Pyone Play Sports

Pyone Play Sports

Share

Pyone Play Sports for all

11/05/2026

မြန်မာ့ဘောလုံးလောကရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းဖွယ်ရှိနေတဲ့ မင်းမော်ဦး

မြန်မာ့လက်ရွေးစင်အသင်း နဲ့ သစ္စာအားမာန်အသင်း ရဲ့ တောင်ပံတိုက်စစ်ကစားသမား မင်းမော်ဦး ကတော့ လာမယ့် မြန်မာနေရှင်နယ်လိဂ် ရာသီသစ်မစတင်ခင်မှာ အသင်းပြောင်းဖွယ်ရှိနေပြီး မြန်မာနေရှင်နယ်လိဂ် အသင်း (၄) သင်းက ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရှိရပါတယ်။ ​မင်းမော်ဦးရဲ့ပြောင်းရွှေ့ကြေးကတော့ မြန်မာနေရှင်နယ်လိဂ် ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး သိန်း ၁,၀၀၀ နီးပါးနဲ့ ဖြစ်လာဖွယ်ရှိနေပါတယ်။ မင်းမော်ဦးကတော့ သစ္စာအားမာန်အသင်းအတွက် မြန်မာနေရှင်လိဂ်မှာ (၂) ရာသီဆက်ခြေစွမ်းပြကစားနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီမှာလည်း အသင်းအတွက် သွင်းဂိုး (၅) ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိ မင်းမော်ဦးကိုတော့ သူနဲ့ အပြောင်းအရွှေ့သတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေကျ ရန်ကုန်ယူနိုက်တက်အသင်း၊ ဖြည့်တင်းမှု အကြီးစားတွေပြုလုပ်မယ့် တန်းတက် ရန်ကုန်စီးတီးအသင်း ၊ပိုင်ရှင်အပြောင်းအလဲနဲ့ လူသစ်တွေဆက်တိုက်ခေါ်ယူနေတဲ့ ရတနာပုံ အက်စ်စီ အသင်းနဲ့ အဓိကကစားသမားတွေလက်လွှတ်ထားခဲ့ရလို့ ဖြည့်တင်းမှုတွေ မဖြစ်မနေပြုလုပ်ဖို့လိုအပ်နေတဲ့ ရှမ်းယူနိုက်တက် အသင်းတို့ ကခေါ်ယူဖို့စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။
ပရိသတ်တို့ကရော မင်းမော်ဦးအနေနဲ့ ​ဘယ်အသင်းဆီပြောင်းရွှေ့သွားလိမ့်မယ်လို့ ထင်မိပါသလဲ?

10/05/2026

Congratulations Van!🎉🎉🇲🇲

UFC ဖလိုင်းဝိတ်တန်းချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ဂျပန်နိုင်ငံသား တက်ဆူရို တိုင်ရာကို ငါးချီမြောက်မှာ ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူပြီး ချန်ပီယံခါးပတ် ကို ကာကွယ်နိုင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် ဂျိုရှုအာဗန်

LIVE 🔴 Vietnam vs Myanmar | Group Stage – AFC U17 Women's Asian Cup™ 2026 07/05/2026

ယနေ့ မြန်မာ ယူ (၁၇) အမျိုးသမီး အုပ်စု နောက်ဆုံး ပွဲစဉ် ရှိသည်

မြန်မာ ယူ (၁၇) အမျိုးသမီး အသင်း Vs ဗီယက်နမ် ယူ (၁၇) အမျိုးသမီး အသင်း

အချိန် - မေလ (၇) ရက်နေ့ ညနေ (၆) နာရီ

တိုက်ရိုက် ကြည့်ရှုနိုင်မည့် နေရာ -

LIVE 🔴 Vietnam vs Myanmar | Group Stage – AFC U17 Women's Asian Cup™ 2026 Enjoy the Full Group Stage Match between Vietnam and Myanmar from matchday 3 of the AFC U17 Women's Asian Cup™ China 2026.🔔 All Match Highlights & Full Matc...

06/05/2026

အပြည်ပြည်ဆိုင်ရာ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် (ISTAF) မှ ကြီးမှူးပြီး မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် ကွာလာလမ်ပူမြို့မှာ မေလ (၁၆)ရက်နေ့ကနေ (၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ISTAF Sepaktakraw World Cup 2026 အတွက် မြန်မာ့ပိုက်ကျော်ခြင်းကစားသမားတွေက အပြင်းအထန်လေ့ကျင့်နေကြပါတယ်၊

ဒီပြိုင်ပွဲအတွက် စုစုပေါင်း ကစားသမား (၁၂)ယောက်နဲ့အတူ ရန်ကုန်မြို့ သုဝဏ္ဏမှာရှိတဲ့ မြန်မာနိုင်ငံပိုက်ကျော် ခြင်းအဖွဲ့ချုပ်မှာ စခန်းသွင်းလေ့ကျင့်နေကြတာဖြစ်ပါတယ်၊ပိုက်ကျော်ခြင်းအားကစားနည်းအတွက် ကမ္ဘာ့အဆင့်ပြိုင်ပွဲဖြစ်တဲ့ ISTAF World Cup မှာတော့ မြန်မာနိုင်ငံအနေနဲ့ အမျိုးသားအသင်းလိုက်ပြိုင်ပွဲ Men Team Regu ၊ သုံးယောက်တွဲ Regu နဲ့ လေးယောက်တွဲ Quardrant ပြိုင်ပွဲ စတဲ့ ပြိုင်ပွဲ (၃)မျိုးမှာ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်၊

ISTAF World Cup ကိုတော့ မနှစ်က အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့ပြီး မြန်မာအမျိုးသားနဲ့ အမျိုးသမီးပိုက်ကျော်ခြင်းကစားသမားတွေဟာ နှစ်ယောက်တွဲ ၊ သုံးယောက်တွဲ ၊ လေးယောက်တွဲနဲ့ ကျား/မ လေးယောက်တွဲပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် (၁)ဆု ၊ငွေတံဆိပ်(၂) ဆု နဲ့ ကြေးတံဆိပ်(၁)ခု ဆွတ်ခူးရရှိခဲ့ပါတယ်။

​ ​ ​ ​ ​ ​ ​

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yay Kuu Amplified Broadcast Station Wai Za Yan Tar Road Yangon
Yangon
11062