JIGSAW
23/10/2015
စက်မှုတော်လှန်ရေးကာလ ၁၈၆၈ လန်ဒန်မြို့ကို အခြေခံထားတဲ့ Assassin Creed : Syndicate ဟာ Assassin Creed ရဲ့ နောက်ဆုံးထွက်ဂိမ်း ဖြစ်ပါတယ်
လန်ဒန်မြို့မှာ Assassin တွေ နှိမ်နင်းခံရပြီး နောက်ပိုင်းမှာ Templar တွေက လန်ဒန်ကို ထိန်းချုပ်ထားပါတယ်...ဘုရင်မ Victoria မှာ တကယ့်အာဏာ မရှိဘဲ Templar နဲ့ အပေါင်းအပါတွေက ထိန်းချုပ်ထားပါတယ်...Jacob Frye နဲ့ Evie Frye အမြွာ မောင်နှမ ၂ယောက် လန်ဒန်ကို ရောက်လာရာက ဂိမ်းဇာတ်လမ်း စတင်ပါတယ်...လျှို့ဝှက် လူဆိုးဂိုဏ်းကို ဦးဆောင်ပြီး ကိုယ့်ဂိုဏ်းကို အားကောင်းအောင် လုပ်ဆောင်ပြီး Templar လွမ်းမိုးမှု လျှော့ချ ရမှာပါ
ထူးခြားမှု အနေနဲ့ Syndicate မှာ Jacob နဲ့ Evie ၂ယောက်လုံးနဲ့ ပြောင်းလဲ ကစားလို့ ရပါတယ်...ထိပ်တိုက်ရင်ဆိုင်တတ်ပြီး ကမူးရူးထိုး လုပ်တတ်တဲ့ Jacob နဲ့ ဥာဏ်သုံးပြီး တိတ်တဆိတ် တိုက်ခိုက်တတ်တဲ့ Evie တို့ အမြွာ မောင်နှမ ၂ ယောက် တိုက်ခိုက်ပုံရော လက်နက်အချို့ပါ ကွဲပြားပါတယ်
လက်နက်တွေ အနေနဲ့ သံကွင်းလက်သီး၊ ခြောက်လုံးပြူး၊ ဂေါ်ရခါး ရိုးရာ kukri ဓားကောက် နဲ့ လမ်းလျှောက်တုတ်ထဲ ဖွက်ထားတဲ့ ဓားတို့ အပြင် လက်နက်အသစ် တော်တော်များများ ပါပါတယ်...တိုက်ပွဲတွေကလဲ အရင်ထက် ပိုမိုမြန်ဆန်လာပြီး အရင်နဲ့ မတူပဲ တပြိုင်နက် ရန်သူအများက ၀ိုင်းခုတ်တာ ဖြစ်လာမှာပါ...မြင်းရထား အမိုးတွေပေါ်မှာလဲ တိုက်ပွဲတွေ ၀င်ရပါမယ်
ထောင်ချောက်ဆင်လို့ ရလာသလို မြင်းရထားလဲ မောင်းလို့ ရလာပါမယ်...ရထားနဲ့ မီးသင်္ဘောတွေ ပါပေမယ့် သွားလာရေးအတွက် သုံးလို့ ရမရတော့ မသေချာသေးပါဘူး...side mission အနေနဲ့ ရန်သူတွေကို မြင်းရထားထဲမှာ ပြန်ပေးဆွဲပြီး ပိုက်ဆံတောင်းလို့ ရလာပါတယ်
အခြားထူးခြာမှုတွေလဲ ရှိလာတဲ့ Assassin Creed : Syndicate အကြောင်း ဖတ်ချင်ရင် http://assassinscreed.ubi.com/en-gb/games/assassins-creed-syndicate/ မှာ လေ့လာနိုင်ပါတယ်
Click here to claim your Sponsored Listing.
Website
Address
Yangon