Yangon Health

Yangon Health

Share

Photos from Yangon Health's post 27/11/2021

#နောက်ဆုံးတွေ့ ကြောက်စရာ ကိုဗစ်မျိုးကွဲ B.1.1529 ကို (VOC)လို့ WHO က နာမည်ပေးလိုက်ပါပြီ.. Update လေးမျှဝေပါရစေ..Feel free to share if deemed useful!!

#ဘယ်မှာ_စတွေ့❓

ဒီ မျိုးကွဲပိုးအကြောင်းကို တောင်အာဖရိကနိုင်ငံက November 24 မှာ WHO ကို အကြောင်းကြားခဲ့..
အစောဆုံးတွေ့ရတဲ့ sample မှာ Nov 9 ရက်နေ့ဖြစ်..
PCR မှာ S gene dropout ကို ကြည့်ပြီး ဒီမျိုးကွဲကို ရှာဖွေနိုင်..

#ဘာကြောင့်_ကြောက်ဖို့ကောင်းတာလဲ❓

Mutation ပေါင်း ၅၀ ကျော် ရှိနေ..
၁၀ခုက လူ့ဆလ်ထဲကို ဝင်ဖို့သုံးတဲ့ receptor binding domain မှာ e.g N501Y
၃၂ခုက vaccine တွေ အဓီကထားပြီးတိုက်တဲ့ spike protein မှာ တွေ့ရ
ဒါကြောင့် Spike protein ရဲ့ ပုံသဏ္ဌာန် ပြောင်းလဲစေပြီး vaccine တွေရဲ့ neutralizing ခြေဖျက်နိုင်စွမ်းကို လျော့ကျစေ..
ယခင်မျိုးကွဲတွေမှာ ဒီလိုမျိုး မကြုံဖူးသေး

စိုးရိမ်ရတာက ယခု မျိုးကွဲဟာ မူလ ဝူဟန်မှာ ပေါ်ခဲ့တဲ့ မူလမျိုးရင်း original Covid 19 နဲ့ လုံးဝ ကွဲပြားသွားတာပါ..
ဒါကြောင့် original strain ကို အခြေပြုဖော်ထုတ်ထားတဲ့ vaccine တွေရဲ့ အာနိသင်ဟာ လျော့ကျလာနိုင်ပါတယ်
ကိုဗစ်ကူးစက်မှုကြောင့်ရရှိထားတဲ့ ကိုယ်ခံအားကို ရှောင်လွဲသွားနိုင်စေပါတယ်

#ကုသမှုအပေါ် သက်ရောက်မှုရှိလား❓

တချို့ ကုသမှုတွေ monoclonal antibodies (Regeneron)တွေရဲ့ အာနိသင်ကို နည်းသွားနိုင်တယ်
Merck က ထုတ်တဲ့ Molnupiravir အပေါ် သက်ရောက်မှု မရှိနိုင်ဟု သိရ

#ပိုကူးစက်နိုင်လား❓

တောင်အာဖရိကမှာ Nov 16 မှာ Covid လူနာ အသစ် တရက် 273 ယောက် တွေ့ရာမှ ဒီပိုးတွေ့ရှိပြီး Nov 25 မှာ တရက် 1200 အထိ ထိုးတက်လာ
Delta မျိုးကွဲထက် ပိုကူးစက်နိုင်ခြေရှိဟု ခန့်မှန်း

#ဘယ်နိုင်ငံတွေမှာ ပျံ့နေပြီလဲ❓

မူလ တောင်အာဖရိကမှသည် ဥရောပ ရှိ Belgium, အာရှိတိုက်ရှိ Israel နဲ့ Hong Kong

#ဘယ်လို ရိုက်ခတ်မှုရှိလဲ❓

လေကြောင်းလိုင်းတွေ ပတ်ကုန်သလို stock markets တွေ airline stocks တွေ ရေနံစျေးတွေ စျေးကျကုန်ပါတယ် vaccine stocks တွေ 23%အထိ စျေးတက်ကုန်ပါတယ်

တွေက အသုံးမကျတော့ဘူးလား❓

ဒါက ဖြစ်နိုင်ခြေနည်းပါတယ်
အတိုင်းအတာ တခုအထိတော့ ကာကွယ်ပေးနိုင်ဦးမှာပါ
ဘယ်အတိုင်းအတာအထိလဲ
နည်းနည်းလေးလား အတော်အသင့်လား ဆိုတာတော့ မသိရသေးပါ (a tiny hit or a large hit)
တတိယအကြိမ်ထိုးဖို့ လိုအပ်နိုင်ခြေ မြင့်မား
Vaccine company တွေက သူတို့ဆေးတွေကို စတင် စမ်းသပ်နေပါပြီ

#ဘာတွေလုပ်ဖို့လိုလဲ❓

Mask သေချာတပ်ပါ
တခုခုနဲ့ထိပြီးတိုင်း လက်ဆေးပါ
ခပ်ခွါခွါ နေပါ
လူထူထူနေရာတွေကို ရှောင်ပါ
လေဝင်လေထွက်ကောင်းပါစေ
ကာကွယ်ဆေးထိုးထားပါ

ခင်မင်လျက်

#ဒေါက်တာဝင်းမင်းဦး
PhD in Medicine (Sydney University)
နိုင်ငံတကာ ကျီးပေါင်းခါးနာ ကျွမ်းကျင်သူ

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 137, Upper Pansoedan Road, Kandawgyi Yeik Mon Housing, Mingalar Taung Nyunt Township
Yangon
11171