CHARM LIFE

CHARM LIFE

Share

24/11/2019

Charm Life ရဲ့ Jewelry Sketch Design သင်တန်းသစ်ကို ပြန်လည်ဖွင့်လှစ်ပါပြီ။ကိုယ်တိုင် ဆိုင်ဖွင့်ထားသူများ ၊ကိုယ်တိုင် Jewelry Designer အဖြစ် ရပ်တည်လိုသူများအတွက် အ‌ေြခခံမှ စတင်ပြီး ကိုယ်တိုင် ရေးဆွဲဖန်တီးနိုင်ဖို့အထိ လက်တွေ့ နည်းစနစ်တကျနဲ့ သင်ကြားပေးတဲ့သင်တန်းဖြစ်ပါတယ်။ ကျွမ်းကျင် jewelry Designer တစ်ဦးဖြစ်တဲ့ ဆရာ ကိုကိုထိုက် BA. Painting (NUAC )မှ သင်ကြားပေးမှာပါ။ လူဦးရေ ကန့်သတ်ထားလို့ ကြိုတင် စာရင်းပေးသွင်းဖို့လိုပါတယ်။ သင်တန်းချိန်ကတော့စနေ နဲ့ တနင်္ဂနွေ ၊ ၉ နာရီ မှ ၁၁ နာရီ ထိ ဖြစ်ပါတယ်။ Contact Phone: 09420119746

07/06/2019

"ပုံတူလေးဆွဲပေးပါလား ?" ဆိုတဲ့တောင်းဆိုမှုမျိုးကို ပန်းချီရေးဆွဲသူတွေနဲ့ ဝါသနာပါသူတိုင်းလိုလို ကြုံဖူးကြပါမယ်။ ဒါပေမဲ့ပန်းချီ ဆွဲသူတိုင်းတော့ ပုံတူရေးဆွဲခြင်းကို မကျွမ်းကျင်ကြပါဘူး။ ပန်ချီရေးဆွဲတဲ့ နည်းစနစ်များထဲမှ ခဲမှုန့်နဲ့ ပန်းချီရေးခြင်းကို ပုံတူရေးဆွဲရာမှ အသုံးများလှပါတယ်။ ခဲမှုန့်နဲ့ရေးတဲ့ပန်းချီအများစုဟာ အဖြူအမဲ ပုံတူတွေများပြီး ညက်ညောစွာနဲ့ တမှုထူးခြားစွာဆွဲဆောင်မှုရှိပါတယ်။ မိမိကိုယ်ကို ပုံတူရုပ်ပုံတစ်ချပ်ကနေ ပြန်လည်ခံစားကြည့်ရတဲ့အရသာဟာ ကြည်နူးစရာကောင်းသလိုပျော်စရာ ပီတီဖြစ်စရာလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ Charm Life မှာလည်း ပုံတူရေးဆွဲခြင်း အတတ်ပညာကို သင်ကြားပေးနိုင်အောင် ဆရာမ နေနေထူး နဲ့ အတူသင်တန်းတစ်ခုဖွင့်လှစ်ပါတော့မယ်။
*** လူဦးရေကန့်သတ်ထားလို့ကြိုတင်စားရင်းဖို့လိုပါမယ် ***

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Kabar Aye Pagoda Road
Yangon