Radiance

Radiance

Share

နည်းပညာခရီးသွားများအတွက် လမ်းပြကြယ်

High Tech,Low Tech, No Tech နည်းပညာမျိုးစုံ ပေါင်းစပ်ပြီး
လုပ်ငန်းတွေရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းပေးနေတာ 15 နှစ်တောင် ရှိခဲ့ပါပြီ။ 🎯

https://bit.ly/radiancecomputer
https://bit.ly/radianceinfo

29/05/2026

လေ မတိုက်တဲ့နေရာမှာ ကြီးတဲ့ သစ်ပင်ဟာ

ပထမဆုံး မုန်တိုင်းနဲ့ ပြိုလဲတတ်တယ်။

လေနဲ့ ရုန်းကန်ဖူးတဲ့ အမြစ်တွေ မရှိလို့။

တကယ်တော့ လေတိုက်ခံရတိုင်း
သစ်ပင်ရဲ့ အမြစ်က ပိုမြဲသွားတာ။

မိဘတိုင်းက သားသမီးကို
လေ မတိုက်တဲ့နေရာမှာ ထားချင်ကြတယ်။

အခက်အခဲ မလာစေချင်ဘူး။
စိတ်ဆင်းရဲတာ မခံစားစေချင်ဘူး။

ဒါပေမယ့် နာကျင်မှု အကုန် ဖယ်ပေးလိုက်ရင်
အသဲကြော်ပဲလှော်လေးတွေ
အမြစ် သန်စွမ်းဖို့မလွယ်တော့ဘူး။

မုန်တိုင်းတစ်ခု လာတဲ့အခါ
ပြိုလဲဖို့ပဲ ကျန်တော့တယ်။

သားသမီး ခိုင်ခံ့လာဖို့
လေ မတိုက်အောင် ကာပေးတာ မဟုတ်ဘူး —

လေထဲမှာ မိတ်ဆွေ ဘေးက ရှိနေပေးတာ။

ချစ်လို့ ကာပေးတဲ့ လက်ဟာ
တစ်ခါတလေ သူ့တို့ကို အားနည်းစေတတ်တယ်ဆိုတာ
သတိထားမိဖူးလား?

The wind you fear is what makes them strong.

ကုသိုလ် ၊ ပညာ ၊ ဥစ္စာ တိုးပွားတဲ့ နေ့လေးဖြစ်ပါစေ။

မောင်ပီစီ

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


178, 49th Street (Upper Lucky7 Block), Pazundaung Township, Myanmar (Burma)
Yangon
11171