Human Resource Management Knowledge

Human Resource Management Knowledge

Share

21/07/2018

Organization Development and Business Strategy ဆိုတာ

12.7.2018 နေ့က မေးမြန်းလာတဲ့မေးခွန်းကို ယခုဆောင်းပါးနဲ့ ပြန်ဖြေပေးလိုက်ပါတယ်။ မေးခွန်းက "HR က အဖွဲ့အစည်းတစ်ခုရဲ့ စီးပွားရေးမဟာဗျူဟာကို ထိရောက်အောင်ဘယ်လိုလုပ်နိုင်ပါသလဲ?" ... ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ မေးမြန်းသူဖြစ်တဲ့ ရန်ကုန်က HR သမား တစ်ယောက်ကို ကျေးဇူးတင်စွာဖြင့် ...

HR က Organization ရဲ့ Business Strategy ကို ထိရောက်မှုရှိအောင် HR ရှုထောင့်တွေကနေဘယ်လို မဟာဗျူဟာကျကျ ချည်းကပ်မှုပြုလုပ်မလဲ? …….

စာရေးသူတို့ရဲ့ မြန်မာနိုင်ငံ HR ကဏ္ဍဟာဆိုရင် အခုမှ မွေးဖွားခါစလေးပဲရှိပါသေးတယ်။ အဲဒီလိုမွေးခါစလေးကို အတွေ့အကြုံရှိတဲ့ လူကြီးတွေကနေ အန္တရာယ်မရှိအောင် ထိန်းသိမ်းပြုစုစောင့်ရှောက်ပြီး တိုးတက်ဖွံ့ဖြိုးမှုရရှိလာအောင် ပျိုးထောင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီ HR ကဏ္ဍဟာဆိုလျှင်ဖြင့် တစ်ဖြည်းဖြည်းတက်ရိပ်ပြသနေခဲ့ပါပြီ။ ဖွံ့ဖြိုးစပြုတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို နိုင်ငံတိုးတက်ဖွံ့ဖြိုးမှုမှာ နေရာတကျ ရင်းနှီးမြှုပ်နှံသုံးစွဲနိုင်မှသာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဟာလဲ တစ်ဖြည်းဖြည်းနဲ့ရရှိလာမှာဖြစ်ပါတယ်။ ထိုနည်းတူစွာ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေတဲ့ စီးပွားရေးအဖွဲ့အစည်းတွေမှာလည်း HR ကဏ္ဍဟာ အရေးပါလာပါပြီ။ ဘယ်လောက်တောင်အရေးပါလာပါသလဲဆိုရင် တစ်ချို့သောအဖွဲ့အစည်းကြီးတွေမှာ HR ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီး သေသေချာချာကို Objective တွေချမှတ်ပြီး HR ကျွမ်းကျင်သူများရဲ့အကူအညီ၊ အကြံပြုမှုများနှင့်အတူ (၈)နှစ်စာ၊ (၁၀) နှစ်စာ HR Development Plan တွေရေးဆွဲပြီး မဟာဗျူဟာကျကျဆောင်ရွက်နေကြပါပြီ။ နည်းပညာအင်အားကြီးနိုင်ငံများက မြန်မာနိုင်ငံကို လာရောက်ပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဆောင်ရွက်တဲ့အခါ စာရေးသူတို့ အနေဖြင့် FDI Challenge ဆိုတာကြီးနဲ့ မျက်နှာချင်းဆိုင်တွေ့ကြပါတော့မယ်။ အဲဒီ FDI နဲ့အတူ Market Oriented Economy ဆိုတဲ့ သဘောတရားပါ ကပ်ပါလာပါတော့မယ်။ Market Oriented Economy တကယ်စစ်မှန်လာခဲ့ရင် Fair Competition က နောက်က မလွဲမသွေပူးတွဲပါလာပါလိမ့်မယ်။ အဲဒီအတွက် အတတ်ပညာ၊ အတွေ့အကြုံ၊ မဟာဗျူဟာ၊ နည်းဗျူဟာတွေ တကယ်လိုအပ်လာပါပြီ။ ယှဉ်ပြိုင်မှုပြုလုပ်ရတဲ့ အခြေအနေနဲ့ Focus Area က အလွန်ကြီးမား ကျယ်ပြန့်လာမှာဖြစ်ပါတယ်။ ယှဉ်ပြိုင်မှုစွမ်းအားကြီးမားတဲ့အတွက် တိုးတက်မှုတွေလဲရရှိလာမှာဖြစ်ပါတယ်။

အဖွဲ့အစည်းတစ်ခု အောင်မြင်ခြင်း မအောင်မြင်ခြင်းဟာ အဲဒီအဖွဲ့အစည်းရဲ့ HR အပေါ်မှာ တိုက်ရိုက်သက်ဆိုင် နေပါတယ်။ အဖွဲ့အစည်းက တိုးတက်သင့် သလောက် မတိုးတက်တာမအောင်မြင်တာဟာ ပွင့်ပွင့်လင်းလင်းပြောရရင်ဖြင့် ၎င်းအဖွဲ့အစည်းရဲ့ HR ကဏ္ဍမှာ တစ်စုံတစ်ရာလိုအပ်နေလို့ပဲဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခုမှာ HR ကဏ္ဍရဲ့ အရည် အသွေးနိမ့်ပါးရင် အဖွဲ့အစည်းတိုးတက်မှု (Organization Development) မဖြစ်နိုင်တာသေချာပါတယ်။ အဖွဲ့အစည်း အတွင်း HR ဟာ မဟာဗျူဟာကျကျ သွားနေပြီဆိုရင် (Organization Development) သည်လည်း မျက်ဝါးထင်ထင်တွေ့ မြင်လာရမှာမလွဲပါဘူး။ ဒီတော့ကာ Organization တစ်ခုရဲ့ Integrity ဟာ HR ဆိုတာဟာ ငြင်းဖွယ်မရှိပါဘူး။ ခိုင်မာ တောင့်တင်းတဲ့ Organization တစ်ခုရဲ့ HR ဖွဲ့စည်းပုံဟာ ကျစ်လစ်ပါတယ်။ Future Business Trend အပေါ်ကို အခြေပြု ပြီး (၁၀) နှစ်စာလောက်ကိုရေးဆွဲထားလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ အများဆုံး (၃) နှစ်စာလောက်တောင် အနိုင်နိုင် ရေးဆွဲရပါတယ်။ မရှိတာကများပါတယ်။ များသောအားဖြင့် HR ကို Admin Issue တွေလုပ်ခိုင်းပြီး HR ခေါင်းစဉ်တပ်ထား တာပါပဲ။ HR မှာကလည်း Administration HR Function တွေရှိပါတယ်။ Strategic Function ကလည်း အများအပြားပေါ့။ ကျနော်တို့အနေနဲ့ ယခုဆောင်းပါးရဲ့အဓိက ခေါင်းစဉ်ကိုမသွားခင် ဦးဆောင်သူ Corporate HR Director တစ်ဦးရဲ့ အရည် အချင်းများကို သတ်မှတ်ကြည့်ရအောင်ပါ။

Corporate HR Director အကြောင်းမပြောခင် Director ဘယ်နှစ်မျိုးရှိနေလဲဆိုတာကိုပြောချင်ပါတယ်။ အကြမ်း ဖျဉ်းအား ဖြင့် ဒါရိုက်တာ (၅) မျိုးခွဲခြားထားပါတယ်။ (1) Executive Director (2) Non-Executive Director နဲ့ (3) Independent Director (4) Shadow Director (5) De Facto Director (6) Alternate Director ဆိုပြီးရှိပါတယ်။ ထို့အပြင် ထပ်မံခွဲခြား သည်ရှိသော် (1) Shareholder Director (2) Technical Director ဆိုပြီး နောက်ထပ် (၂) မျိုးထပ်မံရရှိမှာပါ။ ဒါရိုက်တာ တွေဟာ TQM လို့ခေါ်တဲ့ Total Quality Management ကိုကျွမ်းကျင်ပိုင်နိုင်စွာ နဲ့ တတ်သိ နားလည်ပြီး Strategic Vision ထက်သန်ရပါမယ်။ မှာရှိရမယ့် အဓိက Key Characters တွေထဲက Values of managerial effectiveness အချို့ကို အရင်ဦးဆုံးတင်ပြပေးပါ့မယ်။ အဲဒါတာတွေ ကတော့ Integrity, Professionalism, Respect for Diversity, Self-Awareness, Emotional Self-Control, Conscientiousness, Optimism, Achievement Orientation, Empathy, Discretion တို့ပဲဖြစ်ပါတယ်။ နောက်တစ်ခုက Related Education ကိုပြောချင်ပါတယ်။ HR Director တစ်ဦးမှာရှိနေရမယ့် Education အခြေအနေကတော့ အနည်းဆုံး MPA / MBA လောက်တော့ရှိရပါမယ်။ ဒါ့အပြင် HR Field မှာ Experience (15) နှစ်ကျော်ကျော်ရှိသင့်ပါတယ်။ အဓိကက တော့ Humanitarian စိတ်အပြည့်ရှိရပါမယ်။ ထို့အပြင် Humanitarianism ဆိုတဲ့ လူသားဆန်မှုကလည်း အဓိကအခန်းကနေ Corporate HR Director အတွက်ပါဝင်နေပါတယ်။ စီးပွားရေး အမြင်ရှိဖို့လည်းလိုအပ်ပါသေးတယ်။ ဘဏ္ဍာရေးအမြင် Finance Acumen ရှိဖို့ကလည်းလိုသေးသဗျ။ ခြုံလိုက်ရင် Director Level အတွက် အခြေခံရှိရမယ့် အရည်အချင်းတွေ ရှိဖို့ကိုလိုအပ်ပါတယ်။ အခုပြောပြခဲ့တဲ့ ဖေါ်ပြခဲ့တဲ့ အရည် အချင်းတွေရဲ့ ၈၀% လောက်တောင်မရှိရင် Corporate HR Director အရည်အချင်းမရှိဘူးလို့သတ်မှတ်လို့ရပါတယ်။ ကိုယ်နဲ့သက်ဆိုင်တဲ့ HR ဌာနရဲ့ Director လို့မခံယူသင့်ဘူး။ အဖွဲ့အစည်းတစ်ခုလုံးရဲ့ HR Director လို့ခံယူသင့်တယ်။ အဖွဲ့အစည်းတစ်ခုလုံးရဲ့ လူသားဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု Human Capital Development နဲ့ Organizational Development ဖြစ်တဲ့ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တာဝန်ခံယူရပါမယ် Corporate HR Director က။ အဖွဲ့အစည်းရဲ့ Market Downsizing ဖြစ်တာ ငါနဲ့မှမဆိုင်တာလို့ လုပ်မရပါဘူး။ လုံးဝကိုသက်ဆိုင်ပါတယ်။ လူသား အရည်အချင်းကျတာ လုပ်ငန်းစွမ်းဆောင်ရည် ကျဆင်းတာတွေဟာ Corporate HR Director နဲ့ တိုက်ရိုက် သက်ဆိုင် ပါတယ်။ အဖွဲ့အစည်းရဲ့ Dynamic မရတာ PD နဲ့ OD ကိုမတွေ့ရတာ၊ ၀န်ထမ်းတွေ Demotivate ဖြစ်နေတာ၊ Top Management Level တွေ Senior Management Member တွေနဲ့ ၀န်ထမ်းတွေ အမြင်မကြည်ကြတာ Alignment မညီကြတာတွေ အကုန်လုံးဟာ Corporate HR Director နဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။ ရေးရရင်တော့အများကြီးပါပဲ Corporate HR Director ရဲ့ Main Task တွေနဲ့ Responsibility တွေက။ Corporate ဆိုတဲ့ အခြေအနေကြီးက တကယ် မလွယ်တာပါ။

အခု HR က Organization ရဲ့ Business Strategy ကို မဟာဗျူဟာကျကျ HR ရှုထောင့်တွေကနေ ဘယ်လို ချည်းကပ်မလဲ ဆိုတာကို သွားကြည့်ကြရအောင်။ HR Department ဆိုတာဟာ ၀န်ထမ်းရေးရာနဲ့ပတ်သက်တဲ့ အခြေအနေ အားလုံးကို ဆောင်ရွက်ရတာသိကြပါတယ် (ဒီနေရာမှာ ခြုံငုံပြောပြလိုက်တာပါ အသေးစိတ်ရေးပြစရာတော့ မလိုတော့ပါ ဘူး) အဓိက PD & OD ကိုပေါ့။ ဒါပေမယ့်အဖွဲ့အစည်းရဲ့ Business Objective ကို Achievement ဖြစ်အောင် လုပ်ပေးရာ မှာလဲ HR က မဟာဗျူဟာတွေကို တွေးယူပေးတဲ့နေရာမှာ အဓိက အခန်းကဏ္ဍကနေပါဝင်ရပါတယ်။

ဘယ်နေရာကစပြီး ဘယ်လိုတွေ ပါဝင်ရပါသလဲ?

HR က အဖွဲ့အစည်းအတွက် မဟာဗျူဟာတွေကိုချည်းကပ်မှုမှာ Dimension ရှုဒေါင့် (၁၇) ခုကနေချည်းကပ်ရပါ တယ်။ အဲဒီချည်းကပ်မှု Network Area မှာ ဘာတွေဖွဲ့စည်းတည်ဆောက်ရမှာလဲ၊ ဘာတွေအဆင့်သင့်ပြင်ဆင်ထားရမလဲ ဆိုတာကိုလဲ ရှင်းလင်းပြပါမယ်။ (1) ပထမတွေးယူရမှာက Organization Design and Structure ပါပဲ။ အဲဒီ Design & Structure က အဖွဲ့အစည်းရဲ့Business Objective ကို မှန်ကန်ထိရောက် စေအာင် တိတိကျကျ ပေါ်လွင်ရပါမယ်။ အဲဒီကနေစပြီး HR ကပါဝင်ရပါမယ်။ (2) HR Building ဆောင်ရွက်ရာမှာ Business Objective ကိုထိရောက်အောင် ပံ့ပိုးပေးနိုင်ဖို့ HR ဌာနကို ဖွဲ့စည်းတည်ဆောက် ရပါမယ်။ (3) နောက်ပြီး အဖွဲ့အစည်း တစ်ခုလုံးအတွက် Standard Competency Profile များကို Competency Matrix Chart တစ်ခု အနေနဲ့ တည်ဆောက် ရယူရပါမယ်။ (4) ပံ့ပိုးမှု လိုင်းတွေဖြစ်တဲ့ Supporting Channel တွေကို Strategy Road Map နဲ့အတူ တည်ဆောက် ရယူရပါမယ်။ (5) Organization Benefit ဆိုတဲ့ အကျိုးအမြတ် ရရှိစေအောင် ဆောင်ရွက်ရာမှာ လူသား အရည်အချင်း မှန်ကန်အောင် ရွေးချယ်ဆောင်ရွက်ပေးနိုင်မှု Talent Acquisition ကို မဟာဗျူဟာကျကျ ဆောင်ရွက်နိုင်ရန် တည်ဆောက် ထားရပါမယ်။ (6) Strategic Learning မဟာဗျူဟာမြောက်လေ့လာ ဆည်းပူးသင်ယူစေခြင်း (7) Financial ပိုင်းမှာလည်း အမြင်ရှိရှိ ဆောင်ရွက်နိုင်ရန်အတွက် Finance for HR ကို Budget ရေးဆွဲသတ်မှတ်ထားရပါမယ်။ (8) Strategic Planning ဆိုတဲ့ မဟာဗျူဟာမြောက်စီမံကိန်း ရေးဆွဲခြင်းပြုလုပ်ထားရ ပါမယ်။ (9) The whole organization achievement ponits and leavls တွေကို စစ်ဆေးတိုင်းတာတဲ့ Monitoring & Evaluating (M&E) ပြုလုပ်ခြင်းကိုလည်း မည်ကဲ့သို့ ထိရောက်အောင် ဆောင်ရွက်ရမည်ကို Strategic M&E Plan တစ်ခုအနေဖြင့် ရေးဆွဲသတ်မှတ်ထားရပါမယ်။ (10) Business Model အရ မိမိရဲ့ HR ဌာန Model ကိုလည်း ထိရောက် အောင်ဆောင်ရွက်နိုင်ဖို့အတွက် ပြင်ဆင်ထားရပါ မယ်။ (11) Market Value အရ ၀န်ထမ်း အဆင့်အမျိုးမျိုး (Employee Level) အတွက် အသင့်ရှာဖွေဖြည့်ဆည်းနိုင်ရန် အဆင်သင့်ဖြစ်နေရပါမယ်။ (12) Intellectual Capital ပိုင်းအတွက် ဖြည့်ဆည်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေရပါမယ်။ (13) Poor Performer တွေ အတွက် IDP လို့ခေါ်တဲ့ Individual Development Plan ကိုလည်း ရေရှည်မည်ကဲ့သို့ဆောင်ရွက်မည်ကို Strategic Plan တစ်ခုအနေနဲ့ ရေးဆွဲထားရှိရပါမယ်။ (14) Organizational Development နဲ့ Personal Development တွေကို ထင်သာမြင်သာရရှိစေ အောင်ဆောင်ရွက်ဖို့အတွက် ပြင်ဆင်ထားရပါမယ်။ (15) အရေးပေါ်ပြုပြင် ပြောင်းလဲပြီး စီမံခန့်ခွဲမှုပြုလုပ် တဲ့ Ad-Hoc Management ကို ဆောင်ရွက်နိုင်ဖို့အဆင်သင့်ဖြစ်နေရပါမယ် (16) HR Cost Control Structure ဆိုတဲ့ စရိတ်ကို ထိန်းသိမ်းရန်အတွက် ဆောင်ရွက်ထားရပါမယ်။ (17) နောက်ဆုံးအချက်ကတော့ ကိုယ့်အဖွဲ့ အစည်းရဲ့ Economic Structure အရ ထိရောက်အောင် အမြတ်အစွန်းရရှိအောင်မည်ကဲ့သို့ HR Side of View မှ ဆောင် ရွက်ရန်ဆိုသည်ကိုလည်း Strategic Plan တစ်ခုအနေနဲ့ရေးဆွဲတည်ဆောက်ထားရပါမယ်။ ယခုဖေါ်ပြပါ ရှုထောင့် (၁၇) ခုကနေ အဖွဲ့အစည်းတိုးတက်ဖွံ့ဖြိုးဖို့ရန်အတွက်လည်းကောင်း၊ လူတစ်ဦးချင်းစီအရည်အချင်းနှင့် စိတ်ဓါတ် ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးဖို့ရန် အတွက်လည်းကောင်း HR က မဟာဗျူဟာကျကျ HR ရှုထောင့်တွေကနေချည်းကပ်မှု၊ တည်ဆောက် မှု၊ အရန်သင့်ရှိမှုတွေကို ပြင်ဆင်ထားဖို့လိုအပ်ပါလိမ့်မယ်။

ယခုလို ချည်းကပ်ရမယ့် ရှုထောင့်များရဲ့ အခြေခံအကျဉ်းချုပ်ကို တင်ပြပြီးတဲ့နောက် စာဖတ်သူများအနေဖြင့် စီးပွားရေးကို စတင်အကောင်အထည်ဖေါ်မည့် အဖွဲ့အစည်းများ၏ HR များသည်လည်းကောင်း၊ စီးပွားရေးအဖွဲ့အစည်း တစ်ခုအနေဖြင့် တည်ရှိပြီးသော အခြေအနေတွင်ဆောင်ရွက်နေရသည့် HR များသည်လည်းကောင်း မည်သို့မည်ပုံ Organization ရဲ့ Business Strategy ကို ထိရောက်မှုရှိအောင် မဟာဗျူဟာကျကျ တည်ဆောက်ဆောင်ရွက်ရမည်ကို သိရှိလောက်ပြီဖြစ်ပါတယ်။ မိမိတို့ကိုယ်တိုင် ချဲ့ထွင် အသုံးပြု၍ လုပ်ငန်းရှင်နှင့် ၀န်ထမ်းများ Value Added ဖြစ်အောင် HR မှ ဆောင်ရွက်နိုင်အောင် ကြိုးစားအကောင်အထည်ဖေါ်ဆောင်ကြပါစေလို့ လေးစားစွာဖြင့်ရေးသားတင်ပြလိုက်ရပါတယ် …..

ဆန္ဒမွန်ဖြင့် …….
အောင်ခိုင်(မီးအိမ်ရှင်)

10/07/2018

Today Quote

Credit: :-)

10/07/2018

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောင်းချလျက်ရှိသည့် ငါးကင်ဆိုင် ၈၄ ဆိုင်မှ ငါးအားလုံး၏ ၂၇ % တွင် Vibrio ဘတ်တီးရီးယားများပါဝင်နေ

(EuroCham Myanmar)ထုတ်ပြန်ချက် Source/ကြေးမုံ Via Kyaw Swa Min

ဝမ်းရောဂါ အကြောင်း သိကောင်းစရာ

ဝမ်းရောဂါလို့ ဆိုတာနဲ့ မိုးဦးကျတွေမှာ ဖြစ်ပွားတတ်တဲ့ရောဂါအဖြစ် အများစုက သိထားပေမယ့် ရာသီမရွေး ဖြစ်နိုင်ပါတယ်။ ပုံမှန် ၀မ်းလျှော ၀မ်းပျက်ခြင်းကို WHO ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်အရ တစ်နေ့တည်းမှာ ၀မ်းပျော့ပျော့ (သို့) အရည်ဝမ်း သုံးကြိမ်နဲ့ အထက် သွားခြင်းကို ၀မ်းလျောဝမ်း ပျက်ခြင်းလို့ သတ်မှတ်ပါတယ်။ ၀မ်းရောဂါဟာ သိပ္ပံအမည်အားဖြင့် Vibrio cholerae လို့ ခေါ်တဲ့ ၀မ်းရောဂါပိုး ကူးစက် ခံရမှုကြောင့် ဖြစ်ပွားရတာပါ။

ရောဂါပိုးတွေ ပါတဲ့လက်တွေကနေတစ်ဆင့် အစားအသောက်တွေမှာ မသန့်ရှင်းတဲ့ ပိုးမွှားတွေကြောင့် အဓိကဖြစ်ရပြီး မိုးဦးကျချိန် ပေါက်ပွားသော ယင်ကောင်တွေမှ တစ်ဆင့် ရောဂါများ သယ်ဆောင်လာတတ်တာပါ။ ဒါကြောင့် မိုးဦးကျချိန်မှာ အဖြစ်များတာပါ။ မသန့်ရှင်းတဲ့ အစားအသောက်အပြင် သောက်သုံးရေ၊ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်း စတာတွေကြောင့် အဓိက ဖြစ်ရတာဖြစ်ပါတယ်။ ဒီပိုးဟာ နည်းတစ်မျိုးမျိုးနဲ့ လူ့ကိုယ်ထဲကို ၀င်ရောက်ပြီးရင် ရောဂါပေါ်ဖို့ အများဆုံး ၃ ရက်ကနေ ၅ ရက်လောက်အထိ ကြာတတ်ပေမယ့် ကူးစက်ခံရသူရဲ့ ကိုယ်ခံအားကိုလိုက်ပြီး နှစ်နာရီ အတွင်းတောင် စဖြစ်နိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် အချိန်တိုအတွင်း လူဦးရေ အများကြီးကို ကူးစက်နိုင်တာ ဖြစ်ပါတယ်။ အထူးသဖြင့် ကလေး သူငယ်တွေနဲ့ အသက်ကြီးသော လူကြီးပိုင်းတွေမှာ လွယ်ကူစွာဖြစ်တတ်တဲ့အပြင် လျှင်မြန်စွာ ရေဓာတ် ဆုံးရှုံးမှုကိုလဲ ဖြစ်စေပါတယ်။ ၀မ်းရောဂါပိုးဟာ တစ်နည်းနည်းနဲ့လူကိုယ်ထဲရောက်သွားပြီး အူသိမ် (small intestine) ကို ရောက်သွား ပါတယ်။ အူသိမ်ရဲ့ အတွင်းဘက်နံရံတွေကို ရောင်ရမ်းစေပါတယ်။ ဆေးပညာအ၇ enteritis လို့ ခေါ် ပါတယ်။ အူတွေဟာ ရောင်လာပီး စားလိုက်တဲ့ အစာနဲ့ ရေတွေကို မစုပ်ယူနိုင်ဘဲ လျင်လျင်မြန်မြန် စွန့်ထုတ်လိုက်တယ်။ ဒါ့အပြင် အချို့သော ပိုးတွေဟာ အဆိပ်တစ်မျိုးကို ထုတ်လွှတ်တယ်။ အဲဒီအဆိပ်က အူနံရံမှာရှိတဲ့ ဆဲလ်တွေဆီကနေ ရေတွေထွက်စေတယ်။ ထွက်သွားတဲ့ ရေတွေကို ပြန်ပြီး မစုပ်နိုင်သေးခင် စွန့်ထုတ်လိုက်တဲ့အတွက် ခန္ဒာကိုယ်မှာ ရေဓာတ်ဆုံးရှုံးမှုဆိုတာ ဖြစ်လာတယ်။ အဆိပ်တကာ့ အဆိပ်ထဲမှာ ကာလ၀မ်းရောဂါ (cholera) ပိုးရဲ့ အဆိပ်က အမြန်ဆုံးနဲ့ အပြင်းဆုံးပဲ။ အဲဒီပိုးပါတဲ့ အစာကို စားမိပြီး ၂၄ နာရီအတွင်း အသက်ဆုံးရှုံးနိုင်လောက်သည်အထိ ရေတွေ ထွက်စေပါတယ်။

တစ်ချိန်က ကပ်ရောဂါ အသွင် ဆောင်ခဲ့လို့ ကာလ၀မ်းရောဂါ လို့ ခေါ်ခဲ့ဖူးကြတဲ့ ၀မ်းရောဂါကျတော့ ၀မ်းသွားရင်း သွားရင်းနဲ့ လုံးဝ အရည်တွေပဲ သွားတော့ပြီး လူက သိသိသာသာ အားကုန် ပျော့ခွေ သွားခြင်းဟာ တခြား ၀မ်းပျက်ရောဂါတွေနဲ့ မတူဘဲ ကွဲထွက်နေတဲ့ အချက် ဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့သလို လူတစ်ယောက်ဟာ တစ်နေ့တည်းမှာ ၀မ်းပျော့ပျော့ (သို့) အရည်ဝမ်းကို ခပ်စိပ်စိပ် သုံးကြိမ်နဲ့ အထက် သွားမယ်၊ လာပီဆိုရင် သေချာပေါက် ၀မ်းရောဂါဖြစ်နေတယ်လို့ ပြောလို့ရပါပြီ။ ခန္ဓာကိုယ်ထဲ ဓာတ်ဆားတွေ အချိန်တိုအတွင်းမှာ အများကြီးဆုံးရှုံးသွားလို့ ကြွက်သားတွေ အားနည်းတာ၊ လမ်းမလျှောက်ချင်တော့တာ အမြင် အာရုံတွေဝါးကုန်တာ၊ ခေါင်းမူး၊ ရံခါ အော့အန် တာတွေ ဖြစ်တတ်ပါ တယ်။ အရမ်းဆိုးရင် မူးလဲ သတိလစ်တဲ့ အထိ ဖြစ်နိုင်ပါတယ်။

ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေမှာ အရည်ဓာတ် ဆုံးရှုံးခြင်းရဲ့ လက္ခဏာတွေ ပိုမို မြန်ဆန်ပြင်းထန်တာ တွေ့ရပါတယ်။ အရည်နဲ့ ဓာတ်ဆားတွေ ဆုံးရှုံးသွားတဲ့ အနေအထားဟာ သတိလစ် မေ့မျောခြင်း၊ တက်ခြင်း၊ တစ်ခဏချင်း သိသိသာသာ ပိန်ကျ သွားခြင်း၊ မျက်တွင်းကျခြင်း၊ ငယ်ထိပ် မပိတ်သေးတဲ့ ကလေးငယ်တွေမှာ ငယ်ထိပ် ချိုင့်ကျသွားခြင်း၊ မှိန်းသွားခြင်း၊ ဗိုက်ကြွက်သားကို လက်ညှိုးလက်မနှင့် ညှပ်၍ ဒေါင်လိုက်ဆွဲကြည့်ပါက တင်းတင်းရင်းရင်း မရှိတော့ဘဲ ပါးရေတွန့်သကဲ့သို့ ရှုံ့တွဲနေခြင်း စတာတွေနဲ့ တွဲဖက် ဖြစ်ပေါ်လာရင် လူနာဟာ ပြင်းထန်လွန်းသော ကိုယ်တွင်း အရည်ဓာတ် ဆုံးရှုံးမှု (Severe Dehydration) သို့ ရောက်ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ အထူးစိုးရိမ်ရတဲ့ အနေအထားမှာရှိလို့ နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံး မဖြစ်မနေ သွားရောက်သင့် ပါပြီ။ ဆေးရုံမရောက်သေးခင်အချိန်နဲ့ သွားမယ့် လမ်းမှာ လူနာကို ဓာတ်ဆားရည် ၀င်သမျှ တိုက်ကျွေးပေးဖို့ လုံးဝမမေ့ပါနဲ့။

Dehydration ဟာ အာဟာရ ချို့တဲ့သူ၊ အခြား ကိုယ်ခံအားကျစေသော ရောဂါကြီး တစ်ခုခု (ဥပမာ HIV, TB စသဖြင့်) ရှိသူတွေနဲ့ အသက် ကြီးလွန်း ငယ်လွန်းသူတွေဟာ ဖြစ်ဖို့ ပိုနီးစပ်တာ တွေ့ရှိ ရပါတယ်။ နောက်တစ်ခု ၀မ်းကိုက်ရောဂါပိုးနဲ့ ပတ်သတ်ပီးနဲနဲ ပြောပြချင်ပါသေးတယ်။ အသက်အန္တရာယ်ရှတဲ့ SHIGELLA ရှီဂဲလား ၀မ်းကိုက် ရောဂါ နဲ့ Amoeba အမီးဘား ၀မ်းကိုက်ရောဂါ အကြောင်းပါ။ SHIGELLA ၀မ်းကိုက်ပိုးက ယင်ကောင်ကနေကူးတာပါ ။ AMOEBA သူ့ ဟာသူ ဟင်းသိုးထဲ မှာ ပေါက်ပွားလာတာ ပိုများတတ်ပါတယ် ။ ယင်ကောင်ကနေလဲ ကူးပါတယ် ။ နည်းတော့ နည်းပါတယ် ။ ရှီဂဲလားက ၀မ်းသွားပြီး ရင်လဲ အိမ်သာကမထ နိုင်အောင် ဆက်ရစ်နေ ပါတယ် ။ နာတာလဲ တော်တော်ပြင်း ထန်တော့ ၀မ်း သွားပြီးရင်လဲ ဗိုက်က မတရားကို ရစ်နေတာမို့ အိမ်သာကနေ မထနိုင်ကြပါဘူး ။ အချိန်မှီကုသမှု ခံယူ တာမျိုး မရခဲ့လို့ အဆင်မသင့်ရင် ၂-ရက်လောက်နဲ့  အသက်ပါသွားနိင်သည်အထိ ပြင်းပါတယ် ။

AMOEBA ၀မ်းကိုက်ပိုးဖြစ်တဲ့ အဖြစ်အများဆုံး ဒီပိုးကတော့ သိုးနေသော ဟင်း အစားအသောက်တွေမှာ ပေါက်ပွားလာတာပါ ။ မြန်မာနိုင်ငံ သားတိုင်း ဒီဝမ်းကိုက်ပိုးကိုမကြာခဏ ခံစားနေရပါတယ် ။ လူ အတော်များများ လည်းဝမ်းကိုက်လျှင် ( မက်ထရို ) ဆေးသောက်တတ်ကြပါတယ် ။ ဒါပေမဲ့ ဒီမက်ထရိုဆေးက စိတ်ဝေဒနာ ရာဇ၀င်ရှိထားဘူးသူ စိတ်ကျရောပါရှိသူတွေ ( လုံးဝ ) မသောက်သုံးရန် တားမြစ်ထားပါ တယ်။ ၁၉၇၅-၀န်းကျင်က ယူနီဆက်ဆေးဘူး ( မက်ထရိုဘူး )များ၏ ဘူးအခွံ ပေါ်တွင် စာလုံး အမဲဖြင့် (၁) ကိုယ်ဝန်ဆောင်ပထမ ၃ လ အတွင်း (၂) သွေးအားနည်းရောဂါ ရှိသူများ (၃) စိတ်ရောဂါရာဇ၀င် ရှိဘူးသူများကို လုံးဝမ ပေးရန် အထိပင် သတိပေး ထားပါသည် ။ နောက်ပိုင်း ဆေးအသစ် တွေ ရှိပါတယ်။ ဗဟုသုတဖြစ်ဖွယ် အကြမ်းဖျင်းတော့ ပြောပြပါ့မယ်။

တစ်ကယ်ရောဂါ ခံစားရပီဆိုရင်တော့ နီးစပ်ရာ ဆေးပေးခန်း ကျန်းမာရေးဌာနတွေ ကိုအမြန်ဆုံးသွားပြဖို့ ကိုတော့ အဓိက တိုက်တွန်းပါတယ်။ အခုထိဆေးဆိုင်တွေမှာ မြန်မာနိုင်ငံ FDA က မရောင်းရဘူးဆိုပြီး ပိတ်ပင်ထားတဲ့ lomotil တို့ decotil တို့ဆိုတဲ့နာမည်တွေနဲ့ ရှိနေပါသေးတယ်။ ပါဝင်တာက loperamide လို့ ခေါ်တဲ့ ၀မ်း ပိတ်ဆေးဖြစ်ပါတယ်။ အဲ့ဒီဆေးကို ပိတ်ပင်ရတဲ့ အကြောင်းကတော့ ဆေးသောက် လိုက်လို့ ၀မ်းပိတ် သွားပေမယ့် ရေဓာတ်ဆုံးရှုံးတာကို ကာကွယ်လိုက်တာ မဟုတ်ပါဘူးတဲ့။ ပိုးတွေပါဝင်တဲ့ ရေတွေက အပြင်ကိုမထွက်ရဘဲ အထဲမှာပဲ အောင်းနေပြီး ကြာတော့ အူတွေက အဲဒီမသန့်တဲ့ အရည်တွေနဲ့ တင်းကားလာတယ်။ လှုပ်ရှားမှု မကောင်းတော့ဘူး။ အူတွေ မလှုပ်တော့ရင် အဲဒီပိုးတွေဟာ သွေးကြောတွေထဲကို တဆင့်ဝင် သွားဖို့ ပိုလွယ်သွားပြီ။ ကိုယ်ခံအားသိပ် မကောင်း တဲ့ ကလေးတွေမှာ ဆိုရင် အရမ်းကြောက်ဖို့ ကောင်းလို့ အဲ့ဒီဆေးကို မပေးဖို့ကို တားမြစ်ထားတယ်လို့ (ဇီဝက-ဆေး ၂) ရေးတဲ့ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ထားရဖူးပါတယ်။

နောက်ပိုးသတ်ဆေး သောက်တတ်တဲ့ပြဿနာလဲ ရှိနေပါသေးတယ်။ တစ်ကယ်က ၀မ်းသွားလို့ အဖျားမ၀င် လာဘူးဆိုရင် ပိုးသတ်ဆေးကို မသောက်သင့်ပါဘူး။ ဆေးယဉ်သွားစေတတ်တဲ့ အပြင် ပိုး သတ်ဆေးသောက်လို့ ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုး အသေးစိပ်ကိုတော့ အောက်ဖော်ပြမယ့် လင့်မှာ မှတ်သားထားနိုင်ပါတယ်။

ဝမ်းသွားပီဆိုတာနဲ့ လူအားလုံး နားလည် လိုက်နာပြီးလုပ်တာကတော့ ဓာတ်ဆားသောက်သုံးတာပါ။ အကောင်းဆုံးနဲ့ တော်တော်လည်းထိရောက်မှု ရှိလို့ ဒီအချက်တော့ ဘာမှ ထွေထွေထူးထူးပြောစရာ မရှိပါဘူး။

ကမ္ဘာမှာ နှစ်စဉ် ၀မ်းရောဂါ ကူး စက်ဖြစ်ပွားသူ ၃ သန်း ကနေ ၅ သန်းလောက် အထိကို ရှိနေကြပြီး အဲဒီအထဲ ကမှ လူ တစ်သိန်းကနေ တစ် သိန်းနှစ်သောင်းလောက် ၀မ်းရောဂါနဲ့ သေဆုံး ကုန်ကြ တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) က ဆိုပါတယ်။ ၁၉ ရာစုတုန်းက အိန္ဒိယနိုင်ငံ Ganges မြစ်ဝကျွန်းပေါ် ဒေသကနေ စတင် ကာ ကမ္ဘာနဲ့ချီပြီး ကပ်ရောဂါအသွင် ဆောင်တဲ့ ၀မ်းရောဂါ ကူးစက်ပျံ့နှံ့ခဲ့ဖူးပါတယ်။ ကမ္ဘာ့ တိုက်ကြီးများ အားလုံးမှာ တပြိုင်နက်နီးပါး ၀မ်းရောဂါကပ် ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး လူသန်းပေါင်းများစွာ သေကြေပျက်စီးခဲ့ကြတဲ့ သမိုင်း မှတ်တမ်းတွေ ရှိပါတယ်။ ခုနစ်ကြိမ်မြောက် ၀မ်းရောဂါကပ်ဟာ ၁၉၆၁ ခုနှစ်က အာရှတိုက်တောင်ပိုင်းမှာ စတင် ဖြစ်ပွား ခဲ့ပြီး တစစနဲ့ အကင်းမသေဘဲ ကြီးထွားပျံ့ပွားလာကာ ၁၉၇၁ ခုနှစ်မှာ အာဖရိကတိုက်၊ ၁၉၉၁ ခုနှစ်မှာ အမေရိကတိုက်များ သို့ပါ ရောက်ရှိ ကူးစက်သွားခဲ့ဖူးလို့ အထူးသတိထားစရာ ရောဂါဆိုး တစ်မျိုးပါပဲ။ ယနေ့ကမ္ဘာပေါ်မှာ ၀မ်းရောဂါဖြစ်ပွားနှုန်း လျော့နည်းသွားပြီလို့ အကြမ်းဖျဉ်း ဆိုနိုင်ပေမယ့် လူနေမှုစနစ် နိမ့်ကျတဲ့ နေရာဒေသများမှာ အချိန်မရွေး ဖြစ်ပွားနိုင်တဲ့ အနေအထား ရှိနေဆဲပါပဲ။

အထူးသဖြင့် rotavirus ကြောင့် ဖြစ်ပွားတဲ့ ၀မ်းလျှော ရောဂါကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေက ကလေးငါး သိန်းခန့် နှစ်စဉ် သေဆုံး တယ်လို့ သိရပါတယ်။ ကမ္ဘာနဲ့ယှဉ်ရင် ဒီ Figures ဟာ ဘာကို ပြနေလဲဆိုတော့ ကျန်းမာရေး အသိမရှိတဲ့ ဖွံ့ဖြိုးမှုမရှိသေးတဲ့ ဆင်းရဲတဲ့နိုင်ငံရဲ့ စရိုက်လက္ခဏာတစ်ခု အဖြစ် ဖော်ညွှန်းနေ တာပါ။

လူတွေ အစုလိုက် အပြုံလိုက် ဖြစ်တဲ့ ၀မ်းရောဂါဟာ မြို့ပြဒေသရဲ့ ကျူးကျော်ရပ်ကွက်များ၊ ဆင်ခြေဖုံးလူနေ မှုနိမ့်ရာ အပိုင်းများမှာ အများဆုံး ဖြစ်လေ့ရှိပြီး မသန့်ရှင်းတဲ့ နေရာတွေမှာ နေတဲ့ လူဦးရေ မြင့်တက်လာ တဲ့ နှုန်းအတိုင်း နှစ်စဉ်ဝမ်းရောဂါ ဖြစ်နှုန်းတွေပါ အပြိုင် မြင့်တက်လာတာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ စာရင်းဇယားဂရပ်ဖ်တွေ အရ သိရပါတယ်။ နာဂစ်ပီးသွားတဲ့နောက် သိလိုက်တဲ့ အသိအနေနဲ့ ၀မ်းရောဂါ ဟာ မုန်တိုင်း၊ငလျင် စတဲ့ သဘာဝဘေးအန္တရာယ် တွေရဲ့ နောက်ကနေ အဖော်အပေါင်းအဖြစ် ပါလာတတ် လို့ ဒီအချိန်မျိုး တွေမှာလည်း အထူးသတိထား ကာကွယ် ဆောင်ရွက်ပေးရပါမယ်။

ဝမ်းရောဂါဟာ ပြင်းထန်တယ် ဆိုပေမယ့် ကုသရလွယ်ကူ တဲ့ရောဂါမျိုးပါ။ စနစ်တကျနဲ့ အချိန်မှီကုသနိုင်ရင် အပျက်အဆီးနဲပါတယ်။ တကယ်ဝမ်းရောဂါ အသည်းအသန် ဖြစ်နေတဲ့ ဒေသတွေမှာ ကပ်ရောဂါအဖြစ် ပျံ့ပွားမသွားရေး တားဆီးရန် WHO က အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေး နှစ်မျိုးကို တိုက်ကျွေးနိုင်ပေ မယ့် ပုံမှန်မှာ လူတိုင်းစေ့ တိုက်ကျွေးနိုင်ဖို့ မလွယ်ပါဘူး။ Dukoral နဲ့ Shanchol ဆိုတဲ့ ကာကွယ်ဆေးနှစ်မျိုး ဟာ နှစ်ကြိမ် တိုက်ကျွေးလိုက်ရင် ၀မ်းရောဂါကနေ ၈၅-၉၀% လောက် အကာအကွယ် ပေးနိုင်ပေမယ့် ဒီကာကွယ် ဆေးတွေကို ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး ဆိုတဲ့ လူနေမှု စနစ် မြှင့်တင်ရေးတွေလောက် မထိရောက်၊ စိတ်မချရတာ တွေ့ရပါတယ်။ ကျွန်မအမြင်က ကုသတာထက် ကြိုတင်ကာကွယ် အသိပညာပေးတာက ပိုထိရောက်မယ်လို့ မြင်ပါတယ်။

ကာကွယ်နည်း

လူတစ်ဦး တစ်ယောက်ချင်းစီကနေ ပတ်ဝန်းကျင် တစ်ခုလုံးစာအတွက် ကာကွယ်နည်းတွေ ကတော့..

၁) သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိနိုင်အောင် ဆောင်ရွက်ရပါမယ်။
၂) တစ်ချို့ရေကို ကျိုချက် အအေးခံပြီး သောက်ရပါမယ်။
၃) တစ်ကိုယ်ရည် သန့်ရှင်းရေး မှုအဖြစ် လက်သန့်ရှင်းရေး အထူး အလေးထားရပါမယ်။ (အိမ်သာတက်ပြီး တိုင်း၊ အစာမစားမီ လက်ကို ဆပ်ပြာနဲ့ ဆေးတဲ့ အကျင့်ကို မွေးမြူပါ)
၎) ယင်နားစာနဲ့ ဖုန်မှုန့်တွေ ၀င်နိုင်တဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာတွေကို မစားသင့်ပါဘူး။
၅) ယင်လုံအိမ်သာ သုံးပါ။

တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရာမှာ အဆိုးသံသရာ လည်နေတဲ့ တစ်ချက်ကတော့ Double Burden of Diseases လို့ခေါ်တဲ့ နှစ်ဆတိုးစေသော ၀န်ထုပ်ဝန်ပိုးပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကနေ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်ကို ကူးပြောင်းနေကြပြီ ဖြစ်တဲ့ နိုင်ငံများဟာ လူနေမှု စနစ်နဲ့ ကျန်းမာရေး အသိနိမ့်လို့ ရောဂါတွေ ဖြစ်လာနိုင် တာကိုကောင်းစွာ သိရှိထားပြီးဖြစ်လို့ အမျိုးသား ကျန်းမာရေး ပညာရေး၊ စီးပွားရေးနဲ့ တန်းတူ အထူး အလေးထား မြှင့်တင်ဆောင်ရွက်နေကြပါပီ။

မြန်မာတိုင်းမ် အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၉)မှာ ၂၀၁၀၊ အောက်တိုဘာလ ၁၅ ရက်နေ့က ကမ္ဘာ့ လက်ဆေးပွဲတော်နေ့အဖြစ် မြန်မာတစ်နိုင်ငံလုံး အခြေခံပညာကျောင်းပေါင်း ၄၂ ကျောင်းက ကျောင်းသား ၈,၁၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။ အထိမ်းအမှတ်နေ့အဖြစ် ယူနီဆက်ဖ်မှ ပန်းတနော်မြို့မှ မူလတန်းကျောင်းပေါင်း ၁၆ ကျောင်းမှာ ယင်လုံအိမ်သာတွေ ဆောက်လုပ်ပေးခြင်းနဲ့ ရေတိုင်ကီတွေ လှူဒါန်းခဲ့တယ်လို့ ဖတ်ခဲ့ရပါတယ်။ ဒီနေရာမှာ ယင်လုံအိမ်သာနဲ့ ပတ်သတ်ပီး ဗဟုသုတ မျှပေးချင် ပါသေးတယ်။

အိမ်သာဆိုတာ သန့်ရှင်းနေဖို့ ၊ အနံဆိုးကင်းဖို့ ၊ ယင်ကောင်စတဲ့ ပိုးမွား မရှိဖို့ ၊ အရှက်လုံဖို့၊ စတာတွေ လိုအပ်ပါတယ်။

1) အိမ်သာဆောက်မယ်ဆို ရေတွင်းရေကန်နဲ့50ပေ ကွာရပါမယ်။
2) တွင်းတူးရင် အ၀ိုင်း ၊ လေးထောင့် စသဖြင့် တူးနိုင် ပါတယ်။ တွင်းကို 3~4 ပေ အကျယ်၊ 6~8ပေ အနက် တူးရပါမယ်။ မြေအောက်ရေကြောနဲ့မဆက်စပ်ရပါဘူး။
3) အိမ်သာတွင်းနံရံကို သစ်သား၊ ၀ါး၊ ကျောက်တုံး တို့နဲ့ဆောက်နိုင်သည်။ မိုးတွင်းမြေမပြိုကျစေရန်ပါ။
4) အောက်ခြေကို ခိုင်ခံသော တိုင်များကိုသာ အသုံးပြုပါ၊
5) အိမ်သာကိုယ်ထည်ကို သစ်သား၊ ၀ါး ၊ ဓနိ တို့နှင့်ဆောက်နိုင်သည်။ အိမ်သာမှာ ငုတ်တုတ်ထိုင် သွားနိုင်ရန် ခိုင်မာသော သစ်သားပြား၂ ခုကိုသုံးပါ၊
6) အိမ်သာခွက်ကို လက်ကိုင်ပါသော အဖုံးပြုလုပ်ပြီး သုံးနိုင်သည်၊
7) လေထွက်ပေါက်လဲ ထားရှိသင့်သည်။

ကျေးလက်ဒေသတွေမှာ အများဆုံးတွေ့ရတဲ့ ပြဿနာကတော့ ရေထွက်ပင်ရင်းထဲ မစင်စွန့်တဲ့ အလေ့အထ ရှိတာပါပဲ။ ဥပမာ မြစ်ချောင်း အင်းအိုင်များထဲ အိမ်သာ လှည့်ဆောက်ထားတဲ အရပ်ဒေသများမှာ ကျတော့ ဒီအချက်ကြောင့်ပဲ လူပေါင်းများစွာ ၀မ်းရောဂါဖြစ်ပွား ၊ ကူးစက်နေတာ တွေ့ရပါတယ်။ အခြေခံ ကာကွယ် နည်း အချက် ၅ ချက်ကိုသာ ထိထိရောက်ရောက် လုပ်ပေးနိုင်ရင် ကုသခြင်းထက် အကျိုးများပါမယ်။

ကျွန်မဒီစာလေး ဘာလို့ရေးရလဲဆိုတော့ လူတိုင်းနီးပါး ကင်ဆာ၊ HIV၊ TB၊ နှလုံး၊ အသည်း အစ ရှိသောရောဂါတွေ မခံစားဘူးနိုင်ပေမယ့် တစ်သက်မှာ တစ်ကြိမ်တော့ ၀မ်းရောဂါဖြစ်ဖူးကြမှာပါ။ ပတ်ဝန်း ကျင်မှာလည်း စဉ်ဆက်မပြတ် ၀မ်းသွားတာနဲ့ ပတ်သတ်ပီး ကြုံရ၊ ကြားရမှာပါ။ ကျွန်မတို့ရဲ့ မိဘတွေကျေး ဇူးသော်လည်းကောင်း၊ အစားကောင်းများ စားသောက်ကြီးပြင်းခဲ့ရလို့ အဟာရပြည့်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင် ထားခြင်းကြောင့်လည်းကောင်း၊ ကုသမှုများ အချိန်မှီလုပ်ဆောင်နိုင်ခဲ့လို့သော်လည်းကောင်း ယခု ၀မ်းရောဂါဟာ ထူးဆန်းသောရောဂါဖြစ်မနေပေမယ့် ကိုယ်ခံအားနည်းနေပီဖြစ်တဲ့ အသက်ကြီးပိုင်း လူကြီး များနဲ့ အလွန်နုနယ်သေးတဲ့ ကလေးငယ်တွေ၊ နောက် လူအဖွဲ့အစည်းနဲ့ နေတဲ့ မိဘမဲ့၊ ရိပ်သာ စတဲ့ အဖွဲ့အစည်းတွေမှာတော့ ယခုရောဂါမျိုးဟာ အလေးထား ဂရုတစိုက်ရှိနေရမယ့်အပြင် စနစ်တကျ ကာကွယ်စောင့်ရှောက်သင့် တဲ့ရောဂါမျိုးလေးအဖြစ် ဆင်ခြင် သုံးသပ် မိတာလေး မျှဝေပေးလိုက်ပါတယ်။

Credit to Original writer
http://lwanmapyay.blogspot.jp/2015/04/blog-post_60.html မှ ပြန်လည်ကူးယူ ဖေါ်ပြထားပါသည်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon