Tha Byae
“မြန်မာကလေးလူငယ်များရဲ့ သပြေ”
ဘေးအန္တရာယ်ကင်းရှင်းခြင်း၊ ငြိမ်းချမ်းခြင်း၊ အောင်မြင်ခြင်းတို့ရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ သပြေပန်းကိုအစွဲပြုလို့ အဖွဲ့ရဲ့အမည်ကို ‘သပြေ’လို့ အမည်ပေးခဲ့ပါတယ်။ သပြေဟာ မြန်မာကလေးလူငယ်တွေရဲ့ ပညာရေး နှင့် အသိပညာ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကဦးတည်ပြီး ဖွဲ့စည်းထားတဲ့ အစိုးရမဟုတ်သော၊ စီးပွားရေး အကျိုးအမြတ်အတွက် မဟုတ်သော အဖွဲ့အစည်း (Non-governmental & non-profit organization) တစ်ခုပါ။
11/06/2026
ကလေးငယ်များ လေ့လာဖတ်ရှုရန်အတွက် ပင်လယ်ရေနေသတ္တဝါများနှင့် ပတ်သက်သည့် သုတ/ရသ ရုပ်ပြစာအုပ်များ လှူဒါန်းပေးပါသော Myanmar Ocean Project အဖွဲ့ကို သပြေစာကြည့်တိုက်မှ ကျေးဇူးအထူးတင်ရှိပါသည်။
* သပြေစာကြည့်တိုက် *
🏫 အမှတ် - ၂၅၁(ခ)၊ (၅) လမ်း၊ (၁၅) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
📱 ၀၉ ၄၂ ၅၃၀ ၅၇၂၅
09/05/2026
စာကြည့်တိုက်သမားတွေဟာ ကလေးတွေနဲ့အတူ စာအုပ်ပုံတွေကြား ပြုံးရွှင်ရယ်မောရတဲ့ အခိုက်အတန့်တွေလည်းရှိသလို အိမ်သာထဲမှာ ပေကျံနေလို့ နှာခေါင်းပိတ်ပြီး ရေဆေးရတဲ့အခါတွေလည်းရှိတယ်။
နေပဲပူပူ၊ မိုးပဲရွာရွာ စာကြည့်တိုက်ကို ကလေးတွေလာချင်စိတ်ရှိအောင် ပြင်ဆင်ရတယ်။ စာအုပ်စင်အပြင်အဆင်ကို မရိုးရအောင် ဖန်တီးရတာနဲ့ သန့်ရှင်းကာ ခြင်၊ ယင်နဲ့ ပိုးမွှားတွေမရှိအောင်၊ လင်းလင်းရှင်းရှင်းနဲ့ လေဝင်လေထွက်ကောင်းအောင် အမြဲဆောင်ရွက်ရတာ စာကြည့်တိုက်သမားတွေရဲ့ တာဝန်တွေထဲက တစ်ခုပါပဲ။
ပူလောင်လှတဲ့ ကာလမှာ ကလေးတွေကို အေးမြစေချင်တာဟာ စာကြည့်တိုက်သမားတွေရဲ့ လောဘလို့ ပြောချင်သူတွေ ပြောပါစေတော့...
ဆက်လက်ကြိုးစားသွားပါမယ်။
"သပြေ စာကြည့်တိုက်"
05/05/2026
ဦးကျော်သူရဟန် + ဒေါ်နွယ်နီဝင်း သား - မောင်မိုးဟိဏ်းထက် မိသားစုမှ သပြေစာကြည့်တိုက်အတွက် အလှူငွေ တစ်သိန်း (၁၀၀,၀၀၀)ကျပ် လှူဒါန်းပေးပါတယ်။
အလှူရှင်မိသားစု ကျန်းမာ ပျော်ရွှင်ပါစေ။ အစစ အရာရာ အဆင်ပြေပါစေလို့ သပြေမှ ကျေးဇူးတင်စွာနဲ့ ဆုတောင်းပေးပါတယ်။
ကလေး လူငယ်များ စာဖတ်ရှိန် မြှင့်တင်ရေးအတွက်လည်း သပြေစာကြည့်တိုက်အနေနဲ့ဆက်လက်ကြိုးစားသွားပါမယ်။ 😊
* သပြေစာကြည့်တိုက် *
🏫 အမှတ် - ၂၅၁(ခ)၊ (၅) လမ်း၊ (၁၅) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
📱 ၀၉ ၄၂ ၅၃၀ ၅၇၂၅
11/02/2026
ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) စာကြည့်တိုက် ပိတ်ပါတယ်။ နွေကျောင်းပိတ်ရက်မှာ စာအုပ်ဖတ်ချင်၊ ငှားချင်ကြတဲ့ ကလေးတွေ အဆင်ပြေအောင် အစိုးရရုံးပိတ်ရက်အတိုင်းတော့ မပိတ်ပါဘူး။ ဖေဖော်ဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ ပုံမှန်လိုပဲ သပြေစာကြည့်တိုက် ဖွင့်ပါတယ်နော်။
* သပြေစာကြည့်တိုက် *
🏫 အမှတ် - ၂၅၁(ခ)၊ (၅) လမ်း၊ (၁၅) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
📱 ၀၉ ၄၂ ၅၃၀ ၅၇၂၅
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
Yangon
11091
Opening Hours
| Tuesday | 10:00 - 17:00 |
| Wednesday | 10:00 - 17:00 |
| Thursday | 10:00 - 17:00 |
| Friday | 10:00 - 17:00 |
| Saturday | 10:00 - 17:00 |