Junction Square

Junction Square

Share

10/04/2026

သင်္ကြန်ပိတ်ရက်ကြေငြာခြင်း

မြန်မာတို့ရဲ့ ရိုးရာအစဉ်အလာအတိုင်း ပျော်ရွှင်စရာ သင်္ကြန်ကာလလေးကို ရောက်ရှိလာတော့မှာဖြစ်လို့ Junction Square Shopping Centre ရဲ့ သင်္ကြန်ပိတ်ရက်လေးကို ကြိုတင်အသိပေးပါရစေ။ 📣

မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလဖြစ်တဲ့ ဧပြီလ (၁၃) ရက်နေ (သင်္ကြန်အကြိုနေ့) မှ ဧပြီလ (၁၇) ရက်နေ့ (နှစ်ဆန်းတစ်ရက် နေ့) အထိ Junction Square Shopping Centre လေးကို ခေတ္တခဏ ပိတ်ထားမှာဖြစ်ပါတယ်။ ဧပြီလ (၁၈) ရက်နေ့မှာတော့ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြီး လူကြီးမင်းတို့ လိုအပ်တာလေးတွေကို စိတ်ကြိုက် လာရောက်အားပေးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ 🛍️✨

ဒီနှစ်သင်္ကြန်မှာ အေးမြတဲ့ အတာရေလေးတွေနဲ့အတူ စိတ်ညစ်စရာတွေ အကုန်ပါသွားပြီး ပျော်ရွှင်ကြည်နူးစရာတွေပဲ ပိုင်ဆိုင်နိုင်ပါစေလို့ Junction Square Shopping Centre မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်ရှင်။ အားလုံးပဲ ဘေးအန္တရာယ်ကင်းကင်းနဲ့ လန်းဆန်းပျော်ရွှင်တဲ့ သင်္ကြန်အချိန်အခါလေး ဖြစ်ပါစေ။ 🙏💙

သင်္ကြန်ပိတ်ရက်အပြီး ဧပြီလ (၁၈) ရက်နေ့ မှာ ပြန်ဆုံကြမယ်နော်... See You Soon! 😉👋

08/04/2026

ARE YOU READY FOR RANDOM DANCE???

Junction Dance Battle မှာ ပြိုင်ပွဲဝင်တွေတင် မဟုတ်ဘူး၊ ပရိတ်သတ်တွေလည်း ကိုယ့်ရဲ့ Dancing Skill ကိုပါ ပြလို့ရမယ့် Random Dance အစီအစဉ်ကြီး ရှိနေမယ်နော် 🔥

သီချင်းသံကြားတာနဲ့ ကိုယ့် Body က အလိုလို Move ချင်နေပြီဆိုရင်တော့ Random Dance နဲ့ ကွက်တိပဲပေါ့။ ကိုယ်သိတဲ့ Beat ထွက်လာတာနဲ့ Stage ပေါ် တက်ကြမ်းလိုက်ရုံပဲ။ ကိုယ့်ရဲ့ အမိုက်စား Move တွေကို ထုတ်ပြဖို့ ဒီထက်လန်းတဲ့ အခွင့်အရေး မရှိတော့ဘူးနော်။ 😎

🗓 Date: April 11 & 12, 2026
🕔 Time: 5:00 PM – 8:00 PM
📍 Location: Junction Square Open Plaza

ဘယ်လိုအမိုက်စား သီချင်းတွေနဲ့ Random Dance ကရမလဲဆိုတာ သိရအောင် အားလုံးပဲ Junction Square ကို အရောက်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ ⚡️

08/04/2026

Junction Dance Battle ရဲ့ ဒိုင်လူကြီးများကို မိတ်ဆက်ပေးခြင်း 🔥

Junction Square မှာ ကျင်းပမယ့် အမိုက်စား Dance Battle ကြီးမှာ ဘယ်သူတွေက အကဲဖြတ်ပေးသွားမလဲဆိုတာ သိချင်နေကြပြီမလား? 🤩

ဒီပွဲမှာတော့ Modern Dance နဲ့ Traditional Dance တို့ကို အကောင်းဆုံးအကဲဖြတ်ပေးသွားဖို့အတွက် နယ်ပယ်အသီးသီးက ပညာရှင်တွေက ဒိုင်လူကြီးများအဖြစ် ပါဝင်အားဖြည့်ပေးသွားမှာဖြစ်ပါတယ်။

✨ Meet Our Judges ✨

1️⃣ Modern Dance - Zek
Modern Dance Move တွေ၊ စည်းချက်တွေနဲ့ တီထွင်ဖန်တီးမှုပိုင်းမှာ ဆရာကျတဲ့ Zek က ပြိုင်ပွဲဝင်တွေရဲ့ Performance တွေကို အသေးစိတ် အကဲဖြတ်ပေးသွားမှာပါ။

2️⃣ Traditional Dance - တင်မောင်ဆန်းမင်းဝင်း
မြန်မာ့ရိုးရာအကအနုပညာရဲ့ အနှစ်သာရနဲ့ ကကွက်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို အကောင်းဆုံး ဝေဖန်အကဲဖြတ်ပေးသွားမယ့် ဇာတ်မင်းသားကြီး တင်မောင်ဆန်းမင်းဝင်း။

🗳️ People's Choice Award လည်း ရှိနေဦးမှာနော်!
ဒိုင်လူကြီးတွေရဲ့ အကဲဖြတ်မှုအပြင် ပရိသတ်တွေ ကိုယ်တိုင် မဲပေးရွေးချယ်နိုင်မယ့် "People's Choice Award" ဆုကြီးလည်း ပါဝင်တာမို့ ကိုယ်အားပေးတဲ့ Team တွေအတွက် Fair မဖြစ်မှာလည်း ပူစရာမလိုတော့ဘူးပေါ့ 📢

ကဲ... ဒိုင်တွေကလည်း လန်း၊ ဆုတွေကလည်း မိုက် ဆိုတော့ ဘယ်သူတွေက Junction Square ရဲ့ Dance Floor ပေါ်မှာ ဘုရင်ဖြစ်မလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်လိုက်ကြရအောင်။ 🕺💫

Dance Battle Registration Link: https://forms.gle/can5V3BgFotPnXF47

Location: Junction Square Open Plaza Promotion Area
Date: 10.4.2026 - 11.4.2026 - 12.4.2026
Time: 3:00 PM - 8:00 PM

08/04/2026

💦 Junction Thingyan Festival 2026 💦

သင်္ကြန်မတိုင်ခင်တည်းက သင်္ကြန် Vibe ရချင်နေပြီလား? ဒါဆိုရင်တော့ Junction Square မှာ ကျင်းပမယ့် Junction Thingyan Festival ကို လုံးဝ (လုံးဝ) လက်လွှတ်မခံသင့်ဘူးနော် 🤩

📅 ရက်စွဲ - 10.4.2026 - 11.4.2026 - 12.4.2026
📍 နေရာ - Junction Square Open Plaza Promotion Area

ဒီပွဲမှာ ဘာတွေပါမလဲဆိုတာ ကြည့်လိုက်ရအောင်... 👇

💃 Dance Battle: Modern vs Traditional

ခေတ်ရှေ့ပြေးတဲ့ Modern Dance အဖွဲ့တွေရဲ့ အမိုက်စား Move တွေနဲ့ မြန်မာ့ဟန်ကို ထိန်းသိမ်းထားတဲ့ Traditional Dance အဖွဲ့တွေရဲ့ ယဉ်ကျေးမှုအလှတွေကို တစ်လှည့်စီ ရှုစားရမှာပါ။ Professional Judges တွေက တိတိကျကျ အကဲဖြတ်ပေးသွားမှာဆိုတော့ ပြိုင်ပွဲက တကယ်ကို အကြိတ်အနယ် ဖြစ်နေမှာနော်!

🛍️ Eats & Treats Market

ဗိုက်ဆာရင်လည်း စိတ်မပူနဲ့! နာမည်ကြီး F&B ဆိုင်တွေအပြင် လူငယ်တွေအကြိုက် Lifestyle Brand ပေါင်းစုံပါဝင်မယ့် ဈေးရောင်းပွဲကြီးလည်း ရှိနေဦးမှာပါ။ စျေးဝယ်ရင်း၊ စားရင်း၊ သောက်ရင်းနဲ့ သင်္ကြန်အရသာကို အပြည့်အဝခံစားလို့ရတာပေါ့။

💦 Sprinkle Station & Fun Games

သင်္ကြန်ဆိုမှတော့ ရေမစိုလို့ မရဘူးလေ! ဒါ့ကြောင့် Water Sprinkle လေးတွေနဲ့ အေးအေးမြမြ ရေကစားလို့ရမယ့် နေရာလေးလည်း ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့အတူ ဆော့ကစားပြီး လက်ဆောင်တွေရမယ့် ပျော်ရွှင်စရာဂိမ်းအစီအစဥ်တွေလည်း အများကြီးရှိနေဦးမှာနော် 🎁

Dance Battle Registration Link: https://forms.gle/can5V3BgFotPnXF47

Junction Thingyan Festival မှာ အကပြိုင်ပွဲတွေကြည့်မလား၊ စျေးဝယ်မလား၊ ရေကစားမလား... အားလုံးက တစ်နေရာတည်းမှာ အစုံအလင်ပဲမို့ သူငယ်ချင်းတွေကို ခုကတည်းက Mention ခေါ်ပြီး ချိန်းထားလိုက်တော့နော်✨

🗓️ ဧပြီလ (၁၀) ရက်၊ (၁၁) ရက်နဲ့ (၁၂) ရက်နေ့တွေမှာ Junction Square မှာ တွေ့ကြမယ်…See you there!!!

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Pyay Road
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00