M Learning Box

M Learning Box

Share

17/04/2026

🚨 ဂျပန်ပြည်တွင်းမှာ တိုခုတေး ဟိုတယ်စာမေးပွဲဖြေဆိုမည့်သူများ မဖြစ်မနေ သိထားရမည့် စာမေးပွဲ စည်းမျဉ်းသစ် 🚨

မင်္ဂလာပါ။ M Learning Box Online Class မှ ကြိုဆိုပါတယ်။
ဂျပန်ပြည်တွင်းမှာ တိုခုတေး ဟိုတယ်စာမေးပွဲဖြေဆိုမည့်သူများ အတွက် အရေးကြီးတဲ့ အချက်အလက်လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။

၂၀၂၆ ခုနှစ်၊ ဧပြီလ မှစတင်၍ Prometric မှတစ်ဆင့် ကျင်းပသော တိုခုတေး 宿泊業 (ဟိုတယ်လုပ်ငန်း) စာမေးပွဲ စည်းမျဉ်းများ အပြောင်းအလဲရှိသွားပါပြီ။ ⚠️

📌 (၁) စာမေးပွဲသွားဖြေတဲ့အခါ Passport နှင့် Residence Card (Zairyu Card) နှစ်ခုလုံး မဖြစ်မနေ လိုအပ်ပါမယ်။
အရင်က ဂျပန်ပြည်တွင်းမှာ စာမေးပွဲဖြေရင် Zairyu Card တစ်ခုတည်းပြရုံနဲ့ ဖြေခွင့်ရခဲ့ပေမယ့်၊ ၂၀၂၆ ခုနှစ် ဧပြီလမှစ၍ "Passport နှင့် Zairyu Card" (မူရင်း) နှစ်ခုလုံးကို မဖြစ်မနေ ပြသရပါတော့မယ်။
အခြား မည်သည့်နည်းလမ်းဖြင့်မှ အစားထိုး ဖြေဆိုခွင့်မရှိပါ။

📌 (၂) Passport သက်တမ်းရှိနေရန် အထူးလိုအပ်ပါသည်
Passport သက်တမ်းကုန်ဆုံးနေပါက (သို့မဟုတ်) သက်တမ်းမတိုးရသေးပါက စာမေးပွဲဖြေဆိုခွင့် လုံးဝ (လုံးဝ) မရှိပါ။
❌ သက်တမ်းလွန်နေသော Passport (Expired Passport) များ
❌ Passport မိတ္တူ (Copy) များ
❌ ဖုန်းထဲမှ ဓာတ်ပုံများ
စသည်တို့ကို အထောက်အထားအဖြစ် လုံးဝ လက်ခံမည် မဟုတ်ပါ။ Passport သည် သက်တမ်းရှိနေရမည့်အပြင် မူရင်း (Original) သာ ဖြစ်ရပါမည်။

📌 (၃) အချက်အလက်များ အတိအကျ ကိုက်ညီရမည်
စာမေးပွဲအတွက် Prometric အကောင့် (ID) ဖွင့်ရာတွင် ဖြည့်သွင်းထားသော အမည်၊ Passport နံပါတ် နှင့် မွေးသက္ကရာဇ် တို့သည် စာမေးပွဲခန်းသို့ ယူဆောင်လာမည့် လက်ရှိ သက်တမ်းရှိ Passport ပေါ်ရှိ အချက်အလက်များနှင့် အတိအကျ ကိုက်ညီနေရပါမည်။

💡 အကြံပြုချက် (ဘာတွေ ကြိုတင်လုပ်ဆောင်ထားရမလဲ?)
စာမေးပွဲဖြေဆိုရန် ရည်ရွယ်ထားပါက မိမိ၏ Passport သက်တမ်းကို အရင်ဆုံး စစ်ဆေးပါ။ သက်တမ်းကုန်နေလျှင် (သို့မဟုတ်) နီးကပ်နေလျှင် Passport သက်တမ်းတိုးခြင်း/အသစ်လုပ်ခြင်းကို အမြန်ဆုံး ဦးစွာ ဆောင်ရွက်ပါ။ သက်တမ်းရှိ Passport အသစ်ရရှိမှသာ Prometric အကောင့်ဖွင့်ခြင်းနှင့် စာမေးပွဲရက် ကြိုတင်စာရင်းသွင်းခြင်း (Booking လုပ်ခြင်း) တို့ကို ဆက်လက်လုပ်ဆောင်နိုင်မှာပါ။

စာမေးပွဲဖောင်တင်တာ၊ ID ဖွင့်တာတွေနဲ့ ပတ်သက်ပြီး အခက်အခဲရှိရင်ဖြစ်စေ၊ ဟိုတယ်စာမေးပွဲအတွက် သေချာပြင်ဆင်ချင်ရင်ဖြစ်စေ M Learning Box ကို အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ပါတယ်နော်။
(M Learning Box တွင် အခမဲ့ One-Stop Service ဖြင့် ID ပြုလုပ်ခြင်း၊ ဖောင်တင်ခြင်းများကို တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါသည်။) 💙

စာမေးပွဲဖြေဆိုမယ့် သူငယ်ချင်းတွေ ကြိုတင်ပြင်ဆင်နိုင်အောင် ဒီ Post လေးကို Share ပြီး မျှဝေပေးကြပါဦး။ ✨

📥 သင်တန်းအပ်နှံရန်နှင့် စုံစမ်းရန်
Page Messenger သို့ ယခုပဲ ဆက်သွယ်နိုင်ပါပြီ။

#特定技能 #宿泊業

Photos from M Learning Box's post 18/02/2026

🏆 ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်အပ်ပါတယ်
2026 နှစ်စ မှာပဲ M Learning Box မှ မွေးထုတ်ပေးလိုက်တဲ့ Tokutei အောင်မြင်သူ (၂၈၃) ဦး! မွေးထုတ်ပေးလိုက်ပါပြီ 🏆

ဂျပန်ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေအတွက် အိမ်မက်တံခါးပေါက်ဖြစ်တဲ့ Tokutei Ginou (SSW) စာမေးပွဲတွေကို M Learning Box နဲ့အတူ လက်တွဲကြိုးစားခဲ့ကြတဲ့ ကျောင်းသား/သူ များဟာ အောင်မြင်မှုပန်းတိုင်ကို အသီးသီး ရောက်ရှိပိုင်ဆိုင်သွားကြပြီ ဖြစ်ပါတယ်။ 🎉

ဒီအောင်မြင်မှုဟာ...
✅ စားသောက်ဆိုင်လုပ်ငန်း (Ghaishoku)
✅ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း (Inshoku Seizou)
စတဲ့ နယ်ပယ်တွေမှာ M Learning Box ရဲ့ ထိရောက်တဲ့ သင်ကြားမှုစနစ်နဲ့ ကျောင်းသားတွေရဲ့ ကြိုးစားမှုရလဒ်ပဲ ဖြစ်ပါတယ်။

မိမိအလုပ်အားချိန်မှာ ဖုန်းတစ်လုံးရှိရုံနဲ့ စာမေးပွဲအောင်တဲ့အထိ လေ့လာနိုင်ဖို့ M Learning Box က အကောင်းဆုံး ကူညီပေးနေပါတယ်။

📣 လက်ရှိ ဖွင့်လှစ်ထားသော M Learning Box ၏ Online Class များ

📣M Learning Box မှ ဖွင့်လှစ်သင်ကြားလျှက်ရှိသော အတန်းများ နှင့် ဝန်ဆောင်မှုများ

✅ တိုခုတေး စားသောက်ဆိုင် 1号、2号
✅ တိုခုတေး စားသောက်ကုန်
✅ တိုခုတေး ဟော်တယ်
✅ N3 Special Class များ
✅ Tokutei ID + Form တင်ဝန်ဆောင်မှု
✅ JLPT ID + Form တင်ဝန်ဆောင်မှုများ

1️⃣ Tokutei Hotel Class (Accommodation Industry)
• Zoom + Video Lessons (၂) မျိုးပေါင်းပြီး သင်ကြားပေးမယ့် စနစ်။
• စာမေးပွဲအတွက် အထူးထုတ်ထားတဲ့ Textbook များကို အသုံးပြုသင်ကြားပေးခြင်း။
• စာတွေ့သာမက လက်တွေ့လုပ်ငန်းခွင်သုံး ဗဟုသုတများပါ ရရှိနိုင်ခြင်း။

2️⃣ Tokutei Food Service & Manufacturing Class
• Zoom + Class Application (Video) တွဲဖက်လေ့လာနိုင်ခြင်း။
• ဆရာမှ စနစ်တကျ လမ်းညွှန်မှုနှင့်အတူ Weekly Zoom Class များပါဝင်ခြင်း။
• စာမေးပွဲပုံစံတူ မေးခွန်းဟောင်းများနှင့် ကျင့်ခန်းမေးခွန်း (၃၀၀) ကျော်ကို လေ့ကျင့်နိုင်ခြင်း။
• Class Notebook နှင့် Class App တို့ဖြင့် အချိန်မရွေး နေရာမရွေး လေ့လာနိုင်ခြင်း။

💡 သင်တန်းတက်ရောက်လိုသူများအတွက်
ID လျှောက်ပေးခြင်း၊ Exam Form တင်ပေးခြင်းမှအစ စာမေးပွဲအောင်မြင်ပြီး အလုပ်လျှောက်သည်အထိ M Learning Box မှ အပြည့်အဝ ကူညီပေးသွားမှာ ဖြစ်ပါတယ်။

✅ M Learning Box မှ ဂျပန်ပြည်တွင်း အောင်ချက်အကောင်းဆုံး ရရှိထားပြီး လက်ရှိ သင်တန်းသူ/သား (၁၃၀၀) ကျော် အောင်မြင်ပြီး ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ အောင်မြင်တဲ့ ဘဝတစ်ခုကို တည်ဆောက်ဖို့ M Learning Box နဲ့ အခုပဲ လက်တွဲလိုက်ပါ။ 🤝

📩 သင်တန်းအပ်နှံလိုပါက Page Messenger (Cb) သို့ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

14/02/2026

စာမေးပွဲဖြေပြီး ရင်တမမ နဲ့ စောင့်နေကြတဲ့ M Learning Box ရဲ့ ကျောင်းသူ၊ သားတို့ရေ...

အားလုံးမျှော်နေကြတဲ့ "တိုခုတေး စားသောက်ဆိုင် နဲ့ စားသောက်ကုန်" စာမေးပွဲအဖြေတွေကတော့ မနက်ဖြန်ခါ လွန်ရင် ထွက်ပါတော့မယ်နော်။ 😱🔥

📅 ဘယ်နေ့လဲ? - Feb 16 (တနင်္လာနေ့)
🕔 ဘယ်အချိန်လဲ? - ညနေ (၅) နာရီ နောက်ပိုင်း (ဂျပန်စံတော်ချိန်)

Result ကြည့်ဖို့အတွက် ဒီ (၂) ချက်ကို အခုကတည်းက ကြိုပြင်ထားကြစို့.. 👇

OTAFF My Page Login ဝင်လို့ရမရ ပြန်စစ်ထားပါ။
(စကားဝှက်မမေ့ကြနဲ့နော် 🤫)

Exam Voucher Number (စာမေးပွဲခုံနံပါတ်) လေး အနားမှာ အဆင်သင့် ရှာထားပါ။

ညနေ (၅) နာရီကျော်လို့ Email မဝင်လာသေးရင်လည်း စိတ်မပူနဲ့ဦး.. Website မှာ ကိုယ့်ခုံနံပါတ်ပါမပါ အရင်သွားစစ်လို့ရတယ်နော်။

Result ကြည့်နည်း အသေးစိတ်ကို Comment ထဲမှာ ရေးပေးထားပါတယ်။ သူငယ်ချင်းတွေ မလွတ်သွားအောင် ဒီ Post လေးကို Share ပေးလိုက်ပါဦးနော်။ 🚀

အောင်စာရင်းထွက်ရင် M Learning Box က ဆရာ/ဆရာမတွေကို သတင်းကောင်း လာပြောဖို့ မမေ့နဲ့နော်။ ကဲ... ရင်ခုန်နေပြီဆိုရင် အောက်မှာ "Pass" လို့ ရေးပြီး ကံကောင်းခြင်းတွေ ယူသွားလိုက်ပါဦး! 🍀💪

❇️2026 ခုနှစ် ၅ လပိုင်း နဲ့ ၆ လပိုင်းထဲမှာ တိုခုတေး စားသောက်ဆိုင်/
စားသောက်ဆိုင် ဖြေချင်သူများအနေဖြင့်
သင်တန်းနဲ့ ပါတ်သက်ပြီး အသေးစိတ် သိရှိလိုပါက ဒီမှာ ကြည့်ပေးပါ
👇👇👇👇👇👇
https://www.facebook.com/share/p/183u9dTRVs/

M Learning Box Online Learning မှ ဂျပန်ရောက်မြန်မာလူငယ်များ အလုပ်အကိုင်အခွင့်လမ်းကောင်းများ ရရှိနိုင်အောင် အစဉ်တစိုက် ကြိုးစားနေပါတယ် 😊

#တိုခုတေးဂိနိုးသင်တန်း
#外食業 #တိုခုတေး
#飲食料品 #特定技能2号 #တိုခုတဲအိဂိနိုး #特定技能実習生 #ဗီဒီယိုသင်တန်း #စားသောက်ဆိုင်လုပ်ငန်း #စားသောက်
#တိုခုတေးဟောတယ် #ဟော်တယ်တိုခုတေး
ူးသင်တန်း

Photos from M Learning Box's post 18/01/2026

၂၀၂၆ နှစ်သစ်မှာ အလုပ်အကိုင်သစ်၊ လစာကောင်းကောင်းနဲ့ ဘဝကို မြှင့်တင်ကြမယ် 🚀

ဂျပန်မှာနေရင်း Tokutei (သီးခြားကျွမ်းကျင်
လုပ်သား) ဗီဇာကို ပြောင်းချင်ပေမယ့်...

😥 စာမေးပွဲ ID ဘယ်လိုလုပ်ရမှန်းမသိ၊ Form တင်ရတာ ခက်ခဲနေပါသလား?

😥 အလုပ်တစ်ဖက်နဲ့မို့ ကျောင်းချိန်မှန်မှန် မတက်
နိုင်မှာ ပူနေလား?

😥 စာမေးပွဲကျမှာ ကြောက်နေလား?

ဒါတွေအားလုံးအတွက် M Learning Box မှာ အဖြေရှိပါတယ်! ✅

လာမယ့် ဇန်နဝါရီလ (ဒုတိယပတ်) မှာ စတင်မယ့် အတန်းသစ်တွေအတွက် အခုပဲ စာရင်းပေးသွင်းလိုက်ပါ။

🏆 M Learning Box ရဲ့ One Stop Service အားသာချက်များ 🏆

✨ ၁၀၀% အခမဲ့ ဝန်ဆောင်မှု:
စာမေးပွဲ ID ဖွင့်ခြင်း၊ Form တင်ပေးခြင်း၊ အောင်လက်မှတ်ထုတ်ပေးခြင်း အားလုံးကို ကျောင်းက တာဝန်ယူ Free လုပ်ပေးပါတယ်။ (ကွန်ပျူတာမကျွမ်းကျင်လည်း စိတ်ပူစရာမလိုတော့ဘူးနော်)

✨ အချိန်မရွေး လေ့လာနိုင်မှု: Zoom အတန်းချိန်မမှီလည်း Class App ထဲက Video သင်ခန်းစာတွေနဲ့ အချိန်မရွေး ပြန်လေ့လာနိုင်တယ်။ တစ်ပတ်တစ်ခါ ဆရာနဲ့ တိုက်ရိုက်မေးမြန်းခွင့်လည်း ပါမယ်။

✨ အောင်ချက်အာမခံ: ကျောင်းသား/သူ (၉၀၀) ကျော်ကို မွေးထုတ်ပေးထားတဲ့ အတွေ့အကြုံရင့် ဆရာများကိုယ်တိုင် သင်ကြားပေးမှာဖြစ်ပြီး၊ ကံမကောင်းစွာ စာမေးပွဲမအောင်ခဲ့ရင်တောင် အောင်သည်အထိ သင်တန်းကြေး "အခမဲ့" နဲ့ ပြန်တက်ခွင့်ပြုထားပါတယ်။

📚 ဖွင့်လှစ်မည့် အတန်းများ

1️⃣ Tokutei စားသောက်ဆိုင် (Gaishoku)
2️⃣ Tokutei စားသောက်ကုန် (Inshoku)
3️⃣ Tokutei ဟော်တယ် (Hotel)
4️⃣ JLPT N3 Special Class

💡 "စာအုပ်ထဲကစာကို အလွတ်ကျက်ခိုင်းတာမျိုးမဟုတ်ဘဲ လုပ်ငန်းခွင်အသုံးဝင်မယ့် ဗဟုသုတတွေပါ ထည့်သွင်းသင်ကြားပေးလို့ စာမေးပွဲမှာ ယုံကြည်မှုအပြည့်ရှိစေရမယ်"

လူဦးရေကန့်သတ်ထားလို့ အမြန်ဆုံး စာရင်းပေးသွင်းကြပါစို့! 👇

📩 အသေးစိတ်သိရှိလိုပါက Chat Box (သို့) Comment မှာ မေးမြန်းနိုင်ပါတယ်။

#外食業 #တိုခုတေး

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon

Opening Hours

Monday 05:00 - 14:00
Tuesday 05:00 - 14:00
Wednesday 05:00 - 14:00
Thursday 05:00 - 14:00
Friday 05:00 - 14:00
Saturday 05:00 - 14:00
Sunday 05:00 - 14:00