CoCo Travel
17/05/2024
CoCo Travel Page လေးမှ ကြိုဆိုပါတယ် ...
CoCo Travel မှ ပထမဆုံး ပြောပြပေးချင်တာကတော့ မြန်မာလူမျိုးတွေ အသွားအများဆုံး တော်တော်များများလဲ ရောက်ဖူးပြီးသားဖြစ်မယ့် Bangkok က Safari World အကြောင်းလေးပဲဖြစ်ပါတယ် Safari World လို့ ပြောလိုက်ရင်ဖြင့် တောတွင်း တိရစ္ဆာန်လေးတွေကို အရင်ဆုံး ပြေးမြင်မိမှာပါနော် Safari World ကို ၁၉၈၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး Bangkok မြို့ထဲနဲ့ kilo 40 အကွာ သုဝဏဘူမိ Airport နဲ့ အရမ်းမဝေးတဲ့ နေရာမှာ တည်ရှိပါတယ် Safari World မှာ Safari Park နဲ့ Marine Park ဆိုပြီး ၂ ခုရှိပါတယ် Marine Park ထဲမှာတော့ Anminals Show လေးတွေကို သူ့အချိန်နဲ့သူ တစ်နေကုန်နီးပါး ကြည့်လို့ရမှာဖြစ်ပါတယ် Show လေးတွေထဲမှာ Elephant လေးတွေ ဘောလုံးကန်တာ ပန်းချီဆွဲတာ မျောက်ဝံနီလေးတွေ လက်သီးထိုးတာ Dolphin လေးတွေရဲ့ ရေပေါ်မှာ ပျံဝဲ ဒိုင်ပင်ထိုးတာစတဲ့ Show အစုံကို ကြည့်ရမှာပါ ပြီးတော့ Marine park ရောက်ရင် လုပ်ကိုလုပ်သင့်တဲ့ Giraffe အစာကြွေးတာလေးပါ Giraffe တွေနဲ့ မျက်နှာချင်းဆိုင်နားကနေ ဒုတ်လေးနဲ့ အစားတွေ ထိုးပြီး ကျွေးရတာ တစ်ကယ် ပျော်စရာပါပဲနော် Marine Park ထဲမှာ လည်လို့ဝရင် Safari park ထဲကို ကားမောင်းပြီး တိရစ္ဆာန်လေးတွေကို အနီးကပ်ကြည့်ရတာ တစ်ကယ်ကို ပျော်စရာပါ ကားတံခါးတွေတော့ မဖွင့်ရဘူးနော် ကျားတွေ ခြင်္သေ့တွေအနီးကပ်ကြည့်ရတာဆိုတော့ Safari park မှာ Tiger နဲ့ Lion feeding show လေးလဲ ကြည့်လို့ရတယ်နော် Safari Park နဲ့ Marine Park လေးတွေသွားမယ်ဆို Show time တွေကို သေချာဂရုစိုက်ပါနော် နို့မို့ show တွေ လွတ်သွားတတ်လို့ပါ Safari world သွားရင်တော့ တစ်နေ့ဘယ်လိုကုန်သွားမှန်းကို မသိဘူးနော်
Safari world သွားမယ်ဆို Ticket လေးတွေ ရောက်မှဝယ်တာထက် ကြိုဝယ်သွားတာက ပိုပြီးသက်သာစေပါတယ် Ticket ဈေးလေးတွေသိချင်တယ် ဝယ်ချင်တယ်ဆိုရင်တော့ မင်မင်တို့ကို သွားမယ့်နေ့လေးရယ် safari park ဝင်မှာလား marine park ပဲသွားမှာလား အထဲမှာ အစားစားဖို့ရောပါလား စတဲ့အသေးစိတ်လေးတွေ ပြောပြပြီးဝယ်လို့ရပါတယ်
နောင်လဲ စိတ်ဝင်စားစရာတွေ ပြောပြပေးမှာမို့ Page လေးကို Like & share လေးလုပ်ထားပေးပါအုန်းနော် ...
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |