Shwe Pyae Pyae Job Vacancy
31/12/2018
ဒီဇင်ဘာလထုတ်HR Journal မှာဖော်ပြထားတဲ့ ဆရာအလယ်လူရဲ့ဆောင်းပါးကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။။
ထိတ်ထိတ်ပျာပျာ HR
----------------------------------
အလယ်လူ
HR Manager သည် (ကုမ္ပဏီ/စက်ရုံ) ပိုင်ရှင်နှင့် ဝန်ထမ်းလုပ်သား ထုဆိုတဲ့ (၂)ဘက်ကြားမှာ တည်ရှိတဲ့၊ ချိတ်ဆက်ဆောင်ရွက်ပေးရတဲ့၊ အ ဆင်ပြေချောမွေ့စေရတဲ့ "အလယ်ကလူ" လို့ဆိုရင် မှန်ပါတယ်။
ဒီတော့ အလယ်ကနေရပါတယ်ဆိုမှတော့ ဘယ်ဘက်ကိုမှ အလေး သာမှု သက်လိုက်မှု ငြas ဖြစ်လို့မရပါဘူး။ ကုမ္ပဏီ/စက်ရုံ၏ မူလရည်ရွယ် ချက်တွေကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ဖို့ ဒီအစုအဖွဲ့နှစ်ရပ် ဆက်ဆံရေးကောင်းမှ တည်ငြိမ်မှုရှိမှဆိုတော့ HR Manager အနေနဲ့ နေ့ စဉ်အခြေအနေတွေကို မျက်ခြေပြတ်လို့ မရသလို ထူးခြားမှုအချက်အလက် တွေကိုလည်း အချိန်နဲ့ တစ်ပြေးညီသိရှိထားရပါမယ်။
အထူးသဖြင့်တော့ မိမိတာဝန်ထမ်းဆောင်နေရတဲ့ ကုမ္ပဏီ/စက်ရုံတွင်း က ဝန်ထမ်းလုပ်သားထု Employee ရဲ့နေ့စဉ်အခြေအနေတွေကို ကောင်း စွာသိရှိထားရပါမယ်။ ၎င်းတို့ရဲ့ လုပ်ငန်းခွင်ဘ၀၊ စိတ်ပိုင်းဆိုင်ရာအခြေအ နေ၊ လုပ်ငန်းခွင်ပျော်ရွှင်မှုနဲ့ လုပ်သားထုအတွင်း ဆက်ဆံရေးအခြေအနေ များ စသည်တို့ကိုလည်း သိရှိအောင် ကြိုးစားရပါမယ်။
သူတို့ရဲ့ မိသားစုဘ၀ရပ်တည်မှုပုံစံ Life Style ကိုတောင် သိရှိထား ရင် ပိုမိုအကျိုးရှိတတ်ပါတယ်။ တကယ့်လက်တွေ့မှာလည်း စက်ရုံ/ကုမ္ပဏီ ရဲ့ ဝန်ထမ်းလုပ်သားအမျိုးအစားက အခြေခံအနေနဲ့ (၂)မျိုးပဲရှိတတ်ပါတယ်။ ပထမတစ်မျိုးက ရန်ကုန်ဒေသအခြေစိုက်မိသားစုကနေ ပေါက်ဖွားလာတဲ့ ဝန်ထမ်းလုပ်သားတွေဖြစ်ပြီး နောက်တစ်မျိုးကတော့ နယ်ဒေသအသီးသီး ကနေ ရန်ကုန်ဒေသကို (သို့) မြို့ကြီးပြကြီးကို တက်ရောက်လာကြပြီး ဝန် ထမ်းလုပ်သားဘ၀ကို ရောက်ရှိလာကြတဲ့သူတွေပါ။
အများအားဖြင့် အဆောင်နေသူများဖြစ်ကြပြီး "ကိုယ်သာလျှင် အမိ၊ ကိုယ်သာလျှင် အဖ" လို့ ခံယူရပ်တည်ကြသူတွေဖြစ်ကြပါတယ်။
ဒီလိုအခြေအနေတွေကို သိရှိထားမှသာ HR Manager သည် သူ တို့နှင့် ပတ်သက်လို့ ဖြေရှင်းဆောင်ရွက်ရာမှာ တိကျမှန်ကန်စွာ ဖြေရှင်း နိုင်မှာဖြစ်ပါတယ်။ တတ်နိုင်ရင်တော့ အလုပ်ရဲ့ အဓိပ္ပာယ်ရဲ့ အလုပ်လုပ် ရခြင်းအကြောင်းသာမက အလုပ်ဌာနသည် မိမိတို့အိမ်မဟုတ်ကြောင်း၊ မိမိ အနီးတွင် ဘ၀တူဝန်ထမ်းများသာရှိကြပြီး မိမိရဲ့မိသားစုဝင်တွေ မဟုတ်ကြ တဲ့အတွက် မိမိရဲ့အားနည်းချက်တွေ၊ စိတ်ဓာတ်အခြေအနေတွေကို ဦးစား ပေးစဉ်းစားကြမှာမဟုတ်ဘဲ အလုပ်ပြီးစီးအောင်မြင်ရေးကိုသာ ဦးစားပေး ကြလိမ့်မည်ဖြစ်ကြောင်း သိစေရပါမယ်။
အလုပ်လုပ်ပြီဆိုကတည်းက Housekeeping အိမ်ထောင်စုကိစ္စတွေ ကို ဆောင်ရွက်တာမဟုတ်တဲ့အတွက် တာဝန်ယူမှု Responsibility နဲ့ တာဝန်ခံမှု Accountability ဆိုတဲ့ အချက် (၂)ခုကို ခံယူထားရမှာဖြစ် ကြောင်းကိုလည်း ရှင်းလင်းထားရမှာက HR Dept: ရဲ့ တာဝန်တွေဖြစ်ပါ တယ်။
အလုပ်ရှင် Employer နဲ့ အလုပ်သမား Employee ကြားထဲမှာ တာဝန်ယူပြီး အဆင်ပြေအောင် ဆောင်ရွက်ကြသော်ငြားလည်း စိန်ခေါ်မှု Challenge ကတော့ အချိန်တိုင်းရှိတတ်ပါတယ်။ ဒါဟလည်း Problem Solving ဆိုတဲ့ HRM ထဲက တစ်ခုမို့ ကောင်းမွန်တဲ့ရလဒ်ရရှိအောင် ဆောင်ရွက်ရပါမယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့၊ Media တွေထဲမှာ ဆက် တိုက်ဖော်ပြခြင်းခံရတဲ့ အလုပ်သမားသပိတ် Labour Strike တစ်ခုကို HR Manager ရဲ့ (တစ်နည်း) ကြားက "အလယ်လူ" တစ်ဦးအနေနဲ့ သင်ခန်းစာယူစရာ၊ နောင်ဖြစ်လာနိုင်တဲ့ အခြေအနေနဲ့ ဖြစ်ခဲ့ပြီးကျန်ခဲ့တဲ့ စွတ်ကြောင်း Aftermath စသည်တို့ကို အချက်အလက်ထုတ် စဉ်းစား မိသလောက် ရေးပြချင်ပါတယ်။
"(က) နောက်ခံအကြောင်းအရာ Strike History"
အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တောင်းတယ်၊ စက်ရုံတွင်း အလုပ်သမား သမဂ္ဂက ဦးဆောင်တာဆိုတော့ အလုပ်ရှင်က သမဂ္ဂခေါင်းဆောင်နဲ့ နောက် လိုက်တွေကို အလုပ်ကထုတ်ပစ်လိုက်တယ်။ ဒီနေရာမှာ အလုပ်ထုတ်နစ် နာကြေး၊ နို့တစ်ကြေးကို မှန်မှန်ကန်ကန်တွက်ချက်ပေးရင် ဥပဒေနဲ့ မဆန့် ကျင်ပါ၊ ဒီလိုမှမဟုတ်ရင် ထုတ်လို့မရပါ။
"(ခ) ဖြစ်စဉ် Occurence"
အထုတ်ခံရတဲ့ ဝန်ထမ်း (၃၀)နှင့် ထောက်ခံသူ (၇၀)ပေါင်း (၁၀၀) က စက်ရုံကို ဆန္ဒပြသပိတ်မှောက်ပါတယ်။ Labour Strike ကစပြီ၊ ဒါပေ မဲ့ အဲဒီစက်ရုံမှာ ဒီအထဲမပါတဲ့ ဝန်ထမ်းလုပ်သားက (၉၀၀) လောက်ရှိ သေးတယ်ဆိုတော့ ဒီ Labour Strike သည် အများစုကို ကိုယ်စားပြုမှု Majority မဖြစ်ဘူးဆိုတဲ့သဘောပါပဲ။ ဒါပေမဲ့ Labour Strike တို့ ထုံးစံ အတိုင်း စက်ရုံရှေ့တံခါးကိုပိတ်ဆို့၊ တဲထိုး၊ ဗီနိုင်းဆိုင်းဘုတ်တင်၊ အလံတ လူလူလွှင့်၊ ဆောင်းဘောက်ကြီးတွေဖွင့် ကြွေးကြော်သံများ၊ ကုမ္ပဏီ/စက်ရုံ ရဲ့ ပိုင်ရှင်နဲ့ အုပ်ချုပ်ရေး၊ ထုတ်လုပ်ရေးတာဝန်ရှိသူများ (HR Manager က ထိပ်ဆုံးကပေါ့) ကို သရော်လှောင်ပြောင်ထိပါးတိုက်ခိုက်တဲ့ အသုံးအ နှုန်းတွေနဲ့ သံပြိုင်အော်ဟစ်ကြ၊ ဘယ်ကပေါ်လာမှန်းမသိတဲ့ တက်ကြွလှုပ် ရှားသူတို့၊ အရေးဆောင်ရွက်သူတို့က ဟောပြောကြ၊ လက်ခုပ်တီးကြ။
သက်ဆိုင်ရာတာဝန်ရှိသူများ Departmental Officials က လာ ရောက်ညှိနှိုင်းပေးကြ၊ (၃)ပွင့်ဆိုင် ဆွေးနွေးမအောင်မြင်။
ပိုင်ရှင်၊ Admin/HR က တစ်ဘက်၊ Labour Strike နဲ့ Activists တွေက နောက်တစ်ဘက်၊ ကြားက ဌာနဆိုင်ရာတွေက ပြောကြညှိနှိုင်းကြ နဲ့ ရက်ပေါင်းက တစ်လပြည့်တော့မယ်၊ ဒီတော့ အများစု None Strike တွေက မိမိတို့လုပ်ခလစာအတွက် မရေရာမှုကို မြင်တွေ့ရတော့ အလုပ် ကိုသာ လုပ်ချင်လာပေမယ့် သပိတ်က ပိတ်ဆို့ထားတော့မလုပ်ရ။ အခွင့် အရေးရမှာကနောက် ဒီလအတွက် လစာက မသေချာလို့ အများစုဝန်ထမ်း လုပ်သားတွေက None Strike ကနေတစ်ဆင့် Strikebreaker တွေဖြစ် လာကြပြီပေါ့။
HR Manager လုပ်တဲ့သူလည်း ဘယ်ဘက်ကိုမှ နိုင်အောင်မပြော နိုင်၊ Strikebreaker တွေကလည်း လုပ်ငန်းခွင်ဝင်ချင်တဲ့အကြေင်း HR Manager ကို နားပူနားဆာလုပ်၊ ဒါနဲ့ ပထမဦးဆုံး အလုပ်ဝင်ချင်သူအများ စုကို စက်ရုံနောက်ပေါက်ဖောက်ပြီး စက်ရုံထဲသွင်းလို့ Production ကို ရသလောက် ပြန်စရပါတော့တယ်။
Production အတော်အတန်ပြန်စလို့ရပြီဆိုတော့ ပိုင်ရှင်က နည်း နည်းစိတ်အေးသွားပြီး ဆန္ဒပြတောင်းဆိုချက် တချို့ကို တင်းခံနေ၊ ဒီတော့ သပိတ်တိုက်ပွဲရက်က ပိုကြာရှည်လာတာပေါ့။ ဒီအချက် ကိုသိတဲ့ သပိတ်မှောက်လုပ်သားတွေက အဲဒီဝင်ပေါက်ကို ပိတ် ဆို့၊ တစ်ဘက်နဲ့ တစ်ဘက် ရုန်းရင်းဆန်ခတ်ဖြစ်ကြတော့ ထိ ခိုက်ဒဏ်ရာရတာတွေဖြစ်လာပြီး နောက်ဆုံးတော့ သက်ဆိုင် ရာဒေသကြီးရဲ့ အကြီးအကဲရုံးရှေ့ကို ပိတ်ဆို့ဆန္ဒပြတာဖြစ်သွားပါ လေရော။
ဒီအဆင့်မှာကတော့ ဒေသရာထူးအကြီးဆုံးပုဂ္ဂိုလ်ကိုယ်၌က Strike-labour နဲ့ None Strikelabour တို့ ဘယ်ဟာသည် Majority ဖြစ်မှန်း သိသော်ငြားလည်း အလုပ်ရှင်နဲ့ (အများစု ဆန္ဒမပြ) အလုပ်သမားထုရဲ့ သဘောကို လွှမ်းမိုးပြီး Strike-labour တွေ တောင်းဆိုချက်တွေကို ရရှိအောင်မြင်အောင် ဆောင်ရွက်ပေးပြီး ဒီပြဿနာကို နိဂုံးချုပ်ပေးလိုက်ပါတော့တယ်။ ဒါက ဒီ Labour Strike ရဲ့ ဖြစ်စဉ်အကျဉ်း Occurence ပါပဲ။
"(ဂ) နောက်ဆက်တွဲလာတော့မည့် ဖြစ်ရပ်များ Aftermath"
အဲဒီစက်ရုံလည်း ပြန်ဖွင့်ရော ဝန်ထမ်းလုပ်သားအင်အား စုစုပေါင်း (၁၀၀၀)ကျော်မှာ ဒီဖြစ်ရပ်ကြောင့် သိုးမည်းနဲ့ သိုး ဖြူလို (၁၀၀း ၉၀၀) ရယ်လို့ ဖြစ်သွားပါပြီ။ အမိုးတစ်ခုထဲရဲ့ အောက်က ခံစားချက်မတူ၊ တွေးခေါ်ပုံမတူတဲ့ လူထုတစ်ရပ်က ကုမ္ပဏီ/စက်ရုံရဲ့ ဦးတည်ချက်ဖြစ်တဲ့ Production ကုန်ထုတ်လုပ်မှုကို တက်ညီလက်ညီလုပ်နိုင်ကြမယ်လို့ စာရှုသူထင်ပါသလား။ အဲဒီကုမ္ပဏီ/စက်ရုံရဲ့ ပိုင်ရှင်၊ HR Manager နဲ့ Production Technician/Manager တွေသာမက ယုတ်စွအဆုံး Labour Ferry တွေ စီစဉ်ပေးရတဲ့ Vehicle Supervisor တို့ပါ မိမိတာဝန်ဝတ္တရားတွေကို ယခင်ကလို ဖြောင့်ဖြောင့်တန်းတန်းလုပ်နိုင်ဖို့ မလွယ်တော့ပါဘူး။ မိမိတို့လုပ်ချင်တာ လိုချင်တာတွေ ရသွားလို့တက်ကြွတဲ့ စိတ်ဓာတ်နဲ့ တဖြတ်ဖြတ်ဖြစ်နေ တဲ့လူတစ်စုနဲ့ ရက်ပေါင်းများစွာ အော်ဟစ်ရှုတ်ချခြင်းခံခဲ့ရပြီး နောက်ဆုံး လူတစ်စုကို အရှုံးပေးခဲ့ရတဲ့ လူများစုရဲ့ သိမ်ငယ်စိတ်ကြောင့် လုပ်ငန်းနှင့် အလုပ်ရှင်အပေါ်မှာ ယုံကြည်မှုမျှော်လင့်ချက်မဲ့နေရတဲ့အခြေအနေ၊ ဒီနှစ် ရပ်ကို အဲဒီစက်ရုံရဲ့ HR Manager က ဘယ်လောက်များ Reconciliation လုပ်နိုင်ပါ့မလဲဆိုတာ နေ့စဉ်နှင့်အမျှ ရင်တထိတ်ထိတ်၊ နားတစွင့်စွင့်ဖြစ် နေရတော့မှာပါ။ တစ်ဘက်နှင့်တစ်ဘက် ပွတ်တိုက်မှုတွေက နေရာနှင့် အချိန်မရွေးဖြစ်ပေါ်လာနိုင်တာမို့ အမြဲတမ်းသတိရှိနေရပါတော့မယ်။
ဒီလိုဖြစ်ရပ်တွေဖြစ်စဉ်တွေကလည်း ဒီလောက်ခေတ်မီတဲ့ IT ခေတ် ထဲမှာ ကင်ဆာရောဂါလို ပထမတော့ Primary ကစပြီး နောက်တော့ Secondary ဖြစ်လာကာ နောက်ဆုံး Metastasis ဖြစ်တဲ့အထိ ရောက် သွားနိုင်တာကြောင့် HR Dept: နဲ့ Manager ကတော့ အလုပ်ခွင်ထဲ ရောက်ပြိဆိုတာနဲ့ ရင်ခုန်သံမြန်နေရတော့မှာဖြစ်ပါတယ်။
30/12/2018
ဒီဇင်ဘာလထုတ်HR Journalမှာဖော်ပြထားတဲ့ ဆရာစောကယ်ရီဝင်းရဲ့ ဆောင်းပါးကိုပြန်လည်ဖော်ပြပေးလိုက် ပါတယ်။။
95% vs. 5%
------------------------------
စောကယ်ရီဝင်း (KC Myanmar)
HR တွေရဲ့ မသိမသာလေးနဲ့ မှားတတ်တဲ့ အမှားတစ်ခုလို့ ပြောလို့ ရပါတယ်။ ဘယ်သူမှတော့ ငါ အမှားတစ်ခု လုပ်လိုက်ဦးမယ်လို့ တွေးမ ထားကြပါဘူး။ ဒါပေမဲ့ တစ်ခါတလေမှာ ကောင်းမယ်လို့ ထင်ပြီး လုပ်လိုက် တဲ့ လုပ်ရပ်တစ်ခုဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်သွားစေတာဆိုရင် တော့ အမှားတစ်ခုကို လုပ်လိုက်မိတယ်လို့ ပြောလို့ရမယ်မဟုတ်ဘူးလား။
အလုပ်သမားဥပဒေဆိုတာဟာ တကယ်တော့ အလုပ်ရှင်၊ အလုပ်သမား တွေအကြားမှာ နှစ်ဦးနှစ်ဖက်ရဲ့ အကျိုးကို ကာကွယ်ပေးထားတဲ့ လိုက်နာရ မယ့် အရေးကြီးစည်းမျဉ်းစည်းကမ်းတွေလို့ပြောရင် မမှားနိုင်လောက်ပါဘူး။
ဒါပေမဲ့ ဒီစည်းမျဉ်းစည်းကမ်းတွေဟာ ပြီးပြည့်စုံပြီး အရာရာမှာ သာ လွန်ကောင်းမွန်နေတယ်လို့ ပြောလို့မရနိုင်ပါဘူး။ အားသာချက်၊ အားနည်း ချက်ဆိုတာတွေကတော့ ရှိနေမှာဖြစ်ပါတယ်။ အချို့အချက်တွေက တိကျ ရှင်းလင်းပြီး၊ အချို့အချက်တွေက မေးခွန်းထုတ်စရာတွေအဖြစ် ရှိနေ တတ်ကြသေးတာကတော့ အမှန်ပါပဲ။
ဒါပေမဲ့ လက်ခံရမယ့်အချက်တစ်ခုကတော့ ဒီဥပဒေတွေရှိနေခြင်းက အလုပ်ရှင်၊ အလုပ်သမား အကြားမှာ အထိန်းအကွပ်ကို ရှိနေစေတာ အမှန်ပါပဲ။ နှစ်ဦးနှစ်ဘက်မှာ ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ မရှိရလေအောင် အဖက်ဖက်ကနေ စဉ်းစားပြီး ရေးဆွဲထားခဲ့ကြတာဖြစ်ပါတယ်။
ဒီလိုပြုလုပ်ကြတဲ့အခါမှာ ဒီဥပဒေပါ အချက်အလက်တွေဟာ ပြောရ မယ်ဆိုရင် Minimum Requirement တွေအဖြစ် ရေးဆွဲခဲ့ကြတာဖြစ်ပါ တယ်။ နှစ်ဦးနှစ်ဘက်အတွက် ထိခိုက်နစ်နာမှု မရှိစေဖို့ အနည်းဆုံး အခြေခံအားဖြင့် မဖြစ်မနေ လိုက်နာလုပ်ဆောင်ရမယ့် အချက်တွေဖြစ်ပါတယ်။
ဥပမာအားဖြင့်ပြောရရင် ဝန်ထမ်းတစ်ယောက်ဟာ တစ်နှစ်ပတ်လုံး အလုပ်လုပ်ခဲ့မယ်ဆိုရင် ခွင့်ရက် (၁၀) ရက်ကို ခံစားခွင့်ရစေရမယ်ဆိုတဲ့ အချက်ကို စဉ်းစားကြည့်နိုင်ပါတယ်။ ဒီခွင့်ရက် (၁၀) ရက်က သတ်မှတ် ချက်တွေနဲ့ ကိုက်ညီခဲ့မယ်ဆိုရင် မပေးမဖြစ်ပေးရမယ့် ခံစားခွင့်တစ်ခုဖြစ် ပါတယ်။ ဒါဟာ အနိမ့်ဆုံးသတ်မှတ်ချက် Minimum Requirement တစ်ခုပဲဖြစ်ပါတယ်။ ဒီထက်တော့ လျှော့ပေးလို့မရပါဘူး။ ဒါကိုပြောချင်တာ ဖြစ်ပါတယ်။
ဒီနေရာမှာ စဉ်းစားရမှာက ဒီထက် လျော့ပေးလို့ မရဘူးဆိုပေမယ့် ဒီထက်သာလွန်ကောင်းမွန်အောင်တော့ ပေးလို့မရဘူးလို့ သတ်မှတ်ချက် မရှိဘူးဆိုတာပဲဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်အတွက် အကျိုးရှိစေမယ်ဆိုရင် ဥပa’ရဲ့သတ်မှတ်ချက်ထက် ပိုမိုကောင်းမွန်အောင် ပေးလို့ရပါတယ်။ စဉ်း စားပေးသင့်တဲ့ အချက်တစ်ခုလည်းဖြစ်ပါတယ်။
အခုအချိန်မှာ ဒီအချက်ကို လက်ခံအကောင်အထည်ဖော်လုပ်ဆောင် နေတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေ အများအပြားရှိလို့နေပါတယ်။ ဥပမာ Telenor Myanmar မှာဆိုရင် မီးဖွားခွင့်ကို လစာဖြင့် (၆) လအထိ ခံစားခွင့်ပေးထားပါတယ်။ KBZ Bank မှာဆိုရင် ရှောင်တခင်ခွင့်ကို (၁၀) အထိ ယူခွင့်ပြုထားပါတယ်။ အဓိကပြောချင်တာကတော့ ဥပဒေရဲ့ သတ် မှတ်ချက်တွေကို လိုက်နာရုံမကဘူး သာလွန်ကောင်းမွန်အောင် စဉ်းစားဆုံး ဖြတ်ပေးတာဟာ ကောင်းတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလိုကောင်းမွန်အရာတွေကို ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ၉၅% လျ. ၅% အရာကြောင့် ပျက်စီးသွားစေတတ်ကြတယ်ဆိုတာကို HR လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေကြတဲ့သူတွေကို သိစေ ချင်တာဖြစ်ပါတယ်။
ဒီ ၉၅% vs. ၅% ဆိုတာကို အထူးတလည် နားလည်ကြဖို့အတွက် ဥပမာလေးတစ်ခုနဲ့ ရှင်းပြချင်ပါတယ်။ အလုပ်သမား ဥပဒေအရ ဝန်ထမ်း များကို ဆေးခွင့်အနေနဲ့ ဆရာဝန်ရဲ့ ဆေးစာအရ တစ်နှစ်မှာ ရက် (၃၀) ယူခွင့်ရရှိနေစေပါတယ်။
ဒါပေမဲ့ အပေါ်မှာပြောခဲ့သလိုပဲ လုပ်ငန်းအဖွဲ့အစည်းတွေက ဥပဒေ ထက် သာလွန်ကောင်းမွန်အောင် စဉ်းစားသတ်မှတ်ပေးတတ်ကြပါတယ်။ အဲ့ဒါကတော့ နေထိုင်မကောင်းလို့ ဆေးခွင့်တစ်ရက်လောက် ယူကြတဲ့အခါ မှာ ဆရာဝန်ရဲ့ ဆေးစာကို တင်ပြစရာ မလိုအပ်ပါဘူးဆိုပြီး သတ်မှတ်ပေးတာ ဖြစ်ပါတယ်။
ဒီလိုသတ်မှတ်ချက်ဟာ ဝန်ထမ်းများကို အရမ်းကို အဆင်ပြေစေတာ ဖြစ်ပါတယ်။ သတ်မှတ်ဆရာဝန်ရဲ့ ဆေးစာကို ရရှိဖို့ဆိုတာက လွယ်တဲ့ အလုပ်တော့ မဟုတ်ပါဘူး။ အထူးသဖြင့် နေထိုင်မကောင်းဖြစ်နေတဲ့ အခု လို အချိန်ခါမျိုးတွေမှာဆိုရင် ခက်ခဲတတ်ပါတယ်။ အိမ်သုံးဆေးလေးသောက် ပြီး အနားယူလိုက်ရင် သက်သာသွားနိုင်မယ့် အနေအထားမျိုးမှာ ဆေးစာ တစ်ခုရရှိဖို့အတွက် ၎င်းဆရာဝန်ရှိရာကို သွားရမယ့်ကိစ္စက အတော်ဝန် လေးဆရာဖြစ်ပါတယ်။
အခုလို လုပ်ငန်းအဖွဲ့အစည်းက ဆေးခွင့်တစ်ရက်ကို ဆေးစာမလိုပါ လို့ သတ်မှတ်ပေးလိုက်တာဟာ အတော်ကို ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်နေရာမဆို ရပိုင်ခွင့်ကို အလွဲသုံးစားလုပ်ကြတာ မျိုးဟာ ရှိနေတတ်ကြပါတယ်။ အချို့သော စုန်းပြူးဝန်ထမ်းတချို့က အခုလို ခွင့်ပြုပေးထားတဲ့အရာတွေကို အလွဲသုံးစား လုပ်လာတတ်ကြတာကို HR တွေက သတိထားမိလာကြပါတယ်။
ရုံးပိတ်ရက်အပြီးနောက်နေ့တွေမှာ ဆေးခွင့်တစ်ရက်ကို အမြဲလိုလို ယူတတ်ကြတာတွေအား သတိထားလာမိတတ်ကြပါတယ်။ ဒီအချက်ဟာ HR အချို့ကို အတော်လေး မခံမရပ်နိုင်ဖြစ်စေတတ်ပါတယ်။ ဒီလောက် ကောင်းအောင် လုပ်ပေးထားတာကို အလွဲသုံးစားပြုရက်လေခြင်းဆိုပြီး စိတ်မကောင်းဒေါသဖြစ်တတ်ကြပါတယ်။ ပိုဆိုးတာက ခွင့်ပြုထားခဲ့တဲ့ ဆေးခွင့်တစ်ရက် ဆေးစာမလိုဘူးဆိုတဲ့အရာကို ပြန်လည်ရုတ်သိမ်းလိုက် တာမျိုးတွေအထိ လုပ်လိုက်တတ်ကြပါတယ်။
ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ၉၅% vs. ၅% ဆိုတဲ့အရာကို ကျူးလွန် မိလိုက်တတ်ကြပါတယ်။ ဟုတ်ပါတယ်။ ဒီခွင့်ပြုချက်ကို အလွဲသုံးစားပြု ကြတယ်ဆိုတာဟာ အများဆုံးအယောက်တစ်ရာမှာ ငါးယောက်လောက်ပဲ ရှိတတ်တာဖြစ်ပါတယ်။ ကျန်တဲ့ (၉၅) ယောက်က အလွဲသုံးစားမလုပ်ဘဲ ကျေနပ်စွာလိုက်နာကြလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီလို ၅% မကောင်းတဲ့ သူတွေကို ပညာပေးဆုံးမချင်တာကြောင့် ၉၅% သော ကောင်းတဲ့ ဝန်ထမ်းတွေကို စိတ်ပျက်သွားစေပါတယ်။ ဒါဟာ ၉၅% vs. ၅% ပဲ ဖြစ်ပါတယ်။
အခုရှင်းပြခဲ့တဲ့ ဥပမာကို HR တွေအနေနဲ့ လေးလေးနက်နက် စဉ်း စားဆင်ခြင်သင့်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းအဖွဲ့အစည်းတွေရဲ့ ကောင်းမွန်တဲ့ အလေ့အထတွေကို ဘာမှမဟုတ်တဲ့ လူနည်းစု လက်တစ်ဆုတ်စာ လူများ ကြောင့် ပျက်စီးလို့နစ်နာသွားတာမျိုးကို ခွင့်မပြုသင့်ပါဘူး။
အများစုအပေါ် သက်ရောက်မှုရှိမယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်အ ကောင်အထည်ဖော်လုပ်ဆောင်ကြတော့မယ်ဆိုရင် ဒီ ၉၅% vs. ၅% ဆိုတဲ့ သတိပေး စဉ်းစားစရာအချက်ကို မမေ့မလျော့ ဆင်ခြင်သုံးသပ်ပေးစေလိုပါ တယ်။ မကောင်းတဲ့ အနည်းစုကိစ္စအတွက် အများစုရဲ့အကျိုးကို ထိခိုက် နစ်နာသွားစေတာမျိုး မရှိစေဖို့ဖြစ်ပါတယ်။ ပြဿနာရှိနေတဲ့ လူနည်းစုကို လူအများစုအား ထိခိုက်နစ်နာစေခြင်းမရှိဘဲ ကိုင်တွယ်ဖြေရှင်း အရေးယူ ဆောင်ရွက်နိုင်ကြစေဖို့ ဒီဆောင်းပါးလေးအားဖြင့် စဉ်းစားစရာအတွေးတစ်ခု ပေးလိုက်ရပါတယ်။
ကျေးဇူးတင်ပါတယ်။
Urgent Need
08/12/2018
တရားမဝင်လာရောက်အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို အရေးယူနိုင်မယ့် နိုင်ငံခြားသားအလုပ်သမားဥပဒေ လွှတ်တော်ကို တင်နိုင်ဖို့ ကြိုးစားနေပါတယ်။
သတင်းအပြည့်အစုံ.....
တရားမဝင် နိုင်ငံခြားအလုပ်သမားများကို အရေးယူနိုင်မည့် နိုင်ငံခြားသားအလုပ်သမား ဥပဒေ လွှတ် တရားမဝင် လာရောက် လုပ်ကိုင်သည့် နိုင်ငံခြားသားအ လုပ်သမားများကို အရေးယူနိုင် မည့် နိုင်ငံခြားသားအလုပ်သမား ဥ....
စွမ်းဆောင်ရည်မြင့်မားတဲ့ ဦးဆောင်သူတွေမှာ တွေ့ရတတ်တဲ့အချက် (၂) ချက် ရှိပါတယ်။
သူတို့မှာ
(၁) ခိုင်မာတဲ့ရည်မှန်းချက်တွေ ရှိကြတယ်။
(၂) သူတို့ရည်မှန်းချက်ကို ရောက်အောင်သွားတဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးကြတဲ့ နောက်လိုက်တွေကို ဆွဲဆောင်နိုင်ကြပါတယ်။
အဲဒါကြောင့် သင့်အနေနဲ့ ဘယ်နယ်ပယ်မှာ လုပ်နေသည်ဖြစ်ပါစေ လူတွေကို ထိထိရောက်ရောက် ဦးဆောင်ဖို့ဆိုရင် ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက် အိပ်မက်တစ်ခု ရှိထားဖို့ အရင်ဆုံးလိုအပ်ပါတယ်။
သင့်မှာရော အဲဒီလို ခိုင်မာတဲ့ရည်မှန်းချက် ရှိရဲ့လား။
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ရအောင်… သင် အရမ်းဖြစ်ချင်နေတဲ့ အိပ်မက်၊ ရည်မှန်းချက်က ဘာလဲ။
စဉ်းစားကြည့်ပါ… သင် အခုတွေးနေမိတဲ့ အဲ့ဒီရည်မှန်းချက်ကို ရဖို့အတွက် ဘယ်လောက်အထိ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလဲ။
သင့်မှာ ရည်မှန်းချက်ရှိလားလို့ မေးလာရင် ရှင်းလင်းတိကျစွာ ပြောနိုင်ပါသလား။
သင်ချမှတ်ထားတဲ့ ရည်မှန်းချက်အိပ်မက်ဟာ သင်အမှန်တကယ်ရယူနိုင်တဲ့ အရာတစ်ခု ဖြစ်နေရဲ့လား။
အဲဒီ အိပ်မက်ဟာ သင့်အတွက် အမှန်တကယ်အကျိုးပြုမယ့် ရည်မှန်းချက် အိပ်မက်တစ်ခု ဟုတ် မဟုတ် သင့်အနေနဲ့ စစ်ဆေးကြည့်ချင်လား။
အဲဒီလိုဖြစ်နေရင်တော့ ဒီစာက သင့်အတွက်ဆိုတာ သေချာပါပြီ။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
လူတိုင်း လူတိုင်း ငယ်စဉ်ဘ၀က ရည်မှန်းချက် အိပ်မက်တွေ ရှိကြပါတယ်။ ဒါပေမယ့် အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာ အကြောင်းကြောင်းသော အကြောင်းတွေကြောင့် အဲဒီ ရည်မှန်းချက် အိပ်မက်တွေဟာ ပျောက်ကွယ်သွားကြသလို နောက်ထပ် အိပ်မက်အသစ်တစ်ခုမက်ဖို့ကိုလည်း တွန့်ဆုတ်နေတတ်ကြပါတယ်။
အချို့သောသူတွေကျတော့ ရည်မှန်းချက်ပန်းတိုင်တစ်ခု ရှိတယ်။ အဲဒါကို အမှန်တကယ်ရယူမယ်ဆိုတဲ့ ယုံကြည်မှုလည်း ရှိပေမယ့် တကယ့်တကယ်တန်း အကောင်အထည်ဖော်တဲ့အချိန်မှာ ကြိုတင်ပြင်ဆင်မှု အားနည်းမှုကြောင့် အခက်အခဲတွေ ကြုံတွေနေရသူတွေလည်း ရှိပါတယ်။ အဲဒီအကြောင်းရင်းကတော့ သူတို့ဟာ စကတည်းက ပုံစံမကျတဲ့ ရည်မှန်းချက်အိပ်မက်တစ်ခုကို လွဲမှားစွာနဲ့ ဆွဲဆောင်နေတတ်ကြလို့ပဲ ဖြစ်ပါတယ်။
သင့်ရည်မှန်းချက်ဟာ
- သင်ဝါသနာပါတဲ့ အဆိုတော်အလုပ် ဖြစ်ချင်ဖြစ်မယ်၊
- ကုမ္ပဏီကြီးတစ်ခုမှာ Department Head တစ်ယောက်ဖြစ်ချင်တာ ဖြစ်ချင်ဖြစ်မယ်၊
- စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ဖြစ်ချင်ဖြစ်မယ်၊
- Professional Business Coach တစ်ယောက်လည်း ဖြစ်နိုင်သလို
- လက်ရှိအောင်မြင်နေပြီးသား လုပ်ငန်းကို ပိုပြီး အောင်မြင်အောင် ချဲ့ထွင်ဖို့လည်း ဖြစ်နိုင်ပါတယ်။
သင့်ရည်မှန်းချက် အိပ်မက်ဟာ သင့်အတွက် သင့်မိသားစုအတွက် သင့်ကို မှီခိုနေသူတွေအတွက် အကျိုးပြုမှာလား၊
အဲဒီလမ်းကြောင်းကို သင်အမှန်တကယ်လိုက်သင့်ရဲ့လား၊ အဲဒီလို မစတင်ခင်မှာ ဘာတွေကို ပြင်ဆင်ရမလဲ။
လက်ရှိအခက်အခဲ အကြပ်အတည်းကနေ လွတ်မြောက်ဖို့အတွက် ဘယ်လိုရည်မှန်းချက်ကို ချမှတ်သည် ဖြစ်ပါစေ။ အဲဒါကို စစ်ဆေးကြည့်ဖို့ အလွယ်ကူဆုံး နည်းလမ်းတစ်ခု ရှိပါတယ်။
အဲဒါကတော့ သင့်ရဲ့ ခေါင်းဆောင်မှုအိပ်မက်ကို စတင်အကောင်အထည်မဖော်ခင်မှာ စနစ်တကျ စစ်ဆေးကြည့်ဖို့ပါပဲ။
အဲ့ဒါနဲ့ပတ်သက်ပြီး သင့်ရည်မှန်းချက် အိပ်မက်ကို ဆန်းစစ်လို့ရနိုင်မယ့် အဓိကကျတဲ့ မေးခွန်း (၁၀) ခု ရှိပြီး အဲဒီမေးခွန်းတွေကို World No.1 Leadership Expert Dr. John C. Maxwell ကိုယ်တိုင် ပြုစုထားတာ ဖြစ်ပါတယ်။ တစ်ခုချင်းရဲ့ အောက်မှာလဲ အသေးစိတ်အချက်တွေ ထပ်ပြီးတော့ ပါဝင်ပါတယ်။
သင့်ရဲ့ ၂၀၁၉ နှစ်သစ်အတွက် အချိန်ကို အကောင်းဆုံးအသုံးပြုတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး Coaching Firm တစ်ခုဖြစ်တဲ့ Breakthrough Coaching, Training & Consulting ကနေ ရန်ကုန်မြို့မှာ ဖွင့်လှစ်မယ့် Designing Leadership Dream (DLD) သင်တန်းကို လာရောက်လေ့လာရင်း အကောင်းဆုံး ပြင်ဆင်နိုင်ပါတယ်။
ယခုသင်တန်းကို မြန်မာနိုင်ငံမှ ပထမဆုံး John Maxwell Team Member များ ဖြစ်ကြသော Breakthrough Coaching, Training & Consulting မှ ဦးနိုင်ဝင်းအောင်၊ ဦးကိုကိုအောင်၊ ဦးနိုင်လိုမွန်နှင့် ဦးလင်းလင်းထွန်း တို့မှ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
Program Title:
-----------------
Designing Leadership Dream (DLD):
Put Your Dream To The Test
Facilitators:
-----------------
U Ko Ko Aung (Professional Business Coach)
U Nai Lo Mung (Professional Business Coach)
U Lin Lin Tun (Professional Business Coach)
Guest Speaker
-----------------
U Naing Win Aung (Myanmar No.1 Business & Executive Coach)
Date:
--------
22-23 December 2018
အချိန် - မနက် ၉ နာရီမှ ညနေ ၇ နာရီအထိ (မိတ်ဆွေများအတွက် သင်ကြားမှုကို အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်၍ သင်တန်းပြီးဆုံးချိန် ည ၈ နာရီအထိ အချိန်ယူနိုင်ပါသည်။)
----------------------------------------
Event Location:
-------------------
Taw Win Garden Hotel (Grand Ballroom)
8th Floor, No.45, Pyay Road, Yangon
Price:
-------
Original Price: 149,500 Ks
Early Bird Price (Until 15th Dec 2018): 49,500 Ks
Early Bird Price (Until 19th Dec 2018): 59,500 Ks
Contact Number:
----------------------
09765222107, 09765222108, 09765222109
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
တက်ရောက်သင့်သောသူများ
--------------------------------
- စီးပွားရေးလုပ်ငန်းရှင်များ
- မန်နေဂျာများ
- Supervisor များ
- အလုပ်အကိုင်တိုးတက်မှုကို လိုလားသူများ
- ဘ၀တိုးတက်ရာ တိုးတက်ကြောင်းကို ရှာဖွေလိုသော လူငယ်များ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ဦးနိုင်ဝင်းအောင်၏ ကိုယ်ရေးအကျဉ်း
---------------------------------------
ဦးနိုင်ဝင်းအောင်သည် မြန်မာနိုင်ငံသို့ American Board of NLP, John Maxwell Team, Canfield Training Group, Les Brown Unlimited Team နှင့် Professional Business Coaches Alliance (PBCA) တို့မှ နိုင်ငံတကာအသိအမှတ်ပြု Neuro Linguistic Programming (NLP), Professional Coaching နှင့် Leadership Program များကို ယူဆောင်လာပြီး မြန်မာနိုင်ငံတွင် Coaching Culture ကို စတင် ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ခဲ့သူတစ်ဦး ဖြစ်သည်။
သူသည် University of Northampton (UK) မှ MBA ဘွဲ့ကို ရရှိခဲ့ပြီး American Board of NLP မှ အသိအမှတ်ပြု Certified NLP Trainer & Master Coach နှင့် Certified Master Time Line Therapist တစ်ဦးဖြစ်သည်။
ထို့အပြင် ဦးနိုင်ဝင်းအောင်သည် မြန်မာနိုင်ငံမှ ပထမဆုံး Canfield Certified Success Principles Trainer နှင့် ပထမဆုံး Les Brown Unlimited Team Certified Coach, Trainer & Speaker ဖြစ်သည့်အပြင် Former Steve Jobs Coach ဖြစ်သော John Mattone အသိအမှတ်ပြုသည့် မြန်မာနိုင်ငံမှ ပထမဆုံး Intelligent Leadership Executive Coach ဖြစ်ပါသည်။
သူသည် မြန်မာနိုင်ငံတွင် မြောက်အမေရိကအခြေစိုက် Professional Business Coaches Alliance ထံတွင် သွားရောက်လေ့လာထားသော ပထမဆုံးနှင့် တစ်ဦးတည်းသော Certified Professional Business Coach ဖြစ်ပါသည်။
လုပ်ငန်းအတွေ့အကြုံအနေဖြင့် သူသည် YKKO Group of Companies Limited တွင် Executive Director အဖြစ်ဖြင့် Operation Department နှင့် HR Department များကို စုစုပေါင်း ၉ နှစ်ဝန်းကျင် တာဝန်ယူခဲ့ပြီး ၀န်ထမ်းပေါင်း ထောင်ကျော်နှင့် မန်နေဂျာများစွာကို ဦးဆောင်ခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံတွင် Professional Coaching Culture ဖွံ့ဖြိုးတိုးတက်စေရန်အတွက် US အခြေစိုက် Professional Business Coaches Alliance (PBCA) ၏ Certified Professional Business Coach သင်တန်းကို မြန်မာနိုင်ငံတွင် Exclusive Right ဖြင့် သင်ကြားပေးလျက်ရှိပြီး Professional Business Coach ပေါင်းများစွာကို သင်ကြားပေးပြီး ဖြစ်ပါသည်။
ယခုအခါတွင် Breakthrough Coaching, Training & Consulting တွင် C.E.O, Executive & Business Coach, Master Facilitator, Leadership Development Trainer အဖြစ်လည်းကောင်း၊ Mystery Shoppers Myanmar Company Limited တွင် C.E.O အဖြစ်လည်းကောင်း၊ The John Maxwell Team တွင် Independent Executive Director အဖြစ်လည်းကောင်း၊ Professional Business Coaches Alliance (PBCA Myanmar) တွင် President အဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယခုအချိန်အထိ လုပ်ငန်းရှင်ပေါင်းများစွာကို သိသာထင်ရှားသော ရလဒ်များ ရရှိစေသည့် တစ်ဦးချင်း Executive Coaching ၀န်ဆောင်မှုများ၊ လုပ်ငန်းပေါင်းများစွာအတွက် Team Coaching နှင့် Corporate Leadership Training ၀န်ဆောင်မှုများကို ဆောင်ရွက်ပေးပြီး ဖြစ်ပါသည်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ဦးကိုကိုအောင်၏ ကိုယ်ရေးအကျဉ်း
--------------------------------------
ဦးကိုကိုအောင်သည် ခေါင်းဆောင်မှုနှင့်ပတ်သက်ပြီး နိုင်ငံတကာက Leadership Expert တဦးအဖြစ် သတ်မှတ်ခံထားရသည့် Dr. John C. Maxwell ၏ Certified John Maxwell Coach, Trainer, Speaker & Teacher တဦးဖြစ်သည်။ သူသည် အမေရိကန်အခြေစိုက် Professional Business Coaches Alliance (PBCA) ၏ သင်ရိုးအတိုင်း PBCA Myanmar နှင့် Breakthrough Coaching, Training & Consulting မှ သင်ကြားသော Professional Business Coach သင်တန်းကို တက်ရောက်ပြီး PBCA အသိအမှတ်ပြု Certified Professional Business Coach တစ်ဦးလည်း ဖြစ်ပါသည်။
ဦးကိုကိုအောင်သည် အမေရိကန်ရှိ The American Board of Neuro-Linguistic Programming (ABNLP) အဖွဲ့အစည်း၏ အသိအမှတ်ပြု Certified NLP Trainer ၊ Certified NLP Master Coach နှင့် Certified Master Time Line Therapist (TLTA) တဦးလည်း ဖြစ်ပါသည်။ ထို့အပြင် လူတို့၏ အခြေခံအပြုအမူများကို လေ့လာသည့် DISC ပညာရပ်နှင့်ပတ်သက်ပြီး Certified Extended DISC Master Trainer တဦးလည်း ဖြစ်ပါသည်။
ဦးကိုကိုအောင်သည် မြန်မာနိုင်ငံ အနှံ့ရှိ ဟိုတယ်ကြီးများ
နှင့် Hospitality Life တွင် General Manager အနေဖြင့် အနှစ် ၃၀ ဝန်းကျင် လုပ်ကိုင်လာခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။
ယခုအခါတွင် Breakthrough Coaching, Training & Consulting တွင် Managing Director & Business Coach, Leadership Development Trainer အဖြစ်လည်းကောင်း၊ Mystery Shoppers Myanmar Company Limited တွင် Executive Director အဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။
ဦးကိုကိုအောင် အနေဖြင့် နိုင်ငံတကာအဆင့်မှီ ဟိုတယ်ကြီးများ၊ အပျော်စီးသဘောင်္နှင့် မြန်မာနိုင်ငံ၏ နာမည်ကြီးစားသောက်ဆိုင်လုပ်ငန်းစု အစရှိတဲ့ ဝန်ဆောင်မှုလုပ်ငန်းများတွင် နှစ်ပေါင်း( ၂၅ ) နှစ်ကျော် စီမံခန့်ခွဲမှုအတွေ့အကြုံရှိသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များကို Business Coaching (One on One) ၊ Team Coaching နှင့် Corporate Training ဝန်ဆောင်မှုများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ဦးနိုင်လိုမွန်၏ ကိုယ်ရေးအကျဉ်း
-----------------------------------
ဦးနိုင်လိုမွန်သည် ခေါင်းဆောင်မှုနှင့်ပတ်သက်ပြီး နိုင်ငံတကာက Leadership Expert တဦးအဖြစ် သတ်မှတ်ခံထားရသည့် Dr. John C. Maxwell ၏ Certified John Maxwell Coach, Trainer, Speaker & Teacher တဦးဖြစ်သည်။ သူသည် အမေရိကန်အခြေစိုက် Professional Business Coaches Alliance (PBCA) ၏ သင်ရိုးအတိုင်း PBCA Myanmar နှင့် Breakthrough Coaching, Training & Consulting မှ သင်ကြားသော Professional Business Coach သင်တန်းကို တက်ရောက်ပြီး PBCA အသိအမှတ်ပြု Certified Professional Business Coach တစ်ဦးလည်း ဖြစ်ပါသည်။
ဦးနိုင်လိုမွန်သည် အမေရိကန်ရှိ The American Board of Neuro-Linguistic Programming (ABNLP) အဖွဲ့အစည်း၏ အသိအမှတ်ပြု Certified NLP Trainer ၊ Certified NLP Master Coach နှင့် Certified Master Time Line Therapist (TLTA) တဦးလည်း ဖြစ်ပါသည်။ ထို့အပြင် လူတို့၏ အခြေခံအပြုအမူများကို လေ့လာသည့် DISC ပညာရပ်နှင့်ပတ်သက်ပြီး Certified Extended DISC Master Trainer တဦးလည်း ဖြစ်ပါသည်။ သူသည် The University of Northampton (UK) မှ Master of Business Administration (MBA) Degree အား ရယူထားပါသည်။
ယခုအချိန်တွင် Mystery Shoppers Myanmar တွင် Managing Director အဖြစ်လည်းကောင်း၊ Breakthrough Coaching, Training & Consulting တွင် Executive Director အဖြစ်လည်းကောင်း တာဝန်ယူထားသလို စီးပွားရေးလုပ်ငန်းများ ပိုမိုစနစ်ကျလာစေရန်နှင့် လက်ရှိအခြေအနေမှ နောက်တဆင့်သွားလိုသည့်နေရာကို ရှင်းရှင်းလင်းလင်းသိရှိပြီး လုပ်ဆောင်ရမည့်အချက်များကို ဖော်ထုတ်ပေးရန် Strategic Planning Team Coaching ၀န်ဆောင်မှုများလည်း ပေးလျက်ရှိသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအတွက် Business Coaching များကို ဆောင်ရွက်ပေးလျက် ရှိပါသည်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ဦးလင်းလင်းထွန်း၏ ကိုယ်ရေးအကျဉ်း
-----------------------------------------
ဦးလင်းလင်းထွန်းသည် ခေါင်းဆောင်မှုနှင့်ပတ်သက်ပြီး နိုင်ငံတကာက Leadership Expert တဦးအဖြစ် သတ်မှတ်ခံထားရသည့် Dr. John C. Maxwell ၏ Certified John Maxwell Coach, Trainer, Speaker & Teacher တဦးဖြစ်သည်။ သူသည် အမေရိကန်အခြေစိုက် Professional Business Coaches Alliance (PBCA) ၏ သင်ရိုးအတိုင်း PBCA Myanmar နှင့် Breakthrough Coaching, Training & Consulting မှ သင်ကြားသော Professional Business Coach သင်တန်းကို တက်ရောက်ပြီး PBCA အသိအမှတ်ပြု Certified Professional Business Coach တစ်ဦးလည်း ဖြစ်ပါသည်။
ဦးလင်းလင်းထွန်းသည် အမေရိကန်ရှိ The American Board of Neuro-Linguistic Programming (ABNLP) အဖွဲ့အစည်း၏ အသိအမှတ်ပြု Certified NLP Trainer ၊ Certified NLP Master Coach နှင့် Certified Master Time Line Therapist (TLTA) တဦးလည်း ဖြစ်ပါသည်။
ထို့အပြင် လူတို့၏ အခြေခံအပြုအမူများကို လေ့လာသည့် DISC ပညာရပ်နှင့်ပတ်သက်ပြီး Certified Extended DISC Master Trainer တဦးလည်း ဖြစ်ပါသည်။ ဦးလင်းလင်းထွန်းသည် မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် America No. 1 Success Coach ဖြစ်သူ Mr. Jack Canfield ရဲ့ အသိအမှတ်ပြု Certified Trainer တစ်ဦးလည်းဖြစ်ပါသည်။
ဦးလင်းလင်းထွန်းသည် ရောင်းအားအကောင်းဆုံးစာရင်းဝင် စာအုပ်များဖြစ်သည့် "ဇီးရိုးမှ ဟီးရိုးဖြစ်ခဲ့ကြသည့် ဘီလျံနာများ၊ စွန့်ဦးတီထွင်သူများနှင့် NLP မိတ်ဆက်" နှင့် "အသက်ငယ်ငယ်ဖြင့် အောင်မြင်နေကြသည့် စီးပွားရေးလုပ်ငန်းရှင်များ" စာအုပ် (၂) ကို ရေးသားထုတ်ဝေထားသူလည်း ဖြစ်သည်။ ထို့အပြင် သူသည် Myanmar B2B Management Magazine ၏ ပင်တိုင်ဆောင်းပါးရှင်လည်း ဖြစ်သည်။
ယခုအခါတွင် ဦးလင်းလင်းထွန်းသည် Breakthrough Coaching, Training & Consulting တွင် Director တစ်ဦး အဖြစ်တာဝန်ယူဆောင်ရွက်လျက် ရှိသည့်အပြင် စီးပွားရေးလုပ်ငန်းရှင်များနှင့် နယ်ပယ်အသီးသီးမှ ဦးဆောင်သူများအတွက်Extended DISC Behavioral Assessment ၀န်ဆောင်မှုများ ပြုလုပ်ပေးနေသည့်အပြင် Business Coaching ၀န်ဆောင်မှုများလည်း ပံ့ပိုးပေးလျက် ရှိပါသည်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
N0(60), South MyaSabal Street, MaYanGon Township
Yangon
11061
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |