Hello Doctor

Hello Doctor

Share

27/01/2022

" ကျားလိင်အင်္ဂါကို မလုပ်သင့်သည့် အရာများ "
--------------------------------------------

အသက် ရှင်သန်ဖို့၊ လုပ်ငန်းကြီး ဖြစ်တဲ့

ဆီး စွန့်ဖို့အတွက် သာမက

လူသား မျိုးဆက်တွေ ပွားများဖို့ အတွက်ပါ အရေးပါသော၊

ယောကျာ်းသားတို့ရဲ့အလွန်အင်မတန်မှ နူးညံ့လှပါသော ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုကို

မလုပ်သင့်၊ မလုပ်အပ်တဲ့ အရာ​တွေ အကြောင်း (ရှောင်ရန်)ကို တိုးတိုးတိတ်တိတ်လေး ပြောပြပေးသွားပါ့မယ်။

(မှတ်ချက်-မိန်းကလေးများ မဖတ်ရပါ။ ဖတ်ချင်လဲဖတ်ပါ၊ ပြီးမှ မရှက်ပါနှင့်)

၁။ လက်ဖြင့် ပုတ်ခြင်း၊ ရိုက်ခြင်း မပြုရပါ။

လေထိုး၍ ရသော လက်ဝှေ့အိတ် မဟုတ်ပါ၊

ကျီစယ်၍ သော်လည်းကောင်း၊ ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း ရိုက်ပုတ်ခြင်း မပြုရပါ။

၂။ ဖိခြင်း၊ ညှစ်ခြင်းများလည်း မလုပ်သင့်ပါ။

၎င်းသည် အလွန် နူးညံ့သောကြောင့် Pressure ဒဏ်ကို မခံနိုင်ပါ။

၃။ ဆီးလမ်းကြောင်း အတွင်းသို့ မည်သည့် အရာမှ မထည့်ရပါ။

အပေါ်ဖုံးလေး ဖွင့်ပြီး တစ်ခုခု ထည့်ရသော ပုလင်းမဟုတ်ပါ။

ဆီးလမ်းကြောင်း ထိခိုက်ဒဏ်ရာ ဖြစ်ခြင်း၊

ပိုးဝင်ခြင်း၊ အလွန်နာကျင်ခြင်းများ ဖြစ်တတ်ပါတယ်။

၄။ သားရေကွင်း မဟုတ်ပါ။

အလွန်အမင်း ဆွဲဆန့်ခြင်း လုံးဝ မပြုလုပ်ရပါ။

၅။ ဝှေးစေ့ များအား ရေနွေးပူဖြင့် ဆေးကြောသန့်စင်ခြင်း မလုပ်ရပါ။

ကြက်ဥ မဟုတ်သောကြောင့် ရေနွေးဖြင့် စိမ်ပြုတ်ရန် မလိုအပ်ပါ။

၆။ မီးဖိုချောင်အိမ်သုံး သန့်စင်ဆေးရည် များဖြင့် ဆေးကြောစရာ မလိုပါ။

၎င်းတို့သည် အန္တရာယ် ဖြစ်စေတတ်ပါသည်။

ဘယ်လောက်ပဲ ညစ်ပတ်ပေရေနေပါစေ ဆပ်ပြာနှင့် ရေဖြင့်သာ လုံလောက်ပါသည်။

၇။ အလွန်အမင်း ပွတ်တိုက်ခြင်း မပြုရပါ။

အလွန်အမင်း ပွတ်တိုက်ခြင်းသည် ပူစပ် နာကျင်ခြင်းကို ခံစားစေရရုံမက အရေပြား ပွန်းပဲ့၍ အနာပါ ဖြစ်နိုင်ပါတယ်။

၈။ စိတ်ပါနေချိန် မချိုးရပါ။

လက်ဖြင့်ကွေးညွတ်ရသော စပရိန် အလေးချောင်းမဟုတ်ပါ။

မာကြောနေချိန် ၃၀ဒီဂရီထက် ပိုမချိုးသင့်ပါ (မချိုးလျှင် အကောင်းဆုံး ဖြစ်ပါသည်)။

၉။ မကိုက်ရပါ။

မိမိ ဖာသာ ငုံ့ကိုကျ၍ကား မရပါ။

ထို့ကြောင့် ကိုက်နိုင်မည့်သူကို လုံးဝ မကိုက်ပါနှင့်ဟု ကြိုတင် သတိပေးထားပါ။

၁၀။ ကြည့်မိသမျှ ရုပ်ရှင်များကို စိတ်ပါလက်ပါ လိုက် မခံစားပါနှင့်။

ရုပ်ရှင်ထဲ မြင်မြင်သမျှ မှန်းမျှော်နေလျှင် လိုအပ်သည်ထက် ပိုသော ဆန္ဒဖြေခြင်း ဖြစ်၍ ဒုက္ခရောက်နိုင်ပါသည်။

၁၁။ နံရံ ပလပ်ပေါက်များသည် မီးပလပ် ထိုးရန်အတွက်သာ ဖြစ်ပါသည်။

သင်တို့အတွက် မဟုတ်ပါ။

မရယ်ပါနှင့်။

အချို့သော အမျိုးကောင်းသားများသည် ဝါးလှည်းတောင် ဖြတ်မမောင်းရဲလောက်အောင် ဖြစ်သည်။

တွေ့ကရာ စမ်းစမ်း စမ်းစမ်းနဲ့ လျှောက် မထိုးပါနှင့်။

ဓါတ်လိုက်၍ သေတတ်ပါသည်။

လျှပ်စစ်မီးသည် ဆော့စရာ မဟုတ်ပါ။

၁၂။ ဒုံးကျည် ထိပ်ဖူးအား လိုအပ်သည်ထက် ပို၍ သန့်ရှင်းရေး မပြုလုပ်ရပါ။

ရောင်ယမ်း ပွန်းပဲ့ခြင်း၊ အနာဖြစ်ခြင်း ဖြစ်နိုင်သည်။

၁၃။ မွေးကင်းစကလေး အနှီးထုပ်သလို ကျပ်ညပ် နေအောင် မထုပ်ထားရပါ။

မိမိနှင့် Fit ဖြစ်သော အတွင်းခံကို ရွေးချယ်တတ်ပါစေ။

၁၄။ မတန်တဆ၊ ကျပ်ညပ် နေရာတွင် အတင်း တိုးမဝင်ပါနှင့်။

ဒဏ်ရာ အနာတရ ဖြစ်ခြင်း၊ ကူးစက်ရောဂါပိုး ဝင်ခြင်း ဖြစ်နိုင်ပါတယ်။

၁၅။ ကိုယ်နှင့် ထိုက်တန်သော အရွယ်အစားကိုသဘာဝမှ ပေးထားပြီး ဖြစ်ပါတယ်။

မတော်မရော် ကြီးချင်စိတ်ကို ထိန်းပါ။

ထိုသို့ ကြီးအောင် ဆေးလိမ်း/ဆေးထိုးခြင်းများ ရှောင်ပါ။

လူ သတ်ရန်၊ ရိုက်ရန် အတွက် မဟုတ်ပါ။

အရွယ်အစားသည် အမြဲ အဓိက မကျပါ။

၁၆။ စိုက်ခင်း မဟုတ်ပါ။

အမြဲ ရိတ်သိမ်းဖို့ ကြိုးစား မနေပါနှင့်။

အမွှေးအမျှင် များသည် သဘာဝအတိုင်း ပေးထားသော အကာအကွယ် ဖြစ်ပါသည်။

ရိတ်ချင်သပ ဆိုပါကလည်း

ဓါးသွား အသန့်ဖြင့် ထိခိုက် ပြတ်ရှမှု မရှိအောင် ရိတ်ပါ။

ဤတွင် တန်ဖိုးကြီးသော ရတနာသိုက်အား မပြုလုပ်သင့်သည့် အရာများ တစ်ခန်းရပ်ပါပြီ။

အားလုံးပဲ ရတနာသိုက်ကြီးအား လုံခြုံ ဘေးကင်းစွာ စောင့်ရှောက်နိုင်ကြပါစေ။

မိဘပြည်သူအပေါင်း သက်ရှည်၊ ကျန်းမာ၊ စိတ်ချမ်းသာ၊ လိုရာဆန္ဒပြည့်ပါစေ။

#သိလိုရာမေးအမျိုးသားကျန်းမာရေး

📞 - ၀၉ ၄၀၀၉၀၂၅၉၀ //// Viber: ၀၉၄၀၀၉၀၂၅၉၀

Credit To Original Uploader

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon
Yangon
135308