Ronald Oo
30/10/2020
ကမ္ဘာရွှေ သုံးသပ်မှုတချို့
➖➖➖➖➖➖➖➖➖➖
ယနေ့ မနက် ကမ္ဘာရွှေ အဖွင့်စျေးသည် 1867$ တွင်ဖွင့်ပြီး အမြင့်ဆုံးစျေး 1878$ အနိမ်ဆုံးစျေး 1864$ ထိ ရောက်ရှိထားရာ ရာခိုင်နူန်းအားဖြင့် ယနေ့ မနက်အတွက် 0.26% အတက်ပြနေပါတယ် ။
28.10.2020 ရက်နေ့ တွင် ရာခိုင်နူန်းအားဖြင့် -1.67% အကျပြခဲ့ပြီး
29.10.2020 ရက်နေ့ တွင်လဲ ရာခိုင်နူန်းအားဖြင့် - 0.49% အကျ ၂ရက်တာ ဖြစ်ခဲ့ပါတယ် ။
TA ရှုထောင့် မှ အနည်းငယ်သုံးသပ်လျှင်
7.8.2020 တွင် အမြင့်ဆုံး 2075$ စျေးတန်း အတက် Bull Impulse မှ စ၍ Correction state တခု ဖြစ်ပေါ်လာရာ Up trend ၏ ပုံစံ အရှင်းတော့ မပျက်သေးပါ သို့သော် ယခုရောက်နေတဲ့ စျေးတန်း နှင့် လာမည့်တပတ်စာ အခြေနေကြည့်ရလျှင် Support line 1848$ တွင်ရှိ ပြီး ဖောက်ကျ ပါ က ခနဦး စျေးတန်း 1816$ တွင် မြင်ရနိုင်ဖွယ် ရှိပါတယ် ။
သို့သော် သတင်းအနေဖြင့် တခုသတိထားရမည့် အကြောင်းရာမှာ November 3 ရက်နေ့တွင် US ရွေးကောက်ပွဲ အခြေနေပေါ်မူတည်ပြီး စျေးတန်း အလှုပ်အခတ်ကို ထည့်သွင်းသတိထားဖို့လိုအပ်တယ် ။
ကပ်အနာရောဂါဘေးမှ ကင်းဝေကြပါစေ
09/10/2020
၁။ Fundamental Analysis
Fundamental Analysis လုပ်တဲ့အခါ ကျန်ုပ်တို့ဟာ စီးပွါးရေးအခြေခံညွှန်းကိန်းတွေကို လေ့လာဆန်းစစ်ဖို့လိုအပ်တယ်။ အဲ့ဒါမှ ငွေကြေးတန်ဖိုးလျော့မလား မြင့်မလားဆိုတာကို ဆုံးဖြတ်နိုင်မှာဖြစ်တယ်။
၂။ Technical Analysis
Technical Analysis သုံးပီး အရောင်းအဝယ်ပြုလုပ်တဲ့လူတွေဟာ စျေးကွက်လှုပ်ခတ်မှုကို ရောင်းလိုအား၊ ဝယ်လိုအားနဲ့ Mass market စိတ်ပညာပေါ်မူတည်ပီး ဆုံးဖြတ်လို့ရတယ်ဆိုတာ တစ်ဖြေးဖြေးနဲ့ယုံကြည်လာကြပါတယ်။
၃။ Day Trading Strategy
Day Trading Strategy ဆိုတာ နေ့တစ်နေ့မကုန်ဆုံးခင်မှာ ရောင်းဝယ်ခြင်းရပ်လိုက်တာကို ဆိုလိုတယ်။ အဲ့လိုလုပ်ခြင်းက ညလုံးပေါက်စျေးကွက်လှုပ်ခက်မှုတွေ အကြီးအကျယ်ဖြစ်တဲ့အခါ အန္တရာယ်များတဲ့အခြေအနေကနေ ကာကွယ်ပေးနိုင်တယ်။
၄။ Trend Trading Strategy
Trend အတိုင်းလိုက်လုပ်မယ်ဆိုရင် သင်ဟာ စျေးနှုန်းတွေ တဖြေးဖြေးချင်း ရွေ့လျားနိုင်တဲ့ လမ်းကြောင်းကို သိရှိနိုင်မယ်။
၅။ Swing Trading Strategy
Swing Trading က များသောအားဖြင့် အလယ်အလတ် ရောင်းဝယ်မှုနည်းလမ်းဖြစ်တယ်။ ၄င်းကို တစ်ရက်ကနေ တစ်ပတ်ကာလကျော်အထိ အများဆုံးအသုံးပြုကြတယ်။
၆။ Positional Trading Strategy
ဒီ forex trading နည်းလမ်းက ရေရှည်ရောင်းဝယ်တဲ့နည်းလမ်းအမျိုးအစားဖြစ်တယ်။ ဒီနည်းလမ်းက ရက်သတ္တပတ်တွေ၊ လတွေ၊ နှစ်တွေ ကျော်တဲ့အထိကြာနိုင်တယ်။
၇။ Momentum Trading Strategy
Momentum Trading နဲ့ momentum ညွှန်းကိန်းတွေဟာ လမ်းကြောင်းတစ်ခုမှာ အားကောင်းတဲ့စျေးနှုန်းလှုပ်ခတ်မှုတွေက တူညီတဲ့လမ်းကြောင်းအတိုင်းဆက်သွားမည့် စျေးနှုန်းဖြစ်လာမယ်လို့ ယုံကြည်မှုပေါ် မူတည်နေပါတယ်။
၈။ Range trading strategy
Range trading strategy က သေချာတဲ့အချိန်ကာလတစ်ခုအထိ စျေးနှုန်းတွေဟာ တည်ငြိမ်ပီး ခန့်မှန်းနိုင်တဲ့ အပိုင်းအခြားအတွင်းရှိတယ်လို့ အရောင်းအ၀ယ်များက ဖော်ပြပါတယ် ။
°
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Byaing Yae Oo Sin Street
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |