WIN Legal Services
27/05/2026
ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန**က ထုတ်ပြန်ထားတဲ့ လုပ်ငန်းခွင်ဆိုင်ရာ အသိပေးကြေညာချက်တွေ ဖြစ်ပါတယ်
**မှတ်ပုံတင်ခ/နှုန်းထားများ** **ကြာမြင့်မည့် အချိန်ကာလ**
# # ၁။ မြေယာလုပ်ပိုင်ခွင့် လွှဲပြောင်းခြင်းနှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခြင်း (ပုံ-၁)
မြို့နယ်မြေစာရင်းရုံးများတွင် လယ်ယာမြေလုပ်ပိုင်ခွင့် လွှဲပြောင်းခြင်းဆိုင်ရာ စာချုပ်စာတမ်းများကို ကာယကံရှင်လက်ဝယ်သို့ အချိန်မီထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ပေးဆောင်ရမည့် နှုန်းထားများမှာ အောက်ပါအတိုင်း ဖြစ်သည်။
* **ရောင်းဝယ်ခြင်း၊ ပေါင်နှံခြင်း၊ အပေါင်ဖျက်သိမ်းခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်း** စသည့် လုပ်ငန်းများအတွက်: **တန်ဖိုး၏ ၀.၅ ရာခိုင်နှုန်း** ပေးဆောင်ရမည်။ *(မှတ်ချက်။ ။ အပေါင်ဖျက်သိမ်းခြင်းအတွက် အများဆုံး ၅၀၀၀၀ ကျပ်ထက် မပိုစေရ)*
* **လဲလှယ်ခြင်း**: **အမြင့်ဆုံးတန်ဖိုး၏ ၀.၅ ရာခိုင်နှုန်း** ပေးဆောင်ရမည်။
# # ၂။ အခြားစာချုပ်စာတမ်း မှတ်ပုံတင်ခြင်းနှင့် ကြာမြင့်ချိန် (ပုံ-၂)
စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်း၊ ရှာဖွေခြင်း၊ မိတ္တူကူးယူခြင်းလုပ်ငန်းများကို လျှောက်ထားသည့်နေ့မှစ၍ **(၇) ရက်အတွင်း** အပြီးဆောင်ရွက်ပေးမည် ဖြစ်သည်။ (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် မေလ ၆ ရက် စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၄၆/၂၀၁၉ အရ)
* **မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများနှင့် သက်ဆိုင်သည့် စာချုပ်စာတမ်းများ**: ပစ္စည်းတန်ဖိုး၏ **၀.၅ ရာခိုင်နှုန်း**
* **သေတမ်းစာများ**:
* (က) အပိတ်သေတမ်းစာ - **၃၀၀၀ ကျပ်**
* (ခ) အဖွင့်သေတမ်းစာ - **၆၀၀၀ ကျပ်**
* **အထွေထွေစာချုပ်များ**: **၃၀၀၀ ကျပ်**
* **ကိုယ်စားလှယ်လွှဲစာများ**: **၂၀၀၀ ကျပ်**
# # ၃။ မြေစာရင်းပုံစံ (၁၀၅) ရေးကူးခွင့်လျှောက်ထားခြင်း (ပုံ-၃)
မြေပုံ၊ မြေရာဇဝင် မိတ္တူ (သို့မဟုတ်) ကောက်နုတ်ချက် **[မြေစာရင်းပုံစံ-၁၀၅ / မြေစာရင်းပုံစံ-၁၀၆]** များကို ရေးကူးရန် မြေစာရင်းပုံစံ-၁၀၃ ဖြင့် လျှောက်ထားရမည်။ အရှုပ်အရှင်းမရှိသည့် သာမန်ကိစ္စရပ်များအတွက် လျှောက်လွှာလက်ခံရရှိသည့်နေ့မှစ၍ **(၇) ရက်အတွင်း** ဆောင်ရွက်ပေးမည် ဖြစ်သည်။ (၂၀၁၉ ခုနှစ် ဇူလိုင် ၃ ရက် စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၀၁/၂၀၁၉ အရ)
* **မြေပုံမိတ္တူရေးကူးခြင်း**:
* (က) ၁ လက်မ = ၁ မိုင် စကေးဖြင့် ၁ ဧကအတွက်: **၆၃ ကျပ်**
* (ခ) ၁ လက်မ = ၃၂ မိုင် စကေးဖြင့် ၁/၄ ဧကအတွက်: **၆၃ ကျပ်**
* (ဂ) ၁ လက်မ = ၆၄ မိုင် စကေးဖြင့် ၁/၁၆ ဧကအတွက်: **၆၃ ကျပ်**
* သတ်မှတ်ထားရှိသော်လည်း တစ်ဦးလျှင် အနည်းဆုံး ပေးဆောင်ရမည့်နှုန်း: **၈၅၂ ကျပ်**
* တွက်ချက်ရာတွင် ၈၅၂ ကျပ်ထက် ပိုပါက ပိုကျသင့်သည့် နှုန်းထားအတိုင်း ပေးဆောင်ရမည်။
* **မှတ်ပုံတင်ခရိုင်ခွဲများမှ ကောက်နုတ်ချက်မိတ္တူရေးကူးခြင်း**:
* (က) ဦးပိုင်တစ်ခုအတွက်: **၄၁၆ ကျပ်**
* (ခ) ဦးပိုင်တစ်ခုထက်ပိုပါက ကျန်ရှိသည့် ဦးပိုင်တစ်ခုစီအတွက်: **၂၄၃ ကျပ်**
# # ၄။ တိုင်ကြားနိုင်ခြင်း
သတ်မှတ်ထားသည့် ရက်အတွင်း ထုတ်ပေးခြင်းမရှိဘဲ ကြန့်ကြာနေခြင်း သို့မဟုတ် သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံမှုများ ရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။
* **--- ခရိုင်မြေစာရင်းဦးစီးဌာန** - (၀၉ - # # # # # # # # #)
* **နေပြည်တော်/--- တိုင်းဒေသကြီး/ပြည်နယ်မြေစာရင်းဦးစီးဌာန** - (၀၉ - # # # # # # # # #)
* **ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန (ရုံးချုပ်)** - ၀၆၇-၄၁၀၃၀၆
*(ပုံထဲတွင် မြို့နယ်၊ ခရိုင် နှင့် တိုင်းဒေသကြီးအမည်များကို ကွက်လပ်ချန်ထားပြီး နမူနာပုံစံအဖြစ် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်)*
credit to copy.
23/05/2026
- ကန့်ကွက်နိုင်ပါကြောင်း နှင့် အများသိစေရန် ကြေညာခြင်း
- မြန်မာ့အလင်းသတင်းစာ
WIN Legal Services
14/05/2026
✍🏼 သေတမ်းစာအတည်ပြုလက်မှတ် (Grant of Probate) လျှောက်ထားခြင်း * ————————————
#သေတမ်းစာ_Will_ဆိုသည်မှာ-
အမွေဆက်ခံခြင်းအက်ဥပဒေ (The Succession Act) နှင့် ၁၉၇၃ ခုနှစ် စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေ ပုဒ်မ ၅(က)(၃၆)*အရ “သေတမ်းစာ” ဆိုသည်မှာ သေတမ်းစာရေးသားသူ ကွယ်လွန်ပြီးနောက် ၎င်း၏ပစ္စည်းများကို မည်သို့စီမံခွဲဝေစေလိုကြောင်း ဖော်ပြထားသော စာတမ်းကို ဆိုလိုသည်။
သေတမ်းစာအတည်ပြုလက်မှတ် (Probate) ——————
သေတမ်းစာတွင် ခန့်အပ်ထားသော Executor (သေတမ်းစာအတည်ပြုသူ) ကိုသာ ရုံးတော်က သေတမ်းစာအတည်ပြုလက်မှတ် (Probate) ကို လျှောက်ထားနိုင်သည်။
Probate လျှောက်ထားရာတွင် တရားမအထွေထွေမှုအဖြစ် စတင်ဆောင်ရွက်ရပြီး၊ ကန့်ကွက်သူ ပေါ်ပေါက်လာပါက တရားမကြီးမှုအဖြစ် ပြောင်းလဲဆောင်ရွက်ရသည် (ပုဒ်မ ၂၀၅)*
သေတမ်းစာရေးသားနိုင်သူများ (ပုဒ်မ ၅၉)*
အရွယ်ရောက်ပြီး စိတ်မချွတ်ယွင်းသူ မည်သူမဆို မိမိပိုင်ပစ္စည်းများကို သေတမ်းစာဖြင့် စီမံခန့်ခွဲနိုင်သည်။
သို့သော် -
* စိတ်ပုံမှန်မဟုတ်သောအခြေအနေ
* မူးယစ်နေခြင်း
* မိမိပြုလုပ်နေသည့်အမှုကို မသိနားမလည်နိုင်သည့်အခြေအနေ တို့တွင် သေတမ်းစာရေးသားခွင့် မရှိပါ။
သေဆုံးသူ၏ အမြဲနေထိုင်ရာအရပ်ရှိ -
* ခရိုင်တရားရုံး
သို့မဟုတ်
* တိုင်းဒေသကြီး / ပြည်နယ် တရားလွှတ်တော်ရုံးများတွင် လျှောက်ထားနိုင်သည် (ပုဒ်မ ၅)။
Probate လျှောက်လွှာတွင် ပါဝင်ရမည့် အချက်များ (ပုဒ်မ ၂၇၆)*
(၁) သေတမ်းစာအတည်ပြုချက်လက်မှတ် သို့မဟုတ် သေတမ်းစာပူးတွဲပါသည့် အမွေ ထိန်းလက်မှတ်ရရန် လျှောက်လွှာကို အင်္ဂလိပ်ဘာသာနှင့်ဖြစ်စေ၊ ၎င်းလျှောက်လွှာ တင်သွင်းရင်း ရုံးတော်ရှေ့မှူခင်းမှတ်တမ်းများတွင် သုံးစွဲမြဲဖြစ်သော ဘာသာ (မြန်မာစာ)နှင့်ဖြစ်စေပီသထင်ရှားစွာရေးသားလျှက်သေတမ်းစာနှင့်ပူးတွဲ၍ဖြစ်စေ၊ ပုဒ်မ ၂၃၇၊ ၂၃၈ နှင့် ၂၃၉ များ၌ ဖော်ပြသည့်အချက်များတွင် သေတမ်းစာအကြမ်း ရေးသားချက် သို့မဟုတ် သေတမ်းစာပါ အကြောင်းအရာများကို ဖော်ပြချက်နှင့် ပူးတွဲ၍ဖြစ်စေဆိုလတ္တံ့သောအချက်များကိုဖော်ပြ၍တင်သွင်းရမည်။
(က) သေတမ်းစာရေးသားသူသည်မည်သည့်အချိန်ကာလတွင်သေဆုံးကြောင်း၊
(ခ) ပူးတွဲပါစာတမ်းမှာ၎င်းသူ နောက်ဆုံးရေးသားသည့်သေတမ်းစာဖြစ်ကြောင်း၊
(ဂ) ၎င်းသေတမ်းစာမှာနေရာတကျလက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း၊
(ဃ) လျှောက်ထားသူလက်သို့ရောက်ရှိမည့် လက္ခဏာရှိသော ရစုရရန် ပစ္စည်းတန်ဖိုးမည်မျှဖြစ်ကြောင်း၊
(င) သေတမ်းစာအတည်ပြုလက်မှတ်ရရန် လျှောက်သည့်အချက်တွင် လျှောက် သူသည် သေတမ်းစာတွင် အမည်ဖော်ပြပါရှိသည့် သေတမ်းစာအတည်ပြုသူ ဖြစ်ကြောင်း။
(၂) ၎င်းလျှောက်လွှာတွင်ဆိုခဲ့သောအကြောင်းအရာများအပြင်
(က) ၎င်းလျှောက်လွှာကို ခရိုင်တရားသူကြီးထံတင်သွင်းလျှင် ၎င်းသေလွန်သူ သည် သေဆုံးသည့်အခါတွင် ၎င်းခရိုင်တရားသူကြီး စီရင်ခွင့်အာဏာရ နယ်မြေအတွင်း အမြဲနေထိုင်ကြောင်း သို့မဟုတ် ပစ္စည်းတည်ရှိကြောင်း ထပ်လောင်း၍ဖော်ဆိုပါရှိစေရမည်။
(ခ) ၎င်းပြင် ၎င်းလျှောက်လွှာကို စီရင်စုနယ်ဆိုင်ရာ ကိုယ်စားထံတင်သွင်း လျှင် သေလွန်သူသည် သေဆုံးသည့်အခါတွင် ဆိုခဲ့သည့်စီရင်စုနယ်ဆိုင်ရာ ကိုယ်စား စီရင်ခွင့်အာဏာနယ်မြေအတွင်း အမြဲနေထိုင်ရာ အရပ်ရှိကြောင်း ထပ်မံ၍ဖော်ပြပါရှိစေရမည်။
သေတမ်းစာအတည်ပြုလက်မှတ်ကို သေတမ်းစာတွင်ခန့်ထားသော သေတမ်းစာ အတည်ပြုသူတစ်ဦးတစ်ယောက်ကိုသာခွင့်ပြုနိုင်သည်။ သို့ဖြစ်၍ သေတမ်းစာအတည်ပြုသူအဖြစ် ခန့်ထားခြင်းမခံရသူအား သေတမ်းစာအတည်ပြု လက်မှတ်ထုတ်ပေးနိုင်မည် မဟုတ်ပေ။ ထို့ပြင် သေတမ်းစာအတည်ပြုလက်မှတ်ထုတ်ပေးရန် လျှောက်လွှာတွင်ဖော်ပြရမည့် အချက်အလက်များ သတ်မှတ်ရာ၌ အမွေဆက်ခံခြင်းအက်ဥပဒေပုဒ်မ ၂၇၆(၁)(င)အရ သေတမ်းစာအတည်ပြု လက်မှတ်ရရန်လျှောက်ထားရာ၌ .. လျှောက်ထားသူသည် ... အမည်ဖော်ပြပါရှိသည့်သေတမ်းစာ အတည်ပြုသူဖြစ်ကြောင်း ဖော်ပြရန်လိုအပ်သည်ဟု ပြဋ္ဌာန်းထားသည် (ဦးစန်းမောင် ပါ ၂ နှင့် ဒေါ်ခင်မြယု(ခ)ဒေါ်ခင်မမကြီး ၂ဝဝ၇ မတစ ၁၅)။
သေတမ်းစာလက်ခံ သို့မဟုတ် အကြမ်းရေးသားချက်သေတမ်းစာကို အင်္ဂလိပ် ဘာသာ သို့မဟုတ် ဆိုင်ရာရုံးတော်ရှေ့မှူခင်းမှတ်တမ်းများတွင် အသုံးပြုမြဲဖြစ်သော ဘာသာမှတစ်ပါး အခြားဘာသာတစ်စုံတစ်ရာနှင့် ရေးသားသည့်အချက်များတွင် ၎င်းဘာသာမှာ ဘာသာပြန်သူ တစ်ဦးတစ်ယောက်ခန့်ထားလေ့ရှိသော ဘာသာမျိုးဖြစ်ခဲ့လျှင် ဆိုင်ရာရုံးတော် ဘာသာပြန်အရာ ရှိတစ်ဦး တစ်ယောက်က ပြန်ဆိုသည့် ၎င်းသေတမ်းစာ၊ သေတမ်းစာလက်ခံ သို့မဟုတ် အကြမ်းရေးသားချက် ဘာသာပြန်ဆိုချက် တစ်စောင်ကို လျှောက်လွှာနှင့် ပူးတွဲပါရှိစေရမည်။ သို့မဟုတ် သေတမ်းစာ၊ သေတမ်းစာလက်ခံ သို့မဟုတ်အကြမ်းရေးသားချက်မှာ အခြားဘာသာတစ်စုံတစ်ရာ နှင့်ရေးသားခဲ့လျှင် ၎င်းကိုဘာသာပြန်ဆိုနိုင်သည့် အရည်အချင်းနှင့် ပြည့်စုံသော အခြားမည်သူ တစ်ဦး တစ်ယောက်ကိုမဆို ပြန်ဆိုစေရမည်။ သည်ကဲ့သို့ပြန်ဆိုစေသည့်အချက်တွင် ၎င်း ဘာသာ ပြန်ဆိုချက်ကို၎င်းသူကဆိုလတ္တံ့သောနည်းလမ်းအတိုင်းမှန်ကြောင်းဝန်ခံရမည်။ (ပုဒ်မ ၂၈၀)*
သက်သေတစ်ယောက်ကခံဝန်လက်မှတ်ရေးထိုးရခြင်းအကြောင်း
လျှောက်လွှာမှာ သေတမ်းစာအတည်ပြုချက်လက်မှတ်ရရန်ဖြစ်သည့် အချက်တွင် ၎င်းလျှောက်လွှာကို အနည်းဆုံး သေတမ်းစာ၌ပါသော သက်သေတစ်ယောက် (ရနိုင်လျှင်)က ဆိုလတ္တံ့သောနည်းလမ်း သို့မဟုတ် ၎င်းနည်းလမ်းသဘောနှင့် ထပ်တူခံဝန်လက်မှတ် ရေးထိုးရမည်။
(ပုဒ်မ၂၈၁)*
ယခုအက်ဥပဒေအရ မှန်ကန်ကြောင်း ခံဝန်ရန်လိုသည့် လျှောက်လွှာတစ်စုံတစ်ရာ သို့မဟုတ်ခံဝန်ချက်တစ်စုံတစ်ရာတွင် မဟုတ်မမှန်ကြောင်းနှင့် ၎င်းခံဝန်ချက်ကို ပြုလုပ်သူသိသော သို့မဟုတ် မယုံကြည်သော ပြောဆိုချက်တစ်စုံတစ်ရာပါရှိလျှင် ရာဇသတ် ကြီးပုဒ်မ ၁၉၃အရ ရာဇဝတ်မှုကိုကျူးလွန်ကြောင်းမှတ်ယူရမည်။ (ပုဒ်မ ၂၈၂)*
ခရိုင်တရားသူကြီး၏အခွင့်အာဏာများအကြောင်း - ပုဒ်မ၂၈၃*
(၁) ခရိုင်တရားသူကြီး သို့မဟုတ် စီရင်စုနယ်ဆိုင်ရာ (တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်) ကိုယ်စားက သင့်သည်ထင်မြင်လျှင် ဆိုလတ္တံ့သောအချက်အရပ်ရပ်တွင် -
(က) လျှောက်လွှာကိုကျမ်းကျိန်စေ၍စစ်ဆေးခွင့်ရသည်။
(ခ) ၎င်းသေတမ်းစာကို နေရာတကျ ရေးသားလက်မှတ်ရေးထိုးကြောင်း။ ထပ်မံ၍ သက်သေပြရန်ဖြစ်စေ၊ လျှောက်သူသည် အမွေထိန်း လက်မှတ်ရနိုင်သည့် ဆိုင်ရာဆိုင်ခွင့်ရှိကြောင်း ထပ်မံ၍ သက်သေ ပြရန်ဖြစ်စေဆိုင်သင့်ရာရာဆင့်ဆိုခွင့်ရသည်။
(ဂ) ၎င်းပြင် သေလွန်သူ၏ပစ္စည်းတွင် အကျိုးစီးပွားတစ်စုံတစ်ရာသည် သက်ဝင်သည် ... အဆိုရှိသူအရပ်ရပ်က သေတမ်းစာ အတည်ပြု လက်မှတ် သို့မဟုတ် အမွေထိန်းလက်မှတ် မပေးအပ်မီ မှုခင်းမှတ်တမ်းများကို လာရောက်ကြည့်ရှုရန် ဆင့်ခေါ်သည့် အမိန့်စာများ ထုတ်ဆင့်ခွင့်ရသည်။
(၂) ဆင့်ခေါ်သည့်အမိန့်စာများကို ဆိုင်ရာရုံးတော်၌ ထင်ရှားမြင်သာသည့် နေရာတွင် စွဲကပ်ထားရမည့်ပြင် ဆိုင်ရာစီရင်စုနယ်ကော်လိတ်တော် အရာရှိ ရုံးတွင်လည်း စွဲကပ်ရမည်။ ၎င်းပြင် ၎င်းဆင့်ခေါ်သည့်အမိန့် စာကိုထုတ်ဆင့်ရင်း ခရိုင်တရားရုံး သို့မဟုတ် စီရင်စုနယ်ဆိုင်ရာ ကိုယ်စားဆင့်ဆိုသည့် အခြားနည်းလမ်းနှင့် အညီလည်းထုတ်ဆင့်ကြော်ငြာရမည်။
(၃) ရစု. ရရန်ပစ္စည်းအနက် အချို့အဝက်မှာ အခြားနိုင်ငံတစ်စုံတစ်ရာ အတွင်း ခရိုင်တရားသူကြီး တစ်ဦးတစ်ယောက် စီရင်ခွင့်အာဏာရ နယ်မြေတွင် တည်ရှိ ကြောင်းနှင့်လျှောက်သူက ထွက်ဆိုသည့်အချက်တွင် ဆင့်ခေါ်သည့် အမိန့်စာကို ထုတ်ဆင့်ရင်း ခရိုင်တရားသူကြီးက ၎င်းအမိန့်စာ လက်ခံတစ်စောင်ကို ဆိုခဲ့ သည့် အခြားခရိုင်တရားသူကြီးထံ ပေးပို့စေရန် စီမံရမည်။ ၎င်းအမိန့်စာကို ၎င်းခရိုင်တရားသူကြီးက ကိုယ်တိုင်ထုတ်ဆင့်သည့် အမိန့်စာကဲ့သို့ဆိုခဲ့သည့် နည်းလမ်းအတိုင်းပင် . ထုတ်ဆင့်ကြော်ငြာပြီးလျှင် သည်ကဲ့သို့ကြော်ငြာပြီး ကြောင်း ၎င်းအမိန့်စာထုတ်ဆင့်ရင်းခရိုင်တရားသူကြီးထံသက်သေခံရမည်။
သေတမ်းစာကို အတည်ပြုရန် လျှောက်ထားသည့်အမှုများတွင် သေတမ်းစာကို နေရာ တကျရေးသားခဲ့ပြီး မှန်ကန်ကြောင်း ဝန်ခံချက်နှင့်ပြည့်စုံမှသာ ရုံးတော်အနေဖြင့် သေတမ်းစာ အတည်ပြုချက်လက်မှတ်ကိုသော်လည်းကောင်း၊ သေတမ်းစာပူးတွဲပါသည့် အမွေထိန်း လက်မှတ် ကိုသော်လည်းကောင်းထုတ်ပေးရမည်ဖြစ်သည်။ တင်ပြလာသည့်သေတမ်းစာကိုသေတမ်းစာရေး သူက တရားဥပဒေနှင့်အညီ လက်မှတ်ရေးထိုးခဲ့ခြင်း၊ သေတမ်းစာရေးသူသည် သေတမ်းစာ ရေးသားစဉ်အချိန်က မိမိ၏ပြုမူချက်ကို သိရှိနားလည်သည့် အခြေအနေတွင်ရှိခြင်း စသည့်အချက် အလက်များကို သေတမ်းစာ အတည်ပြုသူက တရားရုံးအား . စိတ်ကျေနပ်လောက်အောင် အထောက်အထားတင်ပြရန် တာဝန်ရှိလေသည်။ သေတမ်းစာတွင် အမွေစားအမွေခံအဖြစ် ဖော်ပြထားသူတစ်ဦးက သေတမ်းစာကိုအတည်ပြုရန်လျှောက်ထားလာသည့်အခါထိုသေတမ်းစာ သည် မှန်ကန်သော သေတမ်းစာ ဟုတ်မဟုတ်ဆိုခြင်းကို သေတမ်းစာအတည်ပြုသည့်ရုံးက သတိဝိရိယဖြင့် စိစစ်ရန်ဝတ္တရားရှိသည် (၁။ ဂွန်တီဘိုင်နှင့်ကန်ချီဒီလာလ် အေအိုင်အာ ၁၉၄၉ ပရိဗွီကောင်စီ ၂၇၂ နှင့် ၂။ ဒေါ်ငွေလေးနှင့် ဒဗယူးကူးပါး ၁၉၅၁ မတစ ၃၂၆ တရားလွှတ်တော်) စီရင်ထုံးများကိုရည်ညွှန်းသည်(ပါရပ်(စ်) စရပ်ဂိုထိန်နှင့်နာမယ်(လ်)ဆင်း ၁၉၆၇ မတစ ၃)။*
သေတမ်းစာအတည်ပြုချက်လက်မှတ် သို့မဟုတ် အမွေထိန်းလက်မှတ်ပေးအပ်ခြင်းကိုဆီးတား (ကန့်ကွက်)သည့်စာအကြောင်း - ပုဒ်မ ၂၈၄*
(၁) သေတမ်းစာအတည်ပြုချက်လက်မှတ် သို့မဟုတ် အမွေထိန်းလက်မှတ် ပေးအပ်
ခြင်းကို ဆီးတား(ကန့်ကွက်)သည့်စာများကို ခရိုင်တရားသူကြီးထံဖြစ်စေ၊ စီရင်စုနယ်ဆိုင်ရာကိုယ်စားထံဖြစ်စေတင်သွင်းခွင့်ရသည်။
(၂) သည်ကဲ့သို့ဆီးတား (ကန့်ကွက်)သည့်စာကို စီရင်စုနယ်ဆိုင်ရာကိုယ်စားထံ တင်သွင်းသည်နှင့်တစ်ပြိုင်နက် ၎င်းစာလက်ခံတစ်စောင်ကို ၎င်းကိုယ်စားက ဆိုင်ရာခရိုင်တရားသူကြီးထံပေးပို့ရမည်။
(၃) သည်ကဲ့သို့ ဆီးတား (ကန့်ကွက်)သည့်စာကို ခရိုင်တရားသူကြီးထံ တင်သွင်း သည်နှင့် ၎င်းစာလက်ခံတစ်စောင်ကို သေလွန်သူသည် သေဆုံး သည့်အခါတွင် နေထိုင်ကြောင်း အဆိုရှိသည့် စီရင်ခွင့်အာဏာရနယ်တွင် ထမ်းရွက်သည့် ခရိုင်တရားသူကြီး ထင်မြင်သည့် အခြားတရားမ တရားသူကြီး သို့မဟုတ် စီရင်စု နယ်ဆိုင်ရာကိုယ်စားတစ်ဦးတစ်ယောက်ထံသို့လည်းပေးပို့ရမည်။
(၄) ဆီးတား (ကန့်ကွက်)သည့်စာကို ပဉ္စမစာရင်းတွင် ဖော်ပြပါရှိသည့်ပုံစံအရ အကြောင်းခြင်းရာအလိုက်နီးနိုင်သမျှနီးစပ်စေ၍ပြုလုပ်ရမည်။
ဆီးတား(ကန့်ကွက်)သည့်စာ တင်သွင်းပြီးနောက် ၎င်းစာတင်သွင်းသူသို့ နို့တစ်စာမချအပ်ဘဲတစ်စုံတစ်ရာဆောင်ရွက်မှုမရခြင်း - ပုဒ်မ ၂၈၅*
သေတမ်းစာအတည်ပြုချက်လက်မှတ် သို့မဟုတ် အမွေထိန်းလက်မှတ်ပေးအပ် ခြင်းကို မပြုနိုင်အောင် ဆီးတား (ကန့်ကွက်)သည့်စာကို ၎င်းလက်မှတ်များရရန်လျှောက်ထားရင်း တရားမ တရားသူကြီး သို့မဟုတ် စီရင်စုနယ်ဆိုင်ရာကိုယ်စားထံ တင်သွင်းထား ပြီးဖြစ်သည့်အခါသော် လည်းကောင်း၊ သို့မဟုတ် ၎င်းဆီးတား(ကန့်ကွက်)သည့်စာကို စီရင်စုနယ်ဆိုင်ရာ အခြားကိုယ်စား တစ်ဦးတစ်ယောက်ထံ တင်သွင်းပြီးကြောင်းနှင့် နို့တစ်စာပေးအပ်ပြီးဖြစ်သည့်အခါ လည်းကောင်း၊ဆိုင်ရာရုံးတော်က အကြောင်းအားလျော်စွာ ထင်မြင်သည့်အလျောက်ဆိုခဲ့သည့်စာတင်သွင်းသူထံ နို့တစ်စာပေးအပ်မရှိမီ သေတမ်းစာ အတည်ပြုချက်လက်မှတ်တစ်စုံတစ်ရာ သို့မဟုတ် အမွေထိန်း လက်မှတ်တစ်စုံတစ်ရာရရန် လျှောက်လွှာတစ်စုံတစ်ခုနှင့်စပ်လျဉ်း၍ ဆောင်ရွက်မှုမရှိစေရ။
ခရိုင်တရားသူကြီးက သေတမ်းစာအတည်ပြုချက်လက်မှတ် သို့မဟုတ် အမွေထိန်း လက်မှတ်ကိုမည်သည့်အခါမပေးအပ်ရခြင်းအကြောင်း - ပုဒ်မ ၂၈၆*
သေတမ်းစာအတည်ပြုလက်မှတ် သို့မဟုတ် ... အမွေထိန်းလက်မှတ်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ခုခံပြောဆိုသည့်အမှု သို့မဟုတ် မိမိရုံးတွင်သေတမ်းစာ..အတည်ပြုချက်လက်မှတ် သို့မဟုတ် အမွေထိန်းလက်မှတ်ကို မပေးအပ်သင့်ကြောင်းနှင့်အခြားနည်း ထင်မြင်ရန်ရှိသည့် မည်သည့်အမှုတွင်မဆို၎င်းလက်မှတ်ကိုပေးအပ်မရှိစေရ။
သေတမ်းစာအတည်ပြုသူသို့မဟုတ်အမွေထိန်း၏အခွင့်အရေး - ပုဒ်မ ၃ဝ၅*
သေတမ်းစာအတည်ပြုသူ သို့မဟုတ် အမွေထိန်းတစ်ဦးတစ်ယောက်မှာ သေလွန်သူ သေဆုံးပြီးနောက် တည်ရှိသေးသည့် တရားစွဲဆိုပိုင်ခွင့်အရပ်ရပ်နှင့် စပ်လျဉ်း၍ တရားစွဲဆိုနိုင်ခွင့်၊ ၎င်းပြင် ကြွေးမြီများကို အရတောင်းခံနိုင်ခွင့်ကို သေလွန်သူ အသက်ရှင်စဉ်အခါက ရရှိဘိသကဲ့ သို့ပင်ရရှိသည်။
သေတမ်းစာအတည်ပြုသူ သို့မဟုတ် အမွေထိန်းမှာ သေသူပိုင်ပစ္စည်းများမှစ၍ သေသူ သေဆုံးစဉ် ၎င်းသူသို့ပေးဆပ်ရန်ရှိသည့် ကြွေးမြီများကို ထိုက်သင့်သော လုံ့လဝီရိယနှင့် စုဆောင်း ကောက်ခံရမည်။ (ပုဒ်မ ၃၁၉)*
WIN Legal Services *
Probate ထုတ်ပေးခြင်းကို ကန့်ကွက်လိုသူများသည် ပုဒ်မ ၂၈၄ အရ Caveat (ကန့်ကွက်စာ) တင်သွင်းနိုင်သည်။
ကန့်ကွက်မှုရှိလာပါက အမှုကို တရားမကြီးမှုအဖြစ် ဆက်လက်စစ်ဆေးမည်ဖြစ်သည်။
12/05/2026
📢 Legal Assistant ခေါ်ယူခြင်း
WIN Legal Consultancy & Investment Services တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးအတွက် လျှောက်ထားနိုင်ပါသည်။
🔹 Position — Legal Assistant
📌 လိုအပ်ချက်များ
* ဥပဒေမေဂျာ (အဝေးသင်) တက်ရောက်နေသူ (အမျိုးသမီး)ဖြစ်ရမည်။
* ဥပဒေဘွဲ့ရ (LL.B )ဖြစ်ပါက ပိုမိုဦးစားပေးမည်။
* Communication Skill ကောင်းမွန်ရမည်။
* Microsoft Word / Excel အခြေခံ အသုံးပြုနိုင်ရမည်။
* ရိုးသားမှုရှိပြီး တာဝန်ယူမှုရှိရမည်။
* သင်ယူလိုစိတ်ရှိသူ ဖြစ်ရမည်။
📌 Job Description
* Legal Documents များ စီစဉ်ရေးသားခြင်း
* Client များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း
* Office Administrative Tasks များ ကူညီဆောင်ရွက်ခြင်း
* Lawyer များ၏ လုပ်ငန်းဆောင်တာများ Support ပေးခြင်း
Place -
(၁)ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။
WIN Legal Consultancy &
Investment Services Office
💼 Salary — Negotiable
📩 CV Form နှင့် လျှောက်လွှာများကို Page Messenger / Viber မှတဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။
0943009516 (Viber)
09401551660 (viber)
09775066024
သမ္မာန်စာအကြောင်း သို့မဟုတ် ဆင့်ခေါ်စာအကြောင်း
(SUMMONS)
================================
သမ္မာန်စာ သို့မဟုတ် ဆင့်ခေါ်စာ
သမ္မာန်စာကို အင်္ဂလိပ်လို SUMMONS ဟုခေါ်သည်။ အဘယ်ကြောင့် “S” ထည့်သနည်း။ အကြောင်းမှာ သမ္မာန်စာသည် duplicate နှစ်စောင်တွဲ၍ ထုတ်ရသော စာဖြစ်၍ ဖြစ်ပါသည်။ ဥပမာ ကတ်ကျေး scissors ၊ ဘောင်းဘီ trousers ၊ မျက်မှန် glasses စသည်ဖြင့် နှစ်ခုတွဲနေသောအရာဝတ္တုများကို အများကိန်းပုံသဏာန် အသုံးပြုသည့်သဘောဖြင့် သမ္မာန်စာကို အင်္ဂလိပ်လို ရေးသားရာတွင် S ပါနေခြင်းဖြစ်သည်။
သမ္မာန်စာ သို့မဟုတ် ဆင့်ခေါ်စာပုံစံ
ယခင်က သမ္မာန်စာဟုသာ ခေါ်ဆိုပြီး ရာဇဝတ်ပုံစံ မူသေစာအုပ်တွင် ဆင့်ခေါ်စာဟု ပြောင်းလဲသုံးနှုန်းသည်။ ယင်းမူသေပုံစံစာအုပ်အရ ဆင့်ခေါ်စာ ၂ မျိုးရှိသည်။ သက်သေကို ဆင့်ခေါ်စာနှင့် စွပ်စွဲခံရသူသို့ချအပ်ရန် ဆင့် ခေါ်စာတို့ဖြစ်သည်။
သက်သေကို ဆင့်ခေါ်စာပုံစံသည် ရာဇဝတ်ပုံစုံ ၄၂ ဖြစ်ပြီး စွပ်စွဲခံရသူသို့ ချအပ်ရန် ဆင့်ခေါ်စာပုံစံသည် ရာဇ ဝတ်ပုံစံ ၃၇ ဖြစ်သည်။ စွပ်စွဲခံရသူဆိုသည်မှာ တရားခံကို ရည်ညွှန်းသည်။
မည်သူ့အပေါ်ထုတ်ဆင့်သနည်း
သမ္မာန်စာသည် သက်သေ သို့မဟုတ် စွပ်စွဲခံရသူ ( တရားခံ) အပေါ် ထုတ်ဆင့်သည့် ဆင့်ခေါ်စာဖြစ်သည်။
သက်သေအပေါ်မည်သို့ ထုတ်ဆင့်သနည်း
ရဲက တရားစွဲဆိုတင်ပို့သေား အမှုများတွင် ရဲပုံစံ ၁၀၄ ဖြင့်ပင် အသုံးပြု၍ ဆင့်ခေါ်စာ ထုတ်ဆင့်ပြီး ဦးတိုက်မှု များတွင် တရားရုံးက သမ္မာန်စာပုံစံအသုံးပြု၍ ထုတ်ဆင့်ရပါသည်။ ဦးတိုက်လျှောက်ထားမှုတွင်ဖြစ်စေ အမှုမြန် ဆန်ရေးအတွက် ရဲက တရားစွဲဆိုတင်ပို့သောအမှုတွင်ဖြစ်စေ တရားရုံးက သမ္မာန်စာ ထုတ်ဆင့်လျှင်မူ နှစ်စောင် တွဲဖြင့် ထုတ်ဆင့်ရပါမည်။
သမ္မာန်စာတွင် ပါရှိရမည့် အရေးကြီးသည့်အချက်
သမ္မာန်စာတွင် တရားသူကြီး၏ လက်မှတ်နှင့် တံဆိပ်တုံး ရုံးတံဆိပ်ဝိုင်းတို့ မလွဲမသွေပါရှိရပါမည်။ (ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၆၈ (၁))
သက်သေ၏ နေရပ်လိပ်စာပြည့်စုံစွာပါရှိရန် လိုပါသည်။ ရဲစွဲချက်တွင် သက်သေ၏ လိပ်စာ မပြည့်စံဘဲရှိတတ် ပါသည်။ အမှုအားစတင် လက်ခံစဉ်ကပင် သက်သေများ၏ လိပ်စာ ပြည့်စုံစွာပါရှိမှ အမှုလက်ခံခြင်းဖြင့် သက် သေ ဆင့်ခေါ်စာများ တစ်ကြိမ်တည်းဖြင့် အတည်ပြုလုပ်နိုင်ပြီးအမှုမြန်ဆန်ရေးကို ထောက်ကူနိုင်မည်ဖြစ်ပါ သည်။
သမ္မာန်စာ ချအပ်ပုံနည်းလမ်းများ
- မိမိ၏ စီရင်ပိုင်ခွင့်နယ်မြေအတွင်း ချအပ်ခြင်း
- စီရင်ပိုင်ခွင့်နယ်မြေ ပြင်ပတွင်ချအပ်ခြင်း
- ကုမ္ပဏီသို့မဟုတ် အစုအစပ်လုပ်ငန်းများအပေါ်ချအပ်ခြင်း
- ပြည်သူ့ဝန်ထမ်း သို့မဟုတ် မီးရပ်ထားဌာန ဝန်ထမ်းအပေါ် ချအပ်ခြင်း
မိမိ၏စီရင်ပိုင်ခွင့် နယ်မြေအတွင်း ချအပ်ခြင်း
(၁)ဆင့်ခေါ်ခံရသူကိုယ်တိုင်အပေါ် ချအပ်ရမည်။ ထိုသို့ချအပ်လျှင် သမ္မာန်စာတစ်စောင်ကို ထိုသူ အားပေး အပ်ပြီးကျန်တစ်စောင်၏ ကျောဘက်တွင်လက်ခံရရှိကြောင်း ထိုသူအား လက်မှတ်ရေး ထိုးစေရမည်။ ( ရာဇ ဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၆၉)
(၂) ဆင့်ခေါ်ခံရသူအား ထိုက်သင့်သလို ရှာဖွေသော်လည်း မတွေ့နိုင်သည့်အခါ ၎င်း၏ မိသားစု ဝင်အရွယ် ရောက်သူတစ်ဦးထံ အပ်နံှ၍ ချအပ်နိုင်သည်။ သမ္မာန်စာတစ်စောင်ပေး၍ ကျန်တစ်စောင်၏ ကျောဘက်တွင် လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးစေရမည်။ ( ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၇၀)
(၃) အထက်ပါနည်းလမ်းနှစ်ခုဖြင့် အဆင်မပြေနိုင်ပါက ဆင့်ခေါ်ခံရသူ အမြဲနေထိုင်သည့်အိမ် အဆောက်အအုံ ၏ မြင်သာထင်ရှားသောနေရာတွင် သမ္မာန်စာတစ်စောင်ကို စွဲကပ်ခြင်းဖြင့် ချအပ်ရမည်။ ( ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၇၁)
သို့ရာတွင် ထိုသို့ စွဲကပ်ပါက အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးဦးရှေ့တွင် ချအပ်ပြီး ထိုသို့ဆောင်ရွက်ကြောင်းကို ကျန် သမ္မာန်စာတစ်စောင်၏ ကျောဘက်တွင် အုပ်ချုပ်ရေး အဖွဲ့ဝင်ကိုပါ လက်မှတ်ရေးထိုးစေသင့်ပါသည်။
စီရင်ပိုင်ခွင့်နယ်မြေ ပြင်ပတွင် ချအပ်ခြင်း
မိမိ၏ စီရင်ခွင့်နယ်မြေပြင်ပတွင် နေထိုင်သည့် သက်သေတစ်ဦးအပေါ် သမ္မာန်စာချအပ်ရာတွင် ထိုသက်သေ နေထိုင်သည့် နယ်မြေရှိ စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ သမ္မာန်စာ နှစ်စောင်စလုံးကို ပေးပို့လျက်ချအပ်ရမည်။ ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ (၇၃)။
အဆိုပါ သမ္မာန်စာကို လက်ခံရရှိသည့် တရားရုံးက မိမိ၏ စီရင်ပိုင်ခွင့်နယ်မြေအတွင်း သမ္မာန်စာချအပ်သည့် နည်းလမ်းအတိုင်းချအပ်၍ ပြန်လည်ပေးပို့လိမ့်မည် ဖြစ်သည်။ ထိုသို့ ပြန်လည်ပေးပို့သည့်အခါ ဆင့်စာလုလင်၏ ကျမ်းကျိန်လွှာနှင့်အတူ ပြန်လည် ပေးပို့ရမည်။ ( ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၇၄ (၁)(၂)။
ကုမ္ပဏီ သို့မဟုတ် အစုစပ်လုပ်ငန်းများအပေါ် ချအပ်ခြင်း
ဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ကုမ္မဏီ သို့မဟုတ် အလားတူ အစုစပ်လုပ်ငန်းများအပေါ် သမ္မာန်စာချအပ်လျှင် ထိုကုမ္ပဏီသို့မဟုတ် အသင်း၏ အတွင်းရေးမှူးထံဖြစ်စေ အုပ်ချုပ်သူမန်နေဂျာထံဖြစ်စေ အကြီးအကဲ အရာရှိထံဖြစ်စေ ချအပ်ရမည်။ ( ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၆၉ (၃))
ပြဋ္ဌာန်းချက်အရ မှတ်ပုံတင်ချောစာဖြင့် ချအပ်နိုင်သည်ဆိုသောလည်း ဆင့်စာလုလင်ကို စေလွှတ်ချအပ်သင့် သည်။
ပြည်သူ့ဝန်ထမ်းသို့မဟုတ် မီးရထား ဌာနဝန်ထမ်း အပေါ် ချအပ်ခြင်း
ပြည်သူ့ဝန်းထမ်း သို့မဟုတ် မီးရထားဌာန ဝန်ထမ်းအပေါ် ချအပ်ရန်ဖြစ်ပါက ထိုသူ လုပ်ကိုင်သည့်ရုံး ဌာန၏ အကြီးအကဲထံ သမ္မာန်စာ ၂ စောင်စလုံးကို ပေးပို့လျက် ချအပ်ရမည်။ ( ရာဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၇၂ (၁) )
ထိုအကြီးအကဲက ဆင့်ခေါ်ခံရသူကို သမ္မာန်စာတစ်စောင်ပေးပြီး ကျန်တစ်စောင်၏ ကျောဘက်တွင် လက်ခံ ရရှိကြောင်း လက်မှတ်ရေးထိုးစေလျက် မိမိရုံးသို့ ပြန်လည်ပေးပို့မည်ဖြစ်သည်။
သမ္မာန်စာအတည်ဖြစ်လျက် လာရောက်ရန် ပျက်ကွက်သူ သက်သေအပေါ် ဆောင်ရွက်ပုံ
သမ္မာန်စာအတည်ဖြစ်ပါလျက် လာရောက်ရန်ပျက်ကွက်သူ သက်သေအပေါ် ဆောင်ရွက် နိုင်သည့် နည်း လမ်းမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၉၀ အရ သက်သေကို ဖမ်းဆီးရန်ဝရမ်း စာထုတ်ဆင့်ခြင်းဖြစ်သည်။ သက်သေဖမ်းဖရမ်း ပုံစံမှာ ရာဇဝတ်ပုံစံအမှတ် ၄၅ ဖြစ်သည်။
သက်သေဆင့်ခေါ်စာပုံစံအမျိုးမျိုး
- သာမန်သက်သေတို့ကို ဆင့်ခေါ်စာ ( ရာဇဝတ်ပုံစံ ၄၂)
- ဗုဒ္ဓဘာသာ ရဟန်သံဃာနှင့် ဂုဏ်သရေရှိသူ သက်သေတို့အား ဆင့်ခေါ်ချအပ်ရန် ဆင့်ခေါ်စာ ( ရာဇ ဝတ်ပုံစံ ၃၄)
- ဆရာဝန်ထံ ဆင့်ခေါ်စာ ( ရာဇဝတ်ပုံစံ ၄၄)
စွပ်စွဲခံရသူသို့ ချအပ်ရန် ဆင့်ခေါ်စာ
စွပ်စွဲခံရသူသို့ ချအပ်ရန် ဆင့်ခေါ်စာပုံစံတွင် အချက်အလက် ဖြည့်သွင့်ခြင်း ဆင့်ခေါ်စာချအပ်ခြင်းများသည် သက်သေဆင့်ခေါ်စာကို ချအပ်ဆောင်ခြင်းနှင့် တူညီပြီး အကယ်၍ စွပ်စွဲခံရသူသို့ ချအပ်ရန် ဆင့်ခေါ်စာ အတည်ဖြစ်လျက်နှင့် လာရောက်ရန် ပျက်ကွက်ပါက ခံဝန်ဖြင့် ဖမ်းဝရမ်းထုတ်ဆင့်ခြင်း ခံဝန်မဲ့ဖမ်းဝရမ်း ထုတ် ဆင့်ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
စီရင်ပိုင်ခွင့်နယ်မြေပြင်သို့ မှ ဆင့်ခေါ်စာဆောင်ရွက်ရာတွင် ဆောင်ရွက်သင့်သည့်နည်းလမ်း အကြံပြုချက်
အချို့သော မြို့နယ်တရားသူကြီးများသည် မိမိ၏ စီရင်ပိုင်ခွင့် နယ်မြေပြင်ပမှ ပေးပို့လာသော ဆင့်ခေါ်စာများကို သတ်မှတ်ရက်ချိန်းထက်ကျော်လွန်မှ ရောက်ရှိလာသည်ဆိုသော အကြောင်းပြချက်ခြင့် မည်သို့မျှ ဆောင်ရွက် ခြင်း မပြုဘဲ ပြန်လည် ပေးပို့တတ်သည်ကို လုပ်သက် အတွေ့အကြုံ့အရ တွေ့ရှိရသည်။
ထိုအခါမျိုးတွင် ထိုရုံးသို့ ပေးပို့ရန်ကြာချိန် ထိုရုံးမှ ဆောင်ရွက်မှုမရှိဘဲ ဆင့်ခေါ်စာကို ပြန်လည်ပေးပို့သည့် အတွက် ကြာချိန် ဒုတိယ အကြိမ်ထုတ်ဆင့်ရန်ကြာချိန်တို့ပေါင်းလျှင် ဆင့်ခေါ်စာအတည်ပြုခြင်းအတွက် အချိန် ၃ လ ၄ လခန့် ကြာသွားတတ်ပါသည်။ ထို့ကြောင့် အကြံပြုခြင်းဖြစ်ပါသည်။
ဆင့်ခေါ်စာ ပေးပို့သော တရားသူကြီးဘက်မှ ဆောင်ရွက်သင့်သောအချက်
မိမိ၏ စီရင်ပိုင်ခွင့်နယ်မြေပြင်ပသို့ ဆင်ခေါ်စာပေးပို့ရလျှင် ဆင့်ခေါ်စာတွင် သတ်မှတ်ရက် ချိန်းထက် ကျော် လွန်လျှင် သင့်တော်သည့် ရက်ချိန်းသတ်မှတ်ချိန်းဆိုပေးပါရန်ဟူသောမှတ်ချက်ကို ဆင့်ခေါ်စာတွင် ရေးသား မှတ်ချက်ပြုသင့်ပါသည်။
ဆင့်ခေါ်စာပေးပို့ခံရသော တရားသူကြီးဘက်မှ ဆောင်ရွက်သင့်သောအချက်
မိမိ၏ စီရင်ပိုင်ခွင့်နယ်မြေပြင်ပမှ ရောက်ရှိလာသော ဆင့်ခေါ်စာတစ်စောင်သည် ရောက်ရှိချိန်တွင် သတ်မှတ် ရက် ချိန်းထက် ကျော်လွန်ပြီးဖြစ်ပါက ထိုရုံးသို့ ဖုန်းဖြင့် ဆက်သွယ်လျက် ထပ်မံ ချိန်းဆိုမည့်ရုံးချိန်းရက်ကို မေးမြန်ဆောင်ရွက်ပေးနိုင်သကဲ့သို့ မိမိ၏ ဆင်ခြင်တုံးတရားအရ ထိုဆင့်ခေါ်ခံရသူက ထိုတရားရုံးသို့ သွား ရောက်ရန် လုံလောက်မည့်အချိန်ကို တွက်ဆ၍ ရက် ချိန်သတ်မှတ်ချိန်ဆိုပေးသင့်ပါသည်။
[ဦးမိုးကျော် ( မဟာဥပဒေ ) ဒုတိယညွန်ကြားရေးမှူး ( ရာဇဝတ်ကျင့်ထုံး ဥပဒေ အခြေပြု လက်စွဲ ) ၊ ပထမ အကြိမ် ၂၀၁၉ ၊ ဒီဇင်ဘာလ ၊ စာ ၂၉ မှ ]
(Zawgyi)
သမ္မာန်စာအကြောင်း သို့မဟုတ် ဆင့်ခေါ်စာအကြောင်း
(SUMMONS)
================================
သမ္မာန်စာ သို့မဟုတ် ဆင့်ခေါ်စာ
သမ္မာန်စာကို အင်္ဂလိပ်လို SUMMONS ဟုခေါ်သည်။ အဘယ်ကြောင့် “S” ထည့်သနည်း။ အကြောင်းမှာ သမ္မာန်စာသည် duplicate နှစ်စောင်တွဲ၍ ထုတ်ရသော စာဖြစ်၍ ဖြစ်ပါသည်။ ဥပမာ ကတ်ကျေး scissors ၊ ဘောင်းဘီ trousers ၊ မျက်မှန် glasses စသည်ဖြင့် နှစ်ခုတွဲနေသောအရာဝတ္တုများကို အများကိန်းပုံသဏာန် အသုံးပြုသည့်သဘောဖြင့် သမ္မာန်စာကို အင်္ဂလိပ်လို ရေးသားရာတွင် S ပါနေခြင်းဖြစ်သည်။
သမ္မာန်စာ သို့မဟုတ် ဆင့်ခေါ်စာပုံစံ
ယခင်က သမ္မာန်စာဟုသာ ခေါ်ဆိုပြီး ရာဇဝတ်ပုံစံ မူသေစာအုပ်တွင် ဆင့်ခေါ်စာဟု ပြောင်းလဲသုံးနှုန်းသည်။ ယင်းမူသေပုံစံစာအုပ်အရ ဆင့်ခေါ်စာ ၂ မျိုးရှိသည်။ သက်သေကို ဆင့်ခေါ်စာနှင့် စွပ်စွဲခံရသူသို့ချအပ်ရန် ဆင့် ခေါ်စာတို့ဖြစ်သည်။
သက်သေကို ဆင့်ခေါ်စာပုံစံသည် ရာဇဝတ်ပုံစုံ ၄၂ ဖြစ်ပြီး စွပ်စွဲခံရသူသို့ ချအပ်ရန် ဆင့်ခေါ်စာပုံစံသည် ရာဇ ဝတ်ပုံစံ ၃၇ ဖြစ်သည်။ စွပ်စွဲခံရသူဆိုသည်မှာ တရားခံကို ရည်ညွှန်းသည်။
မည်သူ့အပေါ်ထုတ်ဆင့်သနည်း
သမ္မာန်စာသည် သက်သေ သို့မဟုတ် စွပ်စွဲခံရသူ ( တရားခံ) အပေါ် ထုတ်ဆင့်သည့် ဆင့်ခေါ်စာဖြစ်သည်။
သက်သေအပေါ်မည်သို့ ထုတ်ဆင့်သနည်း
ရဲက တရားစွဲဆိုတင်ပို့သေား အမှုများတွင် ရဲပုံစံ ၁၀၄ ဖြင့်ပင် အသုံးပြု၍ ဆင့်ခေါ်စာ ထုတ်ဆင့်ပြီး ဦးတိုက်မှု များတွင် တရားရုံးက သမ္မာန်စာပုံစံအသုံးပြု၍ ထုတ်ဆင့်ရပါသည်။ ဦးတိုက်လျှောက်ထားမှုတွင်ဖြစ်စေ အမှုမြန် ဆန်ရေးအတွက် ရဲက တရားစွဲဆိုတင်ပို့သောအမှုတွင်ဖြစ်စေ တရားရုံးက သမ္မာန်စာ ထုတ်ဆင့်လျှင်မူ နှစ်စောင် တွဲဖြင့် ထုတ်ဆင့်ရပါမည်။
သမ္မာန်စာတွင် ပါရှိရမည့် အရေးကြီးသည့်အချက်
သမ္မာန်စာတွင် တရားသူကြီး၏ လက်မှတ်နှင့် တံဆိပ်တုံး ရုံးတံဆိပ်ဝိုင်းတို့ မလွဲမသွေပါရှိရပါမည်။ (ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၆၈ (၁))
သက်သေ၏ နေရပ်လိပ်စာပြည့်စုံစွာပါရှိရန် လိုပါသည်။ ရဲစွဲချက်တွင် သက်သေ၏ လိပ်စာ မပြည့်စံဘဲရှိတတ် ပါသည်။ အမှုအားစတင် လက်ခံစဉ်ကပင် သက်သေများ၏ လိပ်စာ ပြည့်စုံစွာပါရှိမှ အမှုလက်ခံခြင်းဖြင့် သက် သေ ဆင့်ခေါ်စာများ တစ်ကြိမ်တည်းဖြင့် အတည်ပြုလုပ်နိုင်ပြီးအမှုမြန်ဆန်ရေးကို ထောက်ကူနိုင်မည်ဖြစ်ပါ သည်။
သမ္မာန်စာ ချအပ်ပုံနည်းလမ်းများ
- မိမိ၏ စီရင်ပိုင်ခွင့်နယ်မြေအတွင်း ချအပ်ခြင်း
- စီရင်ပိုင်ခွင့်နယ်မြေ ပြင်ပတွင်ချအပ်ခြင်း
- ကုမ္ပဏီသို့မဟုတ် အစုအစပ်လုပ်ငန်းများအပေါ်ချအပ်ခြင်း
- ပြည်သူ့ဝန်ထမ်း သို့မဟုတ် မီးရပ်ထားဌာန ဝန်ထမ်းအပေါ် ချအပ်ခြင်း
မိမိ၏စီရင်ပိုင်ခွင့် နယ်မြေအတွင်း ချအပ်ခြင်း
(၁)ဆင့်ခေါ်ခံရသူကိုယ်တိုင်အပေါ် ချအပ်ရမည်။ ထိုသို့ချအပ်လျှင် သမ္မာန်စာတစ်စောင်ကို ထိုသူ အားပေး အပ်ပြီးကျန်တစ်စောင်၏ ကျောဘက်တွင်လက်ခံရရှိကြောင်း ထိုသူအား လက်မှတ်ရေး ထိုးစေရမည်။ ( ရာဇ ဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၆၉)
(၂) ဆင့်ခေါ်ခံရသူအား ထိုက်သင့်သလို ရှာဖွေသော်လည်း မတွေ့နိုင်သည့်အခါ ၎င်း၏ မိသားစု ဝင်အရွယ် ရောက်သူတစ်ဦးထံ အပ်နှံ၍ ချအပ်နိုင်သည်။ သမ္မာန်စာတစ်စောင်ပေး၍ ကျန်တစ်စောင်၏ ကျောဘက်တွင် လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးစေရမည်။ ( ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၇၀)
(၃) အထက်ပါနည်းလမ်းနှစ်ခုဖြင့် အဆင်မပြေနိုင်ပါက ဆင့်ခေါ်ခံရသူ အမြဲနေထိုင်သည့်အိမ် အဆောက်အအုံ ၏ မြင်သာထင်ရှားသောနေရာတွင် သမ္မာန်စာတစ်စောင်ကို စွဲကပ်ခြင်းဖြင့် ချအပ်ရမည်။ ( ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၇၁)
သို့ရာတွင် ထိုသို့ စွဲကပ်ပါက အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးဦးရှေ့တွင် ချအပ်ပြီး ထိုသို့ဆောင်ရွက်ကြောင်းကို ကျန် သမ္မာန်စာတစ်စောင်၏ ကျောဘက်တွင် အုပ်ချုပ်ရေး အဖွဲ့ဝင်ကိုပါ လက်မှတ်ရေးထိုးစေသင့်ပါသည်။
စီရင်ပိုင်ခွင့်နယ်မြေ ပြင်ပတွင် ချအပ်ခြင်း
မိမိ၏ စီရင်ခွင့်နယ်မြေပြင်ပတွင် နေထိုင်သည့် သက်သေတစ်ဦးအပေါ် သမ္မာန်စာချအပ်ရာတွင် ထိုသက်သေ နေထိုင်သည့် နယ်မြေရှိ စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ သမ္မာန်စာ နှစ်စောင်စလုံးကို ပေးပို့လျက်ချအပ်ရမည်။ ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ (၇၃)။
အဆိုပါ သမ္မာန်စာကို လက်ခံရရှိသည့် တရားရုံးက မိမိ၏ စီရင်ပိုင်ခွင့်နယ်မြေအတွင်း သမ္မာန်စာချအပ်သည့် နည်းလမ်းအတိုင်းချအပ်၍ ပြန်လည်ပေးပို့လိမ့်မည် ဖြစ်သည်။ ထိုသို့ ပြန်လည်ပေးပို့သည့်အခါ ဆင့်စာလုလင်၏ ကျမ်းကျိန်လွှာနှင့်အတူ ပြန်လည် ပေးပို့ရမည်။ ( ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၇၄ (၁)(၂)။
ကုမ္ပဏီ သို့မဟုတ် အစုစပ်လုပ်ငန်းများအပေါ် ချအပ်ခြင်း
ဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ကုမ္မဏီ သို့မဟုတ် အလားတူ အစုစပ်လုပ်ငန်းများအပေါ် သမ္မာန်စာချအပ်လျှင် ထိုကုမ္ပဏီသို့မဟုတ် အသင်း၏ အတွင်းရေးမှူးထံဖြစ်စေ အုပ်ချုပ်သူမန်နေဂျာထံဖြစ်စေ အကြီးအကဲ အရာရှိထံဖြစ်စေ ချအပ်ရမည်။ ( ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၆၉ (၃))
ပြဋ္ဌာန်းချက်အရ မှတ်ပုံတင်ချောစာဖြင့် ချအပ်နိုင်သည်ဆိုသောလည်း ဆင့်စာလုလင်ကို စေလွှတ်ချအပ်သင့် သည်။
ပြည်သူ့ဝန်ထမ်းသို့မဟုတ် မီးရထား ဌာနဝန်ထမ်း အပေါ် ချအပ်ခြင်း
ပြည်သူ့ဝန်းထမ်း သို့မဟုတ် မီးရထားဌာန ဝန်ထမ်းအပေါ် ချအပ်ရန်ဖြစ်ပါက ထိုသူ လုပ်ကိုင်သည့်ရုံး ဌာန၏ အကြီးအကဲထံ သမ္မာန်စာ ၂ စောင်စလုံးကို ပေးပို့လျက် ချအပ်ရမည်။ ( ရာဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၇၂ (၁) )
ထိုအကြီးအကဲက ဆင့်ခေါ်ခံရသူကို သမ္မာန်စာတစ်စောင်ပေးပြီး ကျန်တစ်စောင်၏ ကျောဘက်တွင် လက်ခံ ရရှိကြောင်း လက်မှတ်ရေးထိုးစေလျက် မိမိရုံးသို့ ပြန်လည်ပေးပို့မည်ဖြစ်သည်။
သမ္မာန်စာအတည်ဖြစ်လျက် လာရောက်ရန် ပျက်ကွက်သူ သက်သေအပေါ် ဆောင်ရွက်ပုံ
သမ္မာန်စာအတည်ဖြစ်ပါလျက် လာရောက်ရန်ပျက်ကွက်သူ သက်သေအပေါ် ဆောင်ရွက် နိုင်သည့် နည်း လမ်းမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၉၀ အရ သက်သေကို ဖမ်းဆီးရန်ဝရမ်း စာထုတ်ဆင့်ခြင်းဖြစ်သည်။ သက်သေဖမ်းဖရမ်း ပုံစံမှာ ရာဇဝတ်ပုံစံအမှတ် ၄၅ ဖြစ်သည်။
သက်သေဆင့်ခေါ်စာပုံစံအမျိုးမျိုး
- သာမန်သက်သေတို့ကို ဆင့်ခေါ်စာ ( ရာဇဝတ်ပုံစံ ၄၂)
- ဗုဒ္ဓဘာသာ ရဟန်သံဃာနှင့် ဂုဏ်သရေရှိသူ သက်သေတို့အား ဆင့်ခေါ်ချအပ်ရန် ဆင့်ခေါ်စာ ( ရာဇ ဝတ်ပုံစံ ၃၄)
- ဆရာဝန်ထံ ဆင့်ခေါ်စာ ( ရာဇဝတ်ပုံစံ ၄၄)
စွပ်စွဲခံရသူသို့ ချအပ်ရန် ဆင့်ခေါ်စာ
စွပ်စွဲခံရသူသို့ ချအပ်ရန် ဆင့်ခေါ်စာပုံစံတွင် အချက်အလက် ဖြည့်သွင့်ခြင်း ဆင့်ခေါ်စာချအပ်ခြင်းများသည် သက်သေဆင့်ခေါ်စာကို ချအပ်ဆောင်ခြင်းနှင့် တူညီပြီး အကယ်၍ စွပ်စွဲခံရသူသို့ ချအပ်ရန် ဆင့်ခေါ်စာ အတည်ဖြစ်လျက်နှင့် လာရောက်ရန် ပျက်ကွက်ပါက ခံဝန်ဖြင့် ဖမ်းဝရမ်းထုတ်ဆင့်ခြင်း ခံဝန်မဲ့ဖမ်းဝရမ်း ထုတ် ဆင့်ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
စီရင်ပိုင်ခွင့်နယ်မြေပြင်သို့ မှ ဆင့်ခေါ်စာဆောင်ရွက်ရာတွင် ဆောင်ရွက်သင့်သည့်နည်းလမ်း အကြံပြုချက်
အချို့သော မြို့နယ်တရားသူကြီးများသည် မိမိ၏ စီရင်ပိုင်ခွင့် နယ်မြေပြင်ပမှ ပေးပို့လာသော ဆင့်ခေါ်စာများကို သတ်မှတ်ရက်ချိန်းထက်ကျော်လွန်မှ ရောက်ရှိလာသည်ဆိုသော အကြောင်းပြချက်ခြင့် မည်သို့မျှ ဆောင်ရွက် ခြင်း မပြုဘဲ ပြန်လည် ပေးပို့တတ်သည်ကို လုပ်သက် အတွေ့အကြုံ့အရ တွေ့ရှိရသည်။
ထိုအခါမျိုးတွင် ထိုရုံးသို့ ပေးပို့ရန်ကြာချိန် ထိုရုံးမှ ဆောင်ရွက်မှုမရှိဘဲ ဆင့်ခေါ်စာကို ပြန်လည်ပေးပို့သည့် အတွက် ကြာချိန် ဒုတိယ အကြိမ်ထုတ်ဆင့်ရန်ကြာချိန်တို့ပေါင်းလျှင် ဆင့်ခေါ်စာအတည်ပြုခြင်းအတွက် အချိန် ၃ လ ၄ လခန့် ကြာသွားတတ်ပါသည်။ ထို့ကြောင့် အကြံပြုခြင်းဖြစ်ပါသည်။
ဆင့်ခေါ်စာ ပေးပို့သော တရားသူကြီးဘက်မှ ဆောင်ရွက်သင့်သောအချက်
မိမိ၏ စီရင်ပိုင်ခွင့်နယ်မြေပြင်ပသို့ ဆင်ခေါ်စာပေးပို့ရလျှင် ဆင့်ခေါ်စာတွင် သတ်မှတ်ရက် ချိန်းထက် ကျော် လွန်လျှင် သင့်တော်သည့် ရက်ချိန်းသတ်မှတ်ချိန်းဆိုပေးပါရန်ဟူသောမှတ်ချက်ကို ဆင့်ခေါ်စာတွင် ရေးသား မှတ်ချက်ပြုသင့်ပါသည်။
ဆင့်ခေါ်စာပေးပို့ခံရသော တရားသူကြီးဘက်မှ ဆောင်ရွက်သင့်သောအချက်
မိမိ၏ စီရင်ပိုင်ခွင့်နယ်မြေပြင်ပမှ ရောက်ရှိလာသော ဆင့်ခေါ်စာတစ်စောင်သည် ရောက်ရှိချိန်တွင် သတ်မှတ် ရက် ချိန်းထက် ကျော်လွန်ပြီးဖြစ်ပါက ထိုရုံးသို့ ဖုန်းဖြင့် ဆက်သွယ်လျက် ထပ်မံ ချိန်းဆိုမည့်ရုံးချိန်းရက်ကို မေးမြန်ဆောင်ရွက်ပေးနိုင်သကဲ့သို့ မိမိ၏ ဆင်ခြင်တုံးတရားအရ ထိုဆင့်ခေါ်ခံရသူက ထိုတရားရုံးသို့ သွား ရောက်ရန် လုံလောက်မည့်အချိန်ကို တွက်ဆ၍ ရက် ချိန်သတ်မှတ်ချိန်ဆိုပေးသင့်ပါသည်။
[ဦးမိုးကျော် ( မဟာဥပဒေ ) ဒုတိယညွန်ကြားရေးမှူး ( ရာဇဝတ်ကျင့်ထုံး ဥပဒေ အခြေပြု လက်စွဲ ) ၊ ပထမ အကြိမ် ၂၀၁၉ ၊ ဒီဇင်ဘာလ ၊ စာ ၂၉ မှ ] crd
——————————————
--------------------------------------
၆၅ လမ်း ၊ ၁၁၀×၁၁၁ကြား
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့ ။
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Mayangone Township
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 15:00 |