021
Java Programming Course ကို Register လုပ်ပြီးတာနဲ့ လေ့လာနိုင်ပါပြီ❗❗
💻 Programming ကို အခြေခံကနေ စတင် သင်ယူပြီး အိပ်မက်တွေကို စနစ်တကျ အကောင်အထည် ဖော်လို သူတွေအတွက် Java Programming Online Course လေးကို 5% Discount နဲ့ သင်တန်း အပ်နိုင်ပါပြီ။
*** ဒီ Course လေးက Developer ဖြစ်ဖို့ ရည်ရွည်သူတွေအနေနဲ့ ရော ကွန်ပျူတာ တက္ကသိုလ် တက်ဖို့ ပြင်ဆင်နေသူအတွက်ပါ တက်ကြည့်သင့်တဲ့ သင်တန်းလေးလည်း ဖြစ်ပါတယ်။
📌 သင်ကြားမှုပုံစံ က mLearn ရဲ့ Self-Pace Learning Platform မှာ
• သင်ခန်းစာ Video File တွေ တင်ထားပြီးသားဖြစ်လို့
• Register လုပ်ပြီးတာနဲ့ ကိုယ်အဆင်ပြေတဲ့ အချိန်မှာ လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။
📌 Registration Link https://mlearn.com.mm/java-programming-course/
ဘယ်လို သင်တန်းမျိုးလဲ?
✦ Online ကနေ သင်ယူရမယ့် တန်းခွဲလေး ဖြစ်တာကြောင့် အချိန်မရွေး နေရာမရွေး အလွယ်တကူ လေ့လာနိုင်ပါတယ်။
✦ သင်ခန်းစာတွေနဲ့ ပတ်သတ်ပြီး ဆရာနဲ့ တိုက်ရိုက် ဆွေးနွေးနိုင်သလို သင်တန်းသားများ ကိုယ်တိုင် ရေးသားထားတဲ့ Assignment တွေကိုလည်း ဆရာက စစ်ဆေးပေးမှာ ဖြစ်ပါတယ်။
✦ Course activities တွေ အားလုံးပြီးမြောက်သွားရင်လည်း Certificate ရရှိမယ့် Online Course လေး ဖြစ်ပါတယ်။
ဘယ်လိုလူတွေ တက်သင့်လဲ?
➤ Programming နဲ့ ပတ်သတ်ပြီး အခုမှစပြီး လေ့လာဖို့ ပြင်ဆင်နေသူတွေ နဲ့
➤ တခြား Programming Language ကို လေ့လာဖူးပေမယ့် Java Language ကို ထပ်ပြီး သင်ယူဖို့ စဉ်းစားနေသူတွေ တက်သင့်တဲ့ သင်တန်းလေးတစ်ခုလည်း ဖြစ်ပါတယ်။
Course မှာ ဘာတွေပါဝင်မှာလဲ?
➤ Chapter 1 : Introduction to Java
➤ Chapter 2 : What is JavaFX?
➤ Chapter 3 : Fundamental Concept of Java
➤ Chapter 4 : Array and Looping
➤ Chapter 5 : Object Oriented Programming in Java (Part 1)
➤ Chapter 6 : Object Oriented Programming in Java (Part 2)
➤ Chapter 7 : Java Collections
➤ Chapter 8 : Database Concept and JDBC (Part 1)
➤ Chapter 9 : Database Concept and JDBC (Part 2)
Course Overview Video Link
➤https://www.facebook.com/mLearnMyanmar/videos/325298108515559/
ဘယ်လိုအကျိုးကျေးဇူးတွေရလာမလဲ?
➤ ဒီ သင်တန်းလေးကို တက်ခြင်းအားဖြင့် Programming နဲ့ ပတ်သက်တဲ့ အခြေခံ သဘောတရားတွေကို ပိုင်ပိုင်နိုင်နိုင်နဲ့ နားလည် တတ်ကျွမ်းသွားမှာဖြစ်ပါတယ်။
➤ သင်တန်းလေး ပြီးဆုံးသွားတာနဲ့ မိမိ ဆက်လက်လေ့လာလိုတဲ့ နယ်ပယ် (J2EE, Web, Mobile) အစရှိသဖြင့် ရွေးချယ် ဆုံးဖြတ်ပြီး ထပ်မံလေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။
Certificate ရဖို့ ဘာတွေလိုအပ်လဲ?
➤ Chapter တိုင်းမှာတော့ သက်ဆိုင်ရာ Quiz လေးတွေနဲ့ Assignment တွေ ပါဝင်တာဖြစ်လို့
➤ Quiz တွေ မှန်မှန်ကန်ကန်ဖြေပြီး Assignment တွေကိုလည်း ပုံမှန်တင်ပေးဖို့ လိုအပ်ပါတယ်။
➤ Quiz နဲ့ Assignment တွေ အားလုံးပြီးသွားပြီဆိုမှ Certificate ရရှိမှာ ဖြစ်ပါတယ်။
သင်တန်းကြေး အနေနဲ့
➤ 36,000 ကျပ်ကိုမှ 5% Discount အစီအစဉ်လေးရှိနေလို့
➤ 34,200 ကျပ် သာ ကျသင့်တော့မှာပါ။
👉 သင်တန်းလေးကို စိတ်ပါဝင်စားသူတွေအနေနဲ့
▪ Talent Nest ရဲ့ Hotline No 09 443 410 940 နဲ့ Messenger (CB) http://m.me/myanmartalentnest
▪ mLearn ရဲ့ Hotline No 09 421 007 001နဲ့ Messenger (CB) http://m.me/mlearnMyanmar ကို ဆက်သွယ်ပြီး အသေးစိတ်စုံစမ်းနိုင်ပါတယ်။
Talent Nest
Grow your Talent with us
No.71, 4th Floor, Upper Pazundaung Road, Yangon.
(အထက်ပုဇွန်တောင် လမ်းမကြီးပေါ်၊ ပုဇွန်တောင် ဈေးမှတ်တိုင်အနီး)
Click here to claim your Sponsored Listing.
Contact the school
Telephone
Website
Address
No. (71), Room B, 4th Floor, Upper Pazundaung Road, Mingalar Taung Nyunt, Township
Yangon