Blankfaceart

Blankfaceart

Share

12/03/2026

အရှေ့တောင်အာရှရဲ့ စျေးအကြီးဆုံး ပန်းချီကား

အရှေ့တောင်အာရှ ပန်းချီလောကမှာ လက်ရှိအချိန်ထိ စျေးအမြင့်ဆုံးစံချိန်တင်ထားတဲ့
သက်ရှိပန်းချီဆရာ ကတော့
ဖိလစ်ပိုင်နိုင်ငံသား
Ronald Ventura (ရော်နယ် ဗင်တူရာ) ပါပဲ။

အမေရိကန်ဒေါ်လာ ၄.၇ သန်းကျော်နဲ့ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း Hong Kong ၊ Christie’s လေလံပွဲမှာ လေလံအောင်ပါတယ်။

ထူးခြားချက်ကတော့ဒီပန်းချီကားဟာ
မူလခန့်မှန်းစျေးထက်
အဆပေါင်း ၂၀ နီးပါး
ပိုမိုရရှိခဲ့တာကြောင့်
အရှေ့တောင်အာရှရဲ့
Contemporary Art (ခေတ်ပြိုင်အနုပညာ) လောကကို တစ်ကမ္ဘာလုံးက
အံ့အားသင့်အောင် လုပ်နိုင်ခဲ့ပါတယ်။

ဒီအရင်က
စံချိန်ဟောင်းကလည်း Ronald Ventura
ရဲ့ "Greyhound" (ဒေါ်လာ ၁.၁ သန်း) ပါပဲ။
အရှေ့တောင်အာရှ
Art Market မှာ
အင်ဒို၊ ဗီယက်နမ်တို့နဲ့အတူ
ဖိလစ်ပိုင်ဟာလည်း
ထိပ်ဆုံးကနေဦးဆောင်ထားပါတယ်။

စင်ကာပူကတော့
အရှေ့တောင်အာရှ
Art Market ရဲ့
ဗဟိုချက် နိုင်ငံတစ်ခုဖြစ်အောင်
Art Fair များစွာ
Activity များစွာတို့နဲ့
လှုပ်ရှားနေပါတယ်။

11/03/2026

https://www.facebook.com/share/p/16yGvmEJRK/?mibextid=wwXIfr

ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာရဲ့ “ရွှေသုတကဏ္ဍ”အတွက် ဒီနေ့ (၁၀.၃.၂ဝ၂၆) မှာတော့ ဆရာ ဆန်နီညိမ်း ရေးသားပြီး အမှတ် ၅၇၀၊ စက်တင်ဘာလ ၂ဝဝ၉ အလင်း တန်းဂျာနယ်မှာ ဖော်ပြခဲ့တဲ့ “ပါဖောင်းမင့်အနုပညာ(Performance Art)” ဆောင်းပါးကို ဆက်လက် ဖော်ပြလိုက်ပါတယ်။


▪️ပါဖောင်းမင့်အနုပညာ
(Performance Art)
▪️ဆန်နီညိမ်း

ယခင်အပတ်မှအဆက်...

အယ်လန်ကပ်ပရိုး
Allan Kapraw
(b 1927- d 2006)

Happening ဆိုတာ ပါဖောင်းမင့်ပဲ ဖြစ်ပါတယ်။ အဖြစ်အပျက်တစ်ခုကို အနုပညာတစ်ရပ်အဖြစ် ဆိုလိုတာ ဖြစ်ပါတယ်။ ဟက်ပင်းနင်းက နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ အကြိမ်ကြိမ် ဖြစ်ပေါ်စေသလို ရှင်းလင်းပြောကြားချက် မပါဘဲနဲ့ တင်ဆက်တတ်ကြသလို ကြည့်ရှုသူ ပရိသတ်အနေနဲ့လည်း ပါဝင်လုပ်ဆောင်ရ တာလည်း ရှိတတ်ပါသေးတယ်။
ဟက်ပင်းနင်းရဲ့ အဓိကသော့ချက်ကတော့ သေသေချာချာ စီမံလုပ်ဆောင် တာဖြစ်သလို တစ်ခါတစ်ရံမှာတော့ အနုပညာရှင်အနေနဲ့ ရုတ်တရက်ပေါ်လာတဲ့ အကြံဉာဏ်နဲ့ တင်ဆက်လိုက်တာမျိုးလည်း ပြုမူလေ့ရှိပါတယ်။
Happening ကို အမေရိကန် အနုပညာရှင် အယ်လန်ကပ်ပရိုး (Allan Kaprow) က ၁၉၅၇ ခုနှစ်က စတင်ပြောကြားခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ကပ်ပရိုး က ၁၉၅၉ ခုနှစ်က 18 Happening in 6 Parts ကို တင်ဆက်ခဲ့ပါတယ်။
သူ့ရဲ့တင်ပြမှုမှာ ၁၉၅၂ ခုနှစ်က ကပ်ပရိုးရဲ့ ဆရာတစ်ဦးဖြစ်တဲ့ ဘလက်မောင်တိန်ကောလိပ်က ဂျွန်ကေ့ချ်ရဲ့တင်ဆက်မှု (Theater Piece No.1) နဲ့လည်း တူပါတယ်။ ကေ့ချ်က လှေကားပေါ်မှာရပ်ပြီး စာဖတ်ပြပြီး ချားလ်အိုလ်ဆန်က တခြား လှေကားတစ်ခုပေါ်မှာရပ်ပြီး စာဖတ်ပြပါတယ်။ ရောဘတ်ရိုချင်ဘတ်ဒ်က သူ့ရဲ့ပန်းချီ ကားတွေကို ပြရင်းရေးဆွဲနေပါတယ်။ ဒေးဗစ်တူဒိုးက စန္ဒရားတစ်လုံးကို တီးနေပြီး ခေတ်ပေါ်အက အနုပညာရှင် မာ့စ်ကမ်းနင်းဟန်က သူ့ရဲ့အကကို တင်ဆက်နေပါတယ်။ ကေ့ချ်က ဒီတင်ဆက်မှုကို တစ်ပြိုင်နက်ပြုလုပ်ပြသခဲ့ပါတယ်။
အယ်လန်ကပ်ပရိုးက 18 Happening in 6 Parts ကို နယူးယောက် ရူဘင်း ဂယ်လာရီ (Reuben Gallery) ၁၉၅၉ ခုနှစ်ရဲ့ ဆောင်းဦးရာသီမှာ တင်ဆက်ခဲ့ပါတယ်။ ပရိသတ်တွေ ကိုယ်တိုင်ပါဝင်စေနိုင်ခဲ့တဲ့ အစောဆုံး ပါဖောင်းမင့်ပွဲလည်းဖြစ်ခဲ့သလို ကြည့် သူရဲ့ အခန်းကဏ္ဍကို ချဲ့ထွင်စေခဲ့တဲ့ ပါဖောင်းမင့်လည်း ဖြစ်ပါတယ်။
ကပ်ပရိုးက သူ့ရဲ့ဖိတ်စာထဲမှာ “ခင်ဗျားကိုယ်တိုင် ဒီအဖြစ်အပျက် အနုပညာ (happening) ရဲ့ အပိုင်းတစ်ခုဖြစ်လာလိမ့်မယ်။ တစ်ပြိုင်နက်တည်းမှာပဲ ခင်ဗျားဟာ ဒီအဖြစ်အပျက် အနုပညာတွေကို တွေ့ကြုံခံစားရမှာဖြစ်တယ်” လို့ ဖော်ပြခဲ့ပါတယ်။
ဖိတ်ကြားခြင်းခံရတဲ့သူတွေကို ပလတ်စတစ်အိတ်ထဲမှာ ထည့်ထားတဲ့ စက္ကူစအချို့၊ ဓာတ်ပုံ၊ သစ်သား၊ ဆေး၊ ဖြတ်ညှပ်ထားတဲ့ ရုပ်ပုံကားချပ်များကို ထည့်သွင်းပေးပြီး ဖိတ်ကြားခံရသူများကို “ဒီအနုပညာရပ်အနေနဲ့လည်း ဘာမှန်းမသိရတဲ့ မျှော်မှန်းချက်နဲ့ ဝိုးတဝါးစိတ်ကူးတချို့သာ ရှိနေပါတယ်။ အဲဒီမှာ အခန်းသုံးခန်းရှိပြီး တစ်ခန်းနဲ့တစ်ခန်း အရွယ်အစားမတူသလို ခံစားမှုလည်း မတူနိုင်ပါ။ အချို့ ဧည့်သည်များအနေနဲ့ သရုပ်ဆောင်ရတာမျိုးလည်း ရှိနိုင်ပါတယ်” လို့ ရည်ညွှန်း ထားပါတယ်။
ရူဘင်းဂယ်လာရီရဲ့ ဒုတိယထပ်မှာတော့ ပလတ်စတစ်နဲ့ ကာရံထားတဲ့ အခန်းသုံးခန်းကို ပြုလုပ်ထားပါတယ်။ အခန်းတွေထဲမှာ ခင်းကျင်းထားတဲ့ ထိုင်ခုံတွေက စက်ဝိုင်းပုံနဲ့ လေးထောင့်ပုံကို မျက်နှာမူရာအရပ် မတူအောင် ခင်းကျင်းထားပါတယ်။ ကာရံထားတဲ့ အခန်းတွင်းမှာ ရောင်စုံမီးများ ထွန်းထားပြီး တတိယအခန်းကတော့ ထိန်းချုပ်ခန်းအဖြစ်ထား ရှိပါတယ်။ ဒီအခန်းကနေ ပါဖောင်းမင့်အနုပညာရှင်များက အဝင်အထွက် ပြုလုပ်ကြပါတယ်။
ပထမနဲ့ ဒုတိယအခန်း နှစ်ခန်းမှာလည်း ပတ်ဝန်းကျင်ကို ထင်ဟပ်စေတဲ့ ကြည့်မှန်ကြီးများကို ထောင်ထားပါတယ်။ ဒီပါဖောင်းမင့်မှာ ပါဝင်ကြမယ့်သူတွေကို အစီအစဉ် အသေးစိတ်တွေနဲ့ ကတ်ပြားသုံးပြားကို ပေးအပ်ထားပါတယ်။
ပါဖောင်းမင့်မှာ အပိုင်း ၆ ပိုင်း ပါရှိပြီး တစ်ပိုင်းစီမှာ အဖြစ်အပျက် ၃ ခုစီ ပါဝင်ပါတယ်။ ဒီ ၃ ခုဟာ တစ်ပြိုင်နက်တည်း ဖြစ်ပျက်နေပါတယ်။ အပိုင်းတစ်ပိုင်းရဲ့ အစနဲ့အဆုံးမှာ ဘဲလ်တစ်ချက်တီးပါတယ်။ အပိုင်းအားလုံး ပြီးဆုံးချိန်မှာတော့ ဘဲလ်နှစ်ချက်တီးတာကို ကြားကြရမှာပါ။
ပါဖောင်းမင့်မှာ ပါဝင်သူများ အနေနဲ့ အစီအစဉ်အားလုံးကို အထူးဂရုစိုက်ပြီး လုပ်ဆောင်ဖို့ရာ သတိပေးထားပါတယ်။
အပိုင်း ၁ နဲ့ ၂ ပြီးချိန်မှာ ဒုတိယအခန်းမှာ ထိုင်နေရမှာ ဖြစ် ပါတယ်။ အပိုင်း ၃ နဲ့ ၄ အတွက် ပထမအခန်းကို ပြောင်းပြီး ထိုင်ရမှာ ဖြစ်ပါတယ်။ ဒါကို အချက်ပေး ဘဲလ်တီး တိုင်း ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
အဖြစ်အပျက်တစ်ခုနဲ့ တစ်ခု အကြား အနားပေးချိန်မှာ ၂ မိနစ် ဖြစ်ပြီး အပိုင်း တစ်ခုနဲ့ တစ်ခုအကြား မှာတော့ ၁၅ မိနစ် နှစ်ကြိမ် သီးခြား အနားပေးသွားမှာ ဖြစ်ပါ တယ်။
အပိုင်းတစ်ပိုင်းအပြီးမှာ လက် ခုပ် မတီးပါနဲ့၊ အပိုင်း ၆ ပိုင်းစလုံး ပြီးမှသာ လက်ခုပ်တီးလိုက တီးနိုင်ပါတယ်လို့ ညွှန်ကြားထားပါတယ်။
ဒီအစဉ်အစဉ်မှာ ပါဝင်သူများအနေနဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အချက်ပေး ဘဲလ်တီးချိန်မှာ မိမိယူရမယ့် ခုံပေါ်မှာ နေရာယူရမှာဖြစ်ပါ တယ်။ သရုပ်ဆောင်ပါဝင်သူများအနေနဲ့ မိမိတို့ ပြုလုပ်ရမယ့် သရုပ်ဆောင်မှုတွေကို တိတိကျကျ လိုက်နာလုပ်ဆောင်စေပါတယ်။ ဘဲလ်နှစ်ချက် တီးချိန်မှာ တင်ဆက်မှု အားလုံး ပြီးဆုံးခဲ့ပါတယ်။
အယ်လန်ကပ်ပရိုးက သူ့ရဲ့ တင်ဆက်မှုကို တိတိကျကျ ရှိနေစေဖို့ရာ နှစ်ပတ်တိတိ ဇာတ်တိုက်ခဲ့ပါတယ်။
ပါဖောင်းမင့်တစ်ခုလုံးရဲ့ လှုပ်ရှားမှုနဲ့ အခန်းစဉ်တို့ရဲ့ အချိန်နဲ့နေရာ (ဟင်းလင်းပြင်) (Time and Space) ကို ကပ်ပရိုးက တိတိပပ ထိန်းချုပ် လုပ်ကိုင်ခဲ့ပါတယ်။
ဒီနေရာမှာ အထူးသတိပြုရမှာကတော့ (time and space) ကို အသုံးပြုရာမှာ အချိန် (time) ကိုလည်း တိတိကျကျ ရှိစေပြီး နေရာ (space) ကိုလည်း လိုအပ်သလို အသုံးပြုခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ဒါတွေကို ခိုင်ခိုင်မာမာ ဖြစ် စေဖို့ ရက်ပေါင်းများစွာ ဇာတ်တိုက်ပြီးမှ တင်ဆက်ခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ ဖန်တီးတင်ဆက်တဲ့ အနုပညာရှင်တွေနဲ့ ကြည့်ရှုသူ ပရိသတ်ကို တစ်သားတည်းဖြစ်စေဖို့ တွဲဖက် ပြခဲ့ပါတယ်။
ကပ်ပရိုးရဲ့ တင်ဆက်မှုက များ စွာအောင်မြင်မှု ရခဲ့ပါတယ်။ တခြား အနုပညာရှင် များကလည်း သူတို့နည်း သူတို့ဟန်နဲ့ တင်ဆက်ပြသခဲ့ကြပါသေးတယ်။



ဆန်နီညိမ်း
အမှတ် ၅၇၀၊ စက်တင်ဘာလ၊ ၂၀၀၉
အလင်းတန်းဂျာနယ်

(ဆက်လက်ဖော်ပြပါမည်)

Photos from Blankfaceart's post 03/10/2025

Aung Cheimt was one of the leading figures of the modern poetry movement in Myanmar. He passed away in 2021, having lived his entire life as a true poet. He devoted himself solely to poetry—never pursuing anything beyond it—and his life itself became a reflection of his poetic process. Over his lifetime, he published thousands of poems, leaving a profound influence not only on poets but also on visual artists.

In 2013, the internationally acclaimed artist Chan Aye collaborated with Aung Cheimt in a unique project. Aung Cheimt first inscribed his favorite poem on a white canvas, after which Chan Aye created his artwork upon it. It was not an illustration of poetry, but rather a genuine collaboration between word and image, a meeting of two spirits.

Among his companions was the artist .mz , whose works graced the covers of some of Aung Cheimt’s books. After the poet’s passing, Min Zaw honored him with a portrait painted in his own distinct style—a remembrance born of friendship and respect.

Though Aung Cheimt’s poems carried him to the heart of a movement and secured his place in the lineage of modern literature, his daily life was marked by hardship. He lived with little money, often in struggle, yet never surrendered to it. He walked only the path he believed in, guided by poetry alone.

Aung Cheimt was a rare figure—someone who lived and created entirely for poetry. His legend will never fade, and his voice will forever remain strong.

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Category

Address


Lanmadaw
Yangon
11