K-Tech

K-Tech

Share

18/01/2026

Ai ​တွေကို ဘယ်လို​​Promptတွေနဲ့ မေးပြီးခိုင်းလို့ရလဲ

အခုတ​လော Ai ​တွေသုံးပြီး analysis လုပ်ခိုင်းတာ​တွေ business plan ,marketing plan​တွေဆွဲခိုင်းလို့ရတယ်ဆိုတာ​တွေကို​ပြော​​နေကြ​တော့ မိတ်​ဆွေတို့လည်း သိချင်ကြမယ်ထင်ပါတယ် Ai ​တွေကို ​မေးတဲ့အခါ ​မေးတဲ့ Prompt engineeringနည်းစနစ်ကို​ကောင်း​ကောင်းသိရင် Ai​တွေကို အသုံးချရတာပိုပြီး အဆင်​ပြေပါတယ် ဒါ​ကြောင့် promptနည်းစနစ်​တွေကို လွယ်လွယ်နားလည်​အောင် ရှင်းပြ​ပေးပါ့မယ်။

ပထမဦးဆုံး Ai ​တွေမှာ လူသုံးများတာ ဘာ​တွေရှိလဲဆို​တော့ Chatgpt ,Deepseek ,Gemini စသဖြင့် ရှိကြပါတယ် Chatgpt နဲ့ deepseekက​တော့ analysisနဲ့ planningပိုင်း​တွေမှာ ပို​ကောင်းပါတယ် Geminiက​တော့ photo​တွေအတွက် ပို​ကောင်းတယ်လို့မြင်ပါတယ်။

ဒီလိုAi​တွေကို​မေးတဲ့အခါ Input - Process - Outputဆိုပြီး သွားပါတယ် Input ကိုယ်​မေးတဲ့ဟာက ပိုပြီးတိတိကျကျနဲ့ dataအချက်အလက်​တွေ​ပေပြီး​မေး​လေ​လေ Aiက processလုပ်တာ ပိုတိကျပြီး Outputကပို​ကောင်း​လေး​လေးဖြစ်ပါတယ် ​​​နောက်Aiကို​မေးတဲ့အခါ ဘယ်လိုလူတစ်​ယောက်လို့သ​ဘောထားပြီး​မေးတယ်ဆိုတာကို ​ပြောပြရပါမယ်

ဥပမာ business consultant အ​နေနဲ့လား ၊ marketing manager professionalအ​နေနဲ့လား ၊ finance managerအ​နေနဲ့လား ၊ professorအ​နေနဲ့လား စသဖြင့် Aiက ဘယ်လိုလူမျိုးပုံစံနဲ့ ​ဖြေ​ပေးရမယ်ဆိုတာကို​​ သူရဲ့ roleကိုပြော​ပေးရမှာဖြစ်ပါတယ်။

ဒါပြီးရင် ကိုယ်ကသူ့ကို ဘာလုပ်ခိုင်းမယ်ဆိုတဲ့ taskကို​ပေးရပါမယ် ဥပမာ marketing plan ,business planဆွဲခိုင်းမှာလား data analysisလုပ်ခိုင်းမှာလားဆိုတာကို ​ပြော​ပေးရပါတယ် လိုအပ်ရင် excel file,power point file​တွေ​ပေးပြီး ဒီထဲက အချက်အလက်​တွေကို အ​ခြေခံပြီး analysisလုပ်​ပေးပါ planဆွဲ​ပေးပါ​​မေးရပါမယ်။တကယ်လို့ fileမ​ပေးချင်ရင် အ​သေးစိတ် အချက်အလက်​တွေ​​ပေးရပါမယ်

Business planဆွဲချင်ရင်
မိမိလုပ်ငန်းက ဘာလဲ ​နောက်လက်ရှိအ​ခြေအ​နေ​တွေဖြစ်တဲ့ ​မိမိရဲ့ sales အ​ခြေအ​နေ ၊စျေးကွက်အ​ခြေအ​နေ ၊ target customerက ဘယ်သူ၊ လုပ်ငန်းတစ်နှစ်စာ objectiveက ဘာ​တွေ၊budget ဘယ်​လောက်သုံးမယ် စသဖြင့် detail​ input​တွေကို ​​ပေးရမှာဖြစ်ပါတယ်။

ဥပမာ

1. Business Information (လုပ်ငန်းအချက်အလက်)

• လုပ်ငန်းအမျိုးအစား (ဥပမာ – Coffee Shop, E-commerce, Skincare Brand)

• Brand Positioning (Luxury, Budget, Local, International)

• Product/Service Features (ဘာထူးခြားချက်ရှိသလဲ)

2. Target Audience (ပစ်မှတ်ဈေးကွက်)

• လူနည်း/အသက်အရွယ် (ဥပမာ – 18-25, Gen Z, Working Moms)

• နေရာ (Yangon, Mandalay, Online Only)

• ဝယ်ယူစွမ်းအား (Budget, Mid-range, Premium)

• Customer Behavior (Facebook ပိုသုံးသလား, TikTok ပိုကြိုက်သလား)

3. Market Data (ဈေးကွက်အခြေအနေ)

• ပြိုင်ဘက်တွေ (Competitors) – သူတို့ရဲ့ ဈေးနည်းလမ်း, Platform သုံးပုံ

• Trend (ဈေးကွက်မှာ လက်ရှိ ပေါ်ပေါက်နေတဲ့ အရာများ)

• Market Gap (ဈေးကွက်ထဲမှာ မရှိသေးတဲ့ အခွင့်အလမ်း)

4. Budget & Resources (ဘဏ္ဍာရေး / အရင်းအမြစ်)

• Marketing Budget (ဥပမာ – တစ်လ $500, $2000)

• Human Resources (Social Media Manager ရှိ/မရှိ, Freelancer သုံးမလား)

• Available Tools (Facebook Ads, Google Ads, Influencer, Email Marketing)

5. Business Goal (ရည်မှန်းချက်)

• Short-term Goals (၃ လအတွင်း – Followers တိုးချင်တယ်, Sales တိုးချင်တယ်)

• Long-term Goals (၁ နှစ်အတွင်း – Market Share ၁၀% ရချင်တယ်)

• KPIs (Key Performance Indicators – Sales Volume, Conversion Rate, Website Traffic)
စတာ​တွေကို အ​​သေးစိတ်​ပေးရမှာဖြစ်ပါတယ်။

​ရေးတဲ့အခါ Digital Marketing Plan ဆိုရင်

"သင်ဟာ Digital Marketing Expert တစ်ဦးပါ။ ကျွန်တော့်လုပ်ငန်းက Yangon မှာရှိတဲ့ Skincare Brand ဖြစ်ပြီး ပစ္စည်းတွေက Natural Ingredients နဲ့ ပြုလုပ်ထားတာပါ။ Target Audience က 18-30 နှစ်, အမျိုးသမီးတွေ, Facebook & TikTok သုံးသူတွေ ဖြစ်ပါတယ်။ Marketing Budget က တစ်လ $500ပဲ ရှိပါတယ်။ ၃ လအတွင်း Sales 30% တိုးချင်တယ်။ ဒီအခြေအနေအတွက် Social Media Marketing Plan တစ်ခု ဆွဲပေးပါ။ အဖြေကို Strategy, Channel, Content Idea, KPI ဆိုပြီး ချိုးဆက်ပြီးဖော်ပေးပါ။" စဖြင့်​ရေး​ပေးရပါတယ် ​နောက်ထပ်ပြီး ကျွန်​တော်ရဲ့ ပြီးခဲ့တဲ့ sales data​တွေက ဒီexcel file ဖြစွပါတယ်ဆိုပြီး excel file နဲ့ sales data​တွေကို လအလိုက် SKU အလိုက်​ပေးပြီး လုပ်ခိုင်းရင်ပို​ကောင်းမှာဖြစ်ပါတယ်။

ဒီမှာ တစ်ချက်သတိပြုရမှာက Ai က တခါတ​လေ ​လျှောက်​ပြောပြီး ရွှီးတက်ပါတယ် Ai ဆွဲတဲ့planကိုပဲ တန်းပြီးသုံးတာ အဆင်မ​ပြေပါဘူး ideaယူတာ​လောက်ပဲ ကိုယ့်ဆွဲမယ်planအတွက် ထည့်စဥ်းစားတဲ့ documentအ​နေနဲ့ပဲသုံးသင့်ပါတယ် နိုင်ငံ​ရေး စီးပွား​ရေးအ​ခြေအ​နေကလည်း အမြဲ​ပြောင်း​​နေပြီးကိုယ်က ကျွမ်းကျင်သူဆိုရင် Aiထက်ပိုပြီး မြန်မာနိုင်ငံအ​ခြေအ​နေ သိတာ​​ကြောင့်ဖြစ်ပါတယ်။

အားလုံးကို ​ကျေးဇူတင်ပါတယ်။

11/01/2026

ယနေ့ခေတ် Digital ခေတ်မှာ Data တွေ လုံခြုံဖို့နဲ့ Network Connection တည်ငြိမ်ဖို့က အဓိကပဲဖြစ်ပါတယ်။
• သပ်ရပ်တဲ့ Cable စီမံခန့်ခွဲမှု
• ခိုင်မာတဲ့ Server Storage (NAS)
• မြန်ဆန်တဲ့ Network Switching
သင့်လုပ်ငန်းခွင်မှာရော အခုလို သပ်ရပ်ပြီး စိတ်ချရတဲ့ System တစ်ခု ရှိနေပြီလား? ⚙️💻

ကြိုးတွေရှုပ်နေလို့ စိတ်ညစ်နေရလား? Server တွေ ဘယ်မှာထားရမှန်း မသိဖြစ်နေလား?
ကျွန်တော်တို့က သင့်ရဲ့ IT Infrastructure တွေကို အခုပုံထဲကအတိုင်း သပ်ရပ်လှပပြီး Performance အကောင်းဆုံးဖြစ်အောင် တပ်ဆင်ပေးနေပါပြီ။ 🛠️စိတ်ဝင်စားလို့ အသေးစိတ် သိချင်တယ်ဆိုရင်တော့ Chat Box မှာ မေးမြန်းနိုင်ပါတယ်။

27/08/2025

IP & Domain Ban တာတွေနဲ့ပတ်သက်ပြီး မသိလို့ မေးချင်တာလေးရှိပါတယ်။

၁) IP သို့မဟုတ် Domain Ban တာတွေကိုက PTD က လုပ်တာလား။ ဒါမှမဟုတ် သက်ဆိုင်ရာ Telecom တွေ ISP တွေက လုပ်တာလား။ ဘယ်သူက Central Management လုပ်နေပါသလဲ?

၂) IP သို့မဟုတ် Domain Ban ခံထိရင် ဘာကြောင့် Ban ခံထိတယ်ဆိုတာ ဘယ်ကို တောင်းရမှာပါလဲ။ Official တောင်းခံလို့ရတဲ့နေရာရှိပါလား။

၃) Ban ခံထားရတဲ့ IP သို့မဟုတ် Domain ကို Ban List ကနေ ဖယ်ပေးဖို့ သို့မဟုတ် Whitelist လျှောက်ဖို့ ဘယ်ကို တိုက်ရိုက်ပြောရမှာပါလဲ။ တရားဝင်လျှောက်လို့ရတဲ့နေရာရှိပါလား။

----
ပြသနာက ဘယ်လိုလဲဆိုတော့ ကျွန်တော့် အသိမိတ်ဆွေတွေ IP တွေ Domain တွေ Ban ခံထိတယ်လို့ ပြောကြတယ်။ ပြောရရင် နိုင်ငံတွင်း စီးပွားရေးလုပ်နေတဲ့ Website တွေ၊ Server တွေပေါ့။ အဲဒါတွေ လာတိုင်ပင်ပြီဆိုရင် ဘာပြန်ပြောလို့ပြောပေးရမလဲ မသိဘူးဖြစ်နေတယ်။

နိုင်ငံတွင်းမှာ Telecom ၄ ခုရှိတယ်။ MPT, Ooredoo, ATOM, Mytel ပေါ့။ အဲ့ Ban လိုက်ပါတယ်ဆိုတဲ့ IP / Domain တွေကိုက ခေါ်လို့ ရတဲ့ Line နဲ့က ရနေတယ်။ မရတဲ့ Telecom နဲ့က ရမနေပြန်ဘူး။ ဆိုလိုတာက တစ်ခုနဲ့တစ်ခုက Uniform ဖြစ်မနေဘူး။

ဆိုတော့ Ban ခံရတာလားဆိုတော့ ဟုတ်သလိုလို မဟုတ်သလိုလိုနဲ့ မမဆောင်းဖြစ်နေပြန်ရော။ အဲ့တော့ မ Ban တဲ့ လိုင်းသုံးတဲ့လူက သုံးလို့ရတယ်။ Ban တဲ့လိုင်းသုံးနေတဲ့သူက ခေါ်မရတော့ဘူး။

ဘာတွေဘယ်လိုလုပ်ရမလဲ တော်တော်ကြောင်ပျောက်တာနဲ့ ဒီမှာလာတင်တာပါ။ သိတဲ့လူရှိရင်လည်း Comment ကနေဖြစ်စေ၊ Chatbox ကနေဖြစ်စေ ဆက်သွယ်ပြောကြားပေးကြပါ။

တခါတလေကျ လိုင်းကပဲ မကောင်းလို့ မရတာလား၊ ဘမ်းခံပဲထိထားတာလား၊ ဆာဗာကပဲဖြစ်တာလား၊ နံနံခြားက Hosting ကပဲ Maintenance လုပ်နေတာလား၊ Configuration ပဲလွဲတာလား၊ Code တွေထဲမှာပဲ Error တက်နေတာလား ဆိုတဲ့ "လား" ပေါင်းများစွာထဲမှာ ကျွန်တော်လေးဟာ အတော်ကြောင်ပျောက်နေလို့ပါ။ 🥹

21/08/2025

IT ပိုင်း လိုက်ချင်တာ ဘာလုပ်ရမလဲတဲ့၊​ အဖြေမရှိတဲ့ မေးခွန်းပါပဲ။​

IT လောက် ကျယ်ပြန့်လွန်းတဲ့ နယ်ပယ်မှာ ဘာလုပ်ချင်မှန်းမသိဘဲနဲ့ ညွှန်းပေးဖို့က အတော်လေး ခက်ပါတယ်။

ဒါ့ကြောင့် IT နဲ့ ပတ်သက်တဲ့ အလုပ်အကိုင်ပေါင်း ၂၀ ကို စုပေးထားပြီး တစ်ခုချင်းစီအတွက် အခြေခံကနေ သင်လို့ အဆင်ပြေမယ့် Course တွေကိုလည်း ရွေးပေးထားပါတယ်။

ဘာတွေလုပ်ရလဲဆိုတာကို သေချာဖတ်ကြည့်ပြီး ကိုယ်စိတ်ဝင်စားရာကို ရွေးချယ်လေ့လာလို့ ရပါတယ်။

(၁) Software Developer/Engineer

Application, Website နဲ့ System အသစ်တွေကို Programming Languages (Java, Python, C #, JavaScript စသည်) တွေသုံးပြီး ကုဒ်ရေးကာ တည်ဆောက်ရပါတယ်။ Developer တစ်ယောက်ဟာ လုပ်ငန်းလိုအပ်ချက်ကို နားလည်ပြီး ထိရောက်တဲ့ နည်းလမ်းနဲ့ ပြဿနာဖြေရှင်းနိုင်ဖို့ Software တွေ ဒီဇိုင်းဆွဲဖန်တီးရပါတယ်။ Database နဲ့ Version Control (Git) အသုံးပြုနည်းကိုလည်း ကောင်းကောင်းသိထားဖို့လိုပါတယ်။
https://www.coursera.org/professional-certificates/ibm-full-stack-cloud-developer

(၂) Front-end Developer

User တွေ ထိတွေ့မြင်တွေ့ရတဲ့ Website ရဲ့ မျက်နှာပြင်ပိုင်း (Client-side) ကို တာဝန်ယူရပါတယ်။ HTML, CSS, JavaScript ( React, Angular, Vue.js စတဲ့ Framework တွေ) သုံးပြီး Website ကို လှပအောင်မ ဒီဇိုင်းဆွဲရသလို၊ User နှိပ်လိုက်တဲ့အခါ တုံ့ပြန်မှုမြန်ဆန်ပြီး ချောမွေ့စွာအလုပ်လုပ်အောင် Code ရေးရပါတယ်။ Browser အမျိုးမျိုးမှာ ကောင်းစွာအလုပ်လုပ်အောင် Cross-browser Compatibility ကိုလည်း ဂရုစိုက်ရပါတယ်။
https://www.coursera.org/professional-certificates/meta-front-end-developer

(၃) Back-end Developer

ဒီအလုပ်က Website/App ရဲ့ နောက်ကွယ် (Server side) ကို တာဝန်ယူရပါတယ်။ Server, Application, Database တို့ကြား Data ဆက်သွယ်မှုတွေ၊ Logic တွေကို Python, Java, PHP, Node.js, .NET စတဲ့ Languages တွေနဲ့ ရေးသားတည်ဆောက်ရပါတယ်။ API တွေရေးသားပြီး Front-end ကို Data ပို့ပေးတာ၊ User Authentication နဲ့ Security ကိစ္စတွေကိုလည်း Back-end Developer ကပဲ အဓိကလုပ်ဆောင်ရပါတယ်။
https://www.coursera.org/professional-certificates/meta-back-end-developer

(၄) Full-stack Developer

Front-end ရော Back-end ပါ နှစ်မျိုးလုံးကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်တဲ့ Developer ဖြစ်ပါတယ်။ Project တစ်ခုလုံးကို အစအဆုံး ကိုယ်တိုင်တည်ဆောက်နိုင်သလို၊ Team ထဲမှာ နေရာတိုင်းကနေ ကူညီပေးနိုင်တဲ့ All-rounder ဖြစ်ပါတယ်။ နည်းပညာနှစ်ခုလုံးကို နားလည်တဲ့အတွက် System Architecture ကို ပိုပြီးကောင်းအောင် ချိန်ညှိပေးနိုင်ပါတယ်။ ဒါက Software Engineer နဲ့ အခေါ်အဝေါ်လောက်ပဲ ကွာတာပါ။
https://www.coursera.org/professional-certificates/ibm-full-stack-cloud-developer

(၅) Mobile App Developer

Android (Java, Kotlin သုံး) ဒါမှမဟုတ် iOS (Swift သုံး) အတွက် Application တွေကို ရေးသားတည်ဆောက်ရတဲ့အလုပ်ဖြစ်ပါတယ်။ Cross platform Framework (React Native, Flutter) တွေသုံးပြီး နှစ်ခုလုံးအတွက် တစ်ခါတည်းရေးတဲ့ Developer တွေလည်းရှိပါတယ်။ User Experience ကောင်းမွန်ပြီး Performance မြန်ဆန်တဲ့ App တွေဖြစ်အောင်၊ App Store Guidelines တွေနဲ့ ကိုက်ညီအောင် ဖန်တီးရပါတယ်။
https://www.coursera.org/professional-certificates/ibm-ios-android-mobile-app-developer-pc

(၆) DevOps Engineer

Software ရေးသားတဲ့ Development Team နဲ့ System ကို Run တဲ့ Operations Team ကြားက Process တွေကို Automation Tool တွေသုံးပြီး ပိုမိုမြန်ဆန်ချောမွေ့အောင် လုပ်ဆောင်ပေးရတဲ့အလုပ်ဖြစ်ပါတယ်။ CI/CD Pipeline (Jenkins, GitLab CI) တည်ဆောက်ပေးတာ၊ Containerization (Docker, Kubernetes) လုပ်တာ၊ Cloud Infrastructure (AWS, Azure) ကို Manage လုပ်တာမျိုးတွေ လုပ်ရပါတယ်။
https://www.coursera.org/professional-certificates/ibm-applied-devops-engineering

(၇) Data Scientist

ကုမ္ပဏီရဲ့ Big Data) ထဲကနေ Machine Learning နဲ့ Statistical Model တွေသုံးပြီး အနာဂတ်မှာဖြစ်လာမယ့် အဖြစ်အပျက်တွေကို ခန့်မှန်းရတဲ့အလုပ်ဖြစ်ပါတယ်။ Python, R, SQL ကို အသုံးပြုပြီး Data Cleaning, Analysis, Model Building လုပ်ရပါတယ်။ ရလာတဲ့ ရလဒ်တွေကို လုပ်ငန်းဆိုင်ရာ အကြံဉာဏ်တွေအဖြစ် ပြန်လည်တင်ပြရပါတယ်။
https://www.coursera.org/professional-certificates/ibm-data-science

(၈) Data Analyst

Data Scientist နဲ့မတူဘဲ လက်ရှိနဲ့ အရင်က Data တွေကို စုဆောင်းစိစစ်ပြီး ဘာတွေဖြစ်ပြီးသွားလဲဆိုတဲ့ ရှင်းလင်းတင်ပြချက်တွေကို ပြုလုပ်ရတဲ့အလုပ်ဖြစ်ပါတယ်။ Excel, SQL, Data Visualization Tool (Tableau, Power BI) တွေကို အဓိကသုံးပြီး Report, Dashboard တွေ ပြုလုပ်ကာ Business Decision တွေချမှတ်ဖို့ ကူညီပေးရပါတယ်။
https://www.coursera.org/professional-certificates/google-data-analytics

(၉) Database Administrator (DBA)

ကုမ္ပဏီရဲ့ Database System (Oracle, MySQL, SQL Server, MongoDB) တွေကို စနစ်တကျထိမ်းသိမ်းစောင့်ရှောက်ရတဲ့အလုပ်ဖြစ်ပါတယ်။ Database Design, Installation, Configuration, Performance Tuning, Backup, Recovery နဲ့ Security ကိစ္စတွေ အားလုံးကို တာဝန်ယူဆောင်ရွက်ရပါတယ်။ Data တွေ ဆုံးရှုံးမှုမရှိအောင်၊ အချိန်ပြည့် အဆင်သင့်ရှိအောင် ထားရှိရပါတယ်။
https://www.coursera.org/professional-certificates/ibm-relational-database-administrator

(၁၀) Network Administrator/Engineer

ကုမ္ပဏီရဲ့ Computer Network (LAN, WAN, Wi-Fi) တွေကို တည်ဆောက်၊ Manage လုပ်၊ ပြုပြင်ရတဲ့အလုပ်ဖြစ်ပါတယ်။ Router, Switch, Firewall စတဲ့ Network Device တွေကို Configure လုပ်တာ၊ Network Performance ကောင်းအောင် Monitor လုပ်တာ၊ Security Threat တွေကနေ ကာကွယ်တာမျိုးတွေ လုပ်ရပါတယ်။ Cisco, Juniper စတဲ့ Vendor Certification (CCNA) တွေ ရှိထားဖို့ အထောက်အကူဖြစ်ပါတယ်။
https://www.coursera.org/professional-certificates/akamai-network-engineering

(၁၁) System Administrator (SysAdmin)

ကုမ္ပဏီအတွင်းက Server Computer တွေ (Physical/Virtual) နဲ့ Operating System (Windows Server, Linux) တွေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့အလုပ်ဖြစ်ပါတယ်။ Server တွေကို Install လုပ်၊ Update လုပ်၊ Monitor လုပ်တာ၊ User Account တွေ Manage လုပ်တာ၊ Backup System တွေ စီစဉ်တာမျိုးတွေ လုပ်ရပါတယ်။ System အားလုံး 24/7 ချောမွေ့စွာလည်ပတ်နေဖို့ တာဝန်ရှိပါတယ်။
https://www.coursera.org/learn/system-administration-it-infrastructure-services

(၁၂) Cloud Engineer/Architect

Cloud Service Provider (AWS, Microsoft Azure, Google Cloud) တွေပေါ်မှာ Company ရဲ့ System, Storage, Network တွေကို Design ဆွဲ၊ တည်ဆောက်၊ Manage လုပ်ပေးရတဲ့အလုပ်ဖြစ်ပါတယ်။ On-premise Server တွေအစား Cloud ပေါ်ကို Migrate လုပ်တာ၊ Cost ချွေတာနိုင်အောင် Optimization လုပ်တာ၊ Cloud Security ကို စီမံတာမျိုးတွေ လုပ်ရပါတယ်။ Cloud Certification (AWS Certified Solutions Architect) တွေ ရှိရင် ပိုကောင်းပါတယ်။
https://www.coursera.org/professional-certificates/aws-cloud-solutions-architect

(၁၃) Cybersecurity Analyst/Specialist

Hacker တွေ၊ Malware တွေ၊ Cyber Attack တွေကနေ Company ရဲ့ Computer System, Network, Data တွေကို ကာကွယ်ပေးရတဲ့အလုပ်ဖြစ်ပါတယ်။ Firewall, Intrusion Detection System တွေကိ Monitor လုပ်တာ၊ Security Incident တွေကို စုံစမ်းစစ်ဆေးတာ၊ Vulnerability Assessment လုပ်ပြီး Weak Point တွေကို ပြင်ဆင်တာမျိုးတွေ လုပ်ရပါတယ်။ Hacker တွေရဲ့ နည်းလမ်းကို သိဖို့ Ethical Hacking ပါ တတ်ထားဖို့လိုပါတယ်။
https://www.coursera.org/professional-certificates/google-cybersecurity

(၁၄) IT Support Specialist/Help Desk Technician

ကုမ္ပဏီအတွင်းက ဝန်ထမ်းတွေရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ IT ပြဿနာတွေ (Computer ချို့ယွင်းတာ၊ Software Version မကိုက်တာ၊ Printer မထုတ်နိုင်၊ Password မေ့တာ စတာတွေ) ကို Phone, Email ကနေ တစ်ဆင့် ဒါမှမဟုတ် လူကိုယ်တိုင် ဖြေရှင်းပေးရတဲ့အလုပ်ဖြစ်ပါတယ်။ သည်းခံနိုင်မှု၊ ဆက်ဆံရေးကောင်းမွန်မှုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေ အရမ်းအရေးကြီးပါတယ်။
https://www.coursera.org/professional-certificates/google-it-support

(၁၅) Quality Assurance (QA) / Test Engineer

Developer တွေ ရေးပြီးသား Software မှာ Bug (ချွတ်ယွင်းချက်) တွေ ရှိမရှိ၊ User Requirements အတိုင်း အပြည့်အဝ အလုပ်လုပ်မလုပ် စမ်းသပ်စစ်ဆေးပေးရတဲ့အလုပ်ဖြစ်ပါတယ်။ Test Case တွေရေးသားပြီး Manual Testing လုပ်တာ၊ Automated Testing Tool (Selenium) တွေသုံးပြီး ထပ်ကာထပ်ကာ စစ်ဆေးတာမျိုးတွေ လုပ်ရပါတယ်။ Quality မပြည့်မီတဲ့ Product ကို Release မလုပ်အောင် နောက်ဆုံးအချက်အချာနေရာကနေ စောင့်ကြည့်ရပါတယ်။
https://www.coursera.org/specializations/software-testing-automation

(၁၆) Business Analyst (IT)

Business Side က လိုအပ်ချက်တွေကို နားလည်ပြီး Tech Side (Developer တွေ) ကို ဘာတွေတည်ဆောက်ရမယ်ဆိုတာ ရှင်းပြညွှန်ကြားပေးရတဲ့ ညှိနှိုင်းသူဖြစ်ပါတယ်။ User Stories ဒါမှမဟုတ် Software Requirements Specification (SRS) Document တွေရေးသားပြီး Project တစ်ခုလုံးရဲ့ Scope ကို သတ်မှတ်ပေးရပါတယ်။ Communication Skill နဲ့ Analytical Thinking Skill တွေ အရမ်းကောင်းဖို့လိုပါတယ်။
https://www.coursera.org/professional-certificates/google-business-intelligence

(၁၇) IT Project Manager

Software ဒါမှမဟုတ် System အသစ်တစ်ခု ဆောက်တဲ့ Project တစ်ခုလုံးကို Start to Finish စီမံခန့်ခွဲရတဲ့အလုပ်ဖြစ်ပါတယ်။ Project ကို အချိန်မီပြီးအောင်၊ Budget အတွင်းကနေပြီးအောင်၊ နဲ့ လိုချင်တဲ့ Quality ရအောင် ဦးဆောင်ရပါတယ်။ Team Member တွေကို Manage လုပ်တာ၊ Risk တွေကို Forecast လုပ်တာ၊ Stakeholder တွေကို Update ပေးတာမျိုးတွေ လုပ်ရပါတယ်။
https://www.coursera.org/professional-certificates/google-project-management

(၁၈) UI/UX Designer

Website/App ကို User တွေ လွယ်လင့်တကူနဲ့ စိတ်ကျေနပ်မှုရှိအောင် ဒီဇိုင်းဆွဲပေးရတဲ့အလုပ်ပါ။ UI (User Interface) Designer က ကြည့်ရတာလှပပြီး စနစ်ကျတဲ့ ဒီဇိုင်းကို ဖန်တီးတယ်။ UX (User Experience) Designer က User ရဲ့ ခံစားမှုတွေ၊ အဆင်ပြေမှုတွေကို Research လုပ်ပြီး Flow ကောင်းအောင် ပြင်ဆင်ပေးတယ်။ Figma, Adobe စတဲ့ Tool တွေ သုံးရပါတယ်။
https://www.coursera.org/professional-certificates/google-ux-design

(၁၉) Technical Writer

Developer တွေ ရေးထားတဲ့ ရှုပ်ထွေးတဲ့ Software System တွေရဲ့ အလုပ်လုပ်ပုံကို User Manual, Installation Guide, API Documentation စတဲ့ စာရွက်စာတမ်းတွေအဖြစ် ရိုးရှင်းပြီးရှင်းလင်းအောင် ပြန်လည်ရေးသားရတဲ့ အလုပ်ဖြစ်ပါတယ်။ နည်းပညာကို နားလည်ရုံတင်မကဘဲ ဘာသာစကားကောင်းကောင်းနဲ့ ရှင်းပြနိုင်တဲ့ Skill လိုအပ်ပါတယ်။
https://www.coursera.org/learn/technical-writing-introduction

(၂၀) IT Sales/Business Development Manager

ကုမ္ပဏီရဲ့ IT Product (Software, Hardware) ဒါမှမဟုတ် Service (Cloud, Security, Consultation) တွေကို ဈေးကွက်ထဲမှာ စျေးကွက်ရှာဖွေပြီး ရောင်းချရတဲ့အလုပ်ဖြစ်ပါတယ်။ Customer Need ကို နားလည်ပြီး ဘယ်လို IT Solution က သူတို့အတွက်အဆင်ပြေမလဲဆိုတာ အကြံပေးရပါတယ်။ Technical ရော Sales Skill ပါ ပေါင်းစပ်ထားရတဲ့ အလုပ်မျိုးဖြစ်ပါတယ်။
https://www.coursera.org/professional-certificates/sales-development-representative

ကဲ... ဒီလောက်ဆို IT နယ်ပယ်က အဓိက အလုပ်အကိုင် အမျိုးအစားတွေရဲ့ လုပ်ငန်းတာဝန်တွေကို အတော်လေး နားလည်သွားမယ်လို့ ထင်ပါတယ်။ ကိုယ်ဘယ်နေရာကို စိတ်ဝင်စားလဲ၊ ကိုယ့်မှာဘယ်လို Skill တွေရှိပြီးသားလဲဆိုတာ သေချာချိန်ဆပြီး လေ့လာကြည့်ပါ။

အခုပြောပြခဲ့တဲ့ Course တွေအပါအဝင် တခြား Course ပေါင်း ၁၀၀၀၀ ကျော်ကို Certificate ရတဲ့အထိ အကန့်အသတ်မရှိ လေ့လာချင်ရင် Coursera Premium ကို Page မှာ ဝယ်လို့ရပါတယ်။ 💻✨

Coursera အကြောင်း အသေးစိတ်ကို ဒီမှာဖတ်ပါ။

https://www.facebook.com/share/p/172bxu3zEP/

Coursera နဲ့ပတ်သတ်ပြီး Topic မျိုးစုံ ရေးထားတဲ့ post တွေကို တစ်နေရာထဲမှာ စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။

Coursera Premium ကိုတော့ တစ်နှစ်စာ ၉၅၀၀၀ ကျပ်ထဲနဲ့ Page မှာ လာရောက်၀ယ်ယူနိုင်ပါပြီ။

♦️ လေ့လာလို့ရတဲ့ နယ်ပယ်တွေအကြောင်း

တက်ထားသင့်တဲ့ Python Course
https://www.facebook.com/share/p/1CeYMjvN7g/

IT နဲ့ ပတ်သတ်တဲ့ အလုပ်အကိုင် ၂၀
https://www.facebook.com/share/p/1CBcoRp6De/

လေ့လာမှုအများဆုံး Language 10 ခု
https://www.facebook.com/share/p/19gfkSjDTP/

Web Development RoadMap
https://www.facebook.com/share/p/19W583cYKA/

Data Science
https://www.facebook.com/share/p/1BvKd9iTPd/

Cyber Security
https://www.facebook.com/share/p/1G4avcFtcB/

UI/UX
https://www.facebook.com/share/p/16yWT7CNds/

Machine Learning
https://www.facebook.com/share/p/1A6uTPrtx4/

BlockChain & Web3
https://www.facebook.com/share/p/1BCCdrY3XP/

AI Engineer RoadMap
https://www.facebook.com/share/p/1ASMtLU2J8/

Game Development
https://www.facebook.com/share/p/1M17pm66vf/

Cloud Computing
https://www.facebook.com/share/p/1G1hFW7bmQ/

IT Support
https://www.facebook.com/share/p/1AYnM4YCHd/

Frontend Development
https://www.facebook.com/share/p/15tVfbQMx8/

Backend Development
https://www.facebook.com/share/p/1EU3QjzGeD/

Full Stack Development
https://www.facebook.com/share/p/14GYHje2cBb/

Android Development
https://www.facebook.com/share/p/16zY2qPnvC/

AI Prompt Engineering
https://www.facebook.com/share/p/1EayrcXtUX/

Digital Marketing
https://www.facebook.com/share/p/1GVZmtjEbj/

Graphic Design
https://www.facebook.com/share/p/1JTMQoUZEh/

♦️ Languages အစုံအတွက် ညွှန်းပေးထားတဲ့ Course တွေ

Python
https://www.facebook.com/share/p/1La6qictQM/

JavaScript
https://www.facebook.com/share/p/1BYeBWJMQr/

Java
https://www.facebook.com/share/p/161ytyTwzX/

PHP
https://www.facebook.com/share/p/17G2xT3Z4T/

Rust & Go
https://www.facebook.com/share/p/1D3mreBvwV/

C Programming
https://www.facebook.com/share/p/19PjjukQSE/

Swift( iOS Development)
https://www.facebook.com/share/p/14HZbUd93sv/

Ruby
https://www.facebook.com/share/p/1Adg7EoQ9N/

Flutter
https://www.facebook.com/share/p/1LcHxwg7GZ/

ကလေးတွေအတွက် Scratch Programming
https://www.facebook.com/share/p/1BTBw5c7YD/

♦️ ကောင်းနိုးရာရာ Course Review တွေ

Ko Jimmy ကိုယ်တိုင် ညွှန်းထားတဲ့ Google AI Essential
https://www.facebook.com/share/p/1FdaXvmphg/

နယ်ပယ်ပေါင်းစုံက English Course တွေ
https://www.facebook.com/share/p/1BMjfT6FhY/

Coursera နဲ့ Deep Learning AI နှစ်ခုလုံးရဲ့ Founder ကိုယ်တိုင်သင်ထားတဲ့ AI Course တွေ
https://www.facebook.com/share/p/19VtG7rmUi/

University of London ရဲ့ Introduction to CS
https://www.facebook.com/share/p/1FHgs8yAfD/

IT Automation with Python
https://www.facebook.com/share/p/1A87P8pUZs/

IBM Full Stack Javascript Developer
https://www.facebook.com/share/p/1FBvpNrdFF/

IBM DevOps and Software Engineering
https://www.facebook.com/share/p/1Ax9uUcQ4p/

IBM Data Engineering Course
https://www.facebook.com/share/p/16y3RUmxHs/

IBM Developing Mobile Apps with Flutter
https://www.facebook.com/share/p/1LcHxwg7GZ/

Cloud Management by Linux and IBM
https://www.facebook.com/share/p/16z3jkWykm/

♦️ Coursea အကြောင်း သိကောင်းစရာ

Coursera ဆိုတာ ဘာလဲ။
https://www.facebook.com/share/p/1CCRpmyMcf/

Coursera Premium ၀ယ်ရင် ဘာတွေရမလဲ။
https://www.facebook.com/share/p/1CYZPSP3rL/

Coursera မှာ ဘယ်နယ်ပယ်တွေ လေ့လာလို့ရလဲ။
https://www.facebook.com/share/p/17ed9p7BUh/

တက္ကသိုလ်တွေမှာ သုံးလို့ရတဲ့ Coursera Credit တွေအကြောင်း
https://www.facebook.com/share/p/1CLofKtjBs/

Credit ရတဲ့ Coursera Course အားလုံးပေါင်းချုပ်
https://www.facebook.com/share/p/1BMzxkuVpj/

Coursera Courses တွေအကြောင်း
https://www.facebook.com/share/p/17D49gyAyK/

Coursera မှာ Course ဘယ်လိုရွေးမလဲ။
https://www.facebook.com/share/p/16yK7kbKjD/

Coursera မှာ Certificate အမြန်ဆုံးရအောင်လုပ်နည်း
https://www.facebook.com/share/p/19VbsaFe6Y/

Coursera Certificate တွေက အသုံးဝင်ရဲ့လား။
https://www.facebook.com/share/p/16aGEWyfPu/

Coursera Account တွေကို share သုံးလို့ရလား။
https://www.facebook.com/share/p/1JnU6aq9iv/

Coursera Certificate ကို အတုလုပ်လို့ရလား။
https://www.facebook.com/share/p/164Cuf4d7g/

Coursera ရဲ့ အမိုက်စား Features များ
https://www.facebook.com/share/p/17ARuxNbbw/

Coursera ရဲ့Project Based Learning အကြောင်း
https://www.facebook.com/share/p/17E5WmzwNm/

Coursera Projects တွေအကြောင်း
https://www.facebook.com/share/p/16WdfRuuNi/

Coursera ကို free တက်နည်း
https://www.facebook.com/share/p/175UCgCWUn/

Coursera Vs Edx
https://www.facebook.com/share/p/17LMRpvjfW/

Coursera မှာ ဖြစ်တတ်တဲ့ ပြဿနာ
https://www.facebook.com/share/p/1Gka1yuR3F/

လက်ဆောင်
https://www.facebook.com/share/p/16rscJBBbs/

Join ထားသင့်တဲ့ Coursera Myanmar Community
https://www.facebook.com/share/p/1CgpbJrT2B/

27/04/2025

ရာသီဥတု ရှယ်ပူလာပြီဆိုတော့ ကိုယ့်ရဲ့ iPhone ကို Overheating မဖြစ်အောင် ဘာတွေဆောင်သင့် ရှောင်သင့်လဲ။

ပူလာရင် ဘယ်လို sign တွေပြလဲဆိုတာကတော့ အားလုံးကြုံဖူးနေပြီးသားမို့ ဒီထဲထည့်မပြောတော့ဘူး။

ဆိုတော့ အရမ်းပူလာရင် >>

1. မလိုအပ်တာတွေ OFF

- 5-15 မိနစ်လောက် သုံးနေတာကို ခနနား၊ ပြီးမှ ပြန်သုံး (ဖြစ်နိုင်ရင် Power Off)

- နားလို့မရဘူး ဆိုရင် CPU, GPU demand များတဲ့ Game တွေ၊ App တွေသုံးတာ လျော့

- မရဘူးကွာ Game ဆော့မှာ ဆိုရင်လဲ Graphic Setting ကို လျော့ဆော့

- Wi-Fi, Bluetooth, Cellular data, location services တွေ မလိုအပ်ရင် OFF ထား

- Connectivity မလိုအပ်ရင် Airplane Mode ကို ON ထား

- သုံးမယ်ဆို Wifi နဲ့ပဲ့သုံး၊ Cellular Data က ပိုပူစေတယ်

- Low Power Mode ကို ON

- Auto Brightness ကို OFF (Keep at 40-50%)
______________

2. နေရာရွေး၊ ချွတ်သင့်တာချွတ်

- Cover အထူကြီးတပ်ထားရင် ခနချွတ်

- နေရောင်နဲ့ တိုက်ရိုက်ထိတဲ့နေရာတွေ ရှောင်

- အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ သုံး

- အပူလုံတဲ့နေရာတွေမှာထားတာရှောင်။ ဥပမာ - ခေါင်းအုံး/စောင် အောက်၊ Car Dashboard၊ ဆိုင်ကယ်ထိုင်ခုံအောက်

- Overheat ဖြစ်နေတုန်း Charging (Fast Charging) သွင်းတာကို ရှောင်

- Charging သွင်းလို့ Battery % မတက်ရင် ဇွတ်မသွင်းနဲ့၊ ခနလောက်နားပြီး အေးသွားမှ ပြန်သွင်း

- နေ့ခင်းဘက် အားသွင်းမယ်ဆို cover မတပ်ပဲသွင်း

- Wireless Charging က ရိုးရိုးကြိုးနဲ့သွင်းထာထက်ပိုပူစေတယ်
_______________

3. လျှောက်”မထည့်နဲ့

- အရမ်းပူလာလို့ ရေခဲသေတ္တာထဲသွားထည့်တာ၊ Ice Pack ကပ်တာမျိုး (လုံးဝ) မလုပ်သင့်။ Water damage ဖြစ်တတ်သလို အထဲက motherboard ကို ရေငွေ့ရိုက်သွားရင် မာလက သွားတတ်တယ်။

- ကိုယ့်ဖုန်းက ဘယ်အခြေနေမှာ overheat ဖြစ်တတ်လဲဆိုတာ သိရင် မပူခင်မှာ Cooler တွေ Fan တွေကြိုတပ်ပြီးသုံး၊ အရမ်းပူလာမှ ချက်ချင်း အအေးခံတာမျိုး ရှောင်

- ဒီရာသီဥတုမှာ Game ဆော့၊ Video ရိုက်၊ Charging သွင်းလို့ ပူတာမျိုးက သာမန်ပဲ့မို့အအေးခံလိုက်ရင် it’s okay, all fine

- ဘာမှမလုပ်ပဲထားတဲ့ အချိန်(idle) မှာ အရမ်းပူနေရင်တော့ red flag မို့ service ပြ

နိဂုံးအနေနဲ့ iPhone ဘက်ထရီတွေက lithium-ion အမျိုးအစားဖြစ်တာကြောင့် အပူများရင် ပိုပျက်စီးလွယ်တယ်၊ Battery Health ပိုအကျမြန်စေတယ်။ ဒါပေမယ့် overheat ဖြစ်ပြီး Battery Health ကျတာထက် တစ်ဖက်က ကိုယ့်ကိုမလိုအပ်တော့မှန်းသိတာတောင် အတင်းလိုက်ပြီး တွပ်ကပ်နေတာမျိုးက ပိုပြီးပူလောင်ရတာပေါ့ကွာ။

26/04/2025

Facebook Algorithm ဆိုတာ Facebook မှာ စီးပွားရှာနေတဲ့ လုပ်ငန်းရှင်တိုင်း သိကို သိထားရမယ့် အချက်တစ်ခုပဲ ဖြစ်ပါတယ်။

2025 ရဲ့ Facebook Algorithm ဟာ Audience တွေအတွက် အလွန်အသုံးဝင်တဲ့ Post တွေကိုပဲ ပိုပြီးပြချင်တဲ့ စနစ်ဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့လုပ်နေတဲ့ Business Content တွေကို လူတွေပိုပြီး မြင်တွေ့အောင် ဖော်ပြဖို့ဆိုရင် Facebook Algorithm အတိုင်း လုပ်ဆောင်ဖို့လိုအပ်ပါတယ်။

ဒါဆိုရင် Facebook Algorithm က ဘယ်လိုအလုပ်လုပ်နေလဲဆိုတာ ဆက်ပြီး ဖတ်ကြည့်လိုက်ရအောင် 📖

Facebook Algorithm က Content တစ်ပုဒ်ကို လူတွေပိုပြီးမြင်အောင် ပြမလား၊ မပြဘူးလားဆိုတာကို ခုဖော်ပြမယ့် Signals တွေကိုသုံးပြီး ဆုံးဖြတ်ပါတယ် …👇

(1) Engagement - Like, Comment, Share, Save တွေ ဘယ်လောက်ရှိလဲ
(2) Relevancy - Viewer တွေရဲ့ အလွန်စိတ်ဝင်စားတဲ့အကြောင်းအရာနဲ့ သက်ဆိုင်မှုရှိရဲ့လား
(3) Content Type - Video, Image, Text
(4) Post Time - Audience တွေအွန်လိုင်းမှာရှိနေတဲ့အချိန်မှာ တင်တာလား
(5) Relationship - Viewer တွေက ကိုယ့် Page နဲ့ ဘယ်လောက်ထိဆက်နွှယ်နေသလဲ
(6) Originality - တင်တဲ့ပို့စ်သည် မူရင်း အကြောင်းအရာ၊ ဖြစ်မဖြစ်
(7) Watch Time - Video ကို ဘယ်လောက်ကြည့်ခဲ့လဲ
(8) Comments Replies - Comment အောက်မှာ ပြန်လည်ဆွေးနွေးမှုရှိရဲ့လား

Facebook Algorithm အလုပ်လုပ်ပုံကို သိရှိပြီးပြီဆိုတော့ Algorithm နဲ့ သင့်လျော်တဲ့ Strategy တွေကို လုပ်ဆောင်ဖို့ ဆက်ပြီးဖော်ပြပေးချင်ပါတယ် … 👇

𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 1 - Audience ကိုဖတ်စေချင်တဲ့ Tagline ၊ ရယ်စရာ၊ စိတ်ဝင်စားစရာ၊ viewer တွေရဲ့ မေးခွန်းတွေကိုထည့်ပြီး Feedback ရအောင် လုပ်နိုင်မယ့် Engagement Content တွေကို ဖန်တီးပါ။

𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 2 - Facebook Video Engagement က အရမ်းမြင့်ပါတယ်။ ဒါကြောင့် Short video (Reels - တစ်မိနစ်စာ), Long video ( ၃မိနစ်စာ) ဒီနှစ်မျိုးကို ဖန်တီးပြီး တင်ပါ။

𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 3 - Audience တွေ ဘယ်အချိန်မှာ active ဖြစ်လဲ စဉ်းစားပြီး Post တင်ပါ။ ပုံမှန်ကတော့ မနက် ၈နာရီ ကနေ ၁၀ နာရီ၊ ညနေ ၆ နာရီကနေ ည၉နာရီ တွေဟာ Engagement ကောင်းတတ်ပါတယ်။

𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 4 - Comment ပေါ်မှာ စနစ်တကျ reply ပြန်ပါ။ Viewers နဲ့ Reel Relationship တည်ဆောက်တာက Algorithm မှာ အရေးကြီးပါတယ်။

𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 5 - ကိုယ်တင်တဲ့ Post ရဲ့ Style, Font, Color, Tone of voice တွေကို တူအောင်ဖန်တီးပါ။ ဒါမှ Audience တွေက မှတ်မိစေမှာပါ။

𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 6 - ကိုယ့် Product နဲ့ ပတ်သက်ပြီး Audience တွေရှာရင် တွေ့စေချင်တဲ့ Keywords တွေကို Hashtags အဖြစ် အသုံးပြုပါ။

𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 7 - Target Audience ကို စနစ်တကျရွေးပါ။ Post တစ်ခု Viral ဖြစ်သွားပြီဆိုရင် Boost လုပ်ပြီး Reach တိုးအောင် ဖန်းတီးယူလိုက်ပါ။

မိတ်ဆွေတို့အနေနဲ့ Facebook Algorithm အလုပ်လုပ်ပုံကို သိရှိပြီး ဒီ Algorithm နဲ့ သင့်လျော်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ခြင်းဖြင့် မိတ်ဆွေတို့ရဲ့ လုပ်ငန်းတိုးတက်မှုကို ဖန်တီးယူနိုင်ပါတယ်ခင်ဗျ 🎯

17/04/2025

"Windows 10/11 မှာ Setting အားလုံးကို တစ်နေရာတည်းနဲ့ အလွယ်တကူ ဝင်ရောက်နိုင်ဖို့ 'God Mode' Shortcut ပြုလုပ်နည်း"

ဘယ်သူမှ မသိသေးတဲ့ တကယ့်ကို အထူးအဆန်းနဲ့ အသုံးဝင်တဲ့ နည်းလမ်းတစ်ခုအနေနဲ့ Windows 10 (သို့) 11 မှာ Setting တွေကို တစ်ခုချင်းစီ လိုက်ရှာနေစရာမလိုဘဲ တစ်နေရာတည်းကနေ အားလုံးကို အလွယ်တကူ ဝင်ရောက်နိုင်ဖို့အတွက် "God Mode" လို့ လူသိများတဲ့ လျှို့ဝှက် Folder တစ်ခုကို ဘယ်လို ပြုလုပ်မလဲဆိုတာကို ပြောပြပေးပါမယ်။ ဒါက သင့်ရဲ့ အလုပ်ချိန်ကို သက်သာစေပြီး လိုအပ်တဲ့ Setting ကို ချက်ချင်း ရှာဖွေနိုင်ပါတယ်။ ကုန်ကျစရိတ်ကတော့ လုံးဝမရှိပါဘူး။ သင့်ကွန်ပျူတာမှာ Windows 10 (သို့) 11 ရှိရုံနဲ့ အားလုံး အဆင်သင့်ဖြစ်ပါပြီ။

အဆင့်ဆင့် လမ်းညွှန်ချက်
၁။ Desktop မှာ Right Click နှိပ်ပြီး "New" ကို ရွေးပါ။ ပြီးရင် "Folder" ကို Click နှိပ်ပါ။
၂။ Folder အသစ်တစ်ခုပေါ်လာပါလိမ့်မယ်။ ဒီ Folder ရဲ့ နာမည်ကို အောက်ပါအတိုင်း အတိအကျ ပြောင်းလဲပေးပါ။

GodMode.{ED7BA470-8E54-465E-825C-99712043E01C}
နာမည်ကို ကူးယူပြီး Folder နာမည်ပြောင်းတဲ့နေရာမှာ Paste လုပ်လိုက်ရင် ပိုလွယ်ကူပါတယ်။
၃။ Enter နှိပ်ပြီး Folder နာမည်ကို Save လိုက်ပါ။
၄။ အခု သင့် Desktop မှာ Folder ရဲ့ Icon ဟာ Control Panel ရဲ့ Icon လို ပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်။
၅။ ဒီ Icon ကို Double Click နှိပ်ပြီး ဖွင့်လိုက်ပါ။
၆။ ဖွင့်လိုက်ရင် Windows 10 (သို့) 11 မှာရှိတဲ့ Setting အားလုံးကို အမျိုးအစားအလိုက် စီထားတာကို တွေ့ရပါလိမ့်မယ်။ ဒီနေရာကနေ သင်လိုအပ်တဲ့ Setting ကို အလွယ်တကူ ရှာဖွေပြီး ဝင်ရောက်နိုင်ပါတယ်။
၇။ ဒီ Folder ကို သင်အလိုရှိတဲ့ နေရာမှာ ရွှေ့ပြောင်းထားလို့လည်း ရပါတယ်။ ဥပမာ - Start Menu မှာ Pin ထားလို့ရသလို Taskbar မှာလည်း Pin ထားလို့ရပါတယ်။ ဒါမှမဟုတ် နာမည်ကိုလည်း သင်ကြိုက်နှစ်သက်သလို ပြောင်းလဲနိုင်ပါတယ်။ ဥပမာ - "All Settings" လို့ ပြောင်းလဲချင်ရင်လည်း ရပါတယ်။ ဒါပေမဲ့ Folder ရဲ့ နောက်က {ED7BA470-8E54-465E-825C-99712043E01C} ဆိုတဲ့ Code ကိုတော့ မဖျက်ပါနဲ့။

Credit idea created by Zay AI Burmese Model

17/04/2025

USB Stick ထဲက Data တွေ အကြောင်းအမျိုးမျိုးကြောင့် ပျောက်သွားခဲ့ရင်
======================================

USB stick ထဲက data ပျက်သွားတာဟာ အခြေအနေပေါ်မူတည်ပြီး ပြန်ရနိုင်ပါတယ်။ ပျက်သွားတဲ့အခြေအနေမျိုးစုံရှိနိုင်လို့၊

➡️ဖျက်မိတာလား၊

➡️format ချတာလား၊

➡️virus ဝင်တာလား၊

➡️တခြား hardware fail ဖြစ်တာလားဆိုတာပါပဲ။

ပုံမှန်ပြန်ရနိုင်တဲ့အခြေအနေများ

1. ဖျက်မိတာ (Accidental Delete) – Recycle Bin ထဲမသွားပဲ delete သွားတာများ။

Data recovery software (Recuva, EaseUS, Disk Drill, etc.) အသုံးပြုရင် ပြန်ရနိုင်တယ်။

2. Format ချသွားတာ – USB ကို format လုပ်မိသွားရင်တောင်

"Quick Format" ဖြစ်ရင် ပြန်ရနိုင်တာများတယ်။ Recovery tools နဲ့ ပြန်ဖော်လို့ရတတ်တယ်။

3. Virus ဝင်တာ – Virus တချို့ဟာ file တွေကို ဖျောက်ထားတတ်တယ်။

Antivirus နဲ့စစ်ပြီးနောက်မှာ recovery tool လုပ်လို့ရနိုင်တယ်။

4. File System Corruption – USB က corrupted ဖြစ်နေတာ

Windows မှာ chkdsk command သုံးတာတောင်ကူညီနိုင်တယ်။ Recovery software နဲ့လည်း scan လုပ်လို့ရတယ်။

ပြန်မရနိုင်တဲ့ အခြေနေ😌

Hardware ပျက်စီး (USB မဖတ်နိုင်တော့တာ၊ chip ပျက်သွားတာ)

Overwritten ဖြစ်သွားတာ (သစ်ဖိုင်တွေ overwrite လုပ်ထားတဲ့အခါ)

သတိပြုရန်

1. USB ကိုသုံးတာရပ်ပါ။

2. Data recovery software တစ်ခုကိုအသုံးပြုပြီး scan လုပ်ပါ။

ဒီ Recoverတွေနဲ့ ပြန်ယူကြည့်ပါ

အရိုးချင်းဆုံး– Recuva (free)

Powerful – EaseUS Data Recovery, Disk Drill, R-Studio (paid)

07/04/2025

🧑‍💻 ကျန်နော်တို့ Interviewer တွေအရမ်းအမေးများတဲ့ FHRP ( First Hop Redundancy Protocol) sub အောက်က VRRP (Virtual Router Redundancy Protocol) အကြောင်း Overview Discussed လုပ်ကြမယ်

🧑‍💻 VRRP ဆိုတာ ဘာလဲ ?

🗣️ ရိုးရှင်းပါတယ် Interviewer ကိုကျန်နော်တို့ key of points ထိထိရောက်ရောက် ပြောပေးရမယ် VRRP က network တစ်ခုမှာ default gateway miss out ဖြစ်သွားရင် auto backup router ကို switch over လုပ်ပေးတဲ့ high availability ကို support ပေးတာမျိုးပေါ့

🧑‍💻 RFC ( Request for Comments ) 5798 တွင် define လုပ်ထားတယ် ပီးတော့ multivendor (Cisco, Juniper, Huawei, etc.) devices တွေနဲ့ လည်းသုံးလို့ရတယ် ✨ Virtual IP (VIP) တစ်ခုကို အသုံးပြုပီးတော့ client devices များအတွက် stabilise gateway ဖြစ်စေတယ်ပေါ့

Interviewer 🗣️Can U Explain Me How’s VRRP Works ?

Noted 🧑‍💻 ဟုတ်ပီ ဒီနေရာမှာတော့ ကျန်နော် MM လိုဘဲရေးပြလိုက်ပါတယ် Real Interview ဆိုရင်တော့ English လိုဖြေရမှာပေါ့ ဒါအားလုံးလည်းသိပီးသားဖြစ်ပါတယ် Local မှာဆိုရင်တော့ ကျန်နော့် အကြံပြုချက်တိုင်း ဖြေလို့ရပါတယ်

✨ Interviewer ရဲ့ အမေးကိုပြန်ဆက်ကြစို့ 🗣️ VRRP က Master Router & Backup Router(s) ဆိုပြီး ရှိပါတယ်။
Master က traffic ကို handle လုပ်ပြီး၊ Backup က standby mode မှာစောင့်နေတာပေါ့ Advertise Messages တွေကို multicast (224.0.0.18) အသုံးပြုပြီး ပုံမှန် ပို့ပေးတယ် :default time ကတော့ 1 second ပေါ့

🧑‍💻 Masterတစ်ခုခုmiss outဖြစ်သွားတယ်ဆိုပါတော့Advertisement 3 ကြိမ်ကျော် လို့မှမရရင် Backup ကနေ Master အဖြစ်ပြောင်းပီး traffic ကို Handled လုပ်ပါလိမ့်မယ်

Interviewer 🗣️ Can u tell me some kind of VRRP Features ?

Candidates 🗣️Yes sure , VRRP က Load Balancing – Multiple VRRP groups Build up လုပ်ပီး traffic ကိုspread လုပ်နိုင်တယ် (Can Be Limited For LB)
Preemption –Master ပြန်ကောင်းလာရင် priority အရ ပြန်လည် control လုပ်လို့ရမယ် (Don’t Forget to tell the Preemptions Process details)
Authentication Support – Plain text / MD5 စတာတွေနဲ့ secure ဖြစ်အောင်တည်ဆောက်လို့ရတယ်

✅ VRRP နဲ့ ပတ်သက်ပီးတော့ Discuss လုပ်ပေးခဲ့တာဖြစ်ပါတယ် Interviewer ရဲ့မေးခွန်းအချို့ရောပေါ့ Details အပြည့်စုံကို Network Career Coaching Program မှာ Technical တွေအပါ Interviewer ရဲ့မေးခွန်းတွေကိုပါ train ပေးလျှက်ရှိပါတယ်

✅ ✨ Festival Promotions ရှိတာမို့ Network CCP ကကိုယ်တိုင်matchဖြစ်တယ်ဆိုလာရောက်လက်တွဲနိုင်ပါ
တယ် IT-Network Career နဲ့ Overseas နိုင်ငံတွေမှာ လုပ်ကိုင်နိုင်အောင် ပြင်ဆင်ကြပါစို့✌🏻

အားလုံးအလုပ်ကိုင်တွေရရှိကြပါစေ 🎈


career coach

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 124, 38street
Yangon