August Myanmar
Currently playing in Education Industry and previously known as Media Group which have published TechSpace Journal and several International Licensed Magazines.
12/10/2013
Multimedia Editor/Specialist အလိုရှိသည်။
August Myanmar Media Group မှ ထုတ်ဝေသွားမည့် နိုင်ငံတကာ မဂ္ဂဇင်း ဖြစ်သည့် Digital Camera Magazine Myanmar တွင် အဓိက တာဝန်ထမ်းဆောင်ရမည် ဖြစ်ပါသည်။
အဓိက တာဝန်များမှာ
၁။ ရုပ်သံ ဗီဒီယို ဘာသာပြန် စာတမ်းထိုးခြင်း
၂။ ဓါတ်ပုံ အသံ ဗီဒီယို ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း
၃။ Online, Print, Video တွင် ဒီဇိုင်းများ ရေးဆွဲခြင်း
လိုအပ်သော စာရွက်စာတမ်း အထောက် အထားများနှင့်တကွ September 31 မတိုင်မီ ရုံးခန်းသို့ လျှောက်ထား နိုင်ပါသည်။
27/09/2013
Computer Active Magazine: UK မှ ရောင်းအား အကောင်းဆုံး အိမ်သုံး နည်းပညာ magazine မြန်မာပြည် လာမည်
Computer Active Magazine သည် UK’s best-selling home technology magazine တစ်ခု ဖြစ်သလို၊ UK ရှိ လပေးမှာယူသူ အများဆုံး (largest subscription titles) ထိပ်တန်း ၁၅ စောင်တွင် ပါဝင်သော Magazine တစ်စောင် ဖြစ်ပါသည်။ (http://www.dennis.co.uk/brands/test)
အဆိုပါ Magazine ကြီးမှ မြန်မာနိုင်ငံရှိ စာဖတ်သူများအတွက် များစွာ အကျိုးဖြစ်ထွန်းစေ နိုင်မည့် ခေါင်းကြီးပိုင်းများကို August Myanmar Media မှ ထုတ်ဝေလျှက်ရှိသည့် Technology Titles များတွင် မကြာမီ တရားဝင် ထည့်သွင်း ဖော်ပြသွားမည် ဖြစ်ပါသည်။
August Myanmar Media လက်အောက်ရှိ နည်းပညာရပ် ဆိုင်ရာ ခေါင်းစဉ်များကို စာဖတ်ပရိတ်သတ်များ ဖတ်ရှုရ ပိုမိုကောင်းမွန် အကျိုး ဖြစ်ထွန်းစေရန်၊ ပိုမိုခိုင်မာသော Editorial လက်ရာများ ရရှိစေရန် Computer Active Magazine ကို ထုတ်ဝေလျှက်ရှိသည့် Dennis Publishing နှင့် တရားဝင် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။
Computer Active Magazine ၏ လက်ရာများကို အောက်တိုဘာလထုတ် ခေါင်းစဉ်များတွင် စတင်တွေ့မြင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေး ကြေငြာ အပ်ပါသည်။
စာဖတ်ပရိတ်သတ်များ၏ အသိပညာ ပိုမိုတိုးပွားစေရန် အစဉ်အမြဲ ကျိုးပမ်းလျက်
August Myanmar Media Group.
http://www.computeractive.co.uk/
07/09/2013
တာဝန်ထမ်းဆောင် လိုသူများ အလိုရှိသည်
August Myanmar Media Group သည် အင်္ဂလန်နိုင်ငံရှိ ထိတ်တန်း မီဒီယာအဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် haymarket Media ထံမှ တရားဝင် လိုင်စင်ရယူကာ Stuff Myanmar Magazine ကို လက်ရှိ ထုတ်ဝေလျှက်ရှိသော မီဒီယာတစ်ခု ဖြစ်ပါသည်။
ဆက်လက်၍ အခြားသော နိုင်ငံတကာ မီဒီယာကြီးများနှင့် ချိတ်ဆက်ကာ နိုင်ငံတကာ မဂ္ဂဇင်းများနှင့် စာအုပ်စာစောင် အသစ်များကို မကြာမီ ထပ်မံထုတ်ဝေသွားရန် ရှိပါသည်။
သို့ ဖြစ်၍ အောက်ဖော်ပြပါ ရာထူးနေရာများအတွက် တာဝန် ထမ်းဆောင်လိုသူများ အနေဖြင့် မီဒီယာရုံးခန်းသို့ လာရောက် လျှောက်ထားနိုင် ပါသည်။
1. Translation Editors M/F ------------ (2 Posts)
2. Translators M/F ------------------ (2 Posts)
3. Reporters ------------------------ (3 Posts)
4. Fashion Editors ------------------- (2 Posts)
5. Data Collectors ------------------- (2 Posts)
6. Layout Designers ----------------- (3 Posts)
7. Sale and Marketing Assistant Manager - (1 Post)
8. Advertising Sale Executives --------- (3 Posts)
9. Sale Promoters ---------------------- (3 Posts)
10. Photographer ---------------------- (1 Post)
အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားလိုသူများသည် ကိုယ်ရေး အကျဉ်း၊ အလုပ်သမား မှတ်ပုံတင် မူရင်း၊ နိုင်ငံသားစိစစ်ရေးကဒ် မိတ္တူ၊ ရက်ကွက် ရဲစခန်း ထောက်ခံစာ၊ လိုအပ်သော စာရွက်စာတမ်းများနှင့် အတူ ရုံးချိန်အတွင်း ရက်အကန့်အသတ်မရှိ လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ပါသည်။
August Myanmar Media Group
Current Publishing Titles are TechSpace Weekly Journal, Guide Technology Magazine, Myanmar Next Fashion Magazine, Stuff Myanmar International Licensed Magazine, Digital Camera Magazine Myanmar and more.
Address: Room 803, Building A31, MyanmaGonyiHousing Complex, MingalarTaung Nyunt Township, Yangon Myanmar. +951393499, +951399065, Fax +951393038
07/02/2013
August Myanmar Media Group မှ Next! Magazine အား လွှဲပြောင်းရယူ
TechSpace Journal နှင့် Guide Magazine တို့အား ထုတ်ဝေလျှက် ရှိသည့် August Myanmar Media Group မှ ဒုတိယအကြိမ်မြောက် မဂ္ဂဇင်းလွှဲပြောင်းရယူမှု အဖြစ် Next! Magazine အား အပြီးအပိုင် လွှဲပြောင်း ရယူခဲ့ပြီ ဖြစ်ပါသည်။
Next! Magazine အား ဖေဖော်ဝါရီလမှ စတင်ကာ August Myanmar Media မှ စတင် ထုတ်ဝေသွားမည် ဖြစ်ပါသည်။
ယခုလက်ရှိ ဂျာနယ်နှင့် မဂ္ဂဇင်းများအပြင် မကြာမီ အချိန်အတွင်းတွင်လည်း မြန်မာနိုင်ငံရှိ စာဖတ်ပရိတ်သတ် များအတွက် စိတ်ဝင်စားဖွယ်ကောင်းသည့် Publication များကိုလည်း စီစဉ်ထုတ်ဝေ သွားမည့်အကြောင်း ကြိုတင်အသိပေး ပြောကြားအပ်ပါသည်။
The 4th exciting Stuff is coming soon!!
TechSpace Journal, Guide Magazine နှင့် Next! Magazine စာဖတ် ပရိတ်သတ်များကို August Myanmar Media Group မှ ကျေးဇူးအထူးပင် တင်ရှိပါကြောင်း ကျေးဇူးတင်စကား ပြောကြားလိုက်ရ ပါသည်။
https://www.facebook.com/myanmarnext
August Myanmar Media Group
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Room 11, Building 6/1, Yanaung Lane 3, Yankin Township
Yangon
11081