AZH

AZH

Share

26/09/2022

နက်(စ်)ကော်ဖီ // နေဝင်းမြင့်

(ရွှေအမြုတေမဂ္ဂဇင်း၊ မေ၊ ၁၉၉၃)

---

(၁)

ဇီးချဉ်ကုန်းဟာ နာမည်နဲ့လိုက်အောင်ပဲ ဇီးချဉ်ပင်တွေ တောထနေတဲ့ ရွာကလေး။ အနီးဆုံးက ကျောင်းစုဆိုတဲ့ တိုက်နယ်အဆင့်ရွာနဲ့ကိုပဲ လေးမိုင်ကျော်ကျော်လောက် ဝေးတယ်။ ရေလည်း ရှား၊ နေလည်း ပူ၊ ဖုန်လည်း ထူတဲ့ ရွာတစ်ရွာလိုပါပဲ။ သိပ်တော့ မထူးဘူး။ ခေါင်တယ်၊ ဆင်းရဲတယ်၊ အိမ်ခြေနည်းတယ်။ ဇီးချဉ်ကုန်းက လူတွေဟာ ပစ္စည်း ပစ္စယလေးဝယ်ချင်လို့၊ ဥပုသ်သီတင်းလေးဆောက်တည်ဖို့ မုန့်လေး ပဲလေး၊ စားစရာ သောက်စရာလေးဝယ်ချင်ရင် ကျောင်းစုကိုပဲ သွားရတယ်။ ရွာမှာက ဈေးရှိတယ်ဆိုရုံကလေးပဲ ရှိတာကိုး။

ဒါပေမဲ့ ရွာမှ ဖြစ်လာပြီဆိုတော့လည်း စက်ဘီးပြင်ဆိုင်ကလေးတစ်ဆိုင်ရှိတယ်။ ဆံပင်ညှပ်ဆိုင်ကလေး တစ်ဆိုင်ရှိတယ်။ ရွာသားတချို့စိုက်တဲ့ ကြံခင်းတွေရှိတော့ ကြံရည်ဆိုင်ကလေး တစ်ဆိုင်ရှိတယ်။ နောက် ပျစ်ချွဲချွဲ ချိုဖန်ဖန်အရသာရှိတဲ့ အုတ်နီခဲရောင် လက်ဖက်ရည်တစ်ခွက် တစ်ဖလား ရနိုင်တဲ့ လက်ဖက်ရည်ဆိုင်ကလေးရှိတယ်။ ရွာအနောက်မှာ အကြော်ဆိုင်ကလေး၊ ထန်းရည်ခါးဆိုင်ကလေး ရှိတယ်။ ဒါပဲ။

ဇီးချဉ်ကုန်းရွာ ရောက်လာတဲ့ ဧည့်သည်ဟာ ဆံပင်ညှပ်လို့ရမယ်၊ စက်ဘီးပြင်ချင်ရင် ဖြစ်တယ်၊ ကြံရည်သောက်မယ်ဆိုရင် ငွေနှစ်ကျပ်လောက်နဲ့ ကြိုက်သလောက် သောက်နိုင်ခွင့်ရှိတယ်။ ထန်းရည်ခါးကြိုက်ရင် ကိုလုံးထန်းတဲကို သွားနိုင်တယ်။ လက်ဖက်ရည်မှ သောက်ချင်ပြီဆိုရင် ကိုအီကွန်းဆိုင်ကို သွားထိုင်ဖို့ပဲ။

အခုပြောချင်တဲ့ကိစ္စက ကိုအီကွန်းဆိုင် အကြောင်းပဲ၊ သည့်ထက် ပိုပြီးနည်းနည်းစိတ်ပြောရင် ကိုအီကွန်းဆိုင်ရဲ့ လက်ဖက်ရည်ခုံ ဘယ်ဘက်ထောင့်က ကော်ဖီမှုန့်ထုပ်ကလေး အကြောင်းပဲ။

(၂)

သည်ကော်ဖီမှုန့်ကလေးကို ကိုအီကွန်းဝယ်ထားတာကြာပြီ။ ဘယ်လောက်ကြာပြီလဲဆိုတာတောင် သူမမှတ်မိဘူး။ ကြာတော့ ကြာပြီ။ ကြာဆို ဇီးချဉ်ကုန်းမှာ ကော်ဖီသောက်တဲ့သူဟာ ပြောရင် ယုံမလားမသိဘူး။ တစ်ယောက်ပဲရှိတယ်။ အဲသည်လူနာမည်က ချန်ထွန်းအောင် လို့ခေါ်တယ်။ အရပ်ရှည်ကိုင်းကိုင်း၊ နှုတ်ခမ်းပြာပြာ၊ မုတ်ဆိတ်တွေထိုးထိုးထောင်ထောင်နဲ့၊ ကြွတ်ဆတ်ဆတ် မာကျော ကျောရုပ်မျိုး။ သူဟာမနက်တိုင်း ကိုအီကွန်း လက်ဖက်ရည်ဆိုင်ကလေးကို လာလေ့ရှိတယ်။ လာတိုင်းလည်း ကော်ဖီတစ်ခွက် မှာသောက်လေ့ရှိတယ်။ ကော်ဖီကို မက်မက်စက်စက်ကြီး ကြိုက်တယ်ဆိုတာ ချန်ထွန်းအောင်ပဲ။ ကော်ဖီတစ်ကျိုက်ကို အားရပါးရကြီး ကျိုက်ချပြီးရင် ဆင်နှစ်ကောင် ဆေးပေါ့လိပ်ကို အားရပါးရ ဖွာတော့တာပဲ။ ပြီးရင် ကော်ဖီခွက်ထဲမှာ ခပ်မည်းမည်းကျန်ရစ်ခဲ့တဲ့ ကော်ဖီနှစ်တွေကိုတောင် ရေနွေးနည်းနည်း ထပ်ထည့်ပြီး ကျိုက်ချ၊ ပြီးရင်ဆေးလိပ်ဆက်ဖွာ၊ ပြီးရင် ရေနွေးကြမ်း နှစ်ခွက်လောက်သောက်၊ ပြီးရင် ကြို့တစ်ချက်လောက် ပြင်းပြင်းထိုးပြီးမှ ထပြန်လာတဲ့လူမျိုးကိုး။ အဲ ညဘက်မှာတော့ လက်ဖက်ရည်ဆိုင်ကလေးက စောစောပိတ်တတ်တော့ ညဦးကတည်း က ကော်ဖီတစ်ခွက်ဝယ်ပြီး မသောက်သေးဘဲ နှပ်ထားတယ်။ အိပ်တော့မယ်ဆိုမှ အေးစက်နေပြီဖြစ်တဲ့ ကော်ဖီကို ကျိုက်ချ အရသာခံပြီးမှ အိပ်တယ်။ ဒါမှလည်း အိပ်ပျော်တယ်။

ခက်တာက ကိုအီကွန်းရဲ့ ဆိုင်ကလေးဟာ ဆိုင်ကြီး ကနားကြီး မဟုတ်ဘူး။ ဆိုင်းဘုတ်တောင် သင်္ဘောဆေးထဲ လက်ညှိုးနှစ်ပြီး သွပ်ပြားပေါ် လက်ညှိုးနဲ့ပဲရေးထားတဲ့ ဆိုင်ဘုတ်ကလေးနဲ့ဆိုင်မျိုးဆိုတော့ ကြည့်ပေါ့။ ဇီးချဉ်ကုန်းရွာက လူတွေဟာ လက်ဖက်ရည်ဆိုင် ထိုင်တဲ့လူတွေ မဟုတ်ဘူး။လက်ဖက်ရည်ယဉ်ကျေးမှုဟာ သူတို့ရွာကလေးနဲ့ ဘယ်လိုမှ မပတ်သက်ဘူး။ အဲသည်အချိန်က လက်ဖက်ရည်တစ်ခွက်ရဲ့ တန်ဖိုးဟာ ဘာမှမရှိပေမဲ့ ဘယ်သူမှ ဟုတ်တိပတ်တိ လက်ဖက်ရည်ဆိုင် ကျောက်ချထိုင်တာမျိုးမရှိဘူး။

မရှိဘူးဆိုပေမဲ့ တစ်ခုတော့ ပြောစရာရှိတယ်။ မရှိဘဲနဲ့ ကိုအီကွန်း ဘယ်သူ့ကို ရောင်းနေသလဲ။ မနက်ဘက် ဈေးဖွင့်ကလေးမှာ ခဏတဖြုတ် ဖြတ်သွားဖြတ်လာ မြင်းလှည်းဆရာတွေသောက်တယ်။ ဆည်မြောင်းဘက်က ဝန်ထမ်း တချို့သောက်တယ်။ ရွာထဲက နည်းနည်းပိုက်ဆံရှိတဲ့ လူတချို့ တစ်ခါတလေသောက်တယ်။ ဧည့်သည်ရောက်တဲ့အိမ်က ထွက်ဝယ်တာ ရှိတယ်။ ဒါပဲ၊ တစ်နေ့လုံးမှ ခွက်သုံးဆယ်မပြည့်ဘူးဆိုတဲ့ ဆိုင်ကလေး။

နောက်တစ်ခုက ကိုအီကွန်းဆိုင်က လက်ဖက်ရည်တစ်မျိုးတည်းမဟုတ်ဘူး။ ဖုန်တသောသောတက်နေတဲ့ ဘိလပ်ရည်လေး၊ ဂျင်ဂျာဘီယာလေး၊ ဝင်ကာနစ်ကလေးလည်း တင်ရောင်းတယ်။ တိုလီမုတ်စလေး၊ စုံစီနဖာ ရောင်းတာလည်း ရှိတယ်။ ကိုအီကွန်းက ဒါနဲ့ စားနေတာ။

ဒါပေမဲ့ ပြောခဲ့သလိုပဲ။ တစ်နေ့ခွက်သုံးဆယ်လောက်က လက်ဖက်ရည်ဖြစ်နေတတ်ပြီး ကော်ဖီသောက်တာက ချန်ထွန်းအောင်ပဲ ရှိတယ်။ ကိုအီကွန်းက တိုက်နယ်ကြီးရွာကို ကုန်သွားချိန်ရင် ကော်ဖီမှုန့် တစ်ထုပ် ဝယ်ဝယ်လာရတာ ချန်ထွန်းအောင်ဖို့ပဲ။ တစ်ခါတလေ ကော်ဖီမှုန့်ထုပ်ကလေးဟာ မှိုတောင်တက်နေလောက်တယ်။ ကြာတော့ အနံ့အရသာတောင်မဲ့နေလောက်တယ်။ တစ်ခါတစ်လေ တစ်ခါ ကော်ဖီမှုန့် ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ ဂုဏ်အနည်းအကျဉ်းကလွဲရင် ကော်ဖီမှုန့်ပါလို့ပြောဖို့တောင် ခက်သလောက်တဲ့ အခြေအနေမျိုး။ ဒါပေမဲ့ ရတယ်။ ချန်ထွန်းအောင်ကတော့ ရတယ်။ ကိုအီကွန်းဆိုင်မှာ ကော်ဖီတစ်ခွက်တလေရနေတာကိုပဲ ကျေးဇူးတင်နေတာ။ မနက် တစ်ခွက်၊ ညတစ်ခွက် ကိုအီကွန်းဆိုင်က ကော်ဖီရနေသရွေ့ ဘဝဟာ ပြည်စုံနေတယ်လို့ သူတွက်ထားပြီးသား။ ကိုအီကွန်းကလည်း တရုတ်နှစ်သစ်ကူးတာတောင် မပိတ်တဲ့ဆိုင်ဆိုတော့ ညံ့ခါမှသာ ညံ့ရော၊ ကော်ဖီကတော့ ရနေတာ မဟုတ်လား။ ဒီလိုနဲ့ ကိုအီကွန်းရဲ့ ခပ်ညံ့ညံ့ ကော်ဖီနဲ့ ချန်ထွန်းအောင် မိတ်ဆွေဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာလာတယ်။

(၃)

တစ်နေ့ ချန်ထွန်းအောင်အိမ်ကို ဆည်မြောင်းက အလုပ်သမားလေးတစ်ယောက် ရောက်လာတယ်။ လက်ထဲမှာ ပလတ်စတစ်ခွက်ကလေး တစ်လုံး ပါလာတယ်။ ချန်ထွန်းအောင် မိန်းမကတော့ တစ်ဖက်ခြံက ဆည်မြောင်းဘိုတဲမှာ ထမင်းချက်တဲ့ ကောင်လေးမှန်း သိတယ်။ ကောင်လေးကဘာမှမပြောဘဲ ချန်ထွန်းအောင်ကိုပဲ ရှာတယ်။

“ဟဲ့ လာ... ၊ မင်း ဦးလေးရှိတယ်။ ဘာလဲ ပြောလေ”

“သည်မှာ ပေးခိုင်းလိုက်လို့”

“ဘာတွေလဲ”

“စားစရာပေါ့ဗျ၊ ဆည်မြောင်းဘိုကြီး မိန်းမက ပေးခိုင်းလိုက်လို့”

ဇီးချဉ်ကုန်းရွာသားများက ဆည်မြောင်းက အင်ဂျင်နီယာတွေကို ဆည်မြောင်းဘိုကြီးလို့ ခေါ်လေ့ရှိတယ်။ အင်္ဂလိပ်ခေတ်ကတည်းကရှိတဲ့ ဆည်မြောင်း အင်ဂျင်နီယာတွေနေတဲ့ ဘန်ဂလိုကို ဘိုတဲလို့လည်း ခေါ်လေ့ရှိတယ်။ ဘိုတဲနဲ့ ခြံချင်းကလည်း ကပ်နေတော့ ခိုင်းစရာရှိရင် သူတို့လင်မယားကို ခေါ်ခိုင်းလေ့ရှိတာ။ သည်လိုပဲ မကြာခဏ ဟိုဟာလေးလာပေး၊ သည်ဟာလေးလာပေး လုပ်တတ်တာရှိတယ်။ သည်တစ်ခါတော့ ခွက်ကလေးတစ်လုံးနဲ့ လာပေးတာဆိုတော့ ထူးဆန်းနေတယ်။ ဘာပါလိမ့်ပေါ့လေ။ သည်မှာတင် ချန်ထွန်းအောင်လည်း အိမ်ရှေ့ကို ထွက်လာတယ်။ ခွက်ကလေးတစ်လုံးနဲ့ ရပ်နေတဲ့ ကောင်လေးကို တွေ့သွားတယ်။

“ကာဖီလို့ ထင်တာပဲ၊ ဘိုကတော် ပေးခိုင်းလို့”

သူတို့ရွာမှာ ကော်ဖီကို ကာဖီလို့ ခေါ်လေ့ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကော်ဖီဆိုကတည်းက ချန်ထွန်းအောင် ဘာမှပြောမနေတော့ဘူး။ ခွက်လွတ်တစ်လုံးထရှာပြီး လှယ်ယူလိုက်တယ်။ ကောင်လေးပြန်သွားတော့ အိမ်ရှေ့ကွပ်ပျစ်မှာပဲ ဘိုကတော့် ကော်ဖီကိုသောက်တယ်။

ကြည့်စမ်း ... ဒါဘာကော်ဖီလဲ၊ သည်ကော်ဖီမျိုး ဘယ်တုန်းက ပေါ်နေတာလဲဘယ်လိုလူတွေက တီထွင်ထားသလဲ၊ ဘယ်လိုလူတွေက သောက်နိုင်တာလဲ၊ သည်ကော်ဖီဟာ ဇီးချဉ်ကုန်းကို ဘယ်လိုရောက်လာတာလဲ၊ သည်ကမ္ဘာပေါ်မှာ သည်ကော်ဖီမျိုး ပေါ်နေတာကို နှစ်ပေါင်းငါးဆယ်တွင်းမှာ ဒါ သူပထမဆုံး သိလိုက်တာပဲ။ သူဟာ ကော်ဖီကို ကုန်သွားမှာစိုးတဲ့ပုံနဲ့ အာစွတ်ရုံပဲ သောက်တယ်။ နှုတ်ခမ်းလေး စိုရုံပဲ စွတ်ပြီး လျှာနဲ့ လျက်တယ်။ လျက်လိုက်တိုင်းလည်း သူ့တစ်ကိုယ်လုံးက အကြောအခြင်တွေဟာ ဖျဉ်းခနဲ ဖျဉ်းခနဲ အငွေ့တွေ ထွက်သွားသလို ခံစားနေရတယ်။ သူ့ရင်ထဲမှာ မေးခွန်းတွေ စီကာစဉ်ကာ ဖြစ်ပေါ်နေပေမဲ့ သူ့မှာအဖြေမရှိဘူး။ သူဟာ ကော်ဖီကုန်သွားတာတောင် ခွက်ကို ကိုင်ရင်း ငိုင်နေလိုက်တာ တစ်မနက်ခင်းလုံးပဲ။

ကိုအီကွန်းဆိုင်ကိုလည်း မသွားဖြစ်တော့ဘူး။ သည်မနက်တော့ သွားဖို့လည်း မလိုတော့ဘူးကိုး။ ကိုအီကွန်းဆိုင်မှာ နှစ်ပေါင်းများစွာ သောက်လာတဲ့ ကော်ဖီဟာ လက်စသတ်တော့ အင်မတန်ညံ့ဖျင်းတဲ့ ကော်ဖီပါကလား။ မနက်တစ်ခွက်၊ ညဦးတစ်ခွက် ဝတ်မပျက်သောက်လာတဲ့ သည်ကော်ဖီ ဟာ လက်စသတ်တော့ အလွန်ဆိုးရွားတဲ့ အနံ့အရသာနဲ့ အော်ဂလီဆန်ချင်စရာကောင်းတဲ့ ကော်ဖီမျိုးပါလား။

လူဆိုတာ နှိုင်းယှဉ်တတ်တဲ့ သတ္တဝါမဟုတ်လား။ ဒါပေမဲ့ လူမှာ ဆင်ခြင်တုံတရားဆိုတာ နည်းနည်းပါးပါးဖြစ်ဖြစ် ရှိတာပဲမဟုတ်လား။ ဒါပေမဲ့ ကိုအီကွန်းကို သူ အပြစ်တင်တာတော့ မဟုတ်ဘူး။ ကနေ့မနက် သောက်လိုက်ရတဲ့ ကော်ဖီ မရှိခင်က ကိုအီကွန်း ကော်ဖီဟာ ကော်ဖီပဲ မဟုတ်လား။ ကနေ့မနက် သောက်ရတဲ့ ကော်ဖီမျိုးဟာ နေ့စဉ် ဘယ်မှာရနိုင်ပါ့မလဲ။ သူတစ်ခုတော့ ဝမ်းနည်းသွားတယ်။ သည်မနက်သောက်လိုက်ရတဲ့ ကော်ဖီမျိုး နောင် သူ့ဘဝတစ်လျှောက်လုံး သောက်ရတော့မှာ မဟုတ်ပါလားဆိုတဲ့ အသိကြောင့်ပဲ။

“ငါဘိုတဲကို သွားဦးမယ်ဟေ့။ ဒါ ဘာကာဖီလဲ၊ ငါ သွားမေးဦး မယ်”

သူ့မိန်းမကိုအော်ခဲ့ပြီး ခွက်ကိုကိုင်ရင်းနဲ့ပဲ ခြံစည်းရိုးကို ခွကျော်ပြီး ဘိုတဲဘက်ကိုထွက်လာတယ်။ ဆည်မြောင်းဘိုကြီးကိုတော့ မတွေ့ရဘူး။ မြောင်းကျိုးတဲ့ဆီကို သွားစစ်နေတယ်နဲ့ တူတယ်။ ဘိုကြီးကတော်က ဧည့်သည်တွေအများကြီးနဲ့ စကားပြောနေတယ်။ အထုပ်တွေ အပိုးတွေလည်းတွေ့တယ်။

“ဘာလဲဟေ့ ချန်ထွန်းအောင်”

သူဝင်လာတာ တွေ့တော့ လှမ်းမေးတယ်။ ပထမတော့ ဧည့်သည်တွေရှိတော့ သူမေးဖို့ တွန့်သွားတယ်။ ဒါပေမဲ့ သူ မေးဖို့လာတာပဲ၊ မေးရတယ်။ ဒါဘာကော်ဖီလဲ သူ သိချင်နေတယ် မဟုတ်လား။

“ဪ အခုန ငမှုန်လာပေးတာ ဘာကာဖီလဲလို့ပါ”

“ဪ အေး မင်း ကော်ဖီကြိုက်မှန်းသိလို့ဟဲ့၊ ငါ ပို့ခိုင်းလိုက်တာ။ အဖေတို့မြို့က ပါလာတာ နက်စ်ကော်ဖီလို့ ခေါ်တယ်”

“ဗျာ ဘာခေါ်တယ်”

“နက်စ်ကော်ဖီ”

“နတ်ကာဖီ”

“အေး နတ်ကာဖီ”

ဟုတ်ပါပြီ။ နတ်ကာဖီပဲ ဖြစ်ရမှာပေါ့။ နတ်များ၊ သိကြားများ သောက်တဲ့ ကာဖီဟာ နတ်ကာဖီပေါ့။ ချန်ထွန်းအောင်ဟာ တော်တော် ပျော်သွားပုံလည်းရတယ်။ သည်ကော်ဖီတစ်ခွက်ဟာ သူ့ကိုနှစ်ပေါင်း နှစ်ဆယ်လောက် နုပျိုသွားစေတယ်။ သူဟာ ဝမ်းသာအားရ သူ့အိမ်ကလေးဆီကို ပြန်လာတယ်။

“မကြည် အခုန ငါသောက်တာ ဘာကာဖီလဲ သိလား”

“မသိဘူး”

“နတ်ကာဖီ”

ချန်ထွန်းအောင်ဟာ နတ်ကာဖီအကြောင်းကို တစ်အိမ်ချင်း လိုက်ပြောတယ်။ လမ်းမှာတွေ့တဲ့သူတိုင်းကို ပြောတယ်။ ဆံပင်ညှပ်ဆိုင်က ကိုသန်းကို ပြောတယ်။ အကြော်ဆိုင်က ဒေါ်ကြီးစိုးကို ဝင်ပြောတယ်။ ကြံရည်ဆိုင်က ဘာဘူကို ဝင်ပြောတယ်။ စက်ဘီးပြင်ဆိုင်က ဦးလေးပေါ်ကို ဝင်ပြောတယ်။ ပြောခဲ့သမျှ လူတွေဟာ စိတ်ဝင်စားဟန် မပြဘူး။ ကိုယ်မသောက်လိုက်ရတဲ့ ကော်ဖီတစ်ခွက် အကြောင်းကို ဘယ်သူက စာစာနာနာ နားလည်နိုင်ပါ့မလဲ။

နောက်ဆုံး ကိုအီကွန်းဆီကို သူဝင်တယ်။ နတ်ကာဖီအကြောင်းကို မြိန်ရေရှက်ရေ ပြောတယ်။ ကိုအီကွန်းကလည်း အင်းမလှုပ် အဲမလှုပ်ပဲ။ ကော်ဖီသာ ရောင်းနေတာ၊ ကိုအီကွန်းကိုယ်တိုင် ကော်ဖီတစ်ခွက် ဖျော်သောက်တာ မဟုတ်တာလည်း တစ်ကြောင်း၊ သည်နတ်ကာဖီဆိုတာကို သူ ကြားလည်း မကြားဖူး၊ သောက်လည်း မသောက်ဖူးတာက တစ်ကြောင်း ဆိုတော့ ချန်ထွန်းအောင် ပြောနေတာကို သူနားမလည်ဘူး။

ချန်ထွန်းအောင် ပြန်လာတော့ သူ့မိန်းမက ထမင်းခူးတယ်။ ဒါပေမဲ့သူ မစားတော့ဘူး။ သူ့ကိုယ်ထဲမှာရှိနေသေးတဲ့၊ သူ့အာရုံခံစားမှုမှာ ပျောက်ကွယ်မသွားသေးတဲ့ ကော်ဖီရဲ့ ရနံ့နဲ့ အရသာကို သူအပျောက်မခံနိုင်ဘူး။ သည်လိုနဲ့ ညရောက်လာတယ်။ သူ ကော်ဖီဝယ်ရတော့မယ်။ ကော်ဖီသောက်ရတော့မယ်။ ဘိုတဲက နက်စ်ကော်ဖီလိုမျိုး နောက်တစ်ခွက် ဘယ်မှာရနိုင်မှာတုံး။ ဇီးချဉ်ကုန်းကို ရှားရှားပါးပါး ရောက်လာတဲ့ နက်စ်ကော်ဖီဟာ ဘာနဲ့ ထည့်ထားတာလဲဆိုတာတောင် မသိတဲ့ဟာ။ နောက်တစ်ခွက် သောက်ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး မဟုတ်လား။ သည်တော့ သူသောက်နေကျ ကိုအီကွန်းရဲ့ ပျစ်ချွဲချွဲ ကော်ဖီတစ်ခွက်ကို သူဝယ်ရတော့မယ်။ ဝယ်ပြီးရင် သူသောက်ရတော့မယ်။ သူတော်တော် စိတ်ပျက်သွားတယ်။ ဘာပဲဖြစ်ဖြစ် သူဝယ်တာပါပဲ။ ဝယ်ပြီးတော့သူ ညဉ့်နက်တဲ့အထိ မသောက်ဖြစ်ဘူး။ သူရင်တွေ ခုန်လာတယ်၊ မျက်လုံးတွေ ကြောင်လာတယ်။ အာတွေ လျှာတွေ စိုစွတ်လာတယ်။ ဘယ်လိုမှကို မရနိုင်မှန်းသိတော့မှ သူ ကိုအီကွန်းရဲ့ ကော်ဖီကို တစ်ကျိုက် ကျိုက်ချလိုက်တယ်။

ကြည့်စမ်း နံလိုက်တာ၊ မကောင်းလိုက်တာ၊ အဝင်ဆိုးလိုက်တာ၊ အန်ချင်လိုက်တာ၊ နောက်တစ်ကျိုက်၊ မဖြစ်တော့ဘူး၊ သူ ဘယ်လိုမှကို သောက်လို့ရမှာ မဟုတ်တော့ဘူး။ သူ့မျက်လုံးထဲမှာ မနက်က ကော်ဖီခွက်ကိုပဲ မြင်နေတယ်၊ မနက်က အရသာကိုပဲ တပ်မက်နေတယ်။ သူ့လက်ထဲက ကော်ဖီခွက်ထဲမှာ ကော်ဖီတွေ အများကြီး ကျန်နေသေးတယ်။ သူ တစ်ကျိုက် ထပ်သောက်ကြည့်တယ်။ လည်ချောင်းထဲကို ဝင်သွားတဲ့ တောကော်ဖီ အေးစက်စက်ဟာ သူ့မျက်နှာတစ်ခုလုံးကို ရှုံ့မဲ့သွားစေတယ်။

အေးစက်နေတဲ့ကော်ဖီကို သောက်နေပေမဲ့ သူ့မှာချွေးတွေ ရွှဲနစ်လာတယ်။ ရင်တွေ ပူလာတယ်။ ညှီစို့စို့၊ အောက်စော်နံတဲ့ ကော်ဖီအနံ့ဟာ သူ့ကို တဆတ်ဆတ်တုန်ရီစေတယ်။ တော်တော် ညဉ့်နက်တော့မှ သူချောက်ချောက်ချားချား အိပ်ပျော်သွားတယ်။

အိပ်မက်ထဲမှာ ပြောင်ပြောင်ပြောင်ပြောင်နဲ့ နတ်သားတစ်ပါးဟာ သူ့ကိုရွှေစင်ခွက်နဲ့ ကော်ဖီတစ်ခွက်လှမ်းပေးတာကို သူသောက်ရတယ်။ သူဟာ နတ်သားပေးတဲ့ ကော်ဖီကို သောက်ရင်း ပြုံးတယ်။ ပြီးတော့ နတ်သားကို ရွှေခွက်ပြန်ပေးလိုက်တယ်။ အလို... အိပ်မက်ထဲက နတ်သားဟာ လက်စသတ်တော့ ဆည်မြောင်းက အလုပ်သမားလေး ငမှုန်ပါလား။

(၄)

နောက်တစ်နေ့ကစပြီး ချန်ထွန်းအောင် ဒုက္ခရောက်တော့တာပဲ။ နက်စ်ကော်ဖီကို သူ စွဲလမ်းနေပြီ။ ဒါမျိုးကို တစ်သက်လုံး သောက်နေရရင် ဘယ်လောက်ကောင်းမလဲ။ ခက်တာက တစ်သက်လုံးနေနေသာ သာ နောက်တစ်ခွက်သောက်ရဖို့တောင် မလွယ်ဘူးလေ။ ဒါမျိုးကော်ဖီက တိုက်နယ်အဆင့်ရွာကြီးဖြစ်တဲ့ ကျောင်းစုမှာတောင် ရှိတယ်လို့ သူ မကြားဖူးဘူး။ နောက်တစ်ခုက အဲသလိုကော်ဖီမျိုး မသောက်ရတာထား လက်ရှိ ကိုအီကွန်းကော်ဖီကို သူ ဘယ်လိုမှ သောက်မရတော့တာကလည်း ပြဿနာပဲ။ ညကတင်မဟုတ်ဘူး။ မနက်ဘက် ကိုအီကွန်းဆိုင်က ကော်ဖီကို သောက်တော့လည်း ပျို့တာပဲ။ သည်လိုနဲ့ ထမင်းပါ မစားနိုင်ဖြစ်လာတယ်။ သည်လိုနဲ့ သူဟာ ဘယ်ကော်ဖီမှ သောက်လို့မဖြစ်တဲ့အခါ ထမင်းပါမစားချင်မသောက်ချင် ဖြစ်လာတယ်။ သည်လိုနဲ့ သူဟာ အိပ်ရာထဲလဲတယ်။ ပါးစပ်က “နတ်ကာဖီ... နတ်ကာဖီ” လို့ပဲအော်နေတော့တယ်။

သူ့မိန်းမကလည်း သူ့ယောက်ျားနတ်ကာဖီကို စွဲလမ်းရင်း မစားနိုင်မသောက်နိုင်ဖြစ်နေတာ သိပေမဲ့ သည်ကာဖီမျိုး ဘယ်မှာ သွားဝယ်မလဲ ။ ဇီးချဉ်ကုန်းက တောသူတစ်ယောက်အနေနဲ့ နတ်ကာဖီဘယ်မှာ ထွက်ရှာမလဲ။ သူ တတ်နိုင်တာ တစ်ခုတော့ရှိတယ်။ ဘိုတဲသွားပြီး ဆည်မြောင်းဘိုကြီးမိန်းမကို နောက်ထပ်တစ်ခွက်လောက် တိုက်ပါဦး၊ သည်လို သည်လိုဖြစ်နေလို့ပါဆိုရင် ရနိုင်တယ်လို့ သူတွက်တယ်။ သည်လိုနဲ့ သူတစ်ဖက်ခြံကို ထွက်ခဲ့တယ်။ အကျိုးအကြောင်းလည်း ရှင်းပြတယ်။

“အစ်မ၊ နတ်ကာဖီ ရှိသေးလား”

“ဟဲ့ အဲဒါက ငါတို့ သောက်တာမဟုတ်ဘူး၊ ဧည့်သည်တွေ မြို့ကပါလာတာ။ ပုလင်းထဲမှာ နှစ်ခွက် သုံးခွက်စာတော့ ရှိဦးမယ်။ သည်လို လုပ်လေ၊ မနက်ဖြန် ဧည့်သည်တွေ ပြန်တော့မှာ။ ငါတို့ မိသားစုလည်း လိုက်သွားမှာ၊ ခြံလည်း ကြည့်လိုက်ဦးနော်။ ရော့ ပုလင်းယူသွား”

“ဘယ်လို ဖျော်ရတာလဲ အစ်မ”

“ဟဲ့ ရေနွေးတည်ပြီး ဆူရင်တစ်ခွက်စာ မှန်းပြီးဖျော်ပေါ့။ တစ်ဇွန်းခွဲလောက်ထည့်ပြီး ခလောက်ပေါ့။ အချိုကြိုက်ရင် သကြား နည်းနည်းထည့်ပေါ့”

“ဟုတ်ကဲ့ ဟုတ်ကဲ့”

ချန်ထွန်းအောင် မိန်းမဟာ အိမ်ပြန်ရောက်ရောက်ချင်း ရေနွေးတည်တယ်။ တစ်ခွက်စာဖျော်တယ်။ ချန်ထွန်းအောင်ကို တိုက်တယ်။ နှစ်ပေါင်းငါးဆယ်အတွင်းမှာ ချန်ထွန်းအောင် သူ့မိန်းမကို သည်တစ်ခါ ကျေးဇူးအတင်ဆုံးပဲ။ သိလည်း သိသာတယ်။ သူဟာ ချက်ချင်း အားအင်တွေ ပြည့်ဖြိုးလာတယ်။ လန်းဆန်းလာတယ်။ ငယ်စိတ်တွေတောင် တဖျတ်ဖျတ်ပေါ်လာတယ်။ တစ်နေ့တစ်နေ့ သည်ပုလင်းလေးကိုပဲ တကိုင်ကိုင်လုပ်ရင်း မဝတမ်း ကြည့်နေတယ်။

“ဒါမျိုးတစ်ပုလင်း မြို့ကိုမှာရင်ရမှာပဲကွ”

“ဈေးကြီးမှာပေါ့တော်၊ ပြီးတော့ ဘယ်သူ့ကို ဘယ်လိုမှာမလဲ။ မြို့ဆိုတာ အဝေးကြီး”

“ဘာပဲဖြစ်ဖြစ် မြို့တော့မှာရမှာပါပဲ။ ဒါ မသောက်ရရင် ငါမနေနိုင်တော့ဘူး”

“တော်ကလည်း တစ်သက်လုံး ကိုအီကွန်းကော်ဖီ သောက်လာတာ၊ သောက်ပါတော့လား။ ဒီနတ်ကာဖီနဲ့ ကျုပ်တို့နဲ့ မတန်ပါဘူးတော်”

“ဘာဖြစ်လို့ မတန်ရမှာလဲ။ ကိုအီကွန်းကော်ဖီကို ငါမသောက်ချင်တော့ဘူး။ သောက်လို့လည်း မရဘူး။ နတ်ကာဖီမှ ပုံမှန်မသောက်ရရင် ငါသေလိမ့်မယ်”

“သေရင်လည်းသေဖို့ပဲ ကိုရင်ရဲ့၊ ဘယ်က ရမှာတုံး။ အခုတောင် နှစ်ခွက်စာကို ဆယ်ခွက်စာလောက်ဖြစ်ရုံအနံ့ပါရုံ ဖျော်တိုက်နေတာ။ မနက်ဖြန်ဆို ကုန်ပြီ။ ချန်ထွန်းအောင် တော်တော်စိတ်ညစ်သွားတယ်။ တကယ်လည်း ပုလင်းထဲမှာကုန်တော့မယ်။ ဒါကုန်ရင် ဘယ်ကမှမရနိုင်တော့ဘူး။ ကိုအီကွန်းဖျော်ခုံ ဘယ်ဘက်ထောင့်က ကော်ဖီမှုန့် ခါးတူးတူး အောက်တောက်တောက်ကို သူပြန်သောက်ရတော့မယ်။ မသောက်နိုင်ဘူး၊ ဘယ်လိုမှမသောက်နိုင်ဘူး။ သူဟာ နက်စ်ကော်ဖီ ပုလင်းကို တအားဆုပ်ထားတယ်။ ပုလင်းအဖုံးက စွဲနေတဲ့အနံ့ကို အားပါးတရရှူတယ်။

(၅)

သည်လိုနဲ့ချန်ထွန်းအောင်ဟာ နက်စ်ကော်ဖီ ပြတ်သွားတဲ့နေ့က စပြီး အိပ်ရာထဲမှာပြန်လဲတယ်။ ပုလင်းကိုပဲပွတ်သပ်နေရင်းက အိပ်ရာထဲမှာ လူးလှိမ့်နေတာက သုံးရက်၊ ကယောင်ကတမ်း အော်နေတာ နှစ်ရက်လောက်ဖြစ်လာတော့ သူ့မိန်းမဟာ ကိုအီကွန်းဆိုင် ပြေးတယ်။ ကိုအီကွန်းကိုအကျိုးအကြောင်းပြောတယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရှာပေးဖို့ ပြောတယ်။ တစ်သက်လုံး မပိတ်ခဲ့တဲ့ သူ့ဆိုင်ကိုပိတ်ပြီး မြို့ကို တက်ရှာမယ်လို့ သူ ကတိပေးလိုက်တယ်။ ပြီးတော့ ကော်ဖီတစ်ခွက် ကောင်းကောင်းလေးဖျော်ပြီး ချန်ထွန်းအောင်မိန်းမနဲ့ လိုက်လာခဲ့တယ်။

သူတို့နှစ်ယောက် ပြန်လာတော့ ချန်ထွန်းအောင်က သေနေပြီ။ လက်တစ်ဖက်က နက်စ်ကော်ဖီပုလင်းကို လက်ထဲမှာ ဆုပ်ကိုင်ထားရင်း သေတာ။ ချန်ထွန်းအောင်မိန်းမကတော့ ရင်ဘတ်စည်တီးပေါ့။ ကိုအီကွန်းကလည်း ပါလာတဲ့ကော်ဖီလေး ချန်ထွန်းအောင် ခေါင်းရင်းမှာပဲ ထားလိုက်ရတော့တယ်။ ပြီးတော့ သေသူ့လက်ထဲက ပုလင်းကို ဆွဲယူတယ်။ မရဘူး။ ချန်ထွန်းအောင်ရဲ့ လက်ချောင်းတွေက နက်စ် ကော်ဖီပုလင်းကို ဘယ်လိုမှမလွှတ်ဘူး။ မသေခင် ဘယ်လောက် အားနဲ့ ဆုပ်ထားသလဲ မသိဘူး။ ဘယ်လိုမှကို ခွာထုတ်လို့ မရဘူး။ လာသမျှ၊ သတင်းမေးသမျှ လူတွေလည်း ခွာကြတာပဲ။ လက်ချောင်း လက်ဆစ်တွေ ကျိုးခါမှ ကျိုးရော၊ ပုလင်းကို ခွာထုတ်လို့မရဘူး။ သည်တော့ ပုလင်းကိုဆုပ်လျက်သားနဲ့ပဲ ခေါင်းသွင်းတယ်။ သည်အတိုင်းပဲ မြေမြှုပ်သင်္ဂြိုလ်ရတော့တယ်။

(၆)

သည်ဖြစ်ရပ်ဖြစ်ပြီး နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာခဲ့တဲ့ တစ်နေ့ ။ ဇီးချဉ်ကုန်းသင်္ချိုင်းမှာ နွားကျောင်းသားတစ်ယောက်ဟာ သင်္ချိုင်းထဲမှာ နွားကျောင်းရင်း အသားတွေမရှိတော့တဲ့ ပြုတ်ထွက်နေတဲ့ လူ့လက်ဖျံရိုးတစ်ချောင်းကို သွားတွေ့တယ်။ ထူးဆန်းတာက လက်ဖျံရိုးရဲ့အဆုံးမှာ အရိုးစုဖြစ်နေတဲ့လက်ချောင်းတွေဟာ ပုလင်းတစ်လုံးကို ဆုပ်ကိုင် ထားတာပဲ။ နွားကျောင်းသားက ပုလင်းကိုလိုချင်လို့ ဆွဲယူလိုက်ပေမဲ့ လက်ဖျံရိုးကြီး တစ်ချောင်းလုံးပါ ပါလာတယ်။ လက်ချောင်းတွေကြားထဲက ပုလင်းကိုအတင်းချွတ်ပေမဲ့ မရဘူး။ အရိုးငေါငေါလက်ချောင်းတွေဟာ ပုလင်းကို တအားညှစ်ပြီး ဆုပ်ထားတုန်းပဲ၊ မလွှတ်တမ်း ကိုင်ထားတုန်းပဲ။ သည်သတင်း ရွာထဲရောက်လာတော့ သည်လက်ဖျံရိုးဟာ ချန်ထွန်းအောင်ရဲ့ လက်ဖျံရိုးပဲဆိုတာ ရွာကသိတယ်။

(၇)

ဇီးချဉ်ကုန်းသင်္ချိုင်းမှာ ချန်ထွန်းအောင်ရဲ့ လက်ဖျံအရိုးစုဟာ နက်စ်ကော်ဖီပုလင်းကို မလွှတ်တမ်းဆုပ်ကိုင်ထားဦးမှာပဲ။ ဇီးချဉ်ကုန်းရွာထဲက ကိုအီကွန်းသားတွေရဲ့ လက်ဖက်ရည်ဆိုင်မှာ နက်စ်ကော်ဖီရနေပြီ၊ မာလ်တိုဗာရနေပြီ။ မိုင်လိုရနေပြီ။ ဟောလစ်ရနေပြီ။ တီးမစ်စ်၊ ကော်ဖီမစ်စ်တွေရနေပြီ။ ဘာသောက်ချင်သလဲ၊ အကုန်ရနေပြီ။

---

#နေဝင်းမြင့်
#နက်စ်ကော်ဖီ

13/01/2022

ပြုသူအသစ် ဖြစ်သူအဟောင်း
အပြစ်မမြင် အပြစ်ပြင်ဆင်၍နားလည်ခွင့်လွက်တက်ပါစေ

28/08/2021

ကိုယ်တိုင်အားထုတ်ဖို့မလိုတဲ့..၀င်ငွေလမ်းကြောင်း
ဒီတစ်ခါတော့ ၀င်ငွေလမ်းကြောင်း ၇ မျိုးထဲက Rent Income ဖက်ကိုလှည့်ကြရအောင်ပါ။ Passive Income ဆိုတဲ့ ကိုယ်တိုင် ၀င်ရောက်လုပ်ကိုင်ရမှု နည်းပါးတဲ့ ၀င်ငွေ အမျိုးအစားတွေ ထဲမှာ Rent Income ကလဲ တစ်ခုအပါအ၀င်အနေနဲ့ ဖြစ်ပါတယ်။ (Passive Income အကြောင်းကို Page မှာ အပိုင်းလိုက် မျှဝေပေးထား ပါတယ်။)
Rent Income ဆိုတာ
Rent Income ဆိုတာကတော့ ပိုင်ဆိုင်မှု Asset တစ်ခုခုကို အခြားသူ တစ်ဦးဦး အတွက် တစ်ခုခု အသုံးပြုနိုင်စေဖို့ အဖိုးအခ နဲ့ ငှားရမ်း ရာက ရရှိလာတဲ့ ၀င်ငွေကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ ကိုယ့်ရဲ့ ကား ကို အငှား အနေနဲ့ တစ်နေ့ဘယ်လောက် တစ်နာရီ ဘယ်လောက်ဆိုပြီး အငှားချရာက နေ ရရှိ တဲ့ ၀င်ငွေဟာ Rent Income ပဲဖြစ်ပါတယ်။
အထက်က ပြောခဲ့သလို Rent Income ဆိုတာ ကိုယ်တိုင်ပါ၀င်အားထုတ်ရမှု နည်းပါးတဲ့ Passive Income တစ်ခု ဖြစ် တဲ့ အပြင် ငွေ ကို ပုံစံ တစ်မျိုးပြောင်းပြီး ခိုင်းစေထားခြင်းသဘောလဲ ဖြစ်ပါတယ်။ ငွေ နဲ့ ငွေကို ပြန်ရှာခိုင်းခြင်း အဖြစ် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ကြသလို ငွေကို ပိုင်ဆိုင်မှု Asset ပုံစံ ပြောင်း ပြီး ၀င်ငွေ ရရှိစေခြင်းဟာလည်း ငွေကို ခိုင်းစေ အလုပ်လုပ်ခိုင်းထားခြင်း ပဲဖြစ်ပါတယ်။
ကျွန်တော့် ဘ၀ ရဲ့ ပထမ ဆုံး Rent Income အမျိုးအစား ကတော့ အစ်မ တို့လင်မယားနဲ့ ထက်၀က် စီ တက်စီ တစ်စီးကို စပ်တူ ၀ယ်ပြီး အငှား ပြန်ချကာ Owner ကြေး ရယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက တစ်ရက်ကို တစ်သောင်းနှုန်းနဲ့ တစ်လ ကိုသုံးသိန်း Owner ရပြီး တစ်၀က်ဆိုတော့ တစ်လကို တစ်သိန်းခွဲ ပမာဏ Passive Income. အနေနဲ့ ရခဲ့တာပါပဲ။ အဲဒီတုန်းက Supervisor ၀န်ထမ်းဘ၀ မှာ လစာ ကသုံးသိန်းလောက် ဆိုတော့ Rent Income အဖြစ် ရတဲ့ တစ်သိန်းခွဲဟာ အတော်လေးကို များ ပြားခဲ့ပါတယ်။
ငွေအရင်းအနှီး အများကြီးလိုသလား…
Rent Income ရဖို့ Asset တစ်ခုခု အရင်ရှိဖို့လိုပါတယ်။ ဒီအတွက် Asset ကို အရင် ၀ယ်ယူ ဖို့ ငွေအရင်းအနှီးအများကြီးလိုမယ်လို့ တွေး ကြလေ့ရှိပါတယ်။ အများစု ကလည်း ငှားရမ်းခ ဆိုရင် အိမ်ငှားခ၊ တက်စီ owner ခ စတာတွေကိုပဲ ပြေးမြင်ကြတော့ သိန်းရာနဲ့ ချီလိုမယ်လို့ ယူဆကြတာ ပါပဲ။
ဒီလိုမဟုတ်ပါဘူး ။Rent Income ဟာ အရင်းအနှီးအနည်းငယ်ကနေလဲ စနိုင်ပါတယ်။ ဥပမာ ရပ်ကွက်ထဲက အိမ်ရှင်မ တစ်ဦးဟာ ဝါသနာ အလျောက် ကြွေပန်းကန်ပြား set လိုက် စုဆောင်း လေ့ရှိ ပါတယ်။ တဖြည်းဖြည်း များလာတော့ ရပ်ကွက်ထဲက ဆွမ်းကြွေး၊ ဧည့်ခံပွဲစတာတွေ မှာ ကြွေပန်းကန် ပြားတွေကို ငှားရမ်း ပြီး ၀င်ငွေ ရ လာတာကြုံရဖူးပါတယ်။
ပန်းခြံတွေ လို နေရာတွေမှာ အပျော်စီး စက်ဘီးလေးတွေ ငှားတာ၊ ရှော့ပင်းစင်တာတွေ မှာ ကလေးစီး ကားလေးတွေကို နာရီ ပိုင်းနဲ့ငှားတာ၊ ဂိမ်းစက်တွေ ကို နာရီနဲ့ ငှားတာ၊ ဆိုင်ကယ်ကယ်ရီ သမား ကိုဆိုင်ကယ်ငှားရမ်းထားတာ စတာတွေဟာ အရင်းအနှီးအနည်းလေးနဲ့ လုပ်ဆောင်လို့ ရတဲ့ Rental Income တွေဖြစ်ပါတယ်။ ဒါ့အပြင် လက်၀တ်ရတနာတွေ ငှားရမ်းတာ၊ ပွဲတက်၀တ်စုံတွေ ငှားရမ်းတာ၊ ကားအကောင်းစား ကြီးတွေကို ပွဲတက်မယ့်သူတွေကို ငှားရမ်းတာ၊ နယ်ဖက်တွေမှာ အသံချဲ့ စက်တွေ ငှားရမ်းတာ၊ ထော်လာဂျီ ငှားရမ်းတာ စတာတွေ ကိုလဲ တွေ့ရဖူးပါလိမ့်မယ်။
ဒါ့အပြင် Asset ကို တစ်ခါထဲ ငွေကြေး နဲ့ ၀ယ်ယူလိုက်လို့ ရ သလို၊ ကိုယ်တိုင် Create ဖန်တီး လို့လဲ ရနိုင်ပါသေးတယ်။ ကိုယ်တိုင်ဖန်တီးတဲ့ Asset တွေ ကို. Rental Income အဖြစ် ပြောင်းလဲ ရယူ နိုင်ပါတယ်။ ဥပမာ ကိုယ်က မင်္ဂလာဆောင် ၀တ်စုံတွေ ဒီဇိုင်းလှလှ ချုပ်လုပ်တတ်တယ် ဆိုရင် အသင့် ချုပ် လုပ်ပြီး ငှားရမ်းတာ၊ ပန်းစည်းတွေ ပန်း အလှစင်တွေ ပြုလုပ်ထားပြီး ပွဲ အမျိုးမျိုးအတွက် ငှားရမ်းတာ၊ ဒါတွေဟာ Asset ကို ကိုယ်တိုင်ဖန်တီး ပြီး Rental Income အဖြစ်ရယူတာတွေပါပဲ။
ဒီအတွက် Rental Income ဟာ အရင်းအနှီးအများကြီး မလိုအပ်ဘူးလို့ ပြောနိုင်ပါတယ်။ နောက်ဆုံး ပြောရရင် ရပ်ကွက်ထဲက ကလေးတွေ ကစားနေရင်း နဲ့ စက်ဘီးပိုင်တဲ့ ကလေးက တစ်ခါစီး ဘယ်လောက် ဆိုပြီး အခြားကလေးတွေကို ငှားစား တာကလဲ rental income ရှာဖွေတာပါပဲ။ ဆိုတော့ ကာ Rental Income ဟာ ဖန်တီး ယူရ လွယ်ကူတဲ့ အထဲမှာ ပါ၀င်တယ်လို့ ဆိုနိုင်ပါတယ်။
Business အဖြစ်ပါ Upgrade လုပ်နိုင်..
Rental Income ရဲ့ ထူးခြားချက်ကတော့ တစ်နိုင် Passive Income အနေနဲ့ တင်မကပဲ စီးပွားရေး လုပ်ငန်းတစ်ခု အနေနဲ့ပါ ဆက်သွားလို့ ရနိုင်တာပါပဲ။ တစ်ခါက မြစ်၀ကျွန်းပေါ်မြို့လေးတစ်မြို့ မှာ ငွေလေးစု ဆိုက်ကားလေး တစ်စီး ၀ယ် ထောင်၊ ထပ်စု နောက်တစ်စီး၀ယ်နဲ့ တစ်မြို့လုံးကရာနဲ့ ချီတဲ့ ဆိုက်ကား တွေ အကုန်လုံး ပိုင်သွားပြီး အဲဒီ အလုပ်ကိုပဲ စီးပွားရေး အဖြစ် ရပ်တည်လုပ်ကိုင်သွား တဲ့ သူ တစ်ဦးကိုလဲ ဆုံ ခဲ့ရဖူးပါတယ်။
ဒါ့အပြင် ပွဲ တွေအတွက် ပစ္စည်း တွေ အမျိုးအစား တစ်ခုစီငှား ရင်းနဲ့ ဘယ် ပစ္စည်းပဲလိုလို ပန်းကန်ခွက်ယောက်၊ ကော်ဇော် ၊ ကုလားထိုင်မျိုးစုံက အစ ငှားပေးနိုင်တဲ့ လုပ်ငန်းကြီး တစ်ခု အဖြစ် ကြီးထွားသွားတာကိုလဲ ကိုယ့်မြို့နယ်ထဲမှာ ပဲ မျက်မြင်တွေ့ရဖူးပြန်ပါတယ်။
အသိမိတ်ဆွေတစ် ဦးက လဲ မြေတူးစက် ကြီး တစ်စီး ကို၀ယ်လိုက်ပြီး စက်ကြီးကိုအငှားချ တာ၊ အဲဒီ ကနေ တစ်ဆင့် လယ်ထွန်စက်တွေ စပါးခြွေလှေ့စက်တွေပါ ၀ယ်ယူပြီး အငှား ချပေးတဲ့ Rental Business ကြီးတစ်ခုကို တည်ထောင် နိုင်ခဲ့ ပါသေးတယ်။
သတိထားစရာလေးတစ်ခု…
Rental Income ဆိုတာဟာ Asset တစ်ခုခုကို ငှားရမ်းရတာဖြစ်တဲ့ အတွက် Physical Asset တွေ မှာ အသုံးပြု တဲ့ သက်တမ်းကြာလာတာနဲ့အမျှ ပျက်စီး ယိုယွင်းမှုလေးတွေ ဖြစ်လာတတ် လေ့ရှိပါတယ်။ ဒါကိုတော့ Depreciation အသုံးပြုလာတဲ့အလျောက်တန်ဖိုးလျော့လာခြင်းလို့ ခေါ်ဆိုလေ့ရှိ ကြပါတယ်။ Asset. တစ်ခု ဟာ သက်တမ်းကုန်သွား ရင် အသစ် ပြန်လည် ၀ယ်ယူ မှ ရတာမျိုး ရှိသလို အကြီးစား ပြင်ဆင်ရတာမျိုးတွေ လဲရှိတတ်ပါတယ်။ ဥပမာ ကား အငှားလုပ်ငန်းလုပ်မယ်ဆိုရင် ကား၀ယ် လိုက်တဲ့ ငွေရင်းနဲ့ တင်မပြီးပဲ သတ်မှတ် ကီလိုပြည့်တာနဲ့ အောက်ပိုင်းပြင်ရတာ၊ အင်ဂျင်ဝိုင် ဂီယာဝိုင် လဲရတာ စတာတွေ ရှိလာတတ်ပါတယ်။
တိုက်ခန်းတို့ အိမ် တို့လို Fixed Asset တွေ ကို Rental Income အဖြစ် ငှား ရမ်းမယ်ဆိုရင်တော့ ပြုပြင်ထိန်းသိမ်းစ ရိတ် ရှိတတ်လေ့ရှိပါတယ်။ ပုံမှန် အခြေအနေ အတိုင်းဖြစ်နေဖို့ ထိန်းသိမ်းပေးရတာ အပြင် ငှားရမ်းခ အမြင့်ဆုံး ရဖို့ လိုအပ်တာတွေ ကိုပြင်ဆင်ရတာ ထပ်ပေါင်းရတာ မျိုးတွေ ရှိနိုင်ပါသေးတယ်။ ဒီအတွက် ကိုယ့်ကို Rental Income ပေးနေတဲ့ Asset ဟာ သက်တမ်းဘယ်လောက် ရှိသလဲ ဘာတွေ ပြုပြင်ထိန်းသိမ်းရမလဲဆိုတာကတော့ သိထားရမှာ ဖြစ်ပါတယ်။
တစ်ချို့ ပိုင်ဆိုင်မှုတွေ ကျတော့ အချိန်ကြာလာလေလေတန်ဖိုး မကျပဲ ပိုပြီး တန်ဖိုးကြီးလာလေလေ ဆိုတာမျိုးလဲ ရှိနိုင်ပါသေးတယ်။ ဥပမာ အိမ်အပါမြေကွက် ၀ယ်ထားပြီး ငှား ရမ်းထားလို့ နှစ် အတော်ကြာ တဲ့အခါ ငှားရမ်းခတွေ လဲ ရသလို မြေတန်ဖိုးကပါ တက်လာတယ်ဆိုတဲ့ အခြေအနေကို ပါရနိုင်ပါသေးတယ်။ ဆိုတော့ တစ်ချို့ Rental Income တွေဟာ ပုံမှန် ၀င်ငွေ အပြင် တန်ဖိုးတက် ၀င်ငွေ ကိုပါ ရနိုင်လေ့ရှိပါသေးတယ်။
Rental Income က လုပ်ဆောင်ရ လွယ်ကူတယ်ဆိုပေမယ့် သက်ဆိုင်ရာ နယ်ပယ်အလိုက် Risk တွေ ကတော့ ရှိတတ်တာပါပဲ။ ဒါပေမယ့် Rental Income ငှားရမ်းခ လို့ ဆိုလိုက်တိုင်း ငွေအရင်းအနှီး အများ ကြီး ရှိမှ လုပ်လို့ရမယ့် တိုက်ခန်းငှားခ အိမ်ငှားခ တွေသာ ရှိတယ် လို့ ယူဆနေကြတာကို ပြောင်းလဲ စေဖို့နဲ့ ထင်တာထက် ပိုမိုလွယ်ကူစွာ ရယူနိုင်ကြောင်းကို မျှဝေလိုက်ရပါတယ်ခင်ဗျား။
လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင် ပါတယ်။
Kaung Hein Soe – Strategic
Business Consultant

24/08/2021

အောင်မြင်ရေးနည်းလမ်း(10)ခုပါ

C 10လုံးနဲ့သတ်မှတ်ထားပါတယ်။

၁။ Construction = တည်ဆောက်ခြင်း
၂။ Competence = အစွမ်းအစရှိခြင်း
၃။ Courage = သတ္တိရှိခြင်း
၄။ Communication = ဆက်သွယ်မှုရှိခြင်း
၅။ Charm = ဆွဲဆောင်မှုရှိခြင်း
၆။ Compassion = စာနာရိုင်းပင်းတတ်ခြင်း
၇။ Confidence = ယုံကြည်မှုရှိခြင်း
၈။ Control = ထိန်းချုပ်ခြင်း
၉။ Commitment = ကတိတည်ခြင်း
၁၀။ Contentment = ရောင့်ရဲမှုရှိခြင်း

ဒီကနေ့ကာလ မှာတော့ အလုပ် ထဲမှာ ဖြစ်ဖြစ်၊ နေ့စဉ် ဘ၀ မှာပဲဖြစ်ဖြစ် အောင်မြင်ချင်တယ်ဆိုရင် ဒီပညတ်ချက် ၁၀ချက်နဲ့ ပြည့်စုံအောင်လုပ်ဖို့ လိုပါတယ်။ ဒါဟာပုံသေနည်း တစ်ခုပါ။ ဘယ်လို ရည်မှန်းချက် ပန်းတိုင် မျိုးကို မဆိုဒီအချက်တွေကို အသုံးချလို့်ရပါတယ်။ လုပ်ငန်းတစ်ခုကို အစပျိုးချင်တဲ့ရည်မှန်းချက် မျိုး အတူလက်တွဲမယ့် အဖော် တစ်ဦးရှာတဲ့ ရည်ရွယ်ချက်၊အသက်ကြီး နေပြီဖြစ်တဲ့ မိဘ တွေကို ပြုစု စောင့်ရှောက်ရေး လုပ်ငန်း ဒါမှမဟုတ် ကလေးငယ် တွေကို ကြည့်ရှု့ စောင့်ရှောက် ရေးက အစ အိုလံပစ် အားကစားပွဲတော်မှာ ရွှေတံဆိပ် ရရှိရေး ရည်မှန်းချက် မျိုးအထိ အသုံး တည့်ပါတယ်။

၁။ တည်ဆောင်ခြင်း

စီမံချက် တစ်ခု တည်ဆောက်ဖို့ လိုပါတယ်။ဘယ်ကို သွားမှာလဲ၊ ဘယ်လို ရောက်အောင် သွားမလဲ ဆိုတာ ကွက်ကွက် ကွင်းကွင်းမြင်နေ ရပါမယ်။ ဒီတော့ စီပွားရေး လုပ်ငန်း စီမံကိန်း တစ်ခု ဒါမှမဟုတ်ပုဂ္ဂိုလ်ရေး ရည်မှန်းချက် တွေ ရေးဆွဲ ရေးဟာ ပထမ အဆင့်ပါ။ သင်သွားချင်တဲ့နေရာကို ရောက်အောင် သဘောထား တွေ ရွေးချယ်ဖို့ လိုအပ် ပါတယ်။ သင်လိုချင်တာကို မရခဲ့ရင် သဘောထား ကို ပြင်ရပါ မယ်။ ဒါမှသာ သွားချင်တဲ့ နေရာကိုရောက်မှာပါ။

၂။ အစွမ်းအစ ရှိခြင်း

ငါတော့ ပန်းချီ ဆရာတစ်ယောက် ဒါမှ မဟုတ် တီးဝိုင်း အဆိုတော် တစ်ယောက်အဖြစ် ဘယ်တော့မှမအောင်မြင်နိုင်ဘူးလို့ သံသယဖြစ်ခဲ့တယ်၊ နှစ်မျိုးလုံးမှာ အစွမ်းအစမရှိဘူး။ လေ့ကျင့် ပေးမှုက အထောက် အကူ ရနိုင်ပေမယ့် ဒီလို အနုပညာ လုပ်ငန်းမျိုးမှာတော့ ပါရမီ ရှိဖို့ လိုအပ် ပါတယ်။ ဒါက ထင်ရှားပါတယ်။ ဒါပေမဲ့နယ်ပယ် တစ်ခုမှာ ကျွမ်းကျင်မှု မရှိဘဲ အဲဒီ နယ်ပယ်မှာ အောင်မြင်မှု ရချင်တဲ့လူတွေလည်း တွေ့ခဲ့ဖူးပါတယ်။ အခြေခံ ကျတဲ့ အစွမ်း အစ တွေ မရှိခဲ့ ရင်တော့အပြင်း အထန် ကြိုးပမ်းဖို့ လိုပါ လိမ့်မယ်။ အခက်အခဲ အနည်းဆုံး နည်းလမ်း ဟာလျှောက်လှမ်းရ လွယ်ကူ တာပေါ့။

စီးပွားရေး လုပ်ငန်း အသစ် တစ်ခုအတွက် စီမံချက် တစ်ခု ရေးဆွဲ ရာမှာသင်ဘာ တော်သလဲ ဆိုတာ ချရေး ထားပါ။ ဘာကို လုပ်ရတာ ပျော်တယ် ဆိုတာ ကိုလည်းချရေး ထားပါ။ အဲဒီ လုပ်နည်း လေးက စျေးကွက် ထဲမှာ သင်ဖန်တီး ရယူနိုင်တဲ့နေရာ တစ်နေရာကို သတ်သတ် မှတ်မှတ် လုပ်ပေး နိုင်ပါတယ်။ သင်က စားဖိုမှူးတစ်ယောက် ဖြစ်နေရင် ပြီးတော့ ပြင်သစ် ဘာသာ စကား သင်ချင်နေတယ် ဆိုမှတော့ပြင်သစ် နိုင်ငံသွားပြီး ပြင်သစ် အစား အစာ တွေကို အထူးပြု ချက်ပြုတ်ပေတော့ပေါ့။

အသက်မွေး ၀မ်းကြောင်းမှု အားလုံးမှာ အဟန့် အတား တွေကတော့ ရှိစမြဲပါ။အဲဒီ အခက် အခဲက အစွမ်းအစ၊ လေ့ကျင့်မှုနဲ့ အရည်အချင်း ပတ်၀န်းကျင်မှာပုံမှန် အားဖြင့် အခိုင် အမာ အခြေစိုက်ပြီး ရှိနေ တတ်တယ်။ တကယ်လို့ သင်ဟာအကျွမ်းကျင်ဆုံး နေရာမှာ အလုပ် လုပ်ရတာ ငြီးငွေ့ လာပြီဆိုရင် အဲဒီအ၀န်းအဝိုင်း တွင်းမှာပဲ ပိုကျွမ်းကျင်တဲ့ ပညာကို သုံးပြီး ကြိုးစားကြည့်ပါ။ ကိုယ့်ဘာသာ ကိုယ် ခြစ်ခြုတ်ပြီး ပြန်တီထွင် နေတာမျိုးကိုရှောင်လိုက်ရင် ပိုပြီး မြန်မြန် အောင်မြင် လာလိမ့်မယ်။

၃။ သတ္တိရှိခြင်း

သတ္တိက အကြီး အကျယ် အရေးကြီး ပါတယ်။ တစ်ခါတစ်ရံမှာ သင်ဟာ စွန့်စားမှု ပြုဖို့ လိုအပ် ပါတယ်။ ဦးတည်ချက်ပြောင်းသင့်ရင် ပြောင်းရမယ်။ ဘောင်အပြင် ဘက်ထွက်ပြီး စဉ်းစားပါ။ အကြောင်းကိစ္စဟောင်း ကိုပဲ နည်းလမ်း သစ်နဲ့ ကြိုးစား ကြည့်ပါ။ ဒါကြောင့် သင် မသက်မသာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင် ဦးတည် ထားတဲ့ တူရူပြုမှုကိုယုံကြည်ရင် သင် ရှာနေတဲ့ ရလဒ် တွေကို ယုံကြည်ရင် သင့်အနေနဲ့ မမှိတ် မသုန်နှစ်နှစ် ကာကာ ယုံလိုက်ဖို့ သတ္တိ လိုအပ် ပါတယ်။

အခြေအနေတွေ ခက်ခက် ခဲခဲဖြစ်လာ ချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ဟာ ပြင်းပြင်း ထန်ထန် ရှိနေဖို့နဲ့ သတ္တိရှိ နေဖို့ ဆိုတာမရှိမဖြစ်တဲ့ အရာတွေပါ။ရိုးသား ဖို့ဆိုတာ သတ္တိက အရေးကြီးပါတယ်။ ကိုယ့်ဘာသာရယ်မော ပစ်နိုင်ဖို့လည်း သတ္တိက အရေးကြီး တာပါပဲ။ သင်မှားသွားတဲ့အခါမှာသတ္တိရှိရှိ ၀န်ခံဖို့ ကလည်း မရှိမဖြစ် လိုအပ်ချက်ပါ။

၄။ ဆက်သွယ်မှုရှိခြင်း

ထိရောက်တဲ့ ဆက်သွယ်မှု မရှိရင် စီးပွားရေးလုပ်ငန်း ဖြစ်စေ၊ ပုဂ္ဂလိက ဆက်ဆံရေး မှာဖြစ်စေ အလုပ် မဖြစ်တဲ့ အထောက်အထားတွေ ရှိပါတယ်။ စျေးကွက်၊သင့်လုပ်ဖော် ကိုင်ဖက်များနဲ့ မိတ်ဆွေ တွေကသင် ဘာဆက် လုပ်နေတယ် ဆိုတာ နားလည် နေဖို့က အဓိက ကျပါတယ်။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အတွေး တွေကနေပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့တွေးတောမှုတွေ ထွက်ပေါ် လာပါတယ်။ ဒီအတွေး တွေဟာ ဆက်သွယ်မှု အားနည်းခြင်းနဲ့နားလည်မှု လွဲမှားခြင်း တွေက ဖန်တီး ပေးလိုက်တာ ဒါမှမဟုတ် တွန်းအားပေးလိုက်ခြင်းပါ။ ဆက်သွယ်မှုဟာ မဟာဗျူဟာ အောင်မြင်ခြင်း အတွက် လိုအပ်တဲ့ပစ္စည်း ကိရိယာ တစ်ခု ဖြစ်ပါတယ်။

၅။ ဆွဲဆောင်မှုရှိခြင်း

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေဆွဲဆောင်မှု ရှိခြင်းက အောင်မြင်ခြင်းရဲ့ အရေးပါတဲ့ အကြောင်း တစ်ရပ်ပါ။ဆွဲဆောင်မှု ဆိုတာ ငွေကုန် ကြေးကျခံပြီး ပြုပြင် မွမ်းမံ ထားတဲ့ အပေါ်ယံအရည် အချင်းတွေ မဟုတ်ပါဘူး။ အပြုံးပန်း တစ်ပွင့်ပါ။ ရယ်စရာ မောစရာတချို့တလေနဲ့ သူတစ်ပါးအပေါ် စစ်မှန်တဲ့ စိတ်၀င်စားမှု တွေရှိရင် သင်ဟာဆွဲဆောင်မှု ရှိနေတယ်လို့ ပြောနိုင်ပါပြီ။ တခြား အောင်မြင်ခြင်း အမူ အရာတွေအားလုံး လိုပဲ ဆွဲဆောင်မှုက အခြေ အနေနဲ့ ကိုက်ညီမှု ရှိရမယ်။ သင့်ဆွဲဆောင်မှုကို ရိုးသားမှုက ကျောထောက် နောက်ခံ ပြုထားရမယ်။ ပြီးတော့ ဒါဟာသင့် ဥပဓိရုပ် တစ်ခုလုံး ရဲ့ အစိတ် အပိုင်းတစ်ခု ဖြစ်သင့်တယ်။ ဆိုးရွားတဲ့ရောင်း၀ယ်မှု ဒါမှ မဟုတ် တစ်ယောက် ယောက်ရဲ့ နောက်ကျော ကို ဓားနဲ့ထိုးတာမျိုး မလုပ်ခင်မှာ ဆွဲဆောင်မှု ရှိအောင် လုံးပမ်း တာမျိုးဆိုရင် တော့သင်ဟာ ရေရှည်မှာ အောင်မြင်ခြင်းကို ရရှိနိုင်မှာ မဟုတ်ပါဘူး။

၆။ စာနာရိုင်းပင်းတတ်ခြင်း

လူသား တိုင်းလိုလို ဟာ အတူတူချည်းပါပဲ။ ဘယ်လို နေရာတွေမှာ တူသလဲ ဆိုရင် အမှားတွေ လုပ်ကြတယ်၊ခွင့်လွှတ်ခြင်းနဲ့ စာနာ ရိုင်းပင်းခြင်း ကို လိုချင်ကြတယ်၊ တစ်ခါ တစ်လေမှာဒေါသ လိုမျိုး မကောင်းတဲ့ စိတ်ခံစားမှု တွေဟာ သင်တို့ကို ဝါးမြိုလောင်မြိုက် စေပါတယ်။ ပြီးတော့ အပြစ်တင် လွှဲချ တတ်တဲ့ လှည့်ကွက် ရောဂါလက္ခဏာ ၀င်လာ တော့တာပါပဲ။ အတွေး တွေထဲမှာ လူတိုင်းက `ကျွန်တော့်ကိုဒေါသဖြစ်အောင်၊ မကျေ မချမ်းဖြစ်အောင် လုပ်နေတာ။ ဒါ ကျွန်တော့်အတွင်းသန္တာန်က ထွက်ပေါ် လာတာ မဟုတ်ဘူးလို့ စပြီး တွေးလာ ပါတယ်။ အဲဒီလို ရန်သူကိုတရစပ် တုံ့ပြန်ဖို့ ရင်ဆိုင် လာရတဲ့ အခြေ အနေမျိုးမှာ ပင်ကို အသိစိတ်ကပြန်ချဖို့ (ဒါမှမဟုတ်) ခုခံတဲ့ အနေနဲ့ တုံ့ပြန်ဖို့ ကျွန်ုပ်တို့ကိုပြောပါတယ်။ တကယ်တော့ စာနာ ရိုင်းပင်း တတ်ခြင်းဟာ အားကောင်းတဲ့ လက်နက်တစ်ခုပါ။ လမ်းဆိုး တစ်ခုထဲ ရောက်နေသူ တစ်ဦး ဦးအတွက် စာနာ ရိုင်းပင်းတဲ့စိတ်ခံစား လာရတာနဲ့ သင့်အတွက်ရော သူတို့ အတွက်ပါ အထောက် အပံ့ ဖြစ်သွားတာပါပဲ။ ဒီစကားရပ်ရဲ့ `စာနာ´ တယ်ဆိုတဲ့ သဘောက အကုန် အရေးကြီးတဲ့ သဘောပါ။သင်လုပ်နေတဲ့ အလုပ်ကို သင်ကိုယ်တိုင် မယုံကြည်ရင် တော့ တခြား လူတွေလုပ်ဖို့ဆို တာက ပိုခက်ခဲတာပေါ့။

၇။ ယုံကြည်မှုရှိခြင်း

ယုံကြည်မှု ရှိခြင်း ဟာ အရာ၀တ္ထု အများအပြား ကနေပြီး လာတာပါ။ သင့်ကိုယ်သင် သိထား ရမယ်ဆိုတဲ့ အကြောင်းအရာကိုသိတာက စလာတာပါ။ တချို့ လူတွေဟာ ယုံကြည်ချက် အများ အပြားနဲ့ အတူ မွေးဖွားလာသလားလို့ အောက်မေ့ ရပါတယ်။ ဒါက အခြေခံ ခိုင်ခိုင် မာမာ နဲ့လာတာဆိုရင် အပြုသဘော ဆောင်ပါတယ်။ ဒါပေမဲ့ ယုံကြည်ချက် လွန်ကဲ သွားပြန် ရင်တော့ မာနကြီး၊စိတ်ကြီး၀င် (ဒါမှမဟုတ်) မိုက်မဲ တဲ့အသွင် ကို ဆောင်နိုင် ပါတယ်။ယုံကြည်ချက်ဟာ အချက် အလက် ပေါ်မှာ အခြေပြုဖို့ လိုအပ် ပါတယ်။ ယုံကြည်ချက်တိုးလာတာနဲ့ ဆောင်ရွက်ဖို့ သင့်စွမ်းရည် လည်း တိုးလာမှာပါ။ ဆောင်ရွက်ဖို့လိုအပ်တဲ့ သင့်စွမ်းရည် တိုးလာအောင်လုပ်ရင် သင့်ယုံကြည်ချက် လည်း တိုးပွားလာလိမ့်မယ်။ သူတို့က တိုက်ရိုက် ဆက်စပ် နေတာပါ။

၈။ ထိန်းချုပ်နိုင်ခြင်း

မှန်ကန် အားကောင်းတဲ့ တွေးခေါ်မှု ဟာသင့်အတွေး တွေနဲ့ သင့်စိတ်ခံစားမှု တွေကို ထိန်းချုပ် ပေးနေတဲ့ အကြောင်းပါ။သတိရဖို့က အတွေး တစ်ခု မရှိဘဲနဲ့ သင့်မှာ စိတ်ခံစားချက် တစ်ခုမရှိနိုင်ပါဘူး ။ စိတ်ခံစားမှုကို အသိ အမှတ် ပြုပြီး အတွေးကိုထိန်းချုပ်ရမှာ ။ စိတ်ခံစားမှု ပြောင်းဖို့ အတွက် အတွေးကို ပြောင်းပစ်ရပါမယ်။

၉။ ကတိတည်ခြင်း

တစ်ခါ တစ်ရံ အလွယ်ဆုံး ကိစ္စဟာ လက်မြှောက်အရှုံးပေး လိုက်တာပါ။ တစ်ခါ တစ်ရံ အဲဒါ မျိုးလုပ်ဖို့ လိုပါတယ်။ ဒါပေမဲ့သင့်ရည်မှန်းချက်ကို သင်ယုံကြည်ရင် ပြီးတော့ အောင်မြင်အောင် အကောင် အထည်ဖော်ချင်ရင် သင်ဒီကိစ္စကို ကတိတည် ရမယ်။ ဆိုလို တာက အရှုံး မပေးရဘူး၊ တစ်ခါတလေ သင် လက်မြှောက် အရှုံးပေးချင်စိတ် ပေါ်လာသည့် တိုင်အောင် အရှုံးမပေးမိစေဖို့ပါပဲ။ သင်ဟာ ရည်မှန်းချက် ရောက်အောင် သဘောထားနဲ့ အပြု အမူတွေပြောင်းဖို့ လိုအပ်ရင် လိုပါလိမ့်မယ်။ ဒါပေမဲ့ ဆက်ပြီး အကောင် အထည်ဖော်နေရ ပါမယ်။

၁၀။ ရောင့်ရဲမှုရှိခြင်း

ရောင့်ရဲမှု ရှိခြင်း ဆိုတာ လမ်းခရီးရဲ့အတက် အကျ တွေကို သာယာ ကြည်နူးမှု ရှိတဲ့ အကြောင်းပါ။ ဘာမျှ မရှိတဲ့ တဒင်္ဂအခြေအနေ မှာတောင် ရောင့်ရဲမှု ရှိရပါမယ်။ သင်ဦးတည် ထားတဲ့ ခပ်လှမ်းလှမ်းကိုသာ အာရုံစိုက် နေပြီး လက်ရှိကြုံရတဲ့ အတက် အကျတွေကို မွေ့လျော်မှုမရှိရင် သင့်ဘ၀ တစ်လျှောက်မှာ အများကြီး လွတ်ကျခဲ့မယ့် အန္တရာယ်ရှိ တယ်။ဦးတည်ချက် တစ်ခုကို သွားနေဖို့ လိုအပ် တယ်ဆိုရင် သွားနေတဲ့ ခရီးလမ်းတစ်လျှောက်မှာ သင်တွေ့ သမျှ တွေကို ကြည်နူး မွေ့လျော်ဖို့ ကလည်း အရေးကြီးပါတယ်။ သူက ထပ်လာမှာ မဟုတ်တော့ပါဘူး။ အောင်မြင်ဖို့ ဆိုရင် သင့်မှာ ရှိတာတွေကို တန်ဖိုးထား တတ်ရမယ်။ ပြီးတော့ သင့်မှာ မရှိတာတွေ အကြောင်းကိုတွေးပြီး စိတ်မသက် မသာ ဖြစ်မနေ ရဘူး။

ဒီအချက်အလက်တွေကို သတိထားပြီး လုပ်ဆောင်နိုင် သည်နှင့်အမျှ အောင်မြင်ခြင်းကို လက်၀ယ် ပိုင်ပိုင် ရနိုင်မှာ အသေအချာပါပဲ

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


KyanSitMin Housing. Hlaing Thar Yar Township
Yangon