MOSAIC MYANMAR

MOSAIC MYANMAR

Share

We believe that all people, regardless of race, religion, or gender, are empowered and have the right to participate fully in their societies and to lead a dignified social and economic life. The organisation uses education to empower marginalized communities, including religious and ethnic minorities, as well as marginalized individuals, such as women and members of the LGBTQ community. Mosaic My

17/12/2025

နိုင်ငံမဲ့သူ၊ နိုင်ငံမဲ့ဖြစ်ခြင်းနဲ့ နိုင်ငံမဲ့မှုပြဿနာ
-----------------------------------------------------
နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားအဖြစ် အသိအမှတ်အပြုမခံရသူတွေ၊ နိုင်ငံကူးလက်မှတ် မရှိသူ တွေ၊ တရားဝင်နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးနေရသူတွေကို နိုင်ငံမဲ့သူများ (Stateless People) လို့ သတ်မှတ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ နိုင်ငံမဲ့သူ သန်းပေါင်းများစွာရှိနေပြီး လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်စတဲ့ အခွင့်အလမ်းတွေကနေ ကင်းမဲ့နေရတဲ့သူတွေပါ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ရဲ့ မှတ်တမ်းတွေအရ ကမ္ဘာမှာ နိုင်ငံမဲ့သူအားလုံးပေါင်း အနည်းဆုံး လူ(၁၀)သန်းဝန်ကျင်ရှိကြောင်း ခန့်မှန်းထားကြပါတယ်။

ဆောင်းပါး အပြည့်အစုံကို https://mosaicmm.org/statelessness/citizenship/mosaicvoices/2025/12/01/stateless-sanwin-aung.html
တွင်ဖတ်ရှုနိုင်ပါပြီ။

​ဆောင်းပါးရှင် - ဆဏ်းဝင်းအောင်

10/12/2025

“သာတူညီမျှ ကမ္ဘာအတွက် ပန်းပုထုခြင်း (သို့) LGBTQIA+အသိုက်အဝန်းအတွက် တန်းတူညီမျှမှု”
------------------------------------------------------------
လူ့အသိုင်းအဝိုင်းအတွင်း LGBTQIA+ (Le***an, Gay, Bisexual, Transgender, Q***r, Intersex, Asexual နှင့် အခြား လိင်စိတ်တိမ်းညွှတ်မှုများ) များသည် မတူညီမှုများကြောင့် ခွဲခြားခံရမှု၊ လူမှုရေး ပတ်ဝန်းကျင်တွင်
မလွတ်လပ်မှု၊ အလုပ်အကိုင် အခွင့်အရေးများ နည်းပါးခြင်းတို့ကို ရင်ဆိုင်နေရသည်။ အထူးသဖြင့် လုပ်ငန်းခွင်တွင် LGBTQIA+ လူငယ်များသည် မိမိတို့ စွမ်းရည်၊ စိတ်အားထက်သန်မှုကို အပြည့်အဝ အသုံးချ၍ အောင်မြင်မှုရရှိရန် အခက်အခဲများ ရှိနေသည်မှာ အရေးကြီးသော ပြဿနာတစ်ခုဖြစ်လာသည်။

လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါအခြေပြု ခွဲခြားဆက်ဆံမှုများက ယခု လူမှုအသိုင်းအဝိုင်းတွင် တည်ရှိနေဆဲဖြစ်သည်။ အလုပ်ခေါ်စာများတွင် ကျား/မ နှစ်မျိုးသာ အားသာချက်ပေးခြင်း၊ ရာထူး တိုးမြှင့်မှုများတွင် အမျိုးသားများကို ဦးစားပေးခြင်း၊ မိမိတို့၏ sexuality ကို ဖုံးကွယ်လိုက်ရခြင်း စသဖြင့် LGBTQIA+ အသိုင်းအဝိုင်းအတွင်း လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ဘဝနှင့် အလုပ်အကိုင် ဆိုင်ရာ တန်းတူခွင့်များ မရရှိခြင်းတို့ ဖြစ်ပေါ်နေသည်။

ဆောင်းပါး အပြည့်အစုံကို https://mosaicmm.org/gender/lgbtqia+/sculpting/equality/shaping/world/mosaicvoices/2025/12/10/lgbtqia-equality-tay-eaint.html တွင်ဖတ်ရှုနိုင်ပါပြီ။

ဆောင်းပါးရှင် - တေးအိမ်

26/11/2025

နိုင်ငံသားမဲ့သူတစ်ယောက်အနေနဲ့ နေ့စဥ်ဘဝတွေမှာ အခြေခံအခွင့်အရေးများစွာ ဆုံးရှုံးပြီးနေရပါတယ်။ ပညာသင်ကြားခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူခြင်း နှင့် အိမ်ထောင်စုစာရင်း စသည့် မှတ်ပုံတင်ခြင်း ကိစ္စရပ်တွေမှာကြီးစွာသောစိန်ခေါ်မှုတွေနဲ့ နေ့စဥ် ရင်ဆိုင်နေရပါတယ်။

အပြည့်အစုံကို "Inclusive Future Myanmar" Podcast - Episode 1 ကို အခုပဲ နားဆင်နိုင်ပါပြီ။

#အားလုံးပါဝင်သောမြန်မာ့အနာဂတ် #နိုင်ငံမဲ့ဖြစ်ခြင်း #လူ့အခွင့်အရေး

13/09/2025

နိုင်ငံသားဖြစ်မှုဟာ နိုင်ငံရေးအရ အသုံးချစရာမဟုတ်
---------------------------------------------------------------
နိုင်ငံတစ်ခုခုရဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုတာ လူသားတိုင်းရဲ့ မွေးရာပါအခွင့်အရေး ဖြစ်ပါတယ်။ အဲဒီအခွင့်အရေးကို ဘယ်လိုအကြောင်းပြချက်နဲ့မှ၊ ဘယ်သူကမှ ပယ်ဖျက်ခွင့်မရှိပါဘူး။ နိုင်ငံတစ်ခု မှာ မွေးဖွားနေထိုင်ကြီးပြင်းပြီး အဲဒီနိုင်ငံကိုပဲ အိမ်လို့ သတ်မှတ်ထားသူအတွက်ကတော့ တခြားမှာ အိမ်ဆိုတာ ဘယ်သောအခါမှ ရှိလာမှာမဟုတ်ပါဘူး။

ဆောင်းပါး အပြည့်အစုံကို https://mosaicmm.org/human%20rights/human%20dignity/mosaicvoices/2025/09/12/citizenship-stateless-kkthein.html

တွင်ဖတ်ရှုနိုင်ပါပြီ။

​ဆောင်းပါးရှင် - ကျော်ကျော်သိန်း

20/08/2025

"Inclusive Future Myanmar" Podcast - Episode 1 ကို အခုပဲ နားဆင်နိုင်ပါပြီ။

▪️ မြန်မာပြည်မှာ လူအစုအလိုက် အပြုံလိုက် နေရပ်စွန့်ခွာရမှုတိုင်းဟာ စစ်အာဏာသိမ်းမှု တစ်ခုတည်းကြောင့် မဟုတ်ဘူး ဆိုပေမဲ့ စစ်အာဏာသိမ်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတာတွေ ကြုံရစမြဲပါ။ မြန်မာပြည် လွတ်လပ်ရေး ရပြီးချိန်ကနေစပြီး ခုချိန်ထိ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုတွေဟာ နိုင်ငံသားဖြစ်မှုကို ဘယ်လို ထိခိုက်ခဲ့ပါသလဲ။

▪️ နိုင်ငံသား အထောက်အထား မရှိခြင်းကြောင့် လူ့အခြေခံ ရပိုင်ခွင့်များ ဆုံးရှုံးတာအပြင်၊ မျိုးဆက်အလိုက် ရှင်သန်ရပ်တည်ရေးအတွက်ပါ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရနိုင်ပါသလဲ။

▪️ နောင်မှာ ငြိမ်းချမ်းတဲ့ နိုင်ငံတစ်ခု ကို တည်ဆောက်ဖို့အတွက် လူ့ဂုဏ်သိက္ခာကို အခြေခံတဲ့ နိုင်ငံသားဖြစ်မှု ဆိုင်ရာ အစီအမံအသစ်တွေကိုရော ဘယ်လို ရေးဆွဲလို့ ရနိုင်ပါသလဲ။

ဒီလို လက်ရှိကာလအတွက် သာမက အနာဂတ် တိုင်းပြည် တည်ဆောက်ရေးအတွက်ပါ အရေးကြီးတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးသုံးသပ်နိုင်ဖို့အတွက် "Inclusive Future Myanmar Podcast" ကို စတင်မိတ်ဆက်လိုက်ပါတယ်။

🎧 ပထမဆုံး အပိုင်း (Episode 1) ကို အခုပဲ နားဆင်လိုက်ပါ။
➡️ Spotify [https://open.spotify.com/episode/6eWxy6HxM1QjKjeUUlZPDz?si=Mw8puwmfQ_6x3feWONbtJg]
➡️ YouTube: [https://www.youtube.com/watch?v=PWI6vEwg-K4&t=3s ]
Mosaic Myanmar နဲ့အတူ ပါဝင်ဆွေးနွေးဖို့၊ နားဆင်ဖို့၊ တွေးတောဆင်ခြင်ဖို့နဲ့ ဒီအစီအစဉ်ကို လူအများသိရှိနိုင်အောင် မျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်။
#အားလုံးပါဝင်သောမြန်မာ့အနာဂတ် #နိုင်ငံမဲ့ဖြစ်ခြင်း #လူ့အခွင့်အရေး

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00