Zifam Lady

Zifam Lady

Share

15/05/2026

🌼 𝐄𝐯𝐞𝐧𝐢𝐧𝐠 𝐏𝐫𝐢𝐦𝐫𝐨𝐬𝐞 𝐎𝐢𝐥 ဆိုတာဘာလဲ...

📌 "ညနေခင်းနှင်းဆီ" လို့ ခေါ်ကြတဲ့ 𝐄𝐯𝐞𝐧𝐢𝐧𝐠 𝐏𝐫𝐢𝐦𝐫𝐨𝐬𝐞 အပင်ဟာ သဘာဝအတိုင်း ပေါက်ရောက်တဲ့ အဝါရောင် တောရိုင်းပန်းကလေးတစ်မျိုးဖြစ်ပါတယ်။ တောင်အမေရိကနဲ့ မြောက်အမေရိကမှာ သဘာဝအတိုင်းတွေ့ရတတ်ပြီး အချို့ဥရောပနိုင်ငံများနဲ့ အာရှဒေသအချို့မှာလည်း ပေါက်ရောက်ရှင်သန်လေ့ရှိပါတယ်။

✅ (၁၇) ရာစုကတည်းက ဒေသခံအမေရိကန်လူမျိုးတွေဟာ 𝐄𝐯𝐞𝐧𝐢𝐧𝐠 𝐏𝐫𝐢𝐦𝐫𝐨𝐬𝐞 𝐎𝐢𝐥 ကို နာကျင်ကိုက်ခဲမှု၊ ရောင်ရမ်းမှုနဲ့ အရေပြားပြဿနာတွေအတွက် ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့ကြလို့ "အနာရောဂါမျိုးစုံကို ပျောက်ကင်းစေတဲ့ ဆေးဘုရင်" လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။

🔎 ဆေးဝါးနည်းပညာတွေ ခေတ်မီတိုးတက်လာတဲ့ ယနေ့ခေတ်မှာတော့ 𝐄𝐯𝐞𝐧𝐢𝐧𝐠 𝐏𝐫𝐢𝐦𝐫𝐨𝐬𝐞 𝐎𝐢𝐥 ရဲ့ကျော်ကြားမှုက 𝐎𝐦𝐞𝐠𝐚 𝟔 𝐅𝐚𝐭𝐭𝐲 𝐀𝐜𝐢𝐝 ကြောင့်​ဖြစ်တယ်ဆိုပြီး သိရှိလာပါတယ်။

✅ 𝐎𝐦𝐞𝐠𝐚 𝟔 𝐅𝐚𝐭𝐭𝐲 𝐀𝐜𝐢𝐝 မှာပါဝင်တဲ့ 𝐆𝐚𝐦𝐦𝐚-𝐋𝐢𝐧𝐨𝐥𝐞𝐧𝐢𝐜 𝐀𝐜𝐢𝐝 (𝐆𝐋𝐀) ကြောင့် အနာရောဂါအမျိုးမျိုးကို သက်သာစေကြောင်း သုတေသနစာတမ်းများစွာရှိပါတယ်။ ဒါ့အပြင် သွေးတွင်းအဆီများကျစေခြင်း၊ အရေပြားရောဂါများကိုသက်သာစေခြင်း၊ ဝက်ခြံများကိုသက်သာစေခြင်း၊ ရင်သားနာကျင်ခြင်းကိုသက်သာစေခြင်း စတဲ့ကျန်းမာရေးကောင်းကျိုးများလည်းရရှိစေနိုင်ပါတယ်။

💛 𝐄𝐯𝐞𝐧𝐢𝐧𝐠 𝐏𝐫𝐢𝐦𝐫𝐨𝐬𝐞 𝐎𝐢𝐥 ဟာ နာကျင်ကိုက်ခဲမှုအမျိုးမျိုးထဲမှာမှ ဓမ္မတာကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုများကို အဓိကသက်သာပျောက်ကင်းစေနိုင်ပြီး အမျိုးသမီးဟော်မုန်းကိုလည်း ထိန်းညှိပေးနိုင်တဲ့ အာနိသင်ရှိတဲ့အတွက် အမျိုးသမီးများအတွက် အထူးသင့်တော်တဲ့ အဆီဓာတ်တစ်မျိုးအဖြစ် နေရာယူလာပါတော့တယ်။

✅ ဒီအစီအစဉ်ကို 𝐄𝐯𝐞𝐧𝐢𝐧𝐠 𝐏𝐫𝐢𝐦𝐫𝐨𝐬𝐞 𝐎𝐢𝐥 𝟏𝟎𝟎𝟎 𝐦𝐠 ပါဝင်တဲ့ အမျိုးသမီးတိုင်းအတွက် 𝐄𝐩𝐨𝐬𝐨𝐟𝐭 မှ ကျန်းမာရေးဗဟုသုတရရှိ‌စေရန်ရည်ရွယ်ပြီး တင်ဆက်ပေးထားပါတယ်။

𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞𝐬:
📌 McDermott, A. & Wilson, D. R., 2023. healthline. [Online]
Available at: https://www.healthline.com/health/evening-primrose-oil
[Accessed 19 June 2023].

📌 NCCIH, 2023. ncci.nih. [Online]
Available at: https://www.nccih.nih.gov/health/evening-primrose-oil
[Accessed 19 June 2023].

#သင့်တစ်လတာကိုလန်းဆန်းစွာဖြတ်ကျော်ပါ
#အမျိုးသမီးတိုင်းအတွက်

01/05/2026

📌 ၂၀၂၆ ခုနှစ်၊ မေလ (၁)ရက်နေ့တွင်ကျရောက်သည့် အလုပ်သမားနေ့အား 𝗭𝗶𝗳𝗮𝗺 𝗟𝗮𝗱𝘆 မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

📌 နေရာဒေသ အသီးသီးရှိ လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသော အသိပညာရှင်၊ အတတ်ပညာရှင် လုပ်သားပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ရည်မှန်းချက်ပန်းတိုင်များကို အကောင်အထည်ဖော်ဆောင်နိုင်ကြပါစေကြောင်း သင့်တစ်လတာကိုလန်းဆန်းစွာဖြတ်ကျော်ပါ 𝗘𝗽𝗼𝘀𝗼𝗳𝘁 မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Address


95 Residence, Kyaik Waing Pagoda Road, 8th Mile, Mayangone Township
Yangon
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00