Yati Magazine

Yati Magazine

Share

စာဖတ် ပရိသတ်များ အတွက် သုတ၊ ရသ၊ အနုပညာ၊ ကျန်းမာရေး၊ အလှအပ စတဲ့ ကဏ္ဍများ စုံလင်စွာ ပါရှိတဲ့ "ရတီ" စာပေနှင့် အနုပညာ မဂ္ဂဇင်း ကို http://yatimagazine.com/ တွင်လည်း ၀င်ရောက် ဖတ်ရှုနိုင်ပါသည်။

Photos from Yati Magazine's post 05/09/2023

အနုပညာရှင်များနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တဲ့ စိန်နန်းတော် (၁၃) ဆိုင်မြောက် ဆိုင်သစ်ဖွင့်ပွဲ

စိန်နန်းတော် စိန်ရွှေရတနာဆိုင် ရဲ့ သာကေတ ဆိုင်သစ်ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၂) ရက်နေ့မှ (၃) ရက်နေ့ အထိ ရန်ကုန်၊ Capital Mall (သာကေတ) မှာ နိုင်ငံကျော် အနုပညာရှင်များစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာလ (၃) ရက်နေ့ မှာတော့ အဆိုတော် လွှမ်းပိုင်၊ တိုင်ရွန်၊ အေးချမ်းမောင်၊ မိုးယုစံ၊ ဝိုင်းစုခိုင်သိန်း၊ ထက်ထက်ထွန်း တို့က ပရိသတ်များနဲ့ အတူ တွေ့ဆုံခဲ့ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့သလို သီချင်းများဖြင့်လည်း ဖျော်ဖြေတင်ဆက် ခဲ့ကြပါတယ်။

05/09/2023

ကိုရီးယားကြယ်နှစ်ပွင့်နှင့် စင်္ကာပူတွင်ဆုံနိုင်ခွင့်

တောင်ကိုရီးယားသရုပ်ဆောင်များဖြစ်ကြသော Song Hye-kyo နှင့် Cha Eun-woo တို့သည် စက်တင်ဘာ ၅ ရက်တွင် စင်ကာပူ၌ ရောက်ရှိမည်ဖြစ်သည်။

၄င်းတို့သည် သည် ION Orchard ရှိ ပြင်သစ်ကျောက်မျက်ရတနာ Chaumet ၏ pop-up ဆိုင်ဖွင့်ပွဲသို့ တက်ရောက်မည်ဖြစ်သည်။

အင်္ဂါနေ့ (စက်တင်ဘာ 5) တွင် ညနေ ၃ နာရီမှစတင်၍ ION Orchard ရှိ atrium တွင် ၄င်းတို့နှင့်ဓာတ်ပုံများကို အတူရိုက်ခွင့်ရမည်ဖြစ်သည်။

Source: CNA

Photos from Yati Magazine's post 30/08/2023

အာရှအမျိုးသမီးများခေတ်

ယနေ့ သြဂုတ် ၃၀တွင် ကျင်းပသည့် ၂၀၂၃ အာရှအမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ထိုင်းအမျိုးသမီးဘော်လီဘောအသင်းက သြစတြေးလျအသင်းကို ၂၅-၁၄၊ ၂၅-၁၆၊ ၂၅-၂၂ ဖြင့် ယှဉ်ပြိုင်အနိုင်ကစားခဲ့သည်။

ပြိုင်ပွဲကို လက်ရှိတွင် ထိုင်းနိုင်ငံ၊ Nakhon Ratchasima တွင် ၂၀၂၃ ခုနှစ် သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ကျင်းပလျက်ရှိသည်။

ပြိုင်ပွဲ၏ထိပ်တန်းသုံးသင်းသည် 2025 FIVB ဘော်လီဘောအမျိုးသမီးကမ္ဘာ့ချန်ပီယံ AVC ကိုယ်စားလှယ်အဖြစ် အရည်အချင်းပြည့်မီကြသူများဖြစ်သည်။

ဓာတ်ပုံများ - Todsaporn Lohkhunceam
SOURCE- Khaosod

29/08/2023

ထက်အောင်ရှိုင်းက မေမြင့်မိုရ်ရဲ့ပရိသတ်ပါ...

"မေမြင့်မိုရ်က ပါးပါး​လေးနဲ့ရယ်​အောင်လုပ်တတ်တယ်။ သရုပ်​ဆောင်တာ အရမ်းမိုက်​တယ်။ သူ့ကို icecream သီချင်းမှာကတည်းက ကြိုက်ခဲ့ရတယ်။ ကျွန်​တော်က သူ့ပရိသတ်ပါ" ထက်​အောင်ရှိုင်း

"Comedy ရိုက်ရတာ စိတ်လွတ်လပ်ပြီး​ အရမ်းပျော်ဖို့​ကောင်းတယ်။ပျော်​ပျော်ရွှင်ရွှင်​လေးနဲ့ ပြီးသွားခဲ့တယ်။ သူငယ်ချင်းထက်​အောင်ရှိုင်းနဲ့ ဒီကားမှာ အမှတ်တရ​တွေအများကြီးပါ" မေမြင့်မိုရ်

#ထက်​အောင်ရှိုင်း #မေမြင့်မိုရ်

28/08/2023

သုန္ဒြေဦးကို မျက်ရည်ကျအောင်လုပ်ခဲ့တဲ့ ဒေါက်တာခင်စံပယ်...

“တစ်သက်လုံးတစ်ခါမှ မလုပ်ဖူးဘူး။မျက်နှာ တစ်ခုလုံးကို ယုံယုံကြည်ကြည် လုပ်ပေးဖို့ ပြောတုန်းကလည်း မျက်ရည်ကျခဲ့ရသေးတယ်။အရမ်းလည်းကြောက်ခဲ့တယ်။”သုန္ဒြေဦး

“ငါမှ နင့်ကို မချစ်တော့တာ ဆိုတဲ့ မိန်းမတစ်ယောက်ကို ခံစားရအောင်ပြောတဲ့စကားတစ်ခွန်းကြောင့်ပြုပြင်ပြောင်းလဲပေးခဲ့တာပါ။စိန်ခေါ်မှုတစ်ခုပါပဲ။၃နာရီအတွင်း အစောကို ပြောင်းလဲပေးရတာပါ။”ဒေါက်တာခင်စံပယ်

28/08/2023

ကချင်လို့ နဂါးပူးပြရာက မြန်မာတစ်နိုင်ငံလုံး နဂါးတွေဖြစ်ကုန်တော့မယ် . . .

မီဒီယာတွေလာမှ နဂါးတွေပူးပူးပြီး ကပြတာ သိပ်တော့မကြိုက်ပါဘူး။ မြန်မာတစ်နိုင်ငံလုံး နဂါးတွေဖြစ်ကုန်တော့မလား မသိဘူး။ တကယ့်ပွဲ‌တွေမှာ နတ်ချော့လို့ ကတာကပါ။ ဆိုင်းသံ ဗုံသံကြားရင် လူတိုင်းက ကချင်ကြတယ်။ သောက်ထားတာမျိုးလည်းပါတော့ ရောကလိုက်တာလည်း ဖြစ်နိုင်တာပေါ့နော်။ ကလပ်မှာ ကတာနဲ့ လူတောထဲမှာ ကတာ ဒါပဲကွာတာပါ။ လူတောထဲကတော့ လူမြင်ပြီး မီဒီယာရှေ့ကတော့ မီဒီယာသိတာပေါ့ - ချန်းလုံ

#ချန်းလုံ

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Address


35th Street, Kyauktada Township
Yangon
11182