ACM Education

ACM Education

Share

20/08/2025

ခု Share မယ့် အကြောင်းကတော့ Google Adsမှာ Video Marketing, Search & Display Ads Marketing လုပ်တဲ့ အခါမှာ ကိုယ့်ရဲ့ Ads Budgetကို Coverage ဖြစ်ဖို့/effective ဖြစ်ဖို့ဆို Keywords သတ်မှတ်ခြင်းကလည်း တော်တော်အရေးပါတယ်

- Keywordလို့ပြောရင် အမျိုးစားများစွာရှိပါတယ် Brand Keywords, Product Keywords, Misspelling Keywords, Negative Keywords and etc.. စသဖြင့် မြောက်များစွာ ရှိပါတယ်

ကိုယ်သတ်မှတ်ချင်တဲ့ Keywords အမျိုးစားပေါ်မူတည်ပြီး Keyword Match typeတွေသတ်မှတ်ရပါအုံးမယ်

၁။Exact Match သတ်မှတ်ခြင်း
ဥပမာ မိန်းကလေးဆောင်း ဦးထုပ်ကြော်ငြာတယ်ဆိုပါစို့ Adsမှာ ကိုယ့်ရဲ့ Keywordsကို Woman's hats/Women's hats လို့ Keywordsသတ်မှတ်ပြီးကြော်ငြာတယ် ဒါပေမယ့် Customerက buy Woman's hats/women's hats on sale ဖြင့် Googleမှာ Search လုပ်ရင် Ads က ပြမှာမဟုတ်ပါဘူး ဘာလို့လဲဆို exact match သတ်မှတ်ထားလို့ပါ

၂။ Phrase Match Keywords ကတော့ Adsမှာ Keywordsကို women's hats/buy women's hatsလို့သတ်မှတ်ထားပေးမယ့်လည်း customerက girls hats/ women's baseball hats လို့ ရှာရင်လည်း ကိုယ့် adsက ပြမှာမဟုတ်ပါဘူး

၃။ Broad Match ကတော့ Ads မှာ Keywordsက women's hatsလို့ သတ်မှတ်ထားသော်လည်း customerက women's hats/buy ladies hats/buy red hats for women's စသဖြင့်ရှာရင်လည်း Ads က ဖော်ပြပေးမှာဖြစ်ပါတယ်
ဒီအချက် အတွေအားလုံး ြခုံငုံမိဖိုဆိုရင် ဘယ်လိုလုပိဆောင်ရမလဲ Google AdWordsနဲ့ ချိတ်ဆက်ပြီး Keywords သတ်မှတ်နိုင်ပါတယ်

ဒါကြောင့် ကိုယ့်ရဲ့ Adsတွေကို Googleမှာ Customer ရှာရလွယ်ကူရန် Keywords ကို သေချာရွေးချယ်သတ်မှတ်ခြင်းကလည်း Right Customerတွေဆီ ကိုယ့်ရဲ့ကြော်ငြာရောက်ရှိမှာဖြစ်ပါတယ်။








ACM-Eddy

05/08/2025

မိမိရဲ့ Social Media Account Restricted ဖြစ်သွားတာ ဘာကြောင့်လဲ?
အခြားသူတွေလိုပဲ သင်ကလည်း Facebook, Instagram, TikTok ကနေ စီးပွားရေးလုပ်တာလား? တစ်နေ့တစ်ချိန်မှာ Account Restricted ဖြစ်သွားတဲ့အခါမှာ စိတ်ညစ်သွားတတ်ပါတယ်။
ဒါပေမယ့်… အဲဒီပြဿနာက မတော်တဆဖြစ်တာလား၊ မိမိလုပ်ရပ်နဲ့ တကယ်ပတ်သက်နေပြီလား ဆိုတာ သေချာသိထားဖို့လိုပါတယ်။
ဒီ Blog မှာတော့ Social Media Account Restriction ဖြစ်လာနိုင်တဲ့ အကြောင်းအရင်း ၆ မျိုး ကို ရှင်းပြပေးပါမယ်။
1️⃣ Community Standards ချိုးဖောက်မှု
Facebook/Instagram/TikTok မှာ ရှိတဲ့ Community Standards) ကို မျှတစွာလိုက်နာဖို့လိုပါတယ်။
အောက်ပါအရာတွေက တားမြစ်ထားတာပါ—
ရိုင်းစိုင်းသောစကားများ သို့မဟုတ် မသင့်တော်သော comment / share များ
🔒 အမျိုးမျိုးသော report များကြောင့် restriction ဖြစ်နိုင်ပါတယ်။

2️⃣ Spam Post တင်ခြင်း
Spam ဆိုတာဘာလဲ?
တူညီတဲ့ post ကို ထပ်ခါတလဲလဲ page, group, personal wall တွေမှာ တင်တာမျိုးကလဲ
Social Media သုံးစွဲသူတွေကို မမြင်ရအောင် algorithm က block လုပ်နိုင်ပါတယ်။
📌 Tip: နည်းလမ်းပြောင်းပြီး ရည်ရွယ်ချက်ရှင်းလင်းတဲ့ creative content
ဖန်းတီးပြီးတင်ပါ။

3️⃣ Advertising Policies ချိုးဖောက်ခြင်း
Ad Copy တစ်ခုတင်တာနဲ့ပဲ Restriction ခံရတာမျိုးရှိတတ်ပါတယ်။
အထူးသဖြင့်—
🚫 တားမြစ်ထားသောထုတ်ကုန်၊ မမှန်မကန်တဲ့ information အချက်လက်များ

4️⃣ သံသယဖြစ်စရာ Login / Activity
ဘယ်အချိန်တွင် restriction ခံရလဲ?
သင်...
တစ်နေ့တည်းမှာ တစ်နိုင်ငံကနေတစ်နိုင်ငံ login လုပ်တာ
တစ်ခုချင်းစီ မစဉ်းစားဘဲ bulk action (friend requests, joins, messages) လုပ်တာမျိုး

5️⃣ အကောင့်အတည်ပြုရန် လိုအပ်ခြင်း
တခါတလေ security purpose အတွက်...
သင့် ID upload တောင်းနိုင်တယ်
မိမိဟုတ်/မဟုတ်စစ်ဖို့ confirmation code မေ့နေတတ်တယ်
🛡️ အကောင်းဆုံးက သင့် account ကို email, phone နဲ့ အမြဲနဲ့ချိတ်ထားပါ။

6️⃣ Third-party Tools အသုံးပြုခြင်း
မိမိကိုယ်တိုင် မလုပ်ပဲ auto-like, auto-comment, auto-post လုပ်တာ…
➡️ Auto tools, bots တို့သုံးတာက policy ချိုးဖောက်မှုဖြစ်ပြီး အကောင့်ထိခိုက်နိုင်ပါတယ်။
📌 Free tool တွေသုံးမယ်ဆိုရင်လည်း Trust & Safe ဖြစ်မှသာ အသုံးပြုပါ။

✅ ဒါတို နိဂုံးချုပ်အနေနဲ့ _
မိမိရဲ့ Social Media Account ကို restriction မဖြစ်အောင် community rules, advertising policy, content safety တို့ကို သိထားရင် ပိုမိုတည်ငြိမ်တဲ့ presence တစ်ခုတည်ဆောက်နိုင်ပါတယ်။
📣 သင့်မိတ်ဆွေတွေကိုလည်း သိရအောင် ဒီ Post ကို မျှဝေလိုက်ပါ! 🙌





ACM-Eddy

26/07/2025

"ဘယ်လိုကြော်ငြာတွေက Audience ရဲ့ Newsfeed မှာ ပထမဦးဆုံးပေါ်တာလဲ?"
Boost လုပ်တဲ့အခါ ကြော်ငြာ algorithm ကိုနားလည်ပြီး မိမိ Adsကို ထိထိရောက်ရောက်ကြော်ငြာနိုင်ဖို့ ဒီ Video မှာလေ့လာလိုက်ပါ☺️👇

11/07/2025

#အကောင်းဆုံး presentation
တစ်ခုဖြစ်အောင် ဘာတွေပြင်ဆင်သင့်သလဲ?

အခြေခံအားဖြင့်တော့ ကျွန်တော်တို့တစ်တွေ
လုပ်ငန်း/အဆောက်အဦး တစ်ခု လုပ်ဆောင်လျှင်
အုတ်မြစ်က အရမ်းအရေးကြီးပါတယ်။

အခြေခံအုတ်မြစ်ကို ကောင်းအောင်လုပ်နိုင်မှသာလျှင် လုပ်ငန်းတစ်ခုကို မိမိစိတ်ကြိုက်အကောင်းဆုံးပုံဖော်သွားနိုင်မှာဖြစ်ပါတယ်။

ထိုနည်းတူ လူငယ်တွေ လုပ်ငန်းရှင်တွေ အနေနဲ့ မိမိရဲ့ ပတ်ဝန်းကျင်မှာ presentationမဖြစ်မနေလုပ်ဆောင်ရတော့မယ်ဆိုလျှင်လည်း
(Four cornerstones of presentation) ကိုနားလည်ဖို့လိုအပ်ပါတယ်။

အဓိက အခြေခံအုတ်မြစ် လေးချက်ကတော့_

၁။ Know Your Audiences _

Presenterတစ်ယောက်အနေဖြင့် မိမိရဲ့ Audiences လိုအပ်ချက်တွေသိပြီး သူတို့ရဲ့
လိုအင်ကို ဖြည့်ပေးနိုင်မှသာလျှင် အကောင်းဆုံး presentation အဖြစ်အဆုံးသတ်နိုင်မှာပါ
Audiences တွေရဲ့ needs ကို ဖြည့်ပေးနိုင်ဖို့ ပထမဆုံး Audience profile သတင်း
အချက်အလက်များ စုစည်းထားဖို့လိုပါတယ်
ဥပမာ>>> အလုပ်ကိုင်၊အသက်၊knowledge base၊culture၊သင်ယူလေ့လာမှုပုံစံ၊
တက်ရောက်သူအရေတွက် စသဖြင့် သိထား
ရပါမယ်။

၂။ Know Your Purpose_

Presenterတစ်ယောက်ဟာမိမိဆွေးနွေးတင်ပြလိုသော အကြောင်းအရာ၏ရည်ရွယ်ချက်တိတိကျကျသိထားဖို့လိုအပ်ပါတယ်။

ဥပမာ>>>>> သတင်းအချက်အလက်ပေးချင်တာလား၊motivation တက်အောင်ပြောချင်တာလား၊ကျွမ်းကျင်မှုသင်တန်းသစ်တွေပေးချင်တာလား၊မိမိကုန်ပစ္စည်းအသစ်ကြောင်းရှင်းပြချင်တာလား
စသည့်တို့ကို သိရှိထားဖို့လိုအပ်ပါတယ်။

၃။ Know the Material_

Presentation တစ်ခု အကောင်းဆုံးဖြစ်ဖို့ဆိုရင်
မိမိ present လုပ်ချင်သော အကြောင်းနဲ့
သက်ဆိုင်သာ material တွေ resources များကိုလည်း သိရှိပြင်ဆင်ထားဖို့လိုပါတယ်။
ပုံမှန်အားဖြင့်တော့ supportive Materials
တွေဖြစ်တဲ့ Handouts၊ White Board၊Flip Chart၊Projector&Laptop၊DVD&Video စသည်တို့ကို ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။

၄။ Konow Yourself_

နောက်ဆုံးအချက်အနေနဲ့ကတော့
Presenterတစ်ယောက်ဟာ မိမိရဲ့အားသာချက်၊အားနည်းချက်အပြင် ကျွမ်းကျင်မှု မိမိရဲ့
ကိုယ်ပိုင်ဟန်တွေကိုလည်း သိရှိထားဖို့လိုပါတယ်။

နိဂုံးအချုပ်အပြောရရင် အကောင်းဆုံး presentation ဒါမဟုတ် presenter ကောင်းတစ်ယောက်ဖြစ်ဖို့ ဖော်ပြပါ အချက်ကြီး
လေးချက် က မိမိရဲ့ presentation skills ကို အကောင်းဆုံးကူညီ ပံံ့ပိုးပေးပါလိမ်မည်

Photos from ACM Education's post 07/01/2025

Strategic Digital Marketing (3)days training



(SEM)
(SEO)

22/05/2024

🌕 ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သော ကဆုန်လပြည့် မြတ်ဗုဒ္ဓအခါတော်နေ့ တွင်

“ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်, စံဝင် နိဗ္ဗာန်နန်း” ဆိုသည်နှင့်အညီ သုံးလောက ထွဋ်ထား သဗ္ဗညု မြတ်စွာဘုရားရှင်အား ရည်စူးရည်မှန်း၍ ကုသိုလ်ထူးများ ပြုနိုင်ကြပြီးလျှင် ဘေးဘယာဝေးကွာ အေးငြိမ်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင် 🙏🏻🙏🏻🙏🏻

#ကဆုန်လပြည့်နေ့

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon