it4a
04/01/2022
IT4A မှ ယနေ့ကျရောက်သည့် ၇၁နှစ် မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ အမှတ်တရ အဖြစ် မူလလွတ်လပ်ရေးနေ့ ကြေညာစာတမ်းအား အများဖတ်ရှူနိုင်ရန် တင်ပြပေးလိုက်ပါသည်။
=========================
လွတ်လပ်ရေးကြေညာစာတမ်း
အောင်စေသတည်း
၁။ မြန်မာသက္ကရာဇ် ၁၃၀၉ခုနှစ် ပြာသိုလဆုတ် ၉ရက် (အင်္ဂလိပ်သက္ကရာဇ်
၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင်မင်္ဂလာ
အပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံး၀လွတ်လပ်
သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး
အဖြစ်သို့ ရောက်ပြီ။
၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ ဘူမိနက်သန်
မှန်သော မြေထူးမြေမြတ်လည်းဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး
တရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်းမှန်၏။ မြေတွင်း မြေပြင်
အထူးထူးသော ရတနာအပေါင်းတို့နှင့် ပြည့်စုံသဖြင့် သတ္တဝါအပေါင်းတို့
ဆွတ်ယူစားသုံး က္ဘာဆုံးသော်လည်း မသုဉ်းမကုန်နိုင်သော ပဒေသာစစ်
အနှစ်သာရကြွယ်ဝြပည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှထူးချွန်
ဤမြေမွန် မြေမြတ်၌ ရှမ်း၊ ကချင်၊ ချင်း၊ မွန်၊ မြန်မာ စသည်ဖြင့် တစ်သွေး
တစ်သား တစ်မိဖွားဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာ သင်္ချာ
ပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇဝင်ရှည်ဝေး ရှေးပဝေသဏီ
မှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြ၏။
တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်း၀၊
ကုန်းဘောင် ထို့နောက် မ္တလေးအထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်
လဝါပမာကဲ့သို့ တဖြာဖြာတဝင်းဝင်း က္ဘာစစ်အောင်ထွန်းလင်းခဲ့ပေ၏။
သို့ရာတွင် က္ဘာ့တန်ဆာကာလအသင်္ချေတည်နေအပ်သော နေမင်းသူရိယ
လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ်ဖုံးအုပ်၍ ခဏခေတ္တ အရှိန်အဝါ ညှိုးလျော်နွမ်းလျ
မထွန်းမပဖြစ်ဘိသကဲ့သို့ ငါတို့၏လွတ်လပ်သော မြန်မာနိုင်ငံတော်သည်လည်း
လွန်ခဲ့သည့်နှစ်ပေါင်းလေးရာခန့်က ဥရောပတိုက်မှ ထွက်ပေါ်လာ၍ တစ်က္ဘာ
လုံးကို ရစ်ပတ်ဖုံးအုပ်ခဲ့သော နယ်ချဲ့ဝါဒနှင့် မရှောင်မကွင်းသာ ကြုံကြိုက်
ဆုံတွေ့မိ၍ ပထမအင်္ဂလိပ်-မြန်မာ စစ်၌ရခိုင်၊ တနင်္သာရီ၊ ဒုတိယ အင်္ဂလိပ်-
မြန်မာစစ်၌ ဟံသာ၀တီ၊ ပဲခူး၊ တတိယအင်္ဂလိပ်-မြန်မာစစ်၌ မ္တလေး၊ ရတနာပုံ
သုံးကြိမ် သုံးတန်ချအပ်ရခြင်းဖြင့် ဤမြေထူးမြေမြတ်၌ နှစ်ပေါင်းထောင် ရာ
စောင့်ထိန်း၍ လာခဲ့ကြသော ငါတို့၏လွတ်လပ်ရေးသည် ငါတို့လက်မှ လွတ်၍
လက်အောက်ခံဘ၀သို့ လုံး၀ ကျရောက်ခဲ့ကြရသည်။ သို့သော် နေမင်းသူရိယ၊
လစန္ဒာတို့ကို ဆီးနှင်းမြူတိမ်တို့သည် မည်သို့ပင်ဖုံးလွှမ်းစေကာမူ နေလတို့၏
အရှိန်အတောက်ကို မခံနိုင်ရကား ခြောက်ဆယ့်တစ်နှစ် တစ်လနှင့် တစ်ရက်
သော အခိုက်အတန့်ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရ
သဖြင့် ဤနေ့ဤအခါမှစ၍ ငါတို့သည် အသူရိန်ခံတွင်းမှ ရှင်းရှင်းကြီး
လွတ်မြောက်အပ်သော လပြည့်ဝန်းပမာ သန့်ရှင်းစင်ကြယ်ချမ်းမြေ့သာယာ
စွာဖြင့် လုံး၀လွတ်လပ်သော ဘ၀ထူးဘဝြမတ်ကို လက်ဆုပ်လက်ကိုင် အပိုင်
ရရှိကြပြီ။
၃။ ယခုငါတို့ရရှိအပ်သော လွတ်လပ်ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်းကင်
တိမ်ရိပ်ထင်သကဲ့သို့သော လွတ်လပ်ရေး မဟုတ်၊ ငါတို့အား လွတ်လပ်ရေးလမ်းစဉ်သို့ ညွှန်လည်းညွှန်ပြ၊ လမ်းစရှာကြံ အမြန်ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အဝဝသော ကူးတို့မှူး ခေါင်းဆောင်ကြီးတို့၏
မဆုတ်မနစ်သော လုံ့လ၊ မလျှော့သော ဝီရိယ၊ ဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပ
အပ်သော ဉာဏ်မျက်စိ၀ဇီရစိန်သွားကဲ့သို့ စူးရှသော သတ္တိတို့ကြောင့်
အဟံမမ သံပကြုံးဝါး အခြားအခြား၊ လွတ်လပ်သော နိုင်ငံကြီးတို့နှင့် တန်းတူ မြူတစ်ခြမ်းမျှ မလျှော့မလို ထိုထိုသို့သောတန်ခိုးရှိန်ဝါ တေဇောအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အခြာတည်းဟူသော အာဏာအထူးအမြတ်ကို ငါတို့လက်ကိုင် အပိုင်ရရှိ ကြပြီ။
၄။ ငါတို့သည် တစ်မျိုးတစ်ဘာသာ တစ်စိတ်တစ်ဒေသ၏ ကောင်းကျိုးချမ်းသာကို
မလိုလား။ ကျောသားရင်သား၊ သူကား ငါကားခွဲခြားခြင်းကို အလိုမရှိ။ မြစ်ချောင်း
သီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် က္ဘာ့ဓမ္မတာ သဘာ၀အပိုင်းအခြား ထင်ရှားစွာ
သတ်မှတ်အပ်သော ရာဇဝင်ရှည်ဝေး ရှေးပဝေသဏီမှစ၍ ယခုထက်တိုင် မြန်မာ
နိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေနေထိုင်
မြန်မာနိုင်ငံတော်တစ်ဝန်းကို တစ်သွေးတစ်သားတည်းဟူသော ကြိုးထူး၊ တစ်စိတ်
တစ်ဝမ်းတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာ၀အထောက်အပံ့
ဖြင့်သာလျှင် ရစ်ပတ် ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ်လက်ကိုင်
ငါတို့အပိုင်ရလေပြီ။
၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏
အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦး တစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကပိုင်
ပစ္စည်းမဟုတ်။ မည်သူတစ်ဦးတစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုး
ခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလကလည်းကောင်း၊ ယခုမျက်မှောက်တွင် လည်းကောင်း၊ နောင်လာလတ္တံသော အနာဂတ်ကာလ၌လည်းကောင်း၊ ငါတို့
ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး၊ ကျားမ မခြား၊
သစ္စာတော်ခံနိုင်ငံသား ဟူသရွေ့တို့၏ အမွေအနှစ်အပိုင်ပစ္စည်း အကျိုးခံစားရာ
ဖြစ်သည်ဟူသော လူ့ဘာသာ လူ့တရားနှင့်အညီ က္ဘာဦးကာလ လူတို့၏
စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအဝန်း၏ အကျိုးကို
ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကိုရွေးကောက်၍ သမ္မတတင်မြှောက်
ကြသော မဖောက်မပြန် အစွန်းအငြိပကတိ သန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့်
လျော်စွာစည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ်တူညီသော
တရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်းအားဖြင့်
က္ဘာအရှည်တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင်အဓိကဖြစ်သော
သမ္မတနိုင်ငံတော်တည်းဟူသော မြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့
အပိုင်ရပြီ။
၆။ သိကြကုန်လော့၊ ယနေ့မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏
မူလအပိုင်ဖြစ်သော လုံးဝလွတ်လပ်ရေးကို ငါတို့ပြန်၍ယူပြီး တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး အဆင့်အတန်းတူညီသည့် ပြည်ထောင်စုသမ္မတနိုင်ငံကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏
သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင် တည်မည်၊ ငါတို့သည် လွတ်လပ်သောနိုင်ငံ
ဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သောနိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်
အပ်သောကျင့်ဝတ်ကို စောင့်ရှောက်ကျင့်ဆောင်မည်၊ ငါတို့၏ လွတ်လပ်ရေးကို
ငါတို့ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစား စောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့လိုလားသူများနှင့် အတူလက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။
ဤငါတို့ကြေညာချက်ကို တစ်ကမ္ဘာလုံးက တစ်ယောက်မကျန် ကြားသိ စေသတည်း။
=========================
Credit to
D.မင်း
02/01/2022
HAPPY NEW YEAR 2022!
IT4A is wishing you all to have a safe and happy new year 2022 !
Click here to claim your Sponsored Listing.
Category
Website
Address
Room #602, Building 14, MICT Park
Yangon
11051
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |