Company Legal Service

Company Legal Service

Share

Photos from Company Legal Service's post 28/08/2020

++ Essential Elements of Good Construction Contracts ++
ခေတ်မှီ တိုးတက်လာတာနဲ့အမျှ ဆောက်လုပ်ရေးဆိုင်ရာ ပညာရပ်တွေကလည်း အရှိန်အဟုန်ပြင်းပြင်းနဲ့ လိုက်ပါ ပြောင်းလဲနေတာ အမှန်ပါပဲ။ တိုးတက်မှုနဲ့အတူ ယှဉ်ပြိုင်မှုတွေလည်း ပြင်းထန်လာကြတဲ့အခါမှာ တရားဝင်ခိုင်မာမှုမရှိတဲ့ လုပ်ငန်းက ရပ်တည်နိုင်ဖို့ အလားအလာ အလွန်နည်းပါတယ်။
တကယ်ဆို ဆောက်လုပ်ရေးလုပ်ငန်းဆိုတာ အလွဲအမှား မများကောင်းပါဘူး။ အဆောက်အဦးကြီးတစ်ခု ဖြစ်ပေါ်လာအောင် အပိုအလိုမရှိ စနစ်တကျ လုပ်ဆောင်နေတဲ့ကြားက နည်းနည်းလေး လွဲချော်တာနဲ့ အလျော်အစားက "ဟာတွေ ဟင်တွေ" ဖြစ်ကုန်မှာပါ။
ဒီလိုဖြစ်နိုင်ချေတွေကို ၁၀၀ ရာခိုင်နှုန်း ကာကွယ်ဖို့ မဖြစ်နိုင်ပေမယ့် ဆုံးရှုံးမှုနည်းအောင်တော့ လုပ်ထားဖို့ ဖြစ်နိုင်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းကိစ္စတွေ လုပ်ဆောင်ဖို့ဆိုရင် လုပ်ထုံးလုပ်နည်းအရ အငြင်းပွားမှု၊ ပိုင်ဆိုင်မှု၊ လုပ်ပိုင်ခွင့် စတာတွေကို သတ်မှတ်ဖို့၊ ထိန်းချုပ်ဖို့ သက်ဆိုင်ရာနယ်ပယ်အတွက် အထူးပြုလုပ်ထားတဲ့ စာချုပ်တွေကို ချုပ်ဆိုရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ စာချုပ်ချုပ်ဆိုတဲ့ နေရာမှာ စာချုပ်များစွာ ရှိတဲ့အထဲကမှ အဓိကကျတဲ့ စာချုပ်အမျိုးအစားတချို့ကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ၎င်းတို့မှာ ..
- ဆောက်လုပ်မယ့် လုပ်ငန်းရှင်နဲ့ မြေရှင်တို့ကြားက စာချုပ်၊
- ဆောက်လုပ်ပြီး/ မဆောက်လုပ်ခင်က ရောင်းချထားသော အခန်းများအတွက် ဝယ်သူနဲ့ ကန်ထရိုက်တာ အကြားက စာချုပ်၊
- သက်ဆိုင်ရာ နယ်မြေက စည်ပင်ခွင့်ပြုချက်ဆိုင်ရာ စာချုပ်
- Constructor နဲ့ Subconstructor တို့ကြားက စာချုပ် (ပန်းရံ၊ လက်သမား၊ ဆေးသုပ်၊ လျှပ်စစ်သွယ်၊ အလှဆင် စတဲ့ အလုပ်တစ်ခုချင်းအတွက် subconstructor တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်အကြားက စာချုပ်)
- ပစ္စည်းပေးသွင်းသူနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြားက စာချုပ်
စသဖြင့် ရှိကြပါတယ်။ ဒီလိုစာချုပ်တွေမှာ ဘယ်လိုအရာတွေပါမလဲ၊ ဘာတွေ သိထားသင့်လဲဆိုတာကိုတော့ အောက်မှာ လေ့လာကြည့်လိုက်ရအောင်ပါ။

1. Scope Of Work
Construction contractရဲ့အဓိက element လို့တောင်ခေါ်ရပါလိမ့်မယ်။ ဒီစာချုပ်ချုပ်ဆိုတဲ့ လုပ်ငန်းမှာပါဝင်တဲ့ ဝန်ဆောင်မှုတွေအပြင် အသုံးပြုတဲ့ပစ္စည်း၊ အရည်အသွေး၊ အဆင့်အတန်း၊ အလုပ်အချိန်ဇယားတွေ စတာတွေကို အသေးစိတ် ပါဝင်ရပါတယ်။

2. Full Name,Address,License and Signatures of Both Parties
ဒီတစ်ခုကတော့ တချိန်ချိန်မှာ လိုအပ်လာနိုင်ပါတယ်။ ကိုယ် စာချုပ်ချုပ်ပြီး တွဲလုပ်သူဟာ တရားဝင် ဖြစ်တယ်ဆိုရင်တော့ ကိစ္စမရှိပေမယ့် ဆန့်ကျင်ဘက်ဆိုရင်တော့ နင်ဘယ်သူလဲ ငါဘယ်သူလဲနဲ့ အမြတ်ထုတ် ခံသွားရပါလိမ့်မယ်။ ဆိုတော့ စတည်းက လိုအပ်တဲ့ အချက်အလက်တွေ ယူထားတာကလည်း မမှားတော့ဘူးပေါ့။ ခင်လို့ဖြစ်တဲ့ ယုံကြည်မှုနဲ့တော့ စီးပွားလုပ်ငန်းကို သွားရောထွေးလိုက်တာမျိုး လုပ်လို့တော့ မရပါဘူး။

3. Project Cost and Payments Terms
ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ ငွေကြေးဆိုတာ ထိပ်ဆုံးကနေ အရေးပါဆုံးအရာအဖြစ် နေရာယူထားတဲ့ အချက်တစ်ခုလို့ ဆိုရပါလိမ့်မယ်။ ဒီ Area မှာ ဆောက်လုပ်နေတဲ့ Project က ဘယ်လောက် ကုန်ကျမယ်၊ ဘယ်ချိန်တွေမှာ ငွေပေးချေမှု ပြုလုပ်ရမယ် စတဲ့ ငွေပေးချေမှုဆိုင်ရာ ကိစ္စရပ်တွေကို တိတိကျကျ သတ်မှတ်ထားရပါမယ်။ ပရောဂျက် တဝက်တပြတ်ကြီးနဲ့ ငွေပေးချေမှု ရပ်တန့်သွားတဲ့အဖြစ်ကို ဘယ်သူမှ မကြုံချင်ကြပါဘူး။

4. Schedule of Work
Project စတင်မယ့်ရက်၊ လုံလောက်တဲ့ အချိန်အပိုင်းအခြားကို တိတိကျကျသတ်မှတ်ပြီး ပြီးဆုံးမယ့်ရက် ဒါမှမဟုတ် အချိန်ကာလကို ရှင်းရှင်းလင်းလင်း ဖော်ပြပြီး ထားဖို့လိုပါတယ်။ ပြီးမှ တကယ်နောက်မကျပါပဲ စာချုပ်စာတမ်း အကြောင်းအရာကို မစိစစ်မိတဲ့ မှားယွင်းမှုကြောင့် နောက်ကျသလို ဖြစ်သွားရင် လျော်ရမယ့်ကိစ္စက မိအေး ၂ခါနာမယ့် အဖြစ်မျိုး ဖြစ်သွားပါလိမ့်မယ်။

5. Authority
ပရောဂျက်က ကြီးလာတာနဲ့အမျှ လုပ်ဆောင်ရမယ့် အရာတွေကလည်း ပိုပြီး ရှုပ်ထွေး များပြားလာတတ်ပါတယ်။ ဒီလို ရှုပ်ထွေးမှုတွေကြားထဲကနေ မှန်ကန်တဲ့ ဆုံးဖြတ်ချက် လုပ်ငန်း တာဝန်တွေကို လုပ်ဆောင်မယ့်သူဟာ ဘယ်သူဖြစ်တယ်ဆိုတာပါ ထည့်သွင်း ရေးသားရမှာပါ။

6. Penalties
ငွေပေးချေဖို့ နောက်ကျတာ၊ တချို့သော စည်းကမ်းချက်တွေကို ချိုးဖောက်ရင် လျော်ကြေး၊ ဒဏ်ငွေ ပေးဆောင်ရမယ်ဆိုတာနဲ့ပတ်သတ်ပြီးလည်း ဖော်ပြထားဖို့လိုပါတယ်။

5. Recovery Fund Disclosure
ကန်ထရိုက်တာရဲ့ ဥပဒေမဲ့ အပြုအမူတွေကြောင့် ပရောဂျက် ပြီးဆုံးသွားသည့်တိုင် ရလာဒ်က ရှုံးနေတယ်ဆိုရင်တောင် ကိုယ်ရသင့်တဲ့ ရပိုင်ခွင့်တွေ ဘယ်လို ရှိတယ်ဆိုတာ အကြမ်းဖျင်း ဖော်ပြထားရမှာပါ။ ဒါကတော့ ဆောက်လုပ်ရေးလုပ်ငန်း စာချုပ်အများစုမှာ ပါကို ပါသင့်ပါတယ်။

6. Disputes & Termination
ဒီမှာကတော့ ကိုယ်နဲ့ ဒီလုပ်ငန်း ပါဝင်ပတ်သတ်သူတွေ ကြားမှာ အငြင်းပွားစရာ ပြဿနာတွေ ဖြစ်လာခဲ့ရင် ဘယ်လို ဖြေရှင်းမှုမျိုးကို ခံယူပါ့မယ်ဆိုတဲ့ကြောင်း ဖော်ပြထားရပါမယ်။ အဲ့ဒီအတွက်လည်း အထက်မှာ ဖော်ပြခဲ့တဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ လုပ်ရထားမှာပါ။
ဥပမာအနေဖြင့် law firm အဖွဲ့ တစ်ခုခုရဲ့ ဥပဒေအကြံပြုချက်နဲ့ ကြားဝင် ဖြန်ဖြေမှုတစ်ခုခုကို စတင် ရယူတာမျိုးလား။ အဲလိုမှ အဆင်မပြေသေးရင် ခုံသမာဓိ အဖွဲ့ တစ်ခုခုရဲ့ ဆုံးဖြတ်ချက်ကို ကြားနာပါ့မယ် ဆိုတာမျိုးလား။

7. Insurance
ဆောက်လုပ်ရေး လုပ်ငန်းတိုင်းမှာ ကန်ထရိုက်တာဘက်က ကိုယ့်အလုပ်သမားတွေအတွက် လုပ်ငန်းဆိုင်ရာ လျော်ကြေး၊ နစ်နာကြေး စတာတွေကို သေချာ အာမခံထားသင့်ပါတယ်။ ဒီလို ရှိထားမှလည်း ထိခိုက် ဒဏ်ရာရတဲ့အခါမျိုးမှာ Owner အနေနဲ့ သေချာ ဖြေရှင်းလို့ရမှာပဲ ဖြစ်ပါတယ်။

8. Warranties & Statute of Limitations
ကန်ထရိုက်တာတွေအနေနဲ့ ရှေရှည်ကို ကြည့်ပြီး ဘယ်လို အာမခံဆိုင်ရာ ကိစ္စရပ်တွေကို အသုံးပြုရမယ်ဆိုပြီး သေသေချာချာ စီစဉ်ထားသင့်ပါတယ်။ အချုပ်အားဖြင့် Warranty သုံးနှစ်တာ ကာလအတွင်းမှာ စာချုပ်ထဲက ကတိကဝတ်ကို ဖောက်ဖျက်ရင် ကိုယ်ရသင့်ရထိုက်တာတွေကို ကန့်သတ်ထားလား၊ ကန့်သတ်ချက်တွေရှိလား ဆိုတာကိုလည်း ဝေခွဲထားရပါမယ်။
ကဲ.....ဒီလောက်ဆို construction contract တစ်ခုမှာ မဖြစ်မနေ ပါဝင်သင့်တဲ့ အခြေခံတွေကို လေ့လာမိလောက်မယ် ထင်ပါတယ်။ ဒါ့ထက် ပိုကျယ်ပြန့်တဲ့ အကြောင်းအရာတွေလည်း ရှိနိုင်ပါသေးတယ်။ မိတ်ဆွေတို့နဲ့အတူ ဆက်လေ့လာကြဖို့ ဆောက်လုပ်ရေးဆိုင်ရာစာချုပ်ကို ဘယ်လိုချုပ်ဆိုရမလဲ How to write Construction Contractကို တင်ပြပါမယ့်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
# salai ကျုံးလိုင်ဦး & Lingkang #

19/08/2020

JV ( Joint Venture) လုပ်တော့မယ်ဆို သတိထားသင့်သော အချက်တစ်ချက်

မြန်မာနိုင်ငံမှာ နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသား JV ဖက်စပ် ရင်းနှီးမြုပ်နှံဖို့ ရှယ်ယာ ရာခိုင်နှုန်းများကို MIL - မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ဥပဒေမှာ နိုင်ငံခြားသား ၈၀ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံသား ၂၀ ရာခိုင်နှုန်းဆိုပြီး ပြဌာန်းထားပါတယ်။

သို့သော်ငြားလည်း တကယ့်လက်တွေ့  အလုပ်လုပ်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာ လိုင်စင် ယူတဲ့အခါမှာ MIL မှာ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်း နှင့် မတူညီတာတွေ ရှိတတ်ပါတယ်။ ဥပမာ ခရီးသွားလုပ်ငန်း အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ရှယ်ယာ ရာခိုင်နှုန်း သတ်မှတ်ချက်တွေက MIL မှာသတ်မှတ်ထားတဲ့ ရန်ခိုင်နှုန်းတွေ သက်ဆိုင်ရာ ဝန်ကြီးဌာရဲ့ သတ်မှတ်ချက်တွေက တော်တော်လေးကို ပြောင်းပြန်ဖြစ်နေပါတယ်။

MIL တစ်ခုတည်းဖတ်ပြီး ၈၀% ၂၀ % လို့ အတည်မှတ်ထားမယ်ဆိုရင် ပြသနာတက်နိုင်ပါတယ်။

By - Ling Kang

24/06/2020

လူကြီးမင်းများအားလုံး မင်္ဂလာပါခင်ဗျာ

ကျွန်တော်တို့ သစ္စာဥပဒေရေးရာ၀န်ဆောင်မှုအဖွဲ့ (Thitsar-Legal-Services) မှ အောက်ပါ ၀န်ဆောင်မှု များ ပေးနေပါပြီခင်ဗျာ။

၁။ ဥပဒေအကြံပေးသုံးသပ်ချက်နှင့် စီမံချက်(Legal Advice and Legal Plan)
(က) ပြစ်မှုဆိုင်ရာကိစ္စရပ်များ၊(Criminal Cases)
(ခ) တရားမမှုဆိုင်ရာကိစ္စရပ်များ၊(Civil Cases)နှင့်
(ဂ) အခြားသောစီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ (Other Administrative Matters)

၂။ မှတ်ပုံတင်ပေးခြင်း(Registration)
(က) ကုမ္ပဏီ၊ အသင်းအဖွဲ့နှင့် လုပ်ငန်းလိုင်စင်လျှောက်ထားပေးခြင်း(Company,Association and License)
> မှတ်ပုံတင်ပေးခြင်း
> အလုပ်သမားစာချုပ်ချုပ်ပေးခြင်း
> ဖွဲ့စည်းပုံရေးဆွဲပေးခြင်း
> ရုံးခန်းအငှားစာချုပ်ချုပ်ပေးခြင်း
> နှစ်စဉ်အစီရင်ခံစာတင်ပေးခြင်း
> အခြားသောဥပဒေဆိုင်ရာ အကြံပေးခြင်း
(ခ) စာချုပ်စာတမ်းများ၊(Documents)
(ဂ) ကုန်အမှတ်တံဆိပ်၊ အမှတ်အသား၊(၄င်းကြော်ငြာပေးခြင်းအပါအ၀င်)၊(Trade Marks)

၃။ စာချုပ်ချုပ်ဆိုပေးခြင်း(Contract)
(က) အရောင်းအ၀ယ်နှင့် အငှားစာချုပ်၊(Sale Contract and Rental Contract)
(ခ) အခြားသော နှစ်ဦးသဘောတူစာချုပ်၊(Other Mutual Contract)

၄။ မြေယာကိစ္စများ ၀န်ဆောင်မှုပေးခြင်း
(က) မြေအရောင်းအ၀ယ်စာချုပ်ချုပ်ပေးခြင်း
(ခ) မြေဂရန်ဆောင်ရွက်ပေးခြင်း
(ဂ) ပုံစံ-၇၊ ၁၀၅၊ ၁၀၆ လျှောက်ထားပေးခြင်း
(ဃ) အခြားမြေယာကိစ္စများ ဆောင်ရွက်ပေးခြင်း

၅။ အခြား၀န်ဆောင်မှုများ
(က) သတိပေးစာ(နို့တစ်စာ)၊(Notice)
(ခ) ခရီးသွားနှင့် စကော်လာရှစ်၊(Visit and Scholarship)
(ဂ) အစိုးရရုံးများနှင့် သံရုံးများသို့ လူကိုယ်တိုင်လိုက်ပါဆောင်ရွက်ပေးခြင်း(Servicing in Governmental Offices and Embassy)
(ဃ) ဆယ်တန်းအမှတ်စာရင်းနှင့် အောင်လက်မှတ်ထုတ်ပေးခြင်း၊(Transcript and Certificate)
(င) စာချုပ်စာတမ်းများ စိစစ်ပေးခြင်း၊(Analysis on Documents)

ဆက်သွယ်ရန် လိပ်စာ -:
(၁) အမှတ်(၇၆၉)၊ လှိုင်သိရိလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်
(၂) အခန်း(၁၂၈)၊ စစ်ကိုင်းဆောင်၊ ရန်ကုန်တက္ကသိုလ်၊ ကမာရွက်မြို့နယ်
(၃) အခန်း(၆၂၆)၊ (A)၊မုဒိတာအိမ်ယာ(၁)၊ မရမ်းကုန်းမြို့နယ်

အီးမဲလ် -
[email protected] (or) [email protected]

ဖုန်းနံပါတ် - 09255934029, 09448028285

ဦးကျုံးလိုင်ဦး
အထက်တန်းရှေ့နေ
(LL.B, LL.M, MRes, DBL, Ph.D(3rd yr))

ဦးထန်ခေါလိန်း
အထက်တန်းရှေ့နေ
(LL.B, LL.M, MRes, DBL,DPS, Ph.D(1nd year))
လူကြီးမင်းများရဲ့အခက်ခဲများကို ဥပဒေလမ်းကြောင်းအရ ကူညီဖြေရှင်းပေးရန် ကျွန်တော်တို့ သစ္စာဥပဒေရေဒရာ၀န်ဆောင်မှုအဖွဲ့မှ ကြိုဆိုပါတယ်ခင်ဗျာ။

Want your practice to be the top-listed Law Practice in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Pyin Road
Yangon