PRO-Tech SMB Network Solution

PRO-Tech  SMB Network Solution

Share

Photos from PRO-Tech  SMB Network Solution's post 15/05/2019

OnePlus 7 Pro ထက် ဈေးနှုန်း ၃ ဆလောက် သက်သာတဲ့ Realme X
+++++++
ဟုတ်ပါတယ် ..... ဒီနေ့ အသစ်မိတ်ဆက်လိုက်တဲ့ Realme X စမတ်ဖုန်းဟာ OnePlus 7 Pro ထက် ဈေးနှုန်း ၃ ဆလောက် သက်သာပါတယ်။ ဈေးနှုန်း ၃ ဆလောက်သက်သာ သလို ကွဲပြားတဲ့ အချက်တွေလည်း ရှိနေပါတယ်။
Realme X မှာဘယ်လို အချက်အလက်တွေ ပါလည်းဆိုတာ တချက်ရှိုးလိုက်ရအောင်

တန်ဖိုးသင့်၊ မော်ဒယ်မြင့် ဖုန်းတလုံးလို့ ဆိုနိုင်မယ့် Realme X မှာ Snapdragon 710 Chipset နဲ့အတူ 6.53-inch 1080p OLED Display ကို အသုံးပြုထားပြီး Notch လုံးဝ ပါမှာမဟုတ်ပါဘူး။ Notch အစား မော်တာတပ် Pop-up ရှေ့ကင်မရာကို အသုံးပြုထားပါတယ်။

Pop-up ရှေ့ကင်မရာကတော့ 16-megapixel ကင်မရာတလုံးတည်း ဖြစ်ပါတယ်။ OLED Display သုံးထားတာကြောင့် မျက်နှာပြင်အောက် လက်ဗွေရာစနစ်ကို ထောက်ပံ့ပေးလိုက်ပါပြီ။ နောက်ကျောဘက်မှာတော့ ကင်မရာ၂လုံးနဲ့ဖြစ်ပြီး Sony IMX 586 sensor သုံး f/1.7 48MP ကင်မရာတလုံးနဲ့ f/2.4 5MP depth ကင်မရာတလုံးတို့ ဖြစ်ပါတယ်။ Pixel bining နည်းပညာနဲ့ pixels ၄ ခုကို ပေါင်းစည်းကာ ရုပ်ထွက်ကောင်းမွန်ပြတ်သားတဲ့ 12MP ဓာတ်ပုံတွေ ရိုက်နိုင်မှာ ဖြစ်ပါတယ်။

Realme X ကို 4GB RAM, 6GB RAM နဲ့ 8GB RAM ဆိုပြီး မတူညီတဲ့ မော်ဒယ် ၃ မျိုးထုတ်ထားပြီး Storage ကိုတော့ 64GB နဲ့ 128GB နှစ်မျိုး ရွေးချယ်နိုင်ပါမယ်။ ဘက်ထရီကတော့ 3,765mAh စွမ်းအားဖြစ်ပြီး VOOC 3.0 အားအမြန်သွင်းစနစ် ထောက်ပံ့ပေးထားပါတယ်။ ဈေးနှုန်းကတော့ 4GB/64GB ဗားရှင်းကို ၂၂၀ ဒေါ်လာခန့်၊ 6GB/64GB ကို ၂၃၀ ဒေါ်လာခန့် နဲ့ 8GB/128GB ကို ၂၆၀ ဒေါ်လာခန့် ခန့်မှန်းကုန်ကျပါမယ်။
အရောင်ကိုတော့ Steam White နဲ့ Punk Blue အရောင်နှစ်မျိုး ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင့် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူလို့ ဆိုရမယ့် Onion • White Garlic ကိုလည်း တွေ့ရအုံးမှာပါ။

OnePlus 7 Pro နဲ့ကွဲပြားတဲ့ အချက်တွေကိုတော့ နောက်ရက်မှာ ထပ်မံရေးသွားပေးပါအုံးမယ်။

OnePlus 7 Pro ကတော့ Mirror Grey နဲ့ Red အရောင်များ ထုတ်ထားပြီး 6/128GB ကို ယူရို ၅၄၉ နဲ့ 8/256GB ကို ယူရို ၅၉၉ သတ်မှတ်ထားပါတယ်။ Octa-core Snapdragon 855 SoC နဲ့ဖြစ်ပြီး အနောက်ဘက်မှာ 48MP Sony IMX586 Sensor နဲ့အတူ 5MP Depth Sensor ထည့်ထားပါတယ်။ အရှေ့ဘက် ကင်မရာက 16MP ဖြစ်ပါတယ်။

11/01/2019

Xiaomiရဲ့ Midrange Phoneတန်းထဲမှ ❝ ❞ နဲ့အမိုက်စား Redmi Note 7 😎ကို မိတ်ဆက်လိုက်ပါပြီ။

🎨 Redmi Note 7 ကိုအရောင်အနေဖြင့် Dream blue, Shuguangjin နဲ့ Bright black ဆိုပြီး အရောင် (၃) မျိုးနဲ့လာမှာဖြစ်ပြီးခန့်မှန်းဈေးနှုန်းအနေနဲ့ကတော့...

💎 Redmi Note 7 (3/32GB) 230,000 ၀န်းကျင်
💎 Redmi Note 7 (4/64GB) 280,000 ၀န်းကျင်
💎 Redmi Note 7 (6/64GB) 320,000 ၀န်းကျင်
နဲ့လာမှာဖြစ်ပါတယ်။

Redmi Note 7 ရဲ့အသေးစိတ်အချက်အလက်လေးကိုလေ့လာလိုက်ရအောင်နော်👉👉

📱
အရင်မျိုးဆက် Redmi Note စီးရီးတွေနဲ့ မတူတဲ့ အခုထွက်ရှိလာတဲ့Redmi Note 7 ရဲ့ အချက်ကတော့ Premium Glass Body နဲ့ တည်ဆောက်ထားတာဖြစ်ပြီးDisplay မှာတော့ 6.3" waterdrop full screen Display 2.5D Curved Glass Body ဒီဇိုင်းကို FHD+ Resolution အသုံးပြုပေးထားတယ်။👍

📸
Redmi Note 7ရဲ့ကင်မရာပိုင်းအနေနဲ့ထူးထူးခြားခြ နောက်ဘက် ကင်မရာကို (48MP + 5MP) Dual Camera ကို အသုံးပြုပေးထားပီး Selfie အတွက် 13MP သုံးပေးထားပါတယ်။ဒါ့အပြင်Live Shot (Like Apple Live Photo) လည်းရိုက်ကူးနိုင်တဲ့အပြင်Portrait Mode မှာလည်း Effects အသစ်တွေဖြစ်တဲ့ Tea, Lilt, Sephia, Dusk စတာတွေထည့်သွင်းပေးထားလို့ဓာတ်ပုံရိုက်ဝါသနာပါတဲ့ချီဖတို့ချီမတို့အတွက်အကြိုက်တွေ့စေမှာအသေအချာပါဘဲနော် 😉


Redmi Note 7 ရဲ့ Performance ပိုင်းမှာတော့ Snapdragon 660 AIE SoC ကိုတပ်ဆင်အသုံးပြုထားတာဖြစ်ပြီး 3/32GB, 4/64GB နဲ့ 6/64GB ဆိုပြီး Variant (၃) မျိုးထုတ်လုပ်ပေးထားပါတယ်။ Snapdragon 660 SoC ဟာ Snapdragon 600 Series မှာ နောက်ဆုံးထွက်ရှိထားတာဖြစ်ပြီး Budget Smartphones တွေထဲမှာတော့ အတော်လေးကို Performance ကောင်းမွန်တဲ့ SoC တစ်ခုဖြစ်ပါတယ်။ Redmi series မှာ Type C တပ်ဆင်ထားပီး QC 4.0 အထိ ထောက်ပံပေးထားကာ နားကြပ်ပေါက် နဲ့ IR remote sensor လည်းထည့်ပေးထားတော့ ဝိုး..အလန်းဘဲပေါ့..👍

🔋
Redmi Note 7 ရဲ့ Battery ကို4,000mAh battery သုံးပေးထားပြီးCharging Port ကတော့ USB Type-C Portကိုအသုံးပြုထားကာ Charging ပိုင်းမှာတော့ Quick Charge 4.0 ကို ထောက်ပံ့ပေးထားတာဖြစ်တဲ့အပြင် 10W Charger Adapter ပါဝင်တာကြောင့် အားသွင်းတာကြာမှာစိတ်ပူတဲ့ မိတ်ဆွေတို့အတွက်လည်း အဆင်ပြေစေပြီးအားမခံမှာ စိတ်ပူစရာ မလိုတော့ပါဘူး။👍

🎨 Redmi Note 7 ကိုအရောင်အနေဖြင့် Dream blue, Shuguangjin နဲ့ Bright black ဆိုပြီး အရောင် (၃) မျိုးနဲ့လာမှာဖြစ်ပြီးခန့်မှန်းဈေးနှုန်းအနေနဲ့ကတော့...

💎 Redmi Note 7 (3/32GB)– 230,000 ၀န်းကျင်
💎 Redmi Note 7 (4/64GB)– 280,000 ၀န်းကျင်
💎 Redmi Note 7 (6/64GB)– 320,000 ၀န်းကျင်

Xiaomi ကတော့ Redmi Note 7 ကို တရားဝင် မိတ်ဆက်ပေးလိုက်ပါပြီ။ အခုဆိုရင် Redmi က Xiaomi လက်အောက်ကနေ ခွဲထွက်သွားပြီ ဖြစ်ပြီး သီးသန့်ကုမ္ပဏီအဖြစ် ရပ်တည်တော့မှာ ဖြစ်ပါတယ်။ သီးသန့် ကုမ္ပဏီဆိုပေမယ့် Redmi by Xiaomi ဆိုတဲ့အတိုင်း Xiaomi ရဲ့ ထိန်းချူပ်မှုအောက်မှာပဲ ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။

27/09/2018

Windows လိုင်စင်အကြောင်းသိကောင်းစရာများ 👨💻

Windows လိုင်စင်ဆိုတာ ဘာလဲ? လိုင်စင်သုံးရင်
ဘာအကျိုးတွေရှိလဲ? Microsoft က ထုတ်ထားတဲ့
ကွန်ပျူတာ OS တွေကို တရားဝင် အသုံးပြုချင်ရင်
လိုင်စင် Windows ကို ဝယ်သုံးရပါမယ်။ လိုင်စင်
Windows ကို အသုံးပြုရင် ဖြစ်လာသမျှ ပြဿနာ
တွေကို အတတ်နိုင်ဆုံးဖြေရှင်းပေးပြီး ကွန်ပျူတာ
လုံခြုံစိတ်ချမှုလည်း ရှိပါမယ်။ နောက်ပြီးတော့
အသစ်သစ်သော Windows Update Features
အသစ်တွေကိုလည်း အသုံးပြုခွင့်ရှိပါမယ်။ အရှင်းဆုံး
ပြောရရင် Windows OS ကို မိမိအပိုင်အဖြစ် တရားဝင်
ဝယ်ယူထားလိုက်ပြီး မိမိကွန်ပျူတာကလည်း သူတို့ ရဲ့ 
စာရင်းထဲမှာ တရားဝင်အသုံးပြုသူအဖြစ် ရှိနေပါမယ်။

Windows ကို Copy, Crack လုပ် သုံးရင်ကော?
Copy,Crack လုပ်သုံးရင်တော့
Microsoft ရဲ့ တရားဝင် မဟုတ်တာကြောင့်
ပြဿနာတွေဖြစ်လာရင် Microsoft က တာဝန်ယူမှာ
မဟုတ်သလို၊ လုံခြုံစိတ်ချမှုလည်း မရှိနိုင်ပါဘူး။
ဒါပေမယ့် တစ်ခုရှိတာက Windows က အစမ်း
သဘောပေးသုံးထားတဲ့ Insider Preview ကို
သုံးနေရင်တော့ Crack Windows လည်း ထွက်
သမျှသော Update, Preview တွေကို Update
လုပ် အသုံးပြုလို့ ရပါတယ်။ အဲ့ဒီ Insider Preview
Program တွေက ကုန်ဆုံးရက်သက်တမ်းတော့ရှိပါတယ်။

Windows OS လိုင်စင် အမျိုးစား(၃)မျိုး ရှိပါတယ်။
1. Retail License - Retail License ဆိုတာကတော့
ကွန်ပျူတာတစ်လုံးတည်းအတွက် ထုတ်လုပ်ထားတဲ့
လိုင်စင်ဖြစ်ပါတယ်။ ဆိုလိုတာက ဒီလိုင်စင်တစ်ခုကို
ကွန်ပျူတာတစ်လုံးမှာ အသုံးပြုနေပြီးသားဆိုရင် တစ်
ခြား ကွန်ပျူတာတစ်လုံးမှာ ပြိုင်တူ သုံးလို့ မရပါဘူး။
ကွန်ပျူတာ Hardware တွေ ဘာတွေပဲ ပြောင်းပြောင်း
Desktop ကနေ Laptop ကို ပြောင်းသုံးမယ်ဆိုရင်
ဝယ်ထားတဲ့ လိုင်စင် Windows ခွေကို Laptop မှာ
Installလုပ်ပြီး လိုင်စင်ကီးထည့်ပေးရပါမယ်။ဒါပေမယ့်
Desktopမှာရှိနေတဲ့ ဝင်းဒိုးကိုတော့ ဖြုတ်ပေးရပါမယ်။
ဒီ Retail License ကတော့ Microsoft က ထောက်ပံ့
ပေး(Supported)လုပ်တဲ့အထိ တစ်သက်တာ အသုံး
ပြုနိုင်သလို သူ့ တန်ဖိုးကလည်း ဈေးကြီးပါတယ်။

2. OEM (Original Equipment Manufacturer) License
OEM License ကတော့ ကွန်ပျူတာအသစ်ဝယ်တဲ့အချိန်မှာ
ပါလာတတ်တဲ့ လိုင်စင် Windows ဖြစ်ပါတယ်။ ACER,HP,
DELL,MSI အစရှိသည်ဖြင့် သူ့ မော်ဒယ်၊ Hardware တွေ
အတွက်သာ ဒီ OEM လိုင်စင်က အသုံးပြုနိုင်ပါမယ်။ PC
ပြောင်း၊ Hardware တွေ ပြောင်းလိုက်ရင် မူရင်းလိုင်စင်က
ပြုတ်သွားနိုင်ပါတယ်။

3. Volume License
Volume License ကတော့ အဖွဲ့အစည်းတွေက အရည်တွက်
များများဝယ်ယူ အသုံးပြုတဲ့ License မျိုးပဲဖြစ်ပါတယ်။ ဥပမာ-
ကွန်ပျူတာ အလုံး (၁၀၀) ရှိတဲ့ ကုမ္မဏီတစ်ခုက အလုံး(၁၀၀)
အတွက် တစ်ခါတည်းစုဝယ်လိုက်တဲ့ လိုင်စင်မျိုးဖြစ်ပါတယ်။
မြန်မာပြည်မှာရောင်းနေကြတဲ့ လိုင်စင်တစ်ခု (8000,25000,
45000,60000) စသည်ဖြင့် ပေးဝယ်ရတဲ့ လိုင်စင်ကလည်း
Volume License ပဲဖြစ်ပါတယ်။ သူကတော့ Windows OS
တစ်ခါပြုတ်၊ သို့ မဟုတ် Hardware ပိုင်းတွေ တစ်ခုခု ပြောင်း
လိုက်ရင်လည်း ဒီလိုင်စင်က သုံးရတော့မှာ မဟုတ်ပါဘူး။
ကွန်ပျူတာအလုံးရေ (၂၅)ထက်များရင် KMS (Key Management
Service) နဲ့ Activate လုပ်နိုင်ပြီး (၂၅)အောက်နည်းရင်တော့
MAK(Multi-Activation Service) နဲ့ Activate လုပ်ရပါမယ်။
Windows လိုင်စင်တစ်မျိုးချင်းစီမှာ သူတို့ သတ်မှတ်ထားတဲ့
စည်းကမ်းချက်တွေလည်း ရှိပါသေးတယ်။ မိမိအသုံးပြုနေတဲ့
Windows က ဘယ်လိုမျိုး လိုင်စင်ကို အသုံးပြုထားသလဲ
သိချင်ရင် Cmd မှာ slmgr -dli ကို ရိုက်ထည့်ပြီး Windows
Script Host ရဲ့ Description မှာ Retail,OEM,Volume MAK
စသည်ဖြင့် Channel တွေကို စစ်ကြည့်နိုင်ပါတယ်။

Photos from PRO-Tech  SMB Network Solution's post 13/09/2018

Screen size ပိုကြီးပြီး Dual SIM သုံးလို့ရတဲ့ iPhone မော်ဒယ်သစ်များကို Apple မိတ်ဆက်ပြီ
----------
iPhone XS , iPhone XS Max , iPhone XR စတဲ့ iPhone မော်ဒယ်သစ် ၃ မျိုးကိုမိတ်ဆက်ပေးလိုက်ပါပြီ။ ၂၀၁၈ အတွက် iPhone သစ်တွေထဲကမှ iPhone XR နဲ့ iPhone Xs Max ကတော့ ထွက်ရှိခဲ့သမျှ iPhone တွေထက် Screen size တွေအားဖြင့်သိသာစွာပိုမိုကြီးမားလာသလို Battery ပမာဏပါဝင်မှုအနေအထားမှာလည်း ပိုမိုကောင်းမွန်လာပါတယ်။ Storage အနေနဲ့ဆိုရင်လည်း iPhone XS နဲ့ XS Max တို့မှာ 512 GB Storage ပမာဏအထိထည့်သွင်းပေးလာပါတယ်။ iPhone XS နဲ့ XS Max တို့ကတော့ ယခင် iPhone X လိုပဲ OLED Display အသုံးပြုထားပြီး iPhone XR ကတော့ LCD Display အသုံးပြုပေးထားပါတယ်။ iPhone XS နဲ့ XS Max တို့မှာအသုံးပြုထားတဲ့ OLED DISPLAY ဟာ Dolby Vision ၊ HDR10 စတဲ့ feature များကို Support လုပ်တဲ့အပြင် Display ရဲ့ Dynamic range color တွေအနေနဲ့လည်း iPhone X ရဲ့ Display ရဲ့ Dynamic range colors ထက် 60% လောက်ပိုကြီးပါတယ်။ ဖုန်းမော်ဒယ်သစ် ၃ မျိုးစလုံးရဲ့ ရှေ့ဘက်ခြမ်း Design အနေနဲ့ ယခင် iPhone X ရဲ့ရှေ့ဘက်မျက်နှာပြင် Display Design နဲ့ပုံစံအတူတူပဲဖြစ်ပြီး Display ထိပ် Notch အရွယ်အစားကလည်း iPhone X တုန်းကအတိုင်းပါပဲ။ Design ပိုင်းအားဖြင့်ပြောရရင် ဖုန်းမော်ဒယ်သစ် ၃ မျိုးစလုံးရဲ့ Design ဟာ iPhone X ရဲ့ ကိုယ်ထည် Design ကိုအခြေခံထားတာဖြစ်လို့ အရွယ်အစားပိုကြီးလာတာ ၊ အရောင်အသစ်တွေနဲ့ထုတ်တာ စတဲ့အချက်တွေဖယ်လိုက်ရင် Design ပိုင်းအနေနဲ့ iPhone X နဲ့အတူတူပါပဲ။ iPhone XS နဲ့ XS Max မှာဆိုရင် အရောင်သစ်အနေနဲ့ Gold Color နဲ့ပါထုတ်လုပ်ပေးထားပါတယ်။ iPhone XR ကိုတော့ အရောင် ၆ မျိုးနဲ့တောင်ထုတ်လုပ်ပေးလိုက်တာပါ။ iPhone XS နဲ့ XS Max ရဲ့ ဘေးဘောင်ကိုယ်ထည်အနေနဲ့ iPhone X မှာလိုပဲ Stainless steel frame ကိုအသုံးပြုထားပြီး နောက်ဘက်ခြမ်းကိုတော့ Glass Panel နဲ့ဖုံးအုပ်ပေးထားပါတယ်။ iPhone XR ရဲ့ကိုယ်ထည်အနေနဲ့ iPhone 8 Plus မှာလိုပဲ အလူမီနီယံကိုယ်ထည်ကိုအသုံးပြုပေးထားပြီး နောက်ဘက်ခြမ်းကိုတော့ Glass Panel နဲ့ဖုံးအုပ်ပေးထားပါတယ်။။ iPhone XS နဲ့ XS Max က ဖုန်းနောက်ဘက်ခြမ်းမှာ Dual Camera ပါဝင်ပြီး iPhone XR ကတော့ ဖုန်းနောက်ဘက်ခြမ်းမှာ ကင်မရာ ၁ လုံးပဲပါဝင်ပါတယ်။ iPhone Xs နဲ့ Xs Max မှာသုံးထားတဲ့ A12 Processor မှာပါဝင်တဲ့ Image Processing System နဲ့ Neutral Engine ကြောင့် Camera ပိုင်းအနေနဲ့ ရုပ်ထွက်ပုံထွက်များမှာ ယခင် iPhone X ထက်ပိုပြီး Detail ကျကျရိုက်ကူးဖော်ပြပေးနိုင်ပါတယ်။ Security စနစ်အနေနဲ့ ဖုန်းမော်ဒယ် ၃ မျိုးစလုံးကို iPhone X မှာလိုပဲ Face ID စနစ်ကိုသာအသုံးပြုထားပြီး iPhone X မှာပါတဲ့ Face ID ထက်ပိုကောင်း ပိုမြန်တဲ့ Face ID စနစ်ကိုအသုံးပြုထားပါတယ်။ Fingerprint Sensor မပါဝင်ပါ။ ဖုန်းမော်ဒယ် ၃ မျိုးလုံးဟာ ရေစို ၊ ရေစိမ်ခံနိုင်တဲ့စမတ်ဖုန်းတွေဖြစ်ပြီး ရေလုံနှုန်းအနေနဲ့ iPhone XS နဲ့ Xs Max တို့ဟာ IP68 အဆင့်ဖြစ်ပြီး iPhone XR ကတော့ IP67 အဆင့်ဖြစ်ပါတယ်။ ဖုန်းမော်ဒယ်သစ် ၃ မျိုးစလုံးဟာ Wireless Charging support လုပ်ပါတယ်။ iPhone Xs , Xs Max တို့ဟာ Dual SIM ထည့်သွင်းအသုံးပြုနိုင်တဲ့ iPhone တွေအဖြစ်ထွက်ရှိလာတာပါ။ တရုတ်နိုင်ငံမှာရောင်းချမယ့် iPhone Xs,Xs Max တွေဟာ SIM Card ၂ ကဒ် ထည့်သွင်းနိုင်မှာဖြစ်ပြီး တခြားနိုင်ငံတွေမှာရောင်းမယ့် iPhone Xs တွေကတော့ တကယ့် SIM Card တစ်ကဒ်သာထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး နောက်တစ်ကဒ်အနေနဲ့ကတော့ E-SIM နည်းပညာပါဝင်တဲ့အတွက် တရုတ်နိုင်ငံမှာရောင်းမယ့် iPhone Xs တွေလိုပဲ SIM card ၂ ကဒ်ထည့်သုံးရတဲ့အနေအထားမျိုးရစေမှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံက မိုဘိုင်းအော်ပရေတာတွေကတော့ E-SIM နည်းပညာကိုအထောက်အပံ့မပေးကြသေးတဲ့အတွက် ဒီကလူတွေ iPhone XS ကို Dual SIM အနေနဲ့ထည့်သုံးချင်တယ်ဆိုရင်တော့ တရုတ် နဲ့ဟောင်ကောင်ဘက်က iPhone XS တွေကိုသုံးမှပဲအဆင်ပြေပါလိမ့်မယ်။ ဒါပေမယ့်စိတ်မပူပါနဲ့။ အခုလည်း ဒီမှာက Hong Kong အလုံးတွေပဲသွင်းရောင်းနေကြတာဆိုတော့ မြန်မာပြည်ကဆိုင်တွေမှာရောင်းမယ့် iPhone Xs,Xs Max တွေဟာ Dual SIM ထည့်သုံးလို့ရတဲ့ဟန်းဆက်တွေပဲအဓိကသွင်းကြမှာပါ။ iPhone XR ကတော့ SIM Card တစ်ကဒ်သာထည့်သွင်းအသုံးပြုနိုင်မှာပါ။

📱iPhone Xs,Xr Preview By Thet Naing Soe (Myanmar Mobile App) 📱

iPhone XS
-----------
iPhone XS ကတော့ Screen size အနေနဲ့ 5.8 inch ဖြစ်ပြီး OLED Display(2436x1125 resolution , 2.7 Million pixels) ကိုအသုံးပြုထားပါတယ်။ RAM အနေနဲ့ 4GB ပါဝင်ပြီး Processor အနေနဲ့ A12 Bionic Chip ကိုအသုံးပြုထားပါတယ်။ iPhone XS မှာသုံးထားတဲ့ A12 Bionic Chip ဟာ iPhone X မှာသုံးထားတဲ့ A11 Bionic Chip ထက်အရွယ်အစားပိုသေးပြီး 15% Performance ပိုမြန်ပါတယ်။ Storage အနေနဲ့ 64GB, 256GB , 512GB စတဲ့ Storage ၃ မျိုးနဲ့ထုတ်လုပ်ပေးထားပါတယ်။ အရောင်အနေနဲ့ Space Gray, Silver , Gold စတဲ့အရောင် ၃ မျိုးနဲ့ထုတ်လုပ်ပေးထားပါတယ်။ iPhone XS Max ဟာ iPhone X ထက် ၁ နာရီခွဲလောက် ဘက်ထရီပိုအသုံးခံပါမယ်။ Camera အနေနဲ့ ရှေ့ Selfie Camera အတွက် 7MP RGB Sensor ကိုအသုံးပြုထားပြီး နောက်ဘက်ခြမ်း Dual Camera အနေနဲ့ 12MP Wide Angle Camera+12MP Telephoto Camera တို့ကိုအသုံးပြုထားပါတယ်။

iPhone XS Max
----------------
iPhone XS Max ကတော့ Screen size အနေနဲ့ 6.5 inch ဖြစ်ပြီး OLED Display (2688x1242 resolution , 3.3 Million pixels) ကိုအသုံးပြုထားပါတယ်။ RAM အနေနဲ့ 4GB ပါဝင်ပြီး Processor အနေနဲ့ A12 Bionic Chip ကိုအသုံးပြုထားပါတယ်။ iPhone XS Max မှာသုံးထားတဲ့ A12 Bionic Chip ဟာ iPhone X မှာသုံးထားတဲ့ A11 Bionic Chip ထက်အရွယ်အစားပိုသေးပြီး 15% Performance ပိုမြန်ပါတယ်။ Storage အနေနဲ့ 64GB, 256GB , 512GB စတဲ့ Storage ၃ မျိုးနဲ့ထုတ်လုပ်ပေးထားပါတယ်။ အရောင်အနေနဲ့ Space Gray, Silver , Gold စတဲ့အရောင် ၃ မျိုးနဲ့ထုတ်လုပ်ပေးထားပါတယ်။ iPhone XS Max ဟာ iPhone X ထက် ၁ နာရီခွဲလောက် ဘက်ထရီပိုအသုံးခံပါမယ်။ Camera အနေနဲ့ ရှေ့ Selfie Camera အတွက် 7MP RGB Sensor ကိုအသုံးပြုထားပြီး နောက်ဘက်ခြမ်း Dual Camera အနေနဲ့ 12MP Wide Angle Camera+12MP Telephoto Camera တို့ကိုအသုံးပြုထားပါတယ်။

iPhone XR
-----------
iPhone XR ကတော့ Screen size အနေနဲ့ 6.1 inch ဖြစ်ပြီး LCD Display (1792x828 resolution) ကိုအသုံးပြုထားပါတယ်။ 3D touch မပါဝင်ပါ။ RAM အနေနဲ့ 3GB ပါဝင်ပြီး Processor အနေနဲ့ A12 Chip ကိုအသုံးပြုထားပါတယ်။ Storage အနေနဲ့ 64GB, 128GB,256GB စတဲ့ Storage ၃ မျိုးနဲ့ထုတ်လုပ်ပေးထားပါတယ်။ အရောင်အနေနဲ့ Black, White, Red, Yellow, Coral နဲ့ Blue စတဲ့အရောင် ၆ မျိုးနဲ့ထုတ်လုပ်ပေးထားပါတယ်။ Battery အနေနဲ့ mAh Battery ကိုအသုံးပြုပေးထားပါတယ်။ Camera အနေနဲ့ ရှေ့ Selfie Camera အတွက် ကိုအသုံးပြုထားပြီး နောက်ဘက်ခြမ်း Camera အနေနဲ့ 12MP Wide Angle Camera ကိုအသုံးပြုထားပါတယ်။

ဈေးနှုန်းများ
--------
iPhone XS - 64GB (မြန်မာငွေ ၁၉ သိန်းဝန်းကျင်) ၊ 256GB (မြန်မာငွေ သိန်း ၂၁ သိန်း ဝန်းကျင်) ၊ 512GB (မြန်မာငွေ ၂၅ သိန်းဝန်းကျင်)

iPhone XS Max - 64GB (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) ၊ 256GB (မြန်မာငွေ ၂၃ သိန်းဝန်းကျင်) ၊ 512GB (မြန်မာငွေ ၂၇ သိန်းဝန်းကျင်)

iPhone XR - 64GB (မြန်မာငွေ ၁၄ သိန်းဝန်းကျင်) ၊ 128GB (မြန်မာငွေ ၁၅ သိန်းဝန်းကျင်) ၊ 256GB (မြန်မာငွေ ၁၇ သိန်းဝန်းကျင်)

(Singapore Apple store ဈေးကို လက်ရှိဒေါ်လာဈေးနဲ့တွက်ထားတာပါ။ မြန်မာပြည်မှာပေါက်မယ့်ဈေးများမဟုတ်သေးပါ)

စတင်ရောင်းချမည့်နေ့
--------------
နိုင်ငံတကာမှာတော့ iPhone XS နဲ့ XS Max ကို စက်တင်ဘာ ၂၁ ရက်နေ့မှာစတင်ရောင်းချမှာဖြစ်ပြီး မြန်မာနိုင်ငံက ဆိုင်တချို့မှာတော့ စက်တင်ဘာ ၂၂ လောက်ဆိုစတင်ဝယ်ယူနိုင်မယ်လို့ခန့်မှန်းရပါတယ်။ ၂၂ ရက်နေ့မှာ ဝယ်ယူလိုသူတွေကတော့ ကျွန်တော့်ဆီမှာလည်း Pre Order ကြိုတင်လုပ်ထားလို့ရပါတယ်။ iPhone XR ကတော့ အောက်တိုဘာ ၂၆ ရက်နေ့မှစရောင်းမှာပါ။

ဘာကိုရွေးချယ်သင့်လဲ ?
--------------------
iPhone Xs,Xs Max တွေလောက်လည်းဈေးမသုံးချင်ဘူး ၊ iPhone Xs မှာလို A12 Bionic Chip သုံးထားတဲ့ နောက်ဆုံးထွက်ဖုန်းလည်းဖြစ်ရမယ်၊ ရေစိုခံ ၊ Wireless Charging စနစ်စတာတွေလည်းပါရမယ်ဆိုရင်တော့ LCD Display တပ်ဆင်ထားတဲ့ iPhone XR ကိုရွေးချယ်သင့်ပါတယ်။ iPhone XR တောင်မှ ဈေးကများနေပါသေးတယ် :3

iPhone XS ကတော့ အရွယ်အစားအားဖြင့် iPhone X နဲ့အတူတူပဲဖြစ်ပြီး Hardware Specifications ပိုင်းလောက်ပဲအဓိကကွာခြားမှုရှိမှာပါ ။ အရွယ်အစားသိပ်မကြီးတာပဲကြိုက်တယ် (သို့မဟုတ်) iPhone X ရဲ့အရွယ်အစားကိုပဲကြိုက် တယ် ၊ Screen size မကြီးချင်နေ Hardware Specifications ပိုင်းမှာ ယခင် iPhone X ထက်ပိုကောင်းရင်ပြီးရောဆိုရင်တော့ iPhone XS ကိုပဲရွေးချယ်သင့်ပါတယ်။

iPhone XS Max ကတော့ Screen size အားဖြင့် 6.5 inch ရှိပြီး ယခုအသစ်ထွက် ဖုန်းမော်ဒယ် ၃ မျိုးထဲမှာ Screen size အကြီးဆုံးဖြစ်ပါတယ်။ Screen size သိသိသာသာပိုကြီးသွားပေမယ့် ဖုန်းအရွယ်အစားကတော့ လက်ရှိ iPhone 7 Plus/ 8 Plus အရွယ်အစားနဲ့အတူတူလောက်ပါပဲ။ iPhone ကိုမှ Screen size ကြီးကြီးနဲ့သုံးချင်သူ/ဂိမ်းဆော့ချင်သူတွေ ၊ Storage ပမာဏခပ်များများပါမှကြိုက်သူတွေ ၊ ဖုန်းဘက်ထရီအားပိုခံတာလိုချင်သူတွေအတွက်ကတော့ iPhone XS Max ကိုရွေးသင့်ပါတယ်။ ကျွန်တော်ဆိုရင်တော့ iPhone XS Max ကိုပဲရွေးချယ်ဖြစ်ပါမယ်။

သက်နိုင်စိုး (Myanmar Mobile App)

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11081

Opening Hours

Monday 08:00 - 10:00
Tuesday 08:00 - 10:00
Wednesday 08:00 - 10:00
Thursday 08:00 - 10:00
Friday 08:00 - 10:00
Saturday 08:00 - 10:00
Sunday 08:00 - 10:00