Future Life ICT Solution

Future Life ICT Solution

Share

Photos 09/04/2014

How to Choose the Right Career !

www.wikiHow.com မှာ ဖတ်ရတဲ့ article တစ်ခုကို ပြန် share ချင်ပါတယ်..
"How to Choose the Right Career" ပါ..

Career တခုကို မရွေးခင် အချက်လေးချက်ကို အရင် စဉ်းစားရမယ်လို့ဆိုပါတယ်..
(1) Consider Your Interests
မိမိစိတ်ပါဝင်စားရာ မိမိအလုပ်ချင်ဆုံးအလုပ်ရဲ့နယ်ပယ်ကို ဦးစားပေး စဉ်းစားရမှာဖြစ်ပါတယ်..အဆင်ပြေချောမွေ့အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်းမှု ဖြစ်စေဖို့အတွက် မိမိ ဝါသနာပေါ်မူတည်ပြီး ရွေးချယ်ဖို့လဲ လိုအပ်ပါတယ်..
ဝါသနာပေါ်မူတည်တဲ့ career ဟာ အကျိုးသက်ရောက်မှုများစွာ ဖြစ်စေပါတယ်.
ဂီတနဲ့ပတ်သက်ပြီး စိတ်ဝင်စားသည်ဆိုလျှင်ပင် audio engineering, composing အစရှိသဖြင့် မည်သည့်အပိုင်းကို အဓိက လုပ်ဆောင်ချင်သည်ကို သေချာစွာရွေးဖို့လိုအပ်ပါတယ်..

(2) Consider Your Skills
စာသင်ခန်းအတွင်းမှာ ဘယ်ဘာသာရပ်တွေကို စိတ်ပါဝင်စားစွာနဲ့ ရလဒ်ကောင်းတွေရအောင် စွမ်းဆောင်နိုင်ခဲ့ပါသလဲ .. မည်သည့်ဘာသာရပ်ကို လွယ်ကူစွာ လေ့လာနိုင်ပါသလဲ
ဒါမှမဟုတ် နှစ်ခြိုက်စွာလုပ်ဆောင်တတ်တဲ့ အရာတွေ ပေါ်မူတည်ပြီး career ရွေးရမှာဖြစ်ပါတယ်.. မိမိအရည်အချင်းပြည့်မီစွာ လုပ်ဆောင်နိုင်သည့်အရာကို ရွေးခြင်းဖြင့် မှန်ကန်တဲ့ career လမ်းကြောင်းပေါ်ရောက်ရှိမှာဖြစ်ပါတယ်.

(3) Consider Your Current State
မိမိကိုယ် မိမိ ဆန်းစစ်ခြင်းဖြင့် အဖြေရှာရပါမယ်..ဒီနည်းဟာ အကောင်းဆုံးပါပဲ. မိမိရွေးချယ်ထားတဲ့ career ကို ပျော်ရွှင်စွာလုပ်ကိုင်ချင်တယ်ဆိုရင်တော့ မိမိကိုယ်မိမိ နားလည်ပြီး မိမိဘယ်အရာကို ကြိုက်နှစ်သက်တယ်ဆိုတာ သိထားဖို့လိုပါတယ်.
ကိုယ်ရွေးချယ်တဲ့ career ဟာ ပညာရေးပိုင်းဆိုင်ရာထောက်ပံ့မှုအများကြီးလိုတဲ့အတွက် ငွေကြေးအထောက်အပံ့လိုတယ်ဆိုရင် shcolarships, grants ရအောင် ကြိုးစားရမယ်လို့ ဆိုပါတယ်..
အရေးကြီးတဲ့အချက်တစ်ခုကတော့ ကိုယ်ရွေးချယ်တဲ့ career အတွက် လုံလောက်တဲ့ education background ရှိရပါမယ်.
များများရှာဖွေ..များများစဉ်းစားပြီး မိမိသင်ရမယ့် ပညာ.. ရွေးရမယ့် career ကို သတ်မှတ်ရပါမယ်..

(4) Consider Your Future
အရေးကြီးတာတွေထဲက တစ်ချက်ကတော့ မိမိရွေးလိုက်တဲ့ career ဟာ ကိုယ်တိုင် နှစ်သက်ပြီး အောင်မြင်ချင်စိတ်ရှိရမယ်..မိမိဘဝအဆင်ပြေစေလောက်တဲ့ ဝင်ငွေရမယ့် career မျိုး ဖြစ်ရမယ်ဆိုတာပါပဲ.. တနည်းအားဖြင့်ဆိုရရင်တော့ မိမိကိုယ်တိုင်အပြင် မိသားစုကိုပါထောက်ပံပေးနိုင်တဲ့ career မျိုးဖြစ်ရပါမယ်.
မိမိရွေးချယ်တဲ့ career ဟာ ရေရှည်အဆင်ပြေစေနိုင်ရဲ့လား ရပ်တည်နေနိုင်မှာလားဆိုတာလဲ စဉ်းစားရပါမယ်
freelance အလုပ်မျိုးလုပ်တယ်ဆိုကြပါဆို့..အလုပ်မရှိတဲ့အချိန်ဆိုတာလဲဖြစ်နိုင်ပါတ်ယ. ဒါတွေကိုလဲ ထည့်တွေးသင့်ပါတယ်..
လမ်းညွှန်စာအုပ်တွေလဲ ဖတ်သင့်ပါတယ်. လုပ်ငန်းအမျိုးမျိုးအတွက် ဘယ်လို education မျိုးလိုအပ်တယ်ဆိုတာမျိုး ဖော်ပြထားတာဖြစ်ပါတယ်.

ဒါကတော့ article မှာ ဖော်ပြထားတဲ့အချက်တွေပါ.. လွဲမှားတဲ့ အယူအဆတွေနဲ့ မိမိ career အတွက် မလိုအပ်တဲ့ သင်တန်းတွေကို အချိန်ကုန်ခံ..ငွေကြေးအကုန်အကျခံ လေ့လာနေမယ့်အစား မိမိ ဘယ် career ကိုရွေးချယ်မယ် ဘယ်လို education background ကိုလေ့လာမယ်ဆိုတာ သေချာရွေးပြီးမှ မှန်ကန်တဲ့လမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းကြပါစို့....

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 522, ThanThuMar Road, KyeePwarYae Quarter, Thingungyunn Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00