IDEA Learning Institute

IDEA Learning Institute

Share

12/12/2025

ထိုင်းနိုင်ငံရဲ့ ထိပ်တန်း Chiang Mai University မှာ Thai Major ကို Full Scholarship နဲ့ တက်ရောက်ခွင့်

Chiang Mai University (CMU) ကနေ CLMV နိုင်ငံတွေ (မြန်မာအပါအဝင်) က ကျောင်းသား/သူတွေအတွက် TFL (Thai as a Foreign Language) Undergraduate Scholarship ခေါ်နေပါပြီ။

ဒီ Scholarship က ဘာတွေထူးခြားလဲ?

၁။ ထိုင်းနိုင်ငံရဲ့ ထိပ်တန်း Top University မှာ တက်ရောက်ခွင့်ရရှိမယ်။

Chiang Mai University ဆိုတာ ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ အလှပဆုံးနဲ့ အကြီးဆုံး တက္ကသိုလ်တစ်ခုပါ။ Ranking အရလည်း ထိုင်းနိုင်ငံရဲ့ ထိပ်တန်း (Top Tier) စာရင်းဝင်မို့ ဒီကရတဲ့ ဘွဲ့က အလုပ်အကိုင်အခွင့်အလမ်းအတွက် အရမ်းခိုင်မာပါတယ်။ Campus ကလည်း သာယာပြီး Facility အပြည့်အစုံမို့ ကျောင်းတက်ရတာ အရမ်းမိုက်တဲ့ အတွေ့အကြုံဖြစ်မှာပါ။

၂။ ဘာသာစကားကို အခြေခံကစ သင်ရမယ် (TFL Program)

ထိုင်းစာကို ရေရေလည်လည် မတတ်သေးရင်တောင် နိုင်ငံခြားသားတွေအတွက် သီးသန့်ဖွင့်ထားတဲ့ Major (Thai as a Foreign Language) ဖြစ်တဲ့အတွက် စနစ်တကျ သင်ကြားပေးမှာပါ။ ဘာသာစကားတစ်ခုတည်း မဟုတ်ဘဲ ထိုင်းယဉ်ကျေးမှု၊ သမိုင်းနဲ့ လူနေမှုပုံစံတွေကိုပါ သိခွင့်ရပါမယ်။

၃။ ကုန်ကျစရိတ် သက်သာမယ်

နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ဆိုတာ Tuition Fees က အကြီးမားဆုံး အခက်အခဲပါ။ ဒီ Scholarship က ကျောင်းလခ (Tuition Fees) အပြည့်အဝ ကင်းလွတ်ခွင့် ပေးထားတဲ့အပြင်၊ နေရပ်ကနေ ချင်းမိုင်ကို သွားမယ့် လေယာဉ်လက်မှတ် (အသွားအပြန် ၁ ခေါက်) ကိုပါ support လုပ်ပေးမှာဆိုတော့ အိမ်ကမိဘတွေအတွက် ဝန်ထုပ်ဝန်ပိုး အများကြီး လျော့သွားစေမှာပါ။

🎯 ဘယ်လိုလူတွေ လျှောက်သင့်လဲ?

အထက်တန်းအောင်မြင်ထားပြီး (သို့မဟုတ် GED ကဲ့သို့ ညီမျှသော လက်မှတ်ရှိပြီး) နိုင်ငံတကာ အဆင့်မီ ဘွဲ့တစ်ခု လိုချင်သူတွေ။

ထိုင်းစာ/ထိုင်းစကားကို ဝါသနာပါပြီး Interpreter (စကားပြန်)၊ ဘာသာပြန်၊ သံရုံးဝန်ထမ်း၊ NGO (သို့) ထိုင်း-မြန်မာ ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ဖို့ ရည်မှန်းထားသူတွေ။

ချင်းမိုင်မြို့လို အေးချမ်းပြီး ပတ်ဝန်းကျင်ကောင်းတဲ့ နေရာမှာ ပညာသင်ချင်သူတွေ။

ဒီအခွင့်အရေးက နှစ်တိုင်းရတာ မဟုတ်ပါဘူး။ ကိုယ်က အရည်အချင်းရှိတယ်၊ ကြိုးစားချင်စိတ်ရှိတယ်ဆိုရင် လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုပါ။

အသေးစိတ်ဖတ်ရှုရန်နဲ့ လျှောက်ထားရန်အတွက် အောက်က Link မှာ ဝင်ကြည့်နိုင်ပါတယ်နော်။

🔗 Apply Here:

https://cmu.to/wkVbK

Good Luck ပါရှင်! ✨

30/07/2025

FYI

RCSD announces a call for applications to the Research Fellowship Program for Advanced Scholars from Myanmar. The fellowship offers support to strengthen the research capacity of Myanmar scholars working under challenging circumstances via funding, mentorship, peer-learning platforms, working space, library access, and more.

Application Deadline: 25 August 2025

For full details on the program and how to apply, please follow the link: https://rcsd.soc.cmu.ac.th/news-announcements/call-for-applications-research-fellowship-program-for-advanced-scholars-from-myanmar/

24/07/2025

Call for applications to the special certificate program in Development Studies & Social Research. The course is focused on connecting social theories with real-world social research practice. Successful participants will earn academic credit towards a master's degree in Social Sciences (Development) at Chiang Mai University. All coursework is delivered online and is designed with flexibility in mind—ideal for those with limited time, irregular schedules, or unstable internet connectivity. Instructors are available for live online discussions or via alternative communication channels.

Application deadline is 7 August 2025. For full details and to begin the application process online, please follow the link:

https://rcsd.soc.cmu.ac.th/news-announcements/call-for-applications-development-studies-social-research-special-certificate-program-2

Call for applications to the special certificate program in Development Studies & Social Research. The course is focused on connecting social theories with real-world social research practice. All coursework is delivered online and is designed with flexibility in mind—ideal for those with limited time, irregular schedules, or unstable internet connectivity. Instructors are available for live online discussions or via alternative communication channels.

Application deadline is 7 August 2025. For full details and to begin the application process online, please follow the link:

https://rcsd.soc.cmu.ac.th/news-announcements/call-for-applications-development-studies-social-research-special-certificate-program-2

28/03/2025

https://www.facebook.com/share/p/1FXhLQudVy/

ငလျင်အန္တရာယ်အသိပညာပေး

19/01/2025

GED အတန်းလေးကို စောင့်မျှော်နေတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် IDEA Learning Institute မှ January Intake Online Class အတန်းကို မကြာမီမှာ ဖွင့်လှစ်သွားတော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ဒါ့အပြင် အတန်းတစ်တန်းမှာ သင်ကြားမယ့် ကျောင်းသားဦးရေ ကန့်သတ်ထားတဲ့အတွက် လူနည်းနည်းနဲ့ သေချာအနီးကပ် သင်ကြားလိုတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် အထူးသင့်တော်ပါတယ်။

ဘာသာရပ်တခုချင်းစီအလိုက် အရည်အချင်းပြည့်ဝတဲ့
ဆရာ၊ ဆရာမ တယောက်ချင်းစီရဲ့ သင်ကြားမှု နည်းလမ်းတွေအပြင်

- Presentation, Group Work,
- Group Discussion,
- Paratactic Session,
- Question & Answer Session,
- Tutorial Test စတဲ့

ကျောင်းသား၊ ကျောင်းသူတွေ သင်ခန်းစာများအပေါ် စွဲစွဲမြဲမြဲ မှတ်မိစေမယ့် လေ့ကျင့်ခန်းများ၊ Activity များနဲ့ပါ တွဲဖက်သင်ကြားပေးမှာ ဖြစ်တဲ့အတွက်ကြောင့် အခုဘဲ စာရင်းပေးသွင်းဖို့ တိုက်တွန်းလိုက်ပါတယ်။

သင်ရဲ့ ပညာရေးကို ဘာအကြောင်းကြောင့်နဲ့မှ ရပ်တန့်မခံပါနဲ့ ...

07/01/2025

နိုင်ငံခြားမှာ ကျောင်းဆက်တက်မယ်ဆိုရင် အများဆုံးမေးမြန်းကြတဲ့ မေးခွန်းကတော့ ဘယ်လောက်ကုန်မှာလဲ ဆိုတဲ့ အမေးဘဲဖြစ်ပါတယ်။

🟡 ငွေကြေးပိုင်းအရ တတ်နိုင်တဲ့ မိဘတွေလည်းရှိသလို ပညာရေးအတွက် မဖြစ်မနေ ရင်းနှီးမြှပ်နှံကြတဲ့ မိဘတွေလည်း ရှိကြပါတယ်။

🟡 မည်သို့ဖြစ်ကြပါစေ သားသမီးတိုင်းကို အကောင်းဆုံးပညာရေးနဲ့ အကောင်းမွန်ဆုံး ကျောင်းတွေမှာထားချင်ကြတာ မိဘတိုင်းရဲ့ ဆန္ဒပါ။

🟡 နိုင်ငံခြားမှာ ကျောင်းထားမယ်ဆိုရင် ရေတိုထက် ရေရှည်ကိုကြိုတွေးပြီး ငွေကြေးရေးပိုင်းအရ ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

🟡 ဘာလို့ဆို နိုင်ငံခြားတက္ကသိုလ်တွေမှာ တက်ရောက်မယ်ဆိုရင် ပညာသင်နှစ်အနေနဲ့ မိမိယူတဲ့ မေဂျာအလိုက် အနည်းဆုံး ၃နှစ်ကနေ ၄နှစ်ခန့်ထိ ဘွဲ့ရရှိအောင် တက်ရောက်ရတဲ့အတွက်ဖြစ်ပါတယ်။

🟡 ဒါဆိုရင် နိုင်ငံခြားမှာ တက်ရောက်မယ်ဆိုရင် ဘယ်လောက်ကုန်ကျနိုင်လဲ မေးခွန်းအနေနဲ့ IDEA Learning Institute အခြေစိုက်တဲ့ ထိုင်းနိုင်ငံအတွင်း နံပါတ် ၂ တက္ကသိုလ် အဆင့်ရှိတဲ့ ချင်းမိုင်တက္ကသိုလ်က ကျောင်းလခကို ဥပမာထား ဖော်ပြလိုပါတယ်။

- ချင်းမိုင်တက္ကသိုလ်မှာ တက်ရောက်မယ်ဆိုရင် တနှစ်ကို Semester ၂ ခုတက်ရောက်ရမှာဖြစ်ပြီး Semester တခုကို ကျောင်းလခအနေနဲ့ နိုင်ငံခြားသားဆိုရင် အနည်းဆုံး ဘတ် ၅၅၀၀၀ ကနေ အများဆုံး ဘတ် ၇၅၀၀၀ အထိ ရှိတဲ့အတွက် တနှစ်လုံး Semester ၂ခုကိုဆိုရင် ဘတ် ၁၀၀၀၀၀ ထိ အနည်းဆုံး ကျသင့်မှာဖြစ်ပါတယ်။

(မြန်မာကျပ်ငွေနဲ့ တွက်ချက်မယ်ဆိုရင် တနှစ်ကို သိန်း ၁၃၀ ကျော်ခန့် ကျောင်းခလ သီးသန့် ကုန်ကျနိုင်ပါတယ်။)

- အဆိုပါ ကုန်ကျစရိတ်ကတော့ ကျောင်းလခ သီးသန့်ဖြစ်ပြီး နေထိုင်စားသောက်စားရိတ်နဲ့ သွား‌ရေးလာရေး အထွေထွေ အသုံးစားရိတ် စတာတွေ မပါဝင်သေးပါဘူး။

🟡 ပညာရေးပိုင်းမှာ ထူးချွန်ပြီး ငွေရေးကြေးရေးပိုင်းမှာ ထူးချွန်တဲ့ မြန်မာကျောင်းသားတွေအတွက်ဆိုရင်တော့ ပညာသင်ကြေး အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းတွေရှိတာမို့ ပညာသင်နှစ် မစခင်တိုင်းမှာ ကြိုးစားကြည့်လို့ ရနိုင်ပါတယ်။

🟡 တချို့ အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းတွေဆိုရင် ပညာသင်ကြေး အထောက်အပံ့ဖြစ်တဲ့ ကျောင်းလခကို ကျောင်းပြီးတဲ့ ၃နှစ်၊ ၄နှစ်အထိ ထောက်ပံ့ပေးတဲ့အပြင် အထွေထွေ အသုံးစားရိတ်ဖြစ်တဲ့ နေထိုင်စားသောက်စားရိတ်နဲ့ လိုအပ်တဲ့ ကွန်ပြူတာ၊ ကျောင်းသုံးကိရိယာများကိုပါ အပြည့်အဝ ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေရှိတာမို့ မိမိဘက်က ကြိုတင်ပြင်ဆင်ထားဖို့ တော့ လိုအပ်ပါတယ်။

🟡 အချုပ်အနေနဲ့ အကြံပြုရရင်တော့ နိုင်ငံခြားတက္ကသိုလ်တွေမှာ ဆက်လက်တက်ရောက်ဖို့ဆိုရင်တော့ မိမိဘက်က ၁၂တန်းပညာရေးနဲ့ ညီမျှတဲ့ အထက်တန်းပြီးဆုံးထားဖို့ လိုအပ်သလို တက္ကသိုလ်တော်တော်များများ လက်ခံတဲ့ GED အောင်လက်မှတ် ရှိထားဖို့တော့ မဖြစ်မနေလိုအပ်ပါတယ်။

🟡 IDEA Learning Institute အနေဖြင့် အထက်တန်းပညာရေးမပြီးဆုံးသေးတဲ့ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတကာ တက္ကသိုလ်များတွင်လွယ်ကူစွာ ဆက်လက်ပညာသင်ကြားနိုင်ဖို့အတွက် GED Online Program ကို သင်ကြားပေးနေပြီဖြစ်ပါတယ်။

06/01/2025

☑️ နှစ်သစ်မှာ လူသစ်၊ စိတ်သစ်နဲ့ အနာဂတ်အသစ်တွေ ဖော်ဆောင်ဖို့အတွက် မရှိမဖြစ်အရေးကြီးတဲ့ ပညာရေးခရီးလမ်းကြောင်းအတွက် Idea Learning Institute က အသင့်ရှိနေပါပြီ။

☑️ အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဆက်လက်တက်ရောက်ဖို့ ပညာရေးတပိုင်းတစဖြစ်နေတဲ့ ညီငယ်၊ ညီမငယ်များအတွက် နိုင်ငံတကာမှာရှိတဲ့ တက္ကသိုလ်အသီးသီးမှာ ဆက်လက်တက်ရောက်နိုင်ပြီဖြစ်ပါတယ်။

☑️ ပြည်ပနိုင်ငံတွေမှာရှိတဲ့ တက္ကသိုလ်တွေမှာ ပညာဆက်လက်သင်ကြားဖို့ဆိုရင် အထက်တန်းပြီးဆုံးကြောင်း အောင်လက်မှတ် တခုခုမဖြစ်မနေရှိထားဖို့ လိုအပ်ပါတယ်။

☑️ ဒါပေမယ့် မိမိမှာ အထက်တန်းမပြီးဆုံးသေးဘဲ ပညာရေးတပိုင်းတစနဲ့ ရပ်တန့်နေတယ်ဆိုရင်တော့ GED စာမေးပွဲကိုဖြေဆိုပြီး အဆိုပါအောင်လက်မှတ်နဲ့ ဝင်ရောက်လျှောက်ထားပြီး တက္ကသိုလ်ပညာရေးကို နိုင်ငံခြားတက္ကသိုလ်တွေမှာ ဆက်လက်သင်ကြားနိုင်ပြီဖြစ်ပါတယ်။

☑️ IDEA Learning Institute အနေဖြင့် အထက်တန်းပညာရေးမပြီးဆုံးသေးတဲ့ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတကာ တက္ကသိုလ်များတွင်လွယ်ကူစွာ ဆက်လက်ပညာသင်ကြားနိုင်ဖို့အတွက် GED Online Program ကို သင်ကြားပေးနေပြီဖြစ်ပါတယ်။

🔶 ဘယ်လို သင်ကြားမှုနည်းလမ်းတွေနဲ့ သင်မှာလဲ?

☑️ IDEA Learning Institute မှာဆိုရင် GED Exam အတွက်အရေးကြီးတဲ့ Preparation Question တွေနဲ့ စနစ်တကျသင်ကြားပေးမှာ ဖြစ်တဲ့အပြင် Chapter End Test များနဲ့ပါ အနီးကပ်လေ့ကျင့်ပေးမှာဖြစ်ပါတယ်။

☑️ ဒါ့အပြင် ဘာသာရပ်အလိုက် Group Presentation တွေပြုလုပ်ခြင်းနဲ့ နားမလည်တဲ့ သင်ခန်းစာများနဲ့ မမီလိုက်တဲ့ စာများအတွက် နေ့စဥ် ပြန်လည်လေ့လာလို့ရနိုင်အောင် Video Recording များကို သက်ဆိုင်ရာ Channel များမှတဆင့် နေ့စဥ်ပြန်လည် Share ပေးသွားမှာဖြစ်ပါတယ်။

☑️ သင်ကြားမှုပိုင်းမှာ အတွေ့အကြုံရှိတဲ့ ဝါရင့်ဆရာ၊ ဆရာမကြီးများနဲ့ သင်ကြားပေးသွားမှာဖြစ်တဲ့အတွက် အချိန်ကာလနည်းနည်းနဲ့ University ကို Join နိုင်ဖို့အတွက် US အသိမှတ်ပြု ၁၂တန်းပညာရေးစနစ်နဲ့ ညီမျှတဲ့ အထက်တန်း အောင်လက်မှတ် (High School Diploma) ကို အခုဘဲ ရယူနိုင်ဖို့ IDEA Learning Institute မှာ အခုဘဲ စာရင်းပေးအပ်နှံလိုက်ပါ။

🟡 အတန်းတစ်တန်းတွင် ကျောင်းသား အရေအတွက် ကန့်သတ်ထားတာမလို့ အမြန်ဆုံး အပ်နှံပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧 - 𝟔 𝐌𝐨𝐧𝐭𝐡𝐬
𝐒𝐭𝐚𝐫𝐭 𝐃𝐚𝐭𝐞 - 𝐉𝐚𝐧𝐮𝐚𝐫𝐲 𝟐𝟎𝟐𝟓
𝐂𝐥𝐚𝐬𝐬 𝐅𝐞𝐞𝐬 - 𝟐𝟓𝟎𝟎𝟎𝟎 𝐌𝐌𝐊

01/01/2025

Happy New Year! May your 2025 be as bright and beautiful as your smile.

နှစ်သစ်မှာ စိတ်ကူးနဲ့ထပ်တူတသားထဲ ကျရောက်ပြီး လိုအင်ဆန္ဒများပြည့်စုံပါစေကြောင်း IDEA Learning Institute မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်လိုက်ရပါတယ်။

16/12/2024

Child’s Dream ရဲ့ 2025-2026 Academic Year အတွက် Scholarship လျှောက်လွှာများ စတင်လက်ခံနေပါပြီ။

မြန်မာကျောင်းသား ကျောင်းသူများကြားမှာ Child’s Dream က ပေးတဲ့ Scholarship ဟာဆိုရင် နာမည်ကျော်ကြားပြီး ထိုင်းနိုင်ငံရဲ့ နာမည်ကြီး တက္ကသိုလ်တွေမှာ Bachelor Degree အတွက် ၄နှစ်စာလုံး ပံ့ပိုးပေးတဲ့ fully funded Scholarship ဖြစ်ပါတယ်။

ဒါ့အပြင် Tuition and other fees ကို အပြည့်အဝ ၁၀၀ ရာခိုင်နှုန်းထောက်ပံ့ပေးတဲ့အပြင် တခြားသော Supplies (e.g. uniforms, books, stationary, computer grant) Living cost (e.g. rent, food,), Emergency (case by case basis) စတာတွေအတွက်ပါ ထောက်ပံ့ပေးတာဖို့ အလွန်ကောင်းမွန်တဲ့ Scholarship တခုဖြစ်ပါတယ်။

ဒါဆိုရင် Child’s Dream Scholarship လျှောက်ထားဖို့ ဘာတွေလိုအပ်လဲ?

🟡 မြန်မာနိုင်ငံသားဖြစ်ရန်လိုအပ်ပြီး အထောက်အထားစာရွက်စာတမ်းတခုခုရှိရန်လိုအပ်ပါတယ်။ (ဥပမာ - ပတ်စပို့၊ နိုင်ငံသားကတ်)

🟡 အသက်(၃၀)နှစ်(သို့မဟုတ်) ၃၀နှစ်ထက် မကြီးသူဖြစ်ရမည်။

🟡Scholarship ရယူရန်အတွက် ငွေကြေးမပြည့်စုံသူဖြစ်ရမည်။

🟡 တခြားသော ပညာသင်ဆုတခုခု ရယူထားခြင်း မရှိသူဖြစ်ရမည်။

🟡 ပညာအရည်အချင်း ၁၂တန်း ပညာရေး ပြီးဆုံးထားသူ (သို့မဟုတ်) တက္ကသိုလ် ဒုတိယနှစ်အထိ တက်ရောက်ဖူးသူ (သို့မဟုတ်) GED ဖြေဆိုအောင်မြင်ထားသူဖြစ်ရမည်။

🟡 Proficiency in English (သို့မဟုတ်)Thai ဘာသာစကား တခုခု တက်မြောက်ထားရန် လိုအပ်ပါတယ်။

အသေးစိတ်အချက်အလက်နဲ့ ပတ်သက်ပြီး အောက်ဖော်ပြပါ Link မှာ ဝင်ရောက်ဖတ်ရှု့လေ့လာလို့ရနိုင်ပါတယ်။
https://bit.ly/4grF8fA

🟡 GED ဖြေဆိုပြီး တက္ကသိုလ် တက်ရောက်ဖို့ ရည်ရွယ်ထားတဲ့ ကျောင်းသားများအတွက်လည်း IDEA Learning Institute မှာ GED, Pre-GED အတန်းတွေ ဖွင့်လှစ်ဖို့ ရှိတယ်ဆိုတဲ့အကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ရပါတယ်။

03/12/2024

မြန်မာနိုင်ငံသား ကျောင်းသား၊ ကျောင်းသူများအတွက် သီးသန့်ပေးတဲ့ Prospect Burma Scholarship နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို IDEA Learning Institute မှ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Bachelor, Master and PH. D တို့အတွက် Scholarship ထောက်ပံ့ပေးမည့်အစီစဥ်ဖြစ်ပါတယ်။

(Apply between 1 December 2024 and 31 January 2025)

အသေးစိတ်အကြောင်းအရာနဲ့ ပတ်သက်ပြီး အောင်ဖော်ပြ Link မှာ ဝင်ရောက်‌လေ့လာဖတ်ရှု့နိုင်ပါတယ်။

More detailed:
https://students.prospectburma.org/scholarships/guidance-notes/

🟡 What is a Prospect Burma scholarship?

A Prospect Burma scholarship is financial support for a person from Myanmar to study towards a degree level course or higher. It can be used towards costs such as tuition fees, academic materials, living costs (including food and accommodation) and return travel to the place of study. A scholarship will provide financial support for a period of:

1 year for a bachelor’s degree (you will need to reapply for subsequent years of study)

up to 2 years for a master’s degree
up to 3 years for a PhD
Preparing your application

🟡 Preparing your application

You will need to collate your supporting paperwork in order to complete the application. After you submit your application, you will receive a confirmation email which will ask you to submit electronic copies to us. Here is a helpful checklist:

Proof of enrolment (if already registered as a student)

Two references (from the referees you name in your application; in English, no set format)

Any letter giving other awards or grants

Recent academic records and any existing academic references you may have

Personal details page of your passport or travel document

TOEFL, IELTS or any other English qualification

🟡 GED ဖြေဆိုပြီး တက္ကသိုလ် တက်ရောက်ဖို့ ရည်ရွယ်ထားတဲ့ ကျောင်းသားများအတွက်လည်း IDEA Learning Institute မှာ GED, Pre-GED အတန်းတွေ ဖွင့်လှစ်ဖို့ ရှိတယ်ဆိုတဲ့အကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ရပါတယ်။

Photos from IDEA Learning Institute's post 10/11/2024

တက္ကသိုလ် အိမ်မက်ကို ဆက်မက်ဖို့

နိုင်ငံတကာမှာရှိတဲ့ တက္ကသိုလ်အသီးသီးကို တက်ရောက်နိုင်ဖို့
အခုထဲက ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

ပြည်ပနိုင်ငံတွေမှာရှိတဲ့ တက္ကသိုလ်တွေမှာ ပညာဆက်လက်သင်ကြားဖို့ဆိုရင် အထက်တန်းပြီးဆုံးကြောင်း အောင်လက်မှတ် တခုခုမဖြစ်မနေရှိထားဖို့ လိုအပ်ပါတယ်။

ဒါတင်မဟုတ်သေးပါဘူး၊ တချို့ တက္ကသိုလ်တွေမှာဆိုရင် မြန်မာပြည်က စနစ်ဟောင်း အထက်တန်းအောင်လက်မှတ် ရှိရုံတင်မလုံလောက်သေးဘဲ မြန်မာနိုင်ငံက တက္ကသိုလ် တခုခုမှာ ပထမနှစ်ပြီးဆုံးကြောင်း အမှတ်စာရင်း(သို့မဟုတ်) အောင်မြင်ကြောင်း ထောက်ခံစာတခုခု တင်ပြနိုင်မှသာ တက္ကသိုလ်မှာ ဝင်ခွင့်ရရှိကြပါတယ်။

ဒါပေမဲ့ အထက်တန်းမပြီးဆုံးသေးသူများအတွက် အခွင့်အရေးမရရှိနိုင်တာတော့ မဟုတ်ပါဘူး။

မြန်မာပြည်မှာ အထက်တန်း မပြီးဆုံးသေးသူများသည် အမေရိကန်ရဲ့ ၁၂တန်းပညာရေးစနစ်နဲ့ ညီမျှတဲ့ အထက်တန်းအောင်လက်မှတ် GED စာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီး GED အောင်လက်မှတ်နဲ့ တက္ကသိုလ် ဝင်ခွင့်ကို လျှောက်ထားလို့ ရနိုင်ပါတယ်။

ဒါကြောင့်မို့ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေတဲ့ သင့်ရဲ့ တက္ကသိုလ် အိမ်မက်တွေကို GED လမ်းကြောင်းပေါ်ကနေ ဆက်လက် အကောင်အထည် ဖော်ဖို့ IDEA က သင့်ရှိနေပါပြီ။

DEA Learning Institute အနေဖြင့် အထက်တန်းပညာရေးမပြီးဆုံးသေးတဲ့ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတကာ တက္ကသိုလ်များတွင်လွယ်ကူစွာ ဆက်လက်ပညာသင်ကြားနိုင်ဖို့အတွက် GED Online Program ကို သင်ကြားပေးနေပြီဖြစ်ပါတယ်။

🔶 ဘယ်လို သင်ကြားမှုနည်းလမ်းတွေနဲ့ သင်မှာလဲ?
☑️ IDEA Learning Institute မှာဆိုရင် Exam အတွက်အရေးကြီးတဲ့ Preparation Question တွေနဲ့ စနစ်တကျသင်ကြားပေးမှာ ဖြစ်တဲ့အပြင် Chapter End Test များနဲ့ပါ အနီးကပ်လေ့ကျင့်ပေးမှာဖြစ်ပါတယ်။

☑️ ဒါ့အပြင် ဘာသာရပ်အလိုက် Group Presentation တွေပြုလုပ်ခြင်းနဲ့ နားမလည်တဲ့ သင်ခန်းစာများနဲ့ မမီလိုက်တဲ့ စာများအတွက် နေ့စဥ် ပြန်လည်လေ့လာလို့ရနိုင်အောင် Video Recording များကို သက်ဆိုင်ရာ Channel များမှတဆင့် နေ့စဥ်ပြန်လည် Share ပေးသွားမှာဖြစ်ပါတယ်။

☑️ သင်ကြားမှုပိုင်းမှာ အတွေ့အကြုံရှိတဲ့ ဝါရင့်ဆရာ၊ ဆရာမကြီးများနဲ့ သင်ကြားပေးသွားမှာဖြစ်တဲ့အတွက် အချိန်ကာလနည်းနည်းနဲ့ University ကို Join နိုင်ဖို့အတွက် US အသိမှတ်ပြု ၁၂တန်းပညာရေးစနစ်နဲ့ ညီမျှတဲ့ အထက်တန်း အောင်လက်မှတ် (High School Diploma) ကို အခုဘဲ ရယူနိုင်ဖို့ IDEA Learning Institute မှာ အခုဘဲ စာရင်းပေးအပ်နှံလိုက်ပါ။

🟡 အတန်းတစ်တန်းတွင် ကျောင်းသား(၁၀)ဦးခန့်သာ ကန့်သတ်ထားတာမလို့ အမြန်ဆုံး အပ်နှံပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

𝐏𝐫𝐞-𝐆𝐄𝐃 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬
------------------------
𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧 - 𝟒 𝐌𝐨𝐧𝐭𝐡𝐬
𝐒𝐭𝐚𝐫𝐭 𝐃𝐚𝐭𝐞 - 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟒
𝐂𝐥𝐚𝐬𝐬 𝐅𝐞𝐞𝐬 - 𝟏𝟓𝟎𝟎𝟎𝟎 𝐌𝐌𝐊

𝐆𝐄𝐃 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬
--------------------
𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧 - 𝟔 𝐌𝐨𝐧𝐭𝐡𝐬
𝐒𝐭𝐚𝐫𝐭 𝐃𝐚𝐭𝐞 - 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟒
𝐂𝐥𝐚𝐬𝐬 𝐅𝐞𝐞𝐬 - 𝟐𝟓𝟎𝟎𝟎𝟎 𝐌𝐌𝐊

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon