World Lab Myanmar

World Lab Myanmar

Share

17/05/2024

🌐 Zirconia ဆိုရင် World Lab ကို သတိရလိုက်ပါ🌐
သေသပ်သော CAD ဒီဇိုင်း ထိပ်တန်းအဆင့် USA made ပစ္စည်း ၊ ဂျပန် Layering များဖြင့် ၊ သဘာဝသွားအရောင်နှင့်တူအောင် ပြုလုပ်ထားတဲ့ Zirconia သွားများဖြင့် သင့်အပြုံးကို အလှဆင်လိုက်ပါ။

04/04/2024

🟡 World Lab Myanmar အတာသင်္ကြန်ရုံးပိတ်ရက် နှင့် Order Deliver Date ကြေငြာခြင်း 🟡

🟨 အတာသင်္ကြန်အတွင်း ၁၃ ရက် ၄ လ မှ ၂၁ ရက် ၄ လ အထိ World Lab Myanmar ရုံးကို ပိတ်ထားမည်ဖြစ်ကြောင်း Customer များကို အသိပေးအပ်ပါသည်ရှင်။

🟨 သင်္ကြန်မတိုင်မီ Delivery များအတွက် ၈ ရက် ၄ လကိုနောက်ဆုံးထားပြီး အော်ဒါလက်ခံမည်ဖြစ်ပါသည်။

🟨 ၉ ရက် ၄ လမှ Order ကိုတော့ သင်္ကြန်ပြီး ၂၂ ရက်နေ့တွင်မှ Delivery ပြန်ပေးမည်ဖြစ်ပြီး။
၁၀ ရက်‌နေ့ Order ဆိုလျှင် ၂၃ ရက်နေ့ ၊ ၁၁ ရက်နေ့ Order ဆိုလျှင် ၂၄ ရက်နေ့ စသည်ဖြင့် အသီးသီး ရက်တိုးပြီး Delivery ပေးမည်ဖြစ်ပါသည်။

🟨 သင်္ကြန်ပိတ်ရက်ကာလအတွင်း အဆင်မပြေမှုများကြုံခဲ့လျှင်လည်း World Lab Myanmar မှ ကြိုတင်ပြီးတောင်းပန်အပ်ပါတယ်ရှင်။

🟨 ရွှင်လန်းချမ်းမြေ့ပါစေ ကြောင်း World Lab Myanmar မှဆုမွန်ကောင်းတောင်းလိုက်ပါရစေ။

26/02/2024

World Lab Myanmar တွင်ရရှိနိုင်သော သွားတုပစ္စည်းများကို မိတ်ဆက်ရင်း သူတို့ရဲ့ ဝိသေသ
များကို ရှင်းပြပါရစေ ။

Zirconia သွားများဟာဆိုရင် Zirconium Dioxide မှထုတ်လုပ်ထားပြီး လူနဲ့ တည့်ရုံတင်မက မာကြောခိုင်ခံ့မှုပါရှိပြီး အရောင်ကလည်းအဖြူဖြစ်သောကြောင့် ခေတ်ပေါ်သွားတုများတွင် ခေတ်စားလျက်ရှိပါတယ်။

Zirconia သွားရဲ့ မူလအရောင်ဟာအဖြူဆွတ်ဆွတ်ဖြစ်တဲ့အတွက် အရှေ့ဘက်ရောက်တဲ့ သွားနေရာမှာအစားထိုးဖို့ ဆိုလျှင် သဘာဝသွားအရောင်နဲ့ တူဖို့ အတွက် အရောင်ကြွေလွှာထပ်အုပ်ခြင်း Layering ကို ပြုလုပ်ထားတဲ့ Layered Zirconia သွားများကိုအသုံးပြုကြပါတယ်။

PFM လို့ခေါ်တဲ့ သွားများမှာတော့ အောက်ခံ အလွှာက သတ္ထုဖြင့်ပြုလုပ်ထားတာဖြစ်ပြီး၊
အပေါ်မှာ ကြွေလွှာကို အုပ်ထားတာဖြစ်ပါတယ်၊များသောအားဖြင့် သတ္ထုကိုအနောက်ဖက်တွင်ထားသော်လည်၊ တချို့အခြေအနေများတွင် အရှေ့အထိပါရှိနိုင်သောကြောင့် ရယ်ပြုံးလိုက်သည့်အခါ သတ္ထုပေါ်သောအခြေအနေများရှိပါတယ်။ အလှအပရေးရာကိစ္စထက်ပိုအရေးကြီးတဲ့ အချို့အခြေအနေများမှာ ရွေးချယ်စရာတခုအဖြစ်လဲ အသုံးပြုကြပါတယ်။

Metal သွားများကတော သတ္ထုဖြင့်ရိုးရိုးရှင်းရှင်းပြုလုပ်ထားတာဖြစ်တာမို့ ၊ ရှေ့သွားများမှာသုံးပါက သတ္ထုသွားများကိုမြင်ရနိုင်ပါတယ်၊ သို့သော် အံသွားများတွင် ကြိတ်ဝါးဒဏ်ကို ခံနိုင်ရည်ရှိအောင်ရည်ရွယ်ချက်နဲ့ အသုံးပြတာမျိုးလည်းရှိပါတယ်။

Flexible Denture ကတော့ သွားအငုတ်ပါမကျန်ဘဲ သွားဖုံးသာကျန်သောလူကြီးသူမများတွင်
အစားစားလို့ကောင်းမွန်စေရန် ရည်ရွယ်ချက်ဖြင့် သွားဖုံးနှင့်ကွက်တိဖြစ်ကာ ပျော့ပျောင်းသော Denture အမျိုးအစားဖြစ်ပါတယ်၊ သံချိတ်ကွင်းများဖြင့်ဘေးသွားကို ချိတ်သောအမျိုးအစားမဟုတ်တဲ့အတွက် ၊ သုံးစွဲသူအကြိုက်နှင့် လိုက်ပြီးရွေးချယ်စရာဖြစ်ပါတယ်။

Want your practice to be the top-listed Dentist in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon