Future Genius
Happy 5th Birthday 🎂🎊🍰🎉
ချစ်ရတဲ့ တီချယ်တို့ မီးမီးလေး"မေမြတ်နိုး" ရေ။
မီးမီးေလးရဲ့ ၅နှစ်မြောက် မွေးနေ့မှစ၍ ဘ၀တစ်လျှောက်လုံး လိုအင်ဟူသမျှပြည့်၀ပါစေ 🎈🎈🎈
မွေးနေ့ကို အပြည့်အစုံစီစည်ပေးပါသော
ပါးပါး မာမားကိုလည်းတီချယ်တို့က
ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်❤️
Future Genius International Pre-School
🏫🏫🏫
18/04/2026
Singapore maths ကို တက်ချင်ကြသော သားသားမီးမီးတို့အတွက် တန်းခွဲသစ်ကို April 20ရက်နေ့မှာ
စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။
ဒီသင်တန်းကို ကလေးတွေဘာကြောင့်တက်သင့်ပါသလဲ???
Singapore Maths ဆိုတာ ကလေးတိုင်း သင်္ချာတော်လာနိုင်သည့် နိုင်ငံတကာအဆင့်မီ နည်းလမ်း
ဖြစ်ပါတယ်။
📢ကလေးက သင်္ချာကို အလွတ်ကျက်နေရသလို ခံစားနေရသလား?
📢ပုစ္ဆာတွက်ရတာကြောက်နေသလား?
📢ဒါမှမဟုတ် ကျောင်းစာတော့ရပေမဲ့ လက်တွေ့ပြဿနာတွေကို စဉ်းစားရတာ အခက်အခဲရှိနေသလား?
ဒါဆိုရင်တော့.........Singapore Maths ကပဲ အဖြေဖြစ်ပါတယ်။
Singapore Mathsဆိုတာဘာလဲ။
စင်္ကာပူသင်္ချာသည် စင်္ကာပူပညာရေးဝန်ကြီးဌာနမှ ၁၉၈၀ ခုနှစ်များအတွင်း သင်္ချာသင်ကြားရေးအတွက် အထူးတီထွင်ထားသည့် နည်းစနစ်တစ်ခုဖြစ်သည်။
ဤနည်းစနစ်သည် ကလေးများအား သင်္ချာသဘောတရားများကို နက်နက်နဲနဲနားလည်လာအောင်၊ ယုတ္တိဗေဒအရ တွေးခေါ်တတ်လာအောင် ပြုစုပျိုးထောင်ပေးသည်။
စင်္ကာပူနိုင်ငံသည် PISA (Programme for International Student Assessment) စစ်ဆေးမှုများတွင် သင်္ချာဘာသာရပ်အတွက် အမှတ်အများဆုံးရခဲ့ပြီး ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ် ရပ်တည်နေခြင်းကြောင့်လည်း စင်္ကာပူသင်္ချာ၏ ထိရောက်မှုကို နိုင်ငံတကာကအသိအမှတ်ပြုထားသည်။
📢ကမ္ဘာတစ်လွှားက မိဘတွေ ဘာလို့ စင်္ကာပူသင်္ချာကို ရွေးချယ်ကြတာလဲ။
· နားလည်မှုကို အခြေခံသည်။ အလွတ်ကျက်ခြင်းကို ရှောင်ရှားပြီး "ဘာကြောင့်" လုပ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို အခြေခံထားပါတယ်။
· ပြဿနာဖြေရှင်းခြင်းစွမ်းရည် (Problem-Solving Skills) သင်္ချာပုစ္ဆာတစ်ပုဒ်ကို နည်းလမ်းအမျိုးမျိုးဖြင့် ချဉ်းကပ်တွေးခေါ်နိုင်စွမ်းကို ပြုစုပျိုးထောင်ပေးပါတယ်။
· Bar Model နည်းစနစ် စာသားပုစ္ဆာများကို အချောင်းပုံစံဆွဲ၍ စဉ်းစားတတ်လာစေပြီး အထူးသဖြင့် အဆင့်မြင့် ပုစ္ဆာများကို ဖြေရှင်းရာတွင် အထောက်အကူပြုပါတယ်။
· ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ခက်ခဲသောပုစ္ဆာများကိုပင် ယုံကြည်စွာချဉ်းကပ်တတ်လာစေပါတယ်။
စင်္ကာပူသင်္ချာရဲ့ အဓိက သင်ကြားနည်းများ (CPA & Bar Model)
· CPA (Concrete-Pictorial-Abstract) နည်းလမ်း
စင်္ကာပူသင်္ချာရဲ့ အခြေခံအုတ်မြစ်ကို ဖော်ပြရလျှင် CPA သင်ကြားနည်းစနစ်ကို ဦးစွာဖော်ပြရမည်ဖြစ်သည်။ ဤနည်းလမ်းသည် အဆင့်သုံးဆင့်ဖြင့် သင်ကြားပေးသည်။
1. Concrete (မြင်သာထင်သာ) – ကလေးငယ်များအား သင်္ချာအယူအဆများကို မစတင်မီ လက်တွေ့ပစ္စည်းများ (ဥပမာ – အတုံးများ၊ ပန်ကာဆောင်းများ) အသုံးပြု၍ လေ့လာစေသည်။
2. Pictorial (ပုံဆွဲခြင်း) – ထို့နောက် ကလေးများအား ၎င်းတို့နားလည်ထားသော အကြောင်းအရာများကို ပုံများဆွဲ၍ ကိုယ်စားပြုစေသည်။ အဓိက tool မှာ Bar Model (အချောင်းပုံစံ) ဖြစ်ပါတယ်။
3. Abstract (သင်္ကေတများသို့) – နောက်ဆုံးအဆင့်တွင် ကလေးများအား ဂဏန်းများနှင့် သင်္ကေတများ (+, -, x, ÷) ဖြင့် သင်္ချာပြဿနာများကို ဖြေရှင်းစေသည်။
📢ဘယ်သူတွေ သင်ယူသင့်လဲ။
· သင်္ချာအခြေခံ ခိုင်မာစေလိုသော ကလေးငယ်များ
· ကျောင်းသင်ရိုး သင်္ချာအပြင် နိုင်ငံတကာအဆင့်မီ သင်္ချာကို လေ့လာလိုသော ကလေးများ
· အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်း ကလေးငယ်များအတွက် ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
Duration 3 months (June /Julyလ ကျောင်းဖွင့်လျှင် Sat&Sun) သို့ပြောင်းပါမည်။
Time :2:30-4:00 PM(Monday to Friday)
Fees: 100,000
လူဦးရေ နည်းနည်းနှင့် အခြေခံကနေစပြီး ထိထိရောက်ရောက် သင်ကြားပေးမှာဖြစ်ပါတယ်။
☎️09421130357
18/03/2026
Eid Celebrations at Future Genius International Pre-school
Eid Mubarak 😊
Festival brings Joy & Happiness 😊🥰
Wishing you a very happy and peaceful Eid!
Future Genius International Pre-school
🏫🏫🏫
3/18/2026
Wednesday
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No: (5), 2nd Fl , Daw Thein Tin Street, Mingalar Taung Nyunt Township
Yangon
Opening Hours
| Monday | 09:00 - 14:30 |
| Tuesday | 09:00 - 14:30 |
| Wednesday | 09:00 - 14:30 |
| Thursday | 09:00 - 14:30 |
| Friday | 09:00 - 14:30 |