Fairway Technology

Fairway Technology

Share

23/05/2026

"Agentic Engineering Workshop"

AI အသုံးချ Code ရေးသားမှု နည်းပညာများကို ရက်တိုအမြန် လေ့ကျင့်ပေးမည့် အထူးအစီအစဉ်။ စိတ်ဝင်စားပါက၊ အောက်တွင်ဖော်ပြသည့် အချက်အလက်များကို ဂရုစိုက် ဖတ်ရှုပေးပါရန်။

Online (Zoom Live)

နေ့ရက် - ၂၈.၅.၂၀၂၆ (ကြာသပတေး) နှင့်
၂၉.၅.၂၀၂၆ (သောကြာ) နှစ်ရက်။

အချိန် - ညနေ (6:00-8:00) နာရီ (ရန်ကုန်အချိန်)။

ဝင်ကြေး - ၁၀၀,၀၀၀ ကျပ်။

(လူဦးရေ အကန့်အသတ် ရှိပါသည်)

"တက်ရောက်သင့်သူများ"

- လက်ရှိ Developer အဖြစ် အလုပ်လုပ်နေသော်လည်း အမှားမခံသည့် အလုပ်သဘောများအရ AI အသုံးချ Code ရေးသားမှုများကို အလုပ်တွင် ထိထိရောက်ရောက် အသုံးချရန် အခက်တွေ့နေသူများ၊

- Software Development နည်းပညာများကို လက်ရှိလေ့လာနေသူများ၊

- Project Manager, Team Leader စသည့် Software Team ကို ဦးဆောင်နေသူများ၊

တက်ရောက်သင့်ပါသည်။

သိရှိသင့်သည့် Coding Agent သဘောတရားများ၊ Agentic စနစ်သို့ ပြောင်းလဲသွားပြီဖြစ်သည့် Software Engineering ပိုင်းဆိုင်ရာများကို ရှင်းလင်းပြောပြ၍ လက်တွေ့ ပရောဂျက်များနှင့် တစ်ထိုင်တည်း ရသွားအောင် လေ့လာကြမည် ဖြစ်ပါသည်။

"မတက်ရောက်သင့်သူများ"

- Programming ပိုင်း ထိတွေ့မှု လုံးဝမရှိသေးသူများ၊

မတက်ရောက်သင့်ပါ။

ဗဟုသုတ သိချင်၍ တက်လျှင် လက်ခံပေးပါသည်။ သို့သော်၊ Programming ပိုင်းသိပြီး AI Coding စနစ်သို့ ကူးပြောင်းလိုသူများကို အဓိကထား ရည်ရွယ်လေ့ကျင့်ပေးမည် ဖြစ်ပါသည်။

"စာရင်းပေးအပ်နှံရန်"

အဆင့် (၁)

အောက်ပါ အကောင့်များမှ တစ်ခုထံ ဝင်ကြေး (၁၀၀,၀၀၀) ကျပ် လွှဲပို့ပါ။

KBZ Pay (Ei Maung) - 09 252 426 388

AYA Bank Acc (U Ei Maung) - 20001849796

KBZ Bank Acc (U Ei Maung) - 26030106003179501

အဆင့် (၂)

လွှဲပို့မှု မှတ်တမ်းကို ‌Fairway Technology app တွင် Agentic Engineering အတန်းကို ရွေး၍ ‌ခလုတ်နှိပ် ပေးပို့ပါ။

Google Play Store
https://play.google.com/store/apps/details?id=com.fairwayweb.enroll

Apple App Store
https://apps.apple.com/mm/app/fairway-technology/id6743664691

အဆင့် (၃)

Workshop စရက်မတိုင်မီ Join ရန် အချက်အလက်များ ပို့ပေးမည် ဖြစ်ပါသည်။ အခက်အခဲရှိပါက Page Messenger တွင် ဆက်သွယ်၍ အကူအညီ ရယူနိုင်ပါသည်။

"ဆက်သွယ်ရန်"

(09) 975 365 666
(09) 252 426 388

04/05/2026

(*** လူပြည့်သွားပါပြီ ***)

ကွန်ပျူတာအခြေခံသင်တန်း
================
» သင်တန်းစမည့်ရက် - ဇွန်လ (၁) ရက်
» သင်တန်းချိန် - တနင်္လာ၊ အင်္ဂါ , (10:00 ‌-12:00 ) နာရီ
» သင်တန်းကာလ - (2) လ
» သင်တန်းကြေး - 80,000 ကျပ် (လူဦးရေအကန့်အသတ်ရှိပါသည်)

Fairway Technology က ဖွင့်လှစ်သင်ကြားပေးနေသော Programming သင်တန်းများနှင့် Professional သင်တန်းများကို တက်ရောက် သင်ယူလိုသော်လည်း ကွန်ပျူတာအခြေခံ လုံးဝမရှိ၍ အခက်အခဲ ဖြစ်နေသူများအတွက် ရည်ရွယ်၍ ဖွင့်လှစ်သော အတန်းဖြစ်ပါသည်။ ကွန်ပျူတာနှင့် ထိတွေ့ နီးစပ်ခြင်းမရှိသေးသော်လည်း အလုပ်အခွင့်အလမ်းကောင်းများ ရှိနေသည့် Software Development ကဏ္ဍသို့ ယခုမှစတင်၍ ဝင်ရောက်လေ့လာလိုသူ မည်သူမဆို အသက်အရွယ်မရွေး တက်ရောက်နိုင်သည်။ အခြား ရုံးလုပ်ငန်းနှင့် အထွေထွေ လုပ်ငန်း လိုအပ်ချက်အရ ကွန်ပျူတာ အသုံးပြုတတ် လိုသူများလည်း တက်ရောက်နိုင်ပါသည်။

ပါဝင်မည့်အကြောင်းအရာများ
======================
- Microsoft Windows
- Image Editing Basic
- Code Editors
- Microsoft Office (Word, Excel, PowerPoint)
- Internet & Email
ဤအတန်းပြီးသည့်အခါ ကွန်ပျူတာကို ကောင်းမွန်စွာ အသုံးပြုတတ်ပြီး Programming Basic အတန်း၊ Graphic Design အတန်းနှင့် Professional အဆင့် အတန်းများကို အဆင့်ဆင့် ဆက်လက် တက်ရောက်နိုင်သွားမည် ဖြစ်ပါသည်။ သင်တန်းသူ/သင်တန်းသား၏ ဝါသနာ၊ ရွေးချယ်လုပ်ကိုင်လိုသည့် အလုပ်အခွင့်အလမ်း လမ်းကြောင်းတို့နှင့်အညီ ဆက်လက် တက်ရောက်သင့်သည့် အတန်းများကို လမ်းညွှန်ပေးသွားမည် ဖြစ်ပါသည်။

သင်တန်းအပ်ရန်
============

KPay - 09 799126375 (Mos Set)

သင်တန်းသို့ လူကိုယ်တိုင်လာရောက်အပ်နှံနိုင်သလို အထက်ပါ KPay account သို့လည်း သင်တန်းကြေးပေးသွင်း၍ Screenshot ကို
အမည် / ဖုန်းနံပါတ်နဲ့အတူ Page Messenger သို့ ပေးပို့၍ အပ်နှံနိုင်ပါသည်။

Fairway App ကို အသုံးပြု၍ သင်တန်းအပ်နှံလိုသူများ အတွက် အောက်ပါ link များမှ download ရယူနိုင်ပါသည်။

Google Play Store
https://play.google.com/store/apps/details?id=com.fairwayweb.enroll&hl=id

Apple App Store
https://apps.apple.com/us/app/fairway-technology/id6743664691

ဆက်သွယ်ရန်
==========
09-799 126 375
09-975 365 666

» လိပ်စာ ~ အမှတ် (၄၂၉)၊ အခန်း (၈-အေ)၊ ကုန်သည်လမ်း (သိမ်ဖြူလမ်းထောင့်)၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်။

22/04/2026

လာမည့် စနေနေ့တွင် စတင်မည့် Professional Web Developer 1 (Online) တန်းခွဲသစ်တွင် အပ်နှံထားသူများအတွက်၊ သင်တန်းတက်ရန် အချက်အလက်များကို Fairway Technology App တွေ ပေးပို့ထားပြီး ဖြစ်ပါသည်။

အခက်အခဲ ရှိပါက Page Messenger သို့ ဆက်သွယ်နိုင်ပါသည်။

18/04/2026

မကြာခင် စတင်တော့မည့် Professional Web Developer 1 (Online) တန်းခွဲသစ်တွင် စာရင်းပေးထားသော်လည်း အတည်မပြုဖြစ်သူများကို နုတ်ပယ်ထားပါသည်။

နေရာလွတ်အချို့ ရှိလာသည့်အတွက် တက်ရောက်လိုသူများ အချိန်မှီ အပ်နှံနိုင်စေရန် အသိပေးပါသည်။

Fairway Technology App ကို အသုံးပြုနိုင်ပါသည်။ သို့မဟုတ် Page Messenger တွင် ဆက်သွယ်နိုင်ပါသည်။

စာရင်းပိတ်၍ သင်တန်းစတင်ရန် ပြင်ဆင်တော့မည် ဖြစ်သည့်အတွက် (၂၁) ရက်နေ့ နောက်ဆုံးထား အပ်နှံရန်လိုအပ်ပါသည်။

ဆက်သွယ်ရန်
——————————
(90) 975 365 666
(09) 252 426 388

Want your business to be the top-listed Furniture Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


အမှတ် (၄၂၉)၊ အခန်း (၈-အေ)၊ ကုန်သည်လမ်း (သိမ်ဖြူလမ်းထောင့်)၊ ဗိုလ်တစ်ထောင်။
Yangon