Reality Dream - Advertising
23/02/2015
Hoho Application (For Android)
--------------------------------------
hoho ဆိုတာ ခလုတ်တစ်ချက် နှိပ်ရုံဖြင့် ကားငှားနိုင်တဲ့ ရိုးရှင်းတဲ့ နည်းလမ်း အသစ် ဖြစ်ပါတယ် ။ Customer တွေကိုရှာဖို့ ၊ Customer တွေစောင့်ဖို့  ကားပေါ်မှာထိုင်ပြီး အချိန်ဖြုန်း စရာ မလိုတော့ပါဘူး။ Customer တွေကို စက္ကန့်အနည်းငယ် အတွင်း လွယ်ကူ လျှင်မြန်စွာ ချိတ်ဆက်ပေးမှာပါ ။
hoho application က ဒရိုင်ဘာကို ကားစီးမဲ့ ခရီးသည် ထောင်ပေါင်းများစွာနဲ့  နေ့ တိုင်း ချိတ်ဆက်ပေးမှာ။ hoho application ကိုအသုံးပြုပြီး သင့်ရဲ့ ဝင်ငွေတွေ တိုးပွားအောင် လုပ်လိုက်ပါ၊ ကျွန်တော်တို့ Myantel Co.Ltd ကနေ မြန်မာပြည်သူ ပြည်သားတွေ အတွက် အချိန်ကုန်သက်သာပြီး သွားလာရေး အဆင်ပြေစေရန် ရည်ရွယ်ပြီး မြန်မာပြည်၏ ပထမဦးဆုံး မိုဘိုင်းအသုံးပြု ၍ တက္ကစီခေါ်လို ရတဲ့နည်းလမ်း ကို အများပြည်သူ ထံ အရောက် သို့  M3 Food Center (ရွှေဂုံတိုင်လမ်း) ၊ ဖေဖော်ဝါရီလ ၆ ရက်နေ့  (သောကြာနေ့ ) မှ စတင် မိတ်ဆက် ပေးတော့မှာဖြစ်ပါတယ်။
တက္ကစီ ကားသမားများနှင့် စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည်။အထူး အစီ စဉ်အနေနဲ့  T-shirt အင်္ကျီများ ၊ ဖုန်းအားသွင်းကြီးများ နှင့် အခြားသော လက်ဆောင်များစွာ ကို မေတ္တာ လက်ဆောင် အနေ နဲ့ ပေးမှာဖြစ်ပါတယ်။ ခရီးသည်တွေ ဘာကြောင့် hoho ကို အသုံးပြု သင့်တာလဲ? သင် အပြင်ထွက်ဖို့  ကားတစ်စီး လိုအပ်တဲ့အချိန်မှာ ခလုတ်တစ်ချက်နှိပ်ရုံ နဲ့ သင့်ရှေ့ အရောက် တက္ကစီ တစ်စီး ခေါ်ယူနိုင် ခြင်း။ လိုအပ်တဲ့အချိန်တိုင်း (၂၄)နာရီ (၇)ရက်လုံး အသုံးပြုနိုင်ခြင်း။ သက်တောင့် သက်သာ ရှိပြီး လုံခြုံတယ်၊ ကျွမ်းကျင်တဲ့ ယာဉ်မောင်းတွေကြောင့် မြန်ဆန်စွာ လိုရာ ခရီးရောက်နိုင်ခြင်း ။ သင် ကားပေါ်မှာ ပစ္စည်းမေ့ကျန်ခဲ့လျှင် ပျောက်ဆုံးမူ့ မရှိစေရပဲ မြန်ဆန်စွာ ပြန်လည် ရရှိနိုင်စေရန် ကျွန်တော်တို့ က ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
hoho app က အသုံးပြု ရတာ လွယ်ကူပြီး သင့်ကို ကားစီးမည့် ခရီးသည်ထောင်ပေါင်း များစွာ ရရှိဖို့  ကူညီ ပေးနိုင် ပါတယ်။ hoho app က taxi ယာဉ်မောင်းတွေကို ကားစီးမည့် ခရီးသည်တွေနဲ့  တိုက် ရိုက် ချိတ်ဆက်ပေးမှာပါ ။သင် ခရီးသည် တစ်ယောက်လိုချင်တာနဲ့  ခလုတ်တစ်ချက်နှိပ်ပြီး လက်ခံနိုင်ပါတယ်။ သင့်ရဲ့ ဖုန်းမှာ ခရီးသည် ရှိနေတဲ့နေရာနဲ့ ပါတ်သတ်တဲ့ အချက်လက်တွေ ရောက်လာမှာပါ ။
Credit - သစ်ထူးလွင်
23/02/2015
Messaging app တစ်ခုဖြစ်သည့် Snapchat က သူ့ကိုယ်သူ $19 သန်း တန်ကြေးရှိကြောင်းပြော
------------------------------------------------------------------------------
အများပြည်သူဆိုင်ရာ ကုန်သွယ်မှုမပါဘဲ တန်ကြေးရှိသည့် နည်းပညာ လုပ်ငန်းကြီးများတွင် Snapchat သည် $19 သန်းတန်ကြေးရှိပြီး တတိယနေရာတွင် ရပ်တည်နေပါသည်။ Snapchat app တွင် ဓာတ်ပုံများ၊ ဗီဒီယိုများကို ပေးပို့ခြင်း လက်ခံခြင်းများပြု လုပ်နိုင်မည် ဖြစ်ပြီး တန်ကြေးမှာ ပေါင် ၁၂.၄ သန်း ရှိကြောင်း ပြောကြားခဲ့ပါသည်။
ကုမ္ပဏီမှ ငွေကြေး အင်အားတိုးတက် လာစေရန် ပိုမို ရှာဖွေနေ လျက်ရှိပြီး ဝင်ငွေ တိုးတက်လာပါက Yahoo မှ ရင်းနှီးမြှုပ်နှံမှု ပိုမို ရရှိနိုင်မည် ဖြစ်ပါသည်။ Snapchat app ကို တီထွင်ခဲ့သူမှာ Evan Spiegel ဖြစ်ပြီး ၂၀၁၃ ခုနှစ်တုန်းက $3 သန်းဖြင့် Facebook ဘက်မှ ကမ်းလှမ်း ခံခဲ့ရ သူ လည်း ဖြစ်ပါတယ်။
အသက် ၂၄နှစ် အရွယ်သာ ရှိသေးပြီး ကုမ္ပဏီ၏ ၁၅ရာခိုင်နှုန်း ခန့်ကို ပိုင်ဆိုင်ခွင့် ရနေသူ လည်း ဖြစ်ပါတယ်။ အခြားသော လူမှု ကွန်ရက်တွေထက် ငယ်ရွယ်တဲ့ အသုံးပြု သူတွေ ပိုများပြားတာကြောင့် Snapchat ဟာ ကြေငြာ ထည့်သွင်း လိုသူတွေကို ပိုမိုဆွဲဆောင် နိုင်ပါတယ်။
Credit : http://news.sky.com
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. 30-32, 10street, 4th Floor, Lanmadaw Township
Yangon
11161
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |