Plus Logistics - Yangon Office
28/12/2023
Bagan- NyaungOo- Popa Trip
အေးမြလှတဲ့ ဒီဇင်ဘာလရုံးပိတ်ရက်ကလေးမှာ A.C.R Thukhachanthar.Co.,Ltd ရှိ Plus Logistics အဖွဲ့သားများ နှင့် Daiki Axis အဖွဲ့သားများ အတူတကွ အညာဒေသရဲ့ အလှအပလေးထဲကတစ်ခုဖြစ်တဲ့ ယူနက်စကိုရဲ့ သမိုင်း ဝင် ပုဂံပြည်နှင့်အတူ ပုပ္ပါးတောင်ကလပ်သို့ ပျော်ရွှင်ဖွယ်ရာ အလည်ခရီးစဉ်လေး တစ်ခေါက် လည်ပတ်ခဲ့ကြပါ တယ်။ ဝန်ထမ်းများ၏ ပုဂံ- ညောင်ဦး- ပုပ္ပားခရီးစဉ်မှ ကြည်နူးဖွယ်ရာ ပုံရိပ်အချို့ကို အမှတ်တရအဖြစ် တင် ပေးလိုက်ပါတယ်ခင်ဗျ၊ ရှင့်။
အခုလိုမျိုး အပျော်ခရီးများပို့ဆောင်ပေးရတဲ့အတွက်လည်း A.C.R Thukhachanthar.Co.,Ltd မှ ဝန်ထမ်းများနှင့်အတူ ထပ်တူပျော်ရွှင်ရမိကြောင်းနှင့် အပျော်များ ကူးစက်သွားစေရန်အတွက် Plus Logistics မှ မျှဝေပေးလိုက်ပါတယ်။
“ယုံကြည် - စိတ်ချ - မြန်ဆန် Plus Logistics”
Plus Logistics
☎️: 09250007541/ 09444960959
🪩: www.PLUSLOGISTICS.NET
📍: အမှတ် (၃၄)၊ အောင်မင်္ဂလာလမ်း၊ ၇ မိုင်၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
21/12/2023
မင်္ဂလာပါခင်ဗျ၊ မင်္ဂလာပါရှင့်။
ယခုအခါတွင် Plus Logistics မှ တစ်ဆင့် လူကြီးမင်းတို့ ပေးပို့လိုသော ပစ္စည်းများကို မြန်မာ - ကိုရီးယား - ကိုရီးယား - မြန်မာပြည်အထိ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသော ဝန်ဆောင်မှုမျိုးအား ထပ်ဆောင်းလုပ်ဆောင် ပေးလျက်ရှိပါသည်။
လူကြီးမင်းတို့၏ပစ္စည်းများကို နိုင်ငံရပ်ခြားသို့ ဘေးကင်းလုံခြုံစွာနှင့် အချိန်တိုအတွင်းတွင် အမြန်ဆုံးရောက်ရှိနိုင်စေရန်တွက် ကျွန်တော်၊ ကျွန်မတို့ဖက်မှ အစဉ်အမြဲကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါသည်။ လူကြီးမင်းတို့၏ ပစ္စည်းများကို နေ့စဉ်ပို့ဆောင်ပေးလျက်ရှိပြီး တိကျမှန်ကန်သော အလေးချိန် (kg)၊ သက်သာသော ဈေးနှုန်းဖြင့် ကျသင့်ငွေကိုကောက်ခံပေးကာ မိတ်ဆွေတို့ စိတ်ကျေနပ်မှုရရှိအောင် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
“ယုံကြည် - စိတ်ချ- မြန်ဆန်” ဆိုသော ဆောင်ပုဒ်အတိုင်း လူကြီးမင်းတို့၏ ပစ္စည်းများကို ဘေးကင်းလုံခြုံစွာ စနစ်တကျထုတ်ပိုးပေးပြီး အမြန်ဆုံးပို့ဆောင်ပေးနေတာမို့လို့ Plus Logistics ဆီကို အမြန်ဆုံးဆက်သွယ်လိုက်ပါ။
မိတ်ဟောင်း မိတ်သစ် customer များကို ကျွန်တော်၊ ကျွန်မတို့ဖက်မှ အစဉ်အမြဲ နွေးထွေးပျူဌာစွာ ကြိုဆိုလျက်ရှိပါတယ် ခင်ဗျ/ ရှင့်။
မင်္ဂလာရှိသော နေ့ရက်ကလေးဖြစ်ပါစေ။
“ယုံကြည် - စိတ်ချ - မြန်ဆန် Plus Logistics”
Plus Logistics
☎️: 09250007541/ 09444960959
🪩: www.PLUSLOGISTICS.NET
📍: အမှတ် (၃၄)၊ အောင်မင်္ဂလာလမ်း၊ ၇ မိုင်၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
13/12/2023
မင်္ဂလာပါခင်ဗျ/ မင်္ဂလာပါရှင့်။
လူကြီးမင်းတို့ရဲ့ ပစ္စည်းတွေကို ရန်ကုန်- မြဝတီကားလမ်းကြောင်းတစ်လျှောက် ယခုထက်ထိ သယ်ယူပို့ဆောင်ပေးနေဆဲပါ ခင်ဗျ၊ ရှင့်။
Plus Logistics ဆီကို ဖုန်းလေးတစ်ချက် ဆက်လိုက်ရုံနဲ့ ပေးပို့ ချင်တဲ့ပစ္စည်းတွေကို အခုကောက်၊ အခုပို့စနစ်နဲ့ အမြန်ဆုံးပို့ဆောင်ပေးနေပါပြီနော်။
ပေးပို့ချင်သော ပစ္စည်းများကို စနစ်တကျထည့်၍ ဂရုတစိုက်ထုတ်ပိုးပေးပြီး တိကျမှန်ကန်သော အလေးချိန် (kg)၊ သက်သာသော စျေးနှုန်းဖြင့် ကျသင့်ငွေကို ကောက်ခံပေးပြီး ပစ္စည်းများကို အိမ်အရောက်ပေးပို့သောစနစ် ( door- to- door service ) ဖြင့် လူကြီးမင်းတို့ စိတ်ကျေနပ်မှုရရှိအောင် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
“ယုံကြည် - စိတ်ချ - မြန်ဆန်” ဆိုသော ဆောင်ပုဒ်အတိုင်း လူကြီးမင်းတို့၏ ပစ္စည်းများကို ဘေးကင်း လုံခြုံစွာ စနစ်တကျထုတ်ပိုးပေးပြီး အမြန်ဆုံးပို့ဆောင်ပေးနိုင်အောင် ဆောင်ရွက်ပေးလျက် ရှိပါတယ်။
မိတ်ဟောင်း မိတ်သစ် customer များကို ကျွန်တော်၊ ကျွန်မတို့ဖက်မှ အစဉ်အမြဲ နွေးထွေးပျူဌာစွာ ကြိုဆိုလျက်ရှိပါတယ် ခင်ဗျ/ ရှင့်။
မင်္ဂလာရှိသော နေ့ရက်ကလေးဖြစ်ပါစေ။
“ယုံကြည် - စိတ်ချ - မြန်ဆန် Plus Logistics”
Plus Logistics
☎️: 09250007541/ 09444960959
🪩: www.PLUSLOGISTICS.NET
📍: အမှတ် (၃၄)၊ အောင်မင်္ဂလာလမ်း၊ ၇ မိုင်၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
21/09/2023
“Plus Logistics ထံမှ ဝယ်ယူအားပေးသော မိတ်ဟောင်းမိတ်သစ် Customer များအတွက် Plus Logistics မှ ချမှတ်ရေးဆွဲထားသော စည်းမျဉ်းသစ်များ (Customer Service Policy) အကြောင်း ကို အသိပေးအကြောင်းကြားခြင်း”
(၁) Plus Logistics မှ သယ်ယူပို့ဆောင်ပေးသော ပစ္စည်းကို လက်ခံရရှိသော customer (receiver) သည် အဆိုပါပစ္စည်းအား မိမိထံသို့ရောက်ရှိသောကာလ (၂၄ နာရီ အတွင်း) တွင် ပစ္စည်း ပျက်စီးမှု ရှိ၊ မရှိ ကို ပြန်လည်စစ်ဆေးရန် လိုအပ်ပါသည်။ အကယ်၍ မိမိပစ္စည်းသည် အထက်ပါ သတ်မှတ်ထားသော အချိန်ကာလအတွင်းတွင် တစ်စုံတစ်ရာ ပျက်စီးချို့ယွင်းနေပါက Plus Logistics ထံသို့ ဖုန်းဖြင့်ဖြစ်စေ၊ Messenger ဖြင့်ဖြစ်စေ မိမိပစ္စည်းအမျိုးအစားအား ပြောပြရမည် ဖြစ်သည်။
(၂) ထိုသတ်မှတ်ထားသော (၂၄ နာရီကာလ အတွင်း) တွင် မိမိပစ္စည်းသည် ပျက်စီးချို့ယွင်းမှု ဖြစ်ပွား ပါက ပို့ဆောင်ထားသော ခရီးတစ်ကြောင်းစာအတွက် အဆိုပါပစ္စည်း ပျက်စီးနစ်နာကြေးအဖြစ် ငွေပမာဏ တစ်သိန်းကျပ်အား Plus Logistics မှ customer ထံသို့ ပေးဆောင်သွားမည် ဖြစ်သည်။
(၃) ပို့ဆောင်ထားသော ပစ္စည်းသည် ပျက်စီးဆုံးရှုံးမှု
ဖြစ်ပွါးပါက အဆိုပါပစ္စည်းသည် မြန်မာငွေ (၁၀) သိန်းထက် ကျော်လွန်ပါက customer များ၏ ပစ္စည်းပျက်စီးနစ်နာကြေးငွေ (မူလပစ္စည်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်း − 10%) အား Plus Logistics မှ ပြန်လည်ပေးဆောင်သွားမည် ဖြစ်သည်။
သတ်မှတ်ထားသောကာလ (၂၄ နာရီနောင်ပိုင်း) တွင် ပစ္စည်းတစ်စုံတစ်ရာပျက်စီးမှု ဖြစ်ပွားခဲ့ပါ က Plus Logistics မှ တာဝန်ယူဆောင်ရွက်သွားမည် မဟုတ်ပါ။
(၄) ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် Plus Logistics ထံသို့ ပေးပို့ရမည့် အိမ်လိပ်စာ၊ ဖုန်းနံပါတ်အချက် အလက်များအား မှန်ကန်စွာပေးရန် လိုအပ်ပါသည်။ customer များထံမှ မှားယွင်းသော အချက် အလက်များကြောင့် ပို့ဆောင်ပေးသောခရီးလမ်းကြာမြင့်ပါက Plus Logistics မှ တာဝန်ယူ ဆောင်ရွက်သွားမည် မဟုတ်ပါ။
(၅) ပစ္စည်းလက်ခံရရှိသူ (receiver) သည် ပစ္စည်းရောက်ရှိချိန်အတွင်း ခေါ်ဆိုသောဖုန်းအား ပြန်လည်ဖြေကြားခြင်းမရှိပါက Plus Logistics မှ တာဝန်ယူဆောင်ရွက်သွားမည် မဟုတ်ပါ။
(၆) Plus Logistics မှ သယ်ယူပို့ဆောင်ပေးသော ပစ္စည်းများအား အချိန်ကာလ (၁၀) ရက်ဝန်းကျင် အတွင်း မြန်ဆန်တိကျစွာ ပို့ဆောင်ပေးလျက်ရှိပါသည်။ သို့သော် မမျှော်လင့်ထားသော သဘာဝ ဘေးအန္တရာယ် အခြေအနေများကြောင့် သတ်မှတ်ထားသော အချိန်ကာလထက် ကြာမြင့်ပါက customer များမှ နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
(၇) Plus Logistics ရုံးသို့ ပေးပို့သော အစားအသောက်ပစ္စည်းများကို လုံခြုံစွာ ထုတ်ပိုးပေးပို့ရန် လိုအပ်ပါသည်။ ရက်ကြာရှည်မခံသော ပစ္စည်းများ၊ အစားအသောက်များနှင့် အဆိုပါပစ္စည်းများ ယိုစိမ့်ပျက်စီးပုတ်သိုးပါက Plus Logistics မှ ဖြေရှင်းပေးမည်မဟုတ်ပါ။
(၈) ပစ္စည်းများအား သယ်ယူပို့ဆောင်ရာတွင် တောင်ကိုရီးယားနိုင်ငံသို့ ပို့ဆောင်မည်ဆိုပါက ပစ္စည်းလက်ခံ ရရှိသူ (receiver)၏ နိုင်ငံကူးလက်မှတ် Passport မိတ္တူပေးရန်လိုအပ်ပါသည်။
ပစ္စည်းများအား သယ်ယူပို့ဆောင်ရာတွင် ဖိလစ်ပိုင်နိုင်ငံသို့ ပို့ဆောင်လိုပါက ပစ္စည်းပေးပို့သူ (sender)၏ နိုင်ငံသားစိစစ်ရေးကတ်ပြား NRC မိတ္တူပေးရန်လိုအပ်ပါသည်။
(၉) တရားမဝင်သောပစ္စည်းများ၊ ပေါက်ကွဲစေနိုင်သောပစ္စည်းများ ပေးပို့ခြင်း အား လုံးဝလက်မခံပါ။ တွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူထံသို့ အကြောင်းကြား၍ ထိုပစ္စည်းများအား စွန့်ပစ်ခြင်း (သို့မဟုတ်) သိမ်းဆည်းခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။
(၁၀) ထို့အပြင် ပစ္စည်းပေးပို့သူနှင့် လက်ဝယ်ပစ္စည်းလက်ခံသူ နှစ်ဦးစလုံးအား သက်ဆိုင်ရာ တာဝန်ရှိ သူထံသို့ အကြောင်းကြား၍ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
Plus Logistics မှ မိတ်ဟောင်း၊ မိတ်သစ် customers များ စိတ်တိုင်းကျ ဝန်ဆောင်မှုများကို ထပ်တိုးလုပ်ဆောင် နိုင်အောင် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိပါသည်။
“ယုံကြည် - စိတ်ချ - မြန်ဆန် Plus Logistics”
Plus Logistics
☎️ : 09250007541/ 09444960959
🪩 : www.PLUSLOGISTICS.NET
🏠 : အမှတ် (၃၄)၊ အောင်မင်္ဂလာလမ်း၊ ၇ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Contact the business
Website
Address
Aung Zeaya Lane, Kone Myint Yeik Thar Street, 7 Miles, Mayangone
Yangon
11061