Chal Chal
01/05/2026
ရွှေ(၇) ကျပ် နဲ့ အတူ တစ်အိမ်လုံးရဲ့ မှတ်ပုံတင်တွေပါယူပြီး ပျောက်ဆုံးနေသူ
မြောက်ဦးမြို့နယ် မောင်ရွှီကန်ကျေးရွာ ၊ အဖဦးမောင်မောင်သိန်း၏ သမီး မကြည်လဲ့လဲ့ဝင်း ဟာ မိသားစုပိုင် ၊ အတွင်း ပစ္စည်းများ နဲ့ အတူ ပျောက်ဆုံးနေတာ တစ်ပတ်ကျော်ကြာမြင့် ဖြစ်တဲ့ အတွက် မိဘတွေက စိတ်ပူပင်နေကြပါတယ်။
မကြည်လဲ့လဲ့ဝင်းဟာ အုတ်ဖိုကန်ကျေးရွာက အဖဦးမောင်တင်ဝင်း၏ သားဖြစ်သူ ၊ မောင်ကျော်ဝင်းသန်း နဲ့ အတူ ဧပြီလ ၂၃ ရက်နေ့ က ပျောက်ဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
"ပြီးခဲ့တဲ့လ က သမီးကို ခိုးပြေးခံရဖူးပါတယ်။ သမီးက အသက် ၁၅ နှစ်ပဲရှိသေးတယ်၊ ရှစ်တန်းစာမေးပွဲဖြေဖို့ လိုသေးလို့ စာမေးပွဲဖြေဖို့ ပြန်ခေါ်ထားတာဖြစ်ပါတယ်၊ အခုတစ်ကြိမ်ထပ်ပြီး ဖြစ်တာပါ။ ဒါပေမယ့် တစ်ပတ်ကျော်ကြာတဲ့အထိ အဆက်အသွယ်ပြန်မလုပ် ၊ လိုက်ရှာလို့လည်းမရ ၊ ယောက်ျားလေးဘက်က မိဘတွေ ကလည်း မသိဘူးပဲ ၊ ပြောနေတဲ့ အတွက် စိတ်ပူလာတာဖြစ်ပါတယ် " လို့ ဖခင်ဖြစ်သူ က လေးဝတီFM ကို ပြောပါတယ်။
မကြည်လဲ့လဲ့ဝင်း နဲ့ အတူ မိသားစုပိုင်း ရွှေထည်တွေဖြစ်တဲ့ ရွှေဆွဲကြိုး (၃) ပင်၊ လက်ကောက်တစ်ကွင်း ၊ ရွှေခွက်တစ်ခု ၊ မိခင်၏ မှတ်ပုံတင် ၊ ဖခင်၏မှတ်ပုံတင် ၊ အစ်မ ၏ မှတ်ပုံတင်များ ကို အထုတ်လိုက်ယူဆောင်သွားခြင်းဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပြပါတယ်။
"အိမ်မှာရှိတဲ့ ရွှေတွေနဲ့ မှတ်ပုံတင်တွေကို ထည့်ထားတဲ့ အထုပ်လိုက်ယူသွားတာဖြစ်ပါတယ်၊ ဘယ်လို အကြံအစည်နဲ့ အခုလိုယူသွားတာလဲ ၊ ပစ္စည်းတွေ ကို ယူပြီး သတ်ခဲ့သလား ၊ မကောင်းတာ တစ်ခုခု လုပ်ခဲ့သလား မသိလို့ စိတ်ပူပါတယ်၊ ဘယ်သူတွေ့တွေ့ ကျွန်တော်တို့ ကို အကြောင်းကြားပေးစေချင်ပါတယ်" လို့ ဖခင်ဖြစ်သူ က ထပ်လောင်းပြောကြားပါတယ်။
မလဲ့လဲ့ဝင်းပျောက်ဆုံးမှုကို ဒေသတွင်းမှာ ရှိတဲ့ ဒီလပ်တပ်ဖွဲ့ကို တိုင်ကြားထားပြီး ၊ ပူးပေါင်းရှာဖွေနေတယ်လို့ ဆိုပါတယ်။
မှတ်ချက် - ဓာတ်ပုံများကို မိသားစုဝင်များ သဘောဆန္ဒအရ တင်ပေးရခြင်းဖြစ်ပါတယ်။
လေးဝတီFM
07/09/2025
ဗိုက်ကားကြီးပဲဖြစ်ဖြစ်
ရွှေဆိုင်အများကြီး ရှိတော့
ဒိတ်ဒိတ်ကျဲ ဖိုက်စတား တွေ ကို
ပုဆိုးလိုလဲလိုနေလို့ရတယ်
👌ပိုက်ဆံပေါပေါများများ ရှိရင်
စမူစာ 🤏 ရှယ်ကြီးတွေ ပေါမှပေါ
ချမ်းသာအောင်ကြိုးစား ဒီနိုင်ငံမှာ ဆင်းရဲရင်
နှိပ်စက်ကြလိမ့်မယ်
ဝင်ဒါမီယာ၊ ဥယျာဉ်လမ်းထဲက
ကျောင်းထဲမှာ တဲထိုးပြီး ရောင်းနေတဲ့
ဒေါ်နှင်းဆီ မုန့်ဟင်းခါး၊
တစ်ပွဲကို အကြော်စုံ၊ငါးဖယ်၊ အိုးဘဲဥ၊ ငါးသလောက်ဥနဲ့ဆို ၁၂၀၀၀ လောက်ရှိမယ်၊
ရောင်းလာတာ နှစ် ၂၀ လောက်ရှိပြီ၊
လာစားတဲ့ လူတန်းစားကလည်း စားနိုင်တယ်
ဘာပြသနာမှ မရှိခဲ့ဘူး။
ဟိုတစ်လောက
ချဲပေါက်လို့ ကားအော်ဒါငှားပြီး
အမျိုးတွေကို ရန်ကုန်ဘုရားဖူးလိုက်ပို့တဲ့
ထန်းသီးအုပ်စု ဒေါ်နှင်းဆီဆိုင်နားမှာ
ကားဘီးပေါက်လို့ မုန့်ဟင်းခါး လာစားတဲ့ လူတစ်ယောက်က တစ်ပွဲတစ်သောင်းခွဲတန်ဆိုပြီး
ဖေ့ဘုတ်မှာ တင်တော့ တို့လူမျိုး ထုံးစံအတိုင်း ဝိုင်းဆဲ ကြသည်ပေါ့။
ဆဲတဲ့အထဲမှာ ၁၅၀၀၀ ဆိုရင် တစ်မိသားစုလုံး
နှစ်ရက်လောက် ထမင်းစားလို့ရတယ်လို့ ပြောတဲ့လူလဲ
ရှိတယ်။
(တကယ်လည်း သူတို့ မိသားစုက ၁၅၀၀၀ နဲ့
နှစ်ရက်လောက် ထမင်းစားနေရတာလည်း ဖြစ်ချင်ဖြစ်
မယ်)
Brave Bar မှာ ဘလက်တစ်လုံး ကို
၂သိန်း ရှီရှားတစ်အိုး တစ်သိန်း
code တဗူး ၅၀၀၀ပေးသောက်တဲ့ အဖွဲ့တွေလည်း ပါတယ်။
ပြောချင်တာကတော့ ဒီလူတွေ အကုန်လုံးက
ဆဲချင်လို့ကို ဝင်ဆဲတာ။
အဆိုတော် နေဝင်းက .. အိမ့်ချစ်ချောကို ကြည့်တဲ့
အကြည့်က
အင်မတန် နှစ်လိုဖွယ်ကောင်းပြီး မိန်းခလေးတိုင်း
အားကျ ရတယ်။
ဗိုလ်တစ်ထောင် ညစျေးက မုန့်လင်မယား ရောင်းတဲ့ အမျိုးသမီးကို သူ့ယောက်ကျားက ကြည့်တာလည်း
ဒီ အကြည့်ပဲ။
ဒါပေမယ့် .. နှစ်လိုဖွယ် မကောင်းဘူး၊
မိန်းခလေးတွေ ရာနှုံးပြည့် အားမကျဘူး။
အရက်ဖိုး တောင်းမလို့ မျက်နှာချို သွေးနေတယ် လို့
တောင်ပြောတဲ့လူ ရှိသေးတယ်။
မှော်ဘီက မရမ်းတလင်းခြံမှာ ဆရာမင်းင်္သိခ ရေးထားတဲ့ ဆိုင်းဘုတ်ကြီး ဖတ်ဖူးတယ်။
ချမ်းသာအောင်ကြိုးစား ဒီနိုင်ငံမှာ ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ်တဲ့...
အဲတော့ ကိုယ့်ကိုယ့် ကိုယ် ခမ်းနားအောင်သာ
တည်ဆောက်ပါ၊
လူချမ်းသာ စိတ်ချမ်းသာအောင် အမြဲကြိုးစားပါ။
ပိုက်ဆံဆိုတာ ဘာတွေ မဖန်ဆင်းနိုင်ဘူး
ညာတွေ မဖန်ဆင်းနိုင်ဘူးဆိုတဲ့ ဗော်ရှီဘစ်
ဂျင်းတွေကို သွားမယုံနဲ့...
ဥပါယ်တံမျဉ် ဇာတ်ကားထဲက ဗီလိမ်ဇာတ်ရုပ်
သိန်းစိုး ပြောသလိုပဲ...
ခင်ဗျား ဆင်းရဲဖူးလား ဆင်းရဲရင် ဘယ်သူမှ
စောက်ဖက် မလုပ်ဘူးတဲ့...
Credit: သူများဟာ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon