UniverseAcuitech

UniverseAcuitech

Share

Photos from UniverseAcuitech's post 14/12/2021

📍Decuttering Challenge 📍
☘️Hello Dears☘️
Long Time No See!
🪐UniverseAcuitech🪐ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်
(တကယ်တော့ Novemberမကုန်ခင်ကတည်းက New Training Program လေးတစ်ခု လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ Renna ရဲ့တချို့ Urgent အလုပ်တွေကြောင့် Plan လေး ကို ပြန်ရွှေ့လိုက်ရပါတယ်။ တချို့ကို ကတိပေးထားခဲ့ပေမဲ့ မဖြစ်မြောက်လိုက်တဲ့အတွက်ဆောရီးပါနော်)

ဒါပေမဲ့ နောက်ထပ် Creative ဖြစ်တဲ့ Workshop လေးတွေ လာပါအုံးမယ် 😻🥰🎁🎊

ဒီနေ့တော့ လူတိုင်းရဲ့ ဘဝမှာ စတင်ပြောင်းလဲဖို့ အရေးကြီးတဲ့ Life Changing Challenge လေးတစ်ခုကိုမျှဝေပေးချင်ပါတယ်♥️

📍Decluttering Challenge 📍

✅ဒီ Challenge ဟာ ကိုယ့်ဘဝကိုယ် အသစ်တဖန်ပြောင်းလဲဖို့ အတွက် ပထမဆုံး ခြေလှမ်းလေးတစ်ခုဆိုရင်လဲမမှားပါဘူး💯

✅ကိုယ့်ဘဝထဲကို အတွေးသစ်၊အမြင်သစ်တွေ၊ မိတ်ဆွေသစ်တွေ၊ အခွင့်အလမ်းအသစ်တွေကို လက်ခံကြိုဆိုဖို့ အတွက်ဆိုရင် အဟောင်းတွေကို အရင်ဆုံးရှင်းလင်း ဖယ်ရှားထားဖို့လိုအပ်ပါတယ်

✅မကြာမီအချိန်အတွင်း ၂၀၂၁ ကလဲ ကုန်တော့မှာဆိုတော့ ကိုယ့်ကိုယ်ကို Resetလုပ်ပြီး Upgrade Version အတွက် Ready လုပ်ထားရမဲ့ အချိန်လဲဖြစ်ပါတယ်

✅ဒီတော့ ဒီ Challenge လေးကို အတူတူလုပ်ကြည့်ကြမယ်နော်🥰

📌5 Steps for Decluttering📌
————————————————-
Step 1️⃣Declutter Your house/room/ Clothes

✏️ကိုယ့်ရဲ့ အိမ်၊ အခန်းတွေကို ရှင်းလင်းပါ၊ မလိုအပ်တဲ့ အရာတွေကို ဖယ်ရှားပါ၊ ကိုယ့်အတွက်အသုံးမဝင်တော့ပေမဲ့ အခြားလူတွေအတွက်အသုံးဝင်တဲ့အရာတွေ ဆိုရင် စေတနာ သန့်သန့်နဲ့ ပေးလိုက်ပါ၊

✏️ပြီးတော့ ကိုယ့်မှာ ဝယ်ထားတာကြာပေမဲ့ မဝတ်ဖြစ်တဲ့ ကိုယ့်နဲ့မလိုက်ဖက်တဲ့ အဝတ်အစားတွေ၊ မတော်တဲ့ အဝတ်အထည်တွေကို အကုန်ရှင်းထုတ်ပါ။

✏️အသုံးဝင်တဲ့ နေရာတွေမှာ လှူပါ။ ကိုယ်နဲ့ လိုက်ဖက်ညီပြီး ကိုယ်နဲ့ ကိုက်ညီတဲ့ အရာတွေပဲ ထားပါ။

Step 2️⃣ Declutter Social Media

✏️Social Media ကလဲ ကိုယ့်ရဲ့နေ့စဉ်ဘဝကို အလွှမ်းမိုးဆုံးနေရာတစ်ခုဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ရဲ့Energy ကိုကုန်ခမ်းစေနိုင်တဲ့ အရာတွေကို သေချာရှင်းလင်းထားဖို့ လိုပါတယ်

✏️ကိုယ် Follow လုပ်ထားတဲ့ တချို့ Negative Resources တွေကို Unfollow ပါ

✏️ကိုယ့်ရဲ့ Version အသစ်နဲ့ မကိုက်ညီတော့တဲ့ လူတွေကို ရဲရဲဝံ့ဝံ့ Social Distancing လုပ်ပါ

✏️ကိုယ့်အနာဂတ်အတွက် အကျိုးရှိမဲ့ အရာတွေ၊ လူတွေကို ဝန်းရံထားပါ

Step 3️⃣ Declutter Relationships/ Friendships

✏️ကိုယ့်ဘဝထဲမှာ တကယ်မစစ်မှန်တဲ့ Friendship တွေ၊ Relationship တွေရှိနေလား ပြန်ဆန်းစစ်ပါ

✏️ကိုယ်က သူတို့ကို မခင်တော့လို့မဟုတ်ပေမဲ့ ကိုယ့်အနာဂတ် Version အသစ်နဲ့ မကိုက်ညီတော့တဲ့အခါ ကိုယ့်ဘဝထဲကရှင်းလင်းထုတ်ပစ်ရပါမယ်

✏️ကိုယ့်ရဲ့ အနာဂတ်ဟာ Real Friendshipတွေ၊ Soul Partners တွေ ဝင်လာဖို့ နေရာ အသစ်ရှင်းလင်းထားဖို့ လိုပါတယ်☘️

Step 4️⃣ Declutter Your Mindset/ Thoughts

✏️ငယ်ငယ်ကတည်းက တွေးလာခဲ့တဲ့ တချို့အတွေးတွေ၊ပတ်ဝန်းကျင်က Train လာခဲ့တဲ့ ကိုယ့်ရဲ့ Mindsets အဟောင်းတွေဟာ ကိုယ့်ရဲ့ New Version အသစ်နဲ့ ကိုက်ညီတော့မှာ မဟုတ်ပါဘူး

✏️အဲဒါကြောင့် ကိုယ့်ရဲ့ မသိစိတ်ထဲက Negative Mindsets တွေကို Healing လုပ်ဖို့ကြိုးစားပါ♥️

Step 5️⃣ Declutter Uncomfortable Dream

✏️ကိုယ့်ရဲ့ တချို့အိမ်မက်တွေဟာ ကိုယ့်ရဲ့ စစ်မှန်တဲ့ ဆန္ဒတွေ မဟုတ်ပဲ အပေါ်ယံ လူတွေ အကြိုက်လိုက်ပြီး ဖန်တီးထားတဲ့ အရာတွေ လဲ ရှိတတ်ပါတယ်

✏️အဲဒီလို Dreamတွေကြောင့် ကိုယ်ဟာ ထင်သလောက်ခရီး မရောက်တာတွေလဲဖြစ်နိုင်ပါတယ်

✏️အဲ့ဒီအိမ်မက်တွေကို အတွေးထဲကနေ သေချာရှင်းလင်းပြီး ကိုယ့်ရဲ့ ရင်ထဲက စစ်မှန်တဲ့ Soul Purpose ကို သိအောင်ကြိုးစားပါ။ အသစ်လျှောက်လှမ်းဖို့ ပထမခြေလှမ်းလေးတွေ စတင်ပါ

☘️တကယ်တော့ အသစ်တဖန်မမွေးဖွားခင် အဟောင်းတွေဟာ သေဆုံးရပါတယ်☘️

☘️ကိုယ့်ဘဝထဲက မလိုအပ်တော့တဲ့ ၊ကိုယ့်ရဲ့ Future Self နဲ့ Align မဖြစ်တော့တဲ့ အရာဟူသမျှကို သတ္တိရှိရှိ ရှင်းထုတ်ပါ☘️

🌈 လှပတဲ့ အနာဂတ်တွေက ကြိုဆိုနေမှာ အသေချာပါပဲ

♥️ Thanks For Your Reading ♥️

03/11/2021

⭐️ Healthy Boundary တစ်ခု တည်ဆောက်ဖို့⭐️

🪴Hello Dears🪴
✨Long Time No See!✨
🪐UniverseAcuitech🪐 ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်

🍃ဒီနေ့မှာတော့ Life Skills တွေထဲကမှ Communication တွေအတွက် အရမ်းအ​ရေးကြီးတဲ့ Boundary တစ်ခုတည်ဆောက်ဖို့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်❤️

✏️Boundary ဆိုတာဘာလဲ??

“A boundary is a limit or space between you and the other person; a clear place where you begin and the other person ends . . . The purpose of setting a healthy boundary is, of course, to protect and take good care of you” (n.d.).

🔹မိဘနဲ့သားသမီး ဆက်ဆံရေးမှာပဲဖြစ်ဖြစ်
🔹ဆရာနဲ့တပည့် ဆက်ဆံရေးမှာပဲ ဖြစ်ဖြစ်
🔹သူငယ်ချင်းမိတ်ဆွေ ကြားက ဆက်ဆံရေးမှာပဲ ဖြစ်ဖြစ်
🔹ချစ်သူအချင်းချင်းကြားမှာပဲဖြစ်ဖြစ်၊
🔹လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊
Relationship တိုင်းအတွက် Healthy Boundary တစ်ခု ထားရှိဖို့ လိုအပ်ပါတယ်

👇ဒီလို အခြေအနေတွေကြုံဖူးကြလား

🔸ကိုယ်နားမထောင်ချင်တဲ့ စကားတွေကို အောင့်အီး သည်းခံပြီး နားထောင်ရတာပဲဖြစ်ဖြစ်၊

🔸ကိုယ်မအားတဲ့ ကြားက အားနာလို့ ကိုယ့်ရဲ့အရေးကြီးကိစ္စတွေကို ထားပြီး သွားကူညီမိတာမျိုး

🔸ကိုယ့်ရဲ့ Personal ကိစ္စတွေကို ဝင်ရောက် စွတ်ဖက်ခံရတာမျိုး၊

🔸ကိုယ်နဲ့ Energy Align မဖြစ်တဲ့ ပတ်ဝန်းကျင်၊ အပေါင်းအသင်းတွေ ကြားမှာ ဟန်ဆောင်ပြီးနေရတာမျိုး၊

🔸ကိုယ့်ကို Physical / Emotional အားဖြင့် ထိခိုက်ပြောဆိုတာကို ငြိမ်ခံနေရတာမျိုး စတဲ့ အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီး ခံစားနေရတယ်ဆိုရင် သေချာ ခိုင်မာတဲ့ Boundary တစ်ခု တည်ဆောက်ထားသင့်ပြီ ဖြစ်ပါတယ်

🌿တကယ်တော့ အားနာတယ်၊ ကူညီတတ်တယ်၊ စိတ်ကောင်းရှိတယ်၊ စိတ်မဆိုးတတ်ဘူး ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ကိုယ့်ရဲ့ Energy တွေ ဘယ်လောက်တောင် ကုန်ခမ်းပြီးပြီလဲ??

🌿တကယ်တော့ Boundary ဆိုတာ ကိုယ့်ရဲ့ စစ်မှန်တဲ့ ကိုယ်ကို ဖော်ပြပြီး ကိုယ်နဲ့ သူ့ကြားမှာ ရှင်းလင်းပြတ်သားတဲ့ နယ်နိမိတ်တစ်ခု သတ်မှတ်ခြင်းပါပဲ💗
“ခုရှင်းမှ နောင်ရှင်း” ဆိုတဲ့ စကားအတိုင်း No ဆိုတဲ့ စကားကို အနိုင်မခံ အရှုံးမပေးတဲ့စိတ်နဲ့ ပြောဆိုတတ်ဖို့ အရေးကြီးပါတယ်

✏️Healthy Boundary တစ်ခု ဘယ်လိုတည်ဆောက်ကြမလဲ????

1️⃣Clearly identity your boundary

ကိုယ်ရဲ့ Boundary ကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပါ၊ ဥပမာ… ကိုယ်ဟာ ဘယ်အတိုင်းအတာထိ ပဲ ဆောင်ရွက်ပေးနိုင်တယ်၊ ကူညီပေးနိုင်တယ်၊ သည်းခံနိုင်တယ်….

2️⃣Understand why you need the boundary

ကိုယ်က ဘာ Relationship မှာဘယ်လိုမျိုး Boundary ထားဖို့ လိုအပ်တာလဲဆိုတာကို နားလည်အောင်လုပ်ပါ

3️⃣Be straight forward.

ကိုယ်ရွေးချယ်ထားတဲ့ Boundary ကို တဖက်သားကို သေချာရှင်းပြပါ၊ လက်တွေ့ကျင့်သုံးပါ

4️⃣Don’t apologize or give long explanations

ကိုယ့်အပြစ်မဟုတ်တဲ့ အရာတွေ၊ ကိုယ်နဲ့ သိပ်မသက်ဆိုင်တဲ့ အရာတွေအတွက် အကြာကြီး ပြန်ရှင်းပြတာတွေ၊ တောင်းပန်တာတွေ မလုပ်ပါနဲ့

5️⃣Use a calm and polite tone

တဖက်သားကို ငြင်းဆန်တဲ့ အချိန်မှာပဲ ဖြစ်ဖြစ်၊ တည်ကြည် ပြီးယဉ်ကျေးတဲ့ အသံအနေအထားကို သုံးပါ

6️⃣Start with tighter boundaries

ရေရှည် ခိုင်မြဲပြီး ကျင့်သုံးနိုင်မယ့်Boundaryလေးနဲ့ စတင်ပါ

7️⃣Address boundary violations early

ကိုယ့်ရဲ့ Boundaryကို ဖြိုခွဲစေနိုင်တဲ့ အကြောင်းအရာတွေကို မျက်ခြေမပြတ်စောင့်ကြည့်ပါ

8️⃣Don’t make it personal

Personal စိတ်ခံစားချက်အနေနဲ့မဟုတ်ပဲ လူသားဆန်တဲ့ လူတစ်ယောက်အနေနဲ့ Communication တိုင်းအတွက် အသုံးဝင်မဲ့ အချက်တွေကို ရွေးချယ်တတ်ပါစေ

9️⃣Use a Support System

ကိုယ်တိုင်ကိုရော ၊ တခြားသူတွေကိုရော Long Term Support ပေးနိုင်တဲ့ Boundary မျိုး ဖြစ်ပါစေ

🔟Trust your institution

အရေးကြီးဆုံး အချက်ကတော့ ကိုယ့်ရဲ့စစ်မှန်တဲ့ အတွင်းက Soul အသံကို နားထောင်ပြီး၊ ကိုယ့်ရင်ထဲက စကားလုံးတွေကို သေချာ နားလည်ဖို့ လိုအပ်ပါတယ်

💗အားလုံးပဲ ကျန်းမာ ပျော်ရွှင် အောင်မြင် ကြပါစေ💗

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address


Yangon