Resmed Myanmar

Resmed Myanmar

Share

25/02/2026

Sleep Apnea နှင့် ခေါင်းတခြမ်းကိုက်ခြင်း⚡

Sleep Apnea သည် လေပြွန်ပိတ်ခြင်းကြောင့်လည်းကောင်း၊ ဦးနှောက်မှ ထိန်းချုပ်မှု လျော့ရဲခြင်းကြောင့် သော်လည်းကောင်း အိပ်နေစဥ် အသက်ရှူရပ်တန့်ခြင်း ကိုခေါ်သည်။🛌

Sleep Apneaသည် ခေါင်းကိုက်ခြင်းကို ဖြစ်စေပါသလား❓

Sleep Apnea သည် အိပ်ပျော်စဥ် အသက်ရှုရပ်ခြင်းကြောင့် သွေးတွင်းအောက်စီဂျင် ကျဆင်းပြီး ဦးနှောက်တွင် အောင်စီဂျင် လုံလောက်စွာမရရှိပဲ နိုးထရ၍ ခေါင်းကိုက်ခြင်းကို ဖြစ်စေတတ်သည်။ 🧠

သွေးအတွင်း အောက်စီဂျင် ကျဆင်းခြင်းနှင့် အတူ မြင့်တက်လာသော ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏများသည် ဦးနှောဏ်အား ထိခိုက်စေနိုင်ပြီး ခေါင်းကိုက်ခြင်းကို ဖြစ်စေတတ်ပါသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်များ ခန္ဓာကိုယ်တွင် များပြားလာသောအခါ ဦးနှောက်အတွင်းရှိ သွေးကြောများအား ကျယ်လာစေပြီး ခေါင်းတခြမ်းကိုက်ဝေဒနာကဲ့သို့ တဆစ်ဆစ်ထိုးကိုက်ခြင်းများ ခံစားရနိုင်ပါသည်။ 💥

Sleep Apnea ကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းနှင့် ခေါင်းတခြမ်းကိုက်ရောဂါ (Migraine) အနည်းငယ် ကွဲပြားမှုရှိသည်။☝

Sleep Apnea ကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းသည် များသောအားဖြင့် မနက်ပိုင်းတွင် ဖြစ်လေ့ရှိပြီး၊ နာရီအနည်းငယ်အကြာတွင် သက်သာသွားလေ့ရှိသည်။ ခေါင်း၏ ဘယ်ခြမ်းနှင့် ညာခြမ်း နှစ်ဘက်လုံးတွင် ဖြစ်လေ့ရှိပြီး နေ့စဉ်လို ပုံမှန်ဖြစ်လေ့ရှိသည်။👈

Migraine ကြောင့် ဖြစ်သော ခေါင်းကိုက်ခြင်းတွင်မူ ခေါင်းတစ်ခြမ်းတွင်သာ ကိုက်ခဲလေ့ရှိပြီး နာရီများစွာ သို့မဟုတ် ရက်နှင့်ချီ၍ ကြာမြင့်တတ်သည်။ အမြင်အာရုံ ပြသနာများနှင့်ပါ တွဲ၍ ဖြစ်ပွားလေ့ရှိပြီး မအီမသာဖြစ်ခြင်း၊ အန်ခြင်း များလည်း ဖြစ်တတ်ပါသည်။🤑

ထို့ပြင် နာတာရှည်ခေါင်းတစ်ခြမ်းကိုက် ရောဂါရှိသူများတွင် Sleep Apnea ဖြစ်နိုင်ချေ များစွာရှိပါသည်။ ထို့အတူ အိပ်စက်ခြင်း ပြဿနာ ရှိသူများတွင်လည်း ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်နိုင်ပါသည်။ Sleep Apnea ကုသရာတွင်သုံးသော CPAP စက်ဖြင့် အိပ်စက်ခြင်းသည် ခေါင်းတခြမ်းကိုက်ရောဂါ ကို သက်သာစေနိုင်ကြောင်း လေ့လာမှုအချို့တွင် တွေ့ရှိရပါသည်။ 👌

မည်သို့ပင်ဆိုစေ အိပ်စက်ခြင်းသည် ကျန်းမာရေးအတွက် အရေးကြီးပြီး အိပ်စက်ချိန်ကောင်းစွာရသင့်သလို၊ အိပ်စက်ခြင်း၏ အရည်အသွေးပြည့်ဝစေရန်လည်း အရေးကြီးပါသည်။✔

အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း (Sleep Apnea) သည် ကျန်းမာရေးဆိုးကျိုးများစွာကို ဖြစ်ပေါ်စေနိုင်၍ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ကုသရမည်ဖြစ်ပါသည်။👨‍⚕️

18/02/2026

OSA ကြောင့် ဖြစ်နိုင်သည့် နောက်ဆက်တွဲများ။
------------------------------------------------------------
လူအတော်များများ အိပ်လျင် ဟောက်တတ်ကြသည်။ အိပ်ပျော်နေစဥ် ဟောက်သူ အမျိုးသား ၁၀ယောက်တွင် ၃ယောက်၊ အမျိုးသမီး ၁၀ယောက်တွင် ၂ယောက်သည် အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း OSA (Obstructive Sleep Apnoea) ကို ခံစားနေရသည်။ 🛌
ဟောက်တတ်ခြင်းကို လူမှုရေးပြသနာအဖြစ်ရှုမြင်လေ့ရှိကြသော်လည်း တကယ်တော့ "အိပ်နေစဥ်အသက်ရှုရပ်ခြင်း"သည် အခြားနောက်ဆက်တွဲ ကျန်းမာရေးပြသနာများစွာကို ဖြစ်ပေါ်စေနိုင်သည်။ 👨‍⚕️
အဝလွန်ခြင်း၊ နှလုံးညှစ်အားကျခြင်း၊ လေဖြတ်/လေဖြန်းခံရခြင်း၊ သွေးတိုးခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ မှတ်ဥာဏ်ကျဆင်းခြင်း၊ စိတ်ကျရောဂါ နှင့် အမျိုးသားများတွင် လိင်စွမ်းဆောင်ရည်ကျဆင်းခြင်း အစရှိသည့် ကျန်းမာရေးပြသနာများ ဖြစ်ပေါ်စေနိုင်ပါသည်။ ❗
သွေးချိုဆီးချိုရောဂါ ရှိနေသူများ၏ ထက်ဝက်ကျော်တွင်လည်း Obstructive Sleep Apnoea (OSA) ရှိနေတတ်ပြီး ဆေးမတိုးသည့် သွေးတိုးရောဂါရှိသူ ၇၅% တွင် OSA ရှိနေတတ်သည်။ 🛌
OSA ကို ကိုယ်အလေးချိန်လျော့ချခြင်း၊ ခွဲစိတ်ကုကခြင်း၊ CPAP အပါအဝင် ကိရိယာများဖြင့် ကုသနိုင်ပါသည်။ 👈
ResMed သည် Australia နိုင်ငံရှိ ကမ္ဘာ့ထိပ်တန်း CPAP ထုတ်လုပ်သည့် ကုမ္ပဏီကြီးဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ပထမဆုံး CPAP စတင်ထုတ်လုပ်ခဲ့သည့် ကုမ္ပဏီကုီးလည်းဖြစ်ပါသည်။ ✔
သင် အိပ်နေစဥ် ဟောက်တတ်ပါက OSA ရှိ/မရှိကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး စမ်းသပ်စစ်ဆေးမှုပြုလုပ်နိုင်ပါသည်။ 👨‍⚕️

17/02/2026

OSA ကို သတိပြုပါ။❗

အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း (OSA) ရှိသူများ၌ ညဖက်တွင် အသက်ရှုရပ်တတ်ခြင်းကြောင့် သွေးတွင်းOxygen ကျဆင်းနိုင်ပါသည်။ ❤

ယေဘူယအားဖြင့် OSA သည် နေ့ဖက် ငိုက်မြည်းခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ စိတ်ကျရောဂါ၊ ကိုယ်ခံစွမ်းအားမကောင်းခြင်းတို့အပြင် .. အဝလွန်ခြင်း၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုး၊ လေဖြတ်ခြင်း အစရှိသည့်ရောဂါများနှင့်လည်း ဆက်စပ်လေ့ရှိသည်။ 🧠

သို့သော် OSA (Obstructive Sleep Apnea) ရှိသူ အတော်များများသည် မိမိ၌ အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်းရှိနေသည်ကို သိလေ့မရှိကြပေ။ ❗❓

အထူးသဖြင့် အိပ်ပျော်စဥ်ဟောက်လွန်းသူများ၊ အဝလွန်သူများတွင် OSA (အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း) ရှိနေတတ်ကြသည်။ အမျိုးသားများတွင် ပိုမို အဖြစ်များလေ့ရှိသည်။ 👨

မိမိတွင် ဖော်ပြထားသည့် လက္ခဏာအတော်များများ ရှိနေပါက OSA ရှိနေနိုင်ပါသည်။ 👆
OSA ရှိ/မရှိကို ဆရာဝန်နှင့် ပြသဆွေးနွေးပြီး၊ လိုအပ်ပါက PSG (Polysomnograph) ဖြင့် တိုင်းတာစစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါသည်။👈

OSA ရှိနေပါက ကိုယ်အလေးချိန်လျော့ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ပြုလုပ်ရမည့်အပြင်၊ CPAP လေတွန်းစက်ဖြင့် အိပ်စက်ခြင်းဖြင့် အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်းကို ကုသဖြေရှင်းပေးနိုင်မည်ဖြစ်ပါသည်။ OSA ၏ နောက်ဆက်တွဲရောဂါများကိုလည်း လျော့ချကာကွယ်နိုင်မည် ဖြစ်ပါသည်။👌

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Zizawa Co. , Ltd. No 218, Bogyoke Aung San Road
Yangon