Japan Innovation Academy Yangon
06/05/2020
" ဂျပန်လူမျိုးတွေ၏ ယဉ်ကျေးတဲ့ အပြုအမူများ ကိုတန်ဖိုးထားခြင်း"
ဂျပန်လူမျိုး တွေဟာ ယဉ်ကျေးတဲ့ အပြုအမူတွေကို စောင့်ထိန်းရတာ အရမ်းသဘောကျပါတယ်။
ဂျပန်နိူင်ငံ က ပင်လယ်တွေ ဝိုင်းရံနေတဲ့ကျွန်းနိူင်ငံ ဖြစ်ပါတယ်🗾
ဒါ့အပြင် ဂျပန်နိုင်ငံမှာ ငလျင်နှင့်တိုင်ဖွန်းမုန်တိုင်းများ ကဲ့သို့သောသဘာဝ ဘေးအန္တရာယ် တွေကလည်း အလွန်ကြီးမားတဲ့ အတွက် ဂျပန်လူမျိုး တွေဟာ အချင်းချင်း အကူအညီ အထောက်အပံ့ မပေးဘဲနဲ့ အသက်ရှင် နေထိုင်ဖို့ မလွယ်ကူပါဘူး 👨👨👧👦
မိဘတွေဟာ ကလေးတွေကို ငယ်စဥ်မှာ တည်းက မိမိရဲ့ အပြုအမူကြောင့် အခြားသူတွေကို အနှောင့်ယှက် မပေးမိ စေဖို့ သင်ကြားပေးကြပါတယ်⛹️
မိမိရဲ့အပြုအမူကြောင့် အခြားသူစိတ်အနှောက်ယှက် မဖြစ်စေရန် တွေးပြီး၊ တခြားသူ စိတ်ကျေနပ်စေရန် ကြိုး စား နေထိုင်ပေးတဲ့ ကြင်နာတတ်သည့် ဂျပန်လူမျိုးတွေ လည်းအများကြီးရှိပါတယ် 🤵
ဂျပန်လူမျိုးတွေရဲ့ အဓိကကျင့်ဝတ်တွေကတော့ တခြားသူ တွေကို စိတ်အနှောက်အယှက် မဖြစ်စေတာပါ
ဒါ့ကြောင့် ဧည့်ဝတ်ကျေပွန်ခြင်းကဂျပန်တွေ ရဲ့ မြင့်မားတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်လာခဲ့ပါတယ် 🙇
အားလုံးပဲ ဂျပန်ကိုသွားလည်မယ်ဆိုလျှင် ဂျပန် နိူင်ငံရဲ့ ယဉ်ကျေးမှု၊ ကျင့်ဝတ်ကောင်းတွေကို ပိုမိုပြီး သိသွားလိမ့်မယ်လို့ ထင်ပါတယ်နော် ☺️
23/03/2020
🌸 🌸 🌸 March လကုန် April လအစမှာ
ဂျပန်နိုင်ငံ (Tokyo)မြို့တွင် ဆာကူရာပန်းတွေ
ဝေဆာနေအောင် ပွင့်တော့မှာဖြစ်ပါတယ်.......
ထိုပန်းတွေဟာ မှင်သက်ငေးမော စရာကောင်းလောက်အောင်လှပပြီး ပန်းပွင့်ချိန်ကတော့
အင်မတန်မှ တိုတောင်းလှပါတယ်..... 🌸 🌸 🌸
Click here to claim your Sponsored Listing.
Category
Website
Address
No. 149, 11st Floor, AMBO Tower, Bo Aung Kyaw Road, Kyauktada Township
Yangon