Market Rays
23/02/2021
ကျွန်တော်တို့ MR မိသာစုနှင့်အတူ
မိတ်ဖက် မိတ်ဆွေအပေါင်းအသင်းများ စုပေါင်း၍....
တစ်ရက်ခြားစီအလိုက် သူရဲကောင်းလူထုကြီးထံ..
ပသျှူးထမင်းကြော်၊ဖရဲသီးဖျော်ရည်၊ ဖာလူဒါ၊ ရွှေရင်အေး များကို...
" လှူဒါန်းနေဆဲ လှူဒါန်းနေမြဲ လှူဒါန်းနေအုံံ" မှာ
ဖြစ်ပါတယ်....။
27/09/2020
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မြို့နယ်ကျော်ဖို့အတွက် ခိုင်လုံတဲ့အထောက်အထားဖြင့် QR CODE လျှောက်ထားပေးမှ အဆင်ပြေမှာပါ...။
https://qrpass.sawsawshar.gov.mm/ #/registration
Ref:
Photo: FB
21/09/2020
Covid-19 ရောဂါကုသရေးဌာန(သုဝဏ္ဏ) မှာ တာဝန်ထမ်းဆောင်ရန် စေတနာ့ဝန်ထမ်းများဖိတ်ခေါ်နေ..
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့လမ်းညွှန်မှုနဲ့ ယာယီဖွင့်လှစ်ထားတဲ့ Covid-19 ရောဂါကုသရေးဌာန(သုဝဏ္ဏ) မှာ Covid-19 ရောဂါ ကာကွယ်ထိန်းချူပ်၊ ကုသရေး၊ လုပ်ငန်းစဉ်တွေမှာ မိမိဆန္ဒအလျောက် စေတနာ့ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ရန် ဧရာဝတီဖောင်ဒေးရှင်းမှ ဖိတ်ခေါ်နေပါတယ်။
တာဝန်ထမ်းဆောင်ကြမယ့် စေတနာဝန်ထမ်းတွေရဲ့ စားသသောက်ရေး၊ နေထိုင်ရေးနဲ့ လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်း(PPE ဝတ်စုံများ၊ နှာခေါင်းစည်းများ၊ အခြားလိုအပ်ချက်တွေ) ကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒီကနေ့ စက်တင်ဘာ (၂၁) ရက်နေ့ ဖိတ်ခေါ်စာမှာ ဖော်ပြထားပါတယ်။
စေတနာ့ဝန်ထမ်းတွေအနေနဲ့ ယာယီကုသရေးစင်တာအတွင်းက လူနာတွေကို ကြိုဆိုနေရာချထားပေးခြင်း၊ လူနာတွေရဲ့ဝေယျာဝစ္စလုပ်ငန်းတွေ၊ သန့်ရှင်းရေးလုပ်ငန်းတွေ၊ ကုသရေလုပ်ငန်းစဉ်တစ်လျေှက် လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။
စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် ရက်သတ္တပတ် အနည်းဆုံး (၄)ပတ်မှ အများဆုံး (၆)ပတ်အထိ ကြာမြင့်မှာဖြစ်ပြီးဖြစ်ပါတယ်။
ဒါပြင့်စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်တဲ့ ကာလမှ လုပ်ငန်းတာဝန်ထမ်းဆောင်ကာ စောင့်ကြည့် (Quarantine) ကာလအထိ ပါမှာဖြစ်ပြီး ဧရာဝတီဖောင်ဒေးရှင်းမှ အပြည့်အဝ တာဝန်ယူပေးမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှဖော်ပြထားပါတယ်။
သတ်မှတ်ချက်များ
• အသက် (၂၀) နှစ်မှ (၃၅) နှစ်အတွင်း
• နာတာရှည်ရောဂါအခံမရှိသူ
• ကျန်းမာရေးအထူးကောင်းမွန်သူ
• ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူ
• ဆေးလိပ်၊ အရက်သေစာမသောက်သုံးသူ
• သတ်မှတ်ထားသော ညွှန်ကြားချက်များကို အတိအကျလိုက်နာနိုင်သူ
• နိုးကြားတက်ကြွသူ
• လူနာများကို လေးစားဂရုစိုက်နိုင်သူ
• သတ်မှတ်ထားသောနေရာတွင် သတ်မှတ်ထားသော အချိန်အတိုင်း အတိအကျ အပြည့်အဝ နေထိုင်နိုင်သူ
လျှောက်ထားရန်
စေတနာ့ဝန်ထမ်းလျှောက်ထားရန် စိတ်ပါဝင်စားသူများသည် မိမိ၏ ကိုယ်ရေးအချက်အလက်များနှင့် မိမိသဘောဖြင့် ပါဝင်ဆောင်ရွက်လိုကြောင်းကို ကိုယ်ရေးအချက်အလက်များကို အောက်ပါ link တွင် ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။
https://forms.office.com/Pages/ResponsePage.aspx?id=LhXcJEI26Uq-jduwqcfsHcO5DUWSIbJNsiWovDFLXGVUQ1lIMzlMUVZMM1pZSkpPWk9ZN1NWWFVGTC4u&fbclid=IwAR0MKOTWAve7RpiOCRF4vvfCe6RxZ1-QssfHsQNtouKWYSgsoB7IwRYXT-M
စေတနာ့ဝန်ထမ်းရွေးချယ်ခံရသူများကို ပြန်လည်ဆက်သွယ်သွားမည်ဖြစ်ပါသည်။
အသေးစိတ် ဆက်သွယ်မေးမြန်လိုပါက 09 78 5114511 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Photos- Ayeyarwady Foundation
Credit - Information
Team(ရိုးရာလေး)
21/09/2020
၂၀-၂၁ ကစလို့ အခွန်စာအုပ်စနစ်ကနေ Application စနစ်သို့ ပြောင်းလဲလိုက်ပါပြီး။
💵 လစာအခွန်ဆောင်ဖို့ ပိုလွယ်ကူသွားပါပြီ။ 💵
www.ird.gov.mm
Click here to claim your Sponsored Listing.
Category
Website
Address
Yangon